La Liga

ဘာစီလိုနာတစ်သင်းလုံးကို ဆွဲချခဲ့သူလို့ ကိုးမန်းကို ပြစ်တင်ခဲ့တဲ့ ဘာဆာကြယ်ပွင့်ဟောင်း

ရှာဂျာအသင်းကွင်းလယ်ကစားသမား ပီယာနစ်က ဘာစီလိုနာနည်းပြဟောင်း ရော်နယ် ကိုးမန်းကို ပြစ်တင်ကြိမ်းမောင်းလိုက်ပြီး ဒတ်ချ်လူမျိုးနည်းပြရဲ့ လေ့ကျင့်ရေးအစီအစဉ်ဟာ ဘာနည်းဗျူဟာ၊ ဘာစိတ်ကူးမှမပါဘဲ ကြုံသလို လေ့ကျင့်ခိုင်းခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီယာနစ်ဟာ ၂၀၂၀ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်အသင်းကို ယူရို ၆၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စီးရီးအေမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း နူးကမ့်မှာတော့ မျှော်မှန်းထားတဲ့အတိုင်း မစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီယာနစ်ဟာ ကတ်တလန် ထိပ်သီးအသင်းကြီးအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားပေးခဲ့ရာမှာ ယခုနွေရာသီအစောပိုင်း ရှာဂျာအသင်းကို မပြောင်းရွှေ့ခင် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်မှ ပြုလုပ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ Cadena Ser နဲ့ စကားပြောဆိုရာမှာ ပီယာနစ်က ဘာစီလိုနာအသင်းမှာတုန်းက နည်းပြ ရော်နယ် ကိုးမန်းရဲ့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး စိတ်မကျေမနပ်ဖြစ်မှုကို ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ကိုးမန်းနဲ့ပတ်သက်ပြီး လေ့ကျင့်ရေးမှာ ကျွန်တော် အရမ်းကို အံ့အားသင့်ခဲ့ရပါတယ်။ ဘာမှ ပြင်းထန်မှုမရှိ၊ နည်းဗျူဟာမရှိ၊ စိတ်ကူးစိတ်သန်းမရှိပါဘူး။ ကျွန်တော်တို့ ပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှု မပြုလုပ်ခဲ့ရပါဘူး။ ဇာဗီလက်အောက်မှာ ကြိုတင်ပြင်ဆင်မှုတွေနဲ့ လေ့ကျင့်ရေးတွေက ကောင်းမွန်ခဲ့ပါတယ်။ ဥပမာအားဖြင့် ကျွန်တော် အရာအားလုံးကို အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်အသင်းမှာတုန်းက ကြုံခဲ့ရတာနဲ့ ဆင်တူပါတယ်”

“အခုဆိုရင် ဘာဆာက လေ့ကျင့်ရေးအစီအစဉ်တွေဟာ ပြင်းထန်မှု အများအပြား ရှိနေပါပြီ။ ဘာဆာကို စွန့်ခွာဖို့ ဆုံးဖြတ်ချက် မလွယ်ကူခဲ့ပါဘူး။ ဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့အတူ သူတို့တွေအားလုံးဟာ အရမ်းကို စည်းလုံးတယ်ဆိုတာ ခင်ဗျား ခံစားရတဲ့အထိ အရမ်းကို ထူးခြားတဲ့အသင်းပါ။ ဇာဗီနဲ့အတူ အရာအားလုံးဟာ ထူးခြားဆန်းကြယ်နေခဲ့ပါတယ်”

“သူ ကစားတဲ့ပုံစံ၊ သူ ကြိုတင်ပြင်ဆင်တဲ့ပုံစံ၊ သူ လေ့ကျင့်ပေးတဲ့ပုံစံက ကိုးမန်းနဲ့တုန်းက ဖြစ်ပျက်ခဲ့တာတွေထက် အများကြီး ပိုကောင်းပါတယ်။ ခင်ဗျား အခုဆိုရင် အသင်းက တည်ဆောက်ပုံနဲ့ အရမ်းကို ရှင်းလင်းတဲ့ စိတ်ကူးစိတ်သန်းတွေရှိနေတာကို မြင်နိုင်ပါတယ်”

“ကျွန်တော် ရာသီကြိုတစ်ခုလုံး လေ့ကျင့်ခဲ့တယ်။ ဇာဗီက ကျွန်တော့်မှာ အရည်အသွေးရှိတယ်ဆိုတာကို ယုံကြည်တယ်။ ဒါပေမယ့် အဆုံးမှာတော့ ပထမဆုံးပွဲစဉ်မှာ ကျွန်တော့်ရဲ့ တန်ဖိုးကို မပြသနိုင်ခဲ့ဘူး။ ဒီရာသီအစမှာ ကျွန်တော် နည်းနည်းပိုကစားရမယ်လို့ မျှော်မှန်းထားခဲ့တယ်။ ကျွန်တော် ကမ္ဘာပေါ်က အကြီးမားဆုံးအသင်းကို ရောက်နေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် တစ်စုံတရာမပေးနိုင်ဘူးဆိုရင် ကျွန်တော် မပျော်ရွှင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကစားရတာကို နှစ်သက်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ပီယာနစ်ဟာ လက်ရှိမှာတော့ ရှာဂျာအသင်းနဲ့အတူ ဘဝစာမျက်နှာသစ် ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး ယခုရာသီ ယူအေအီး ပရိုလိဂ် ၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားပြီး ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရွာဂ်ာအသင္းကြင္းလယ္ကစားသမား ပီယာနစ္က ဘာစီလိုနာနည္းျပေဟာင္း ေရာ္နယ္ ကိုးမန္းကို ျပစ္တင္ႀကိမ္းေမာင္းလိုက္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပရဲ႕ ေလ့က်င့္ေရးအစီအစဥ္ဟာ ဘာနည္းဗ်ဴဟာ၊ ဘာစိတ္ကူးမွမပါဘဲ ႀကဳံသလို ေလ့က်င့္ခိုင္းခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ပီယာနစ္ဟာ ၂၀၂၀ ခုႏွစ္ ေႏြရာသီမွာ ဂ်ဴဗင္တပ္အသင္းကို ယူ႐ို ၆၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး စီးရီးေအမွာ ေျခစြမ္းျပသႏိုင္ခဲ့ေပမယ့္လည္း ႏူးကမ့္မွာေတာ့ ေမွ်ာ္မွန္းထားတဲ့အတိုင္း မစြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပီယာနစ္ဟာ ကတ္တလန္ ထိပ္သီးအသင္းႀကီးအတြက္ ပြဲေပါင္း ၃၀ ပါဝင္ကစားေပးခဲ့ရာမွာ ယခုေႏြရာသီအေစာပိုင္း ရွာဂ်ာအသင္းကို မေျပာင္းေ႐ႊ႕ခင္ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ တစ္ႀကိမ္မွ ျပဳလုပ္ႏိုင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။ Cadena Ser နဲ႔ စကားေျပာဆိုရာမွာ ပီယာနစ္က ဘာစီလိုနာအသင္းမွာတုန္းက နည္းျပ ေရာ္နယ္ ကိုးမန္းရဲ႕ နည္းလမ္းေတြနဲ႔ပတ္သက္ၿပီး စိတ္မေက်မနပ္ျဖစ္မႈကို ထုတ္ေဖာ္ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

“ကိုးမန္းနဲ႔ပတ္သက္ၿပီး ေလ့က်င့္ေရးမွာ ကြၽန္ေတာ္ အရမ္းကို အံ့အားသင့္ခဲ့ရပါတယ္။ ဘာမွ ျပင္းထန္မႈမရွိ၊ နည္းဗ်ဴဟာမရွိ၊ စိတ္ကူးစိတ္သန္းမရွိပါဘူး။ ကြၽန္ေတာ္တို႔ ပြဲစဥ္ေတြအတြက္ ႀကိဳတင္ျပင္ဆင္မႈ မျပဳလုပ္ခဲ့ရပါဘူး။ ဇာဗီလက္ေအာက္မွာ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔ ေလ့က်င့္ေရးေတြက ေကာင္းမြန္ခဲ့ပါတယ္။ ဥပမာအားျဖင့္ ကြၽန္ေတာ္ အရာအားလုံးကို အႏိုင္ရခဲ့တဲ့ ဂ်ဴဗင္တပ္အသင္းမွာတုန္းက ႀကဳံခဲ့ရတာနဲ႔ ဆင္တူပါတယ္”

“အခုဆိုရင္ ဘာဆာက ေလ့က်င့္ေရးအစီအစဥ္ေတြဟာ ျပင္းထန္မႈ အမ်ားအျပား ရွိေနပါၿပီ။ ဘာဆာကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခ်က္ မလြယ္ကူခဲ့ပါဘူး။ ဝန္ထမ္းေတြ၊ ပရိသတ္ေတြနဲ႔အတူ သူတို႔ေတြအားလုံးဟာ အရမ္းကို စည္းလုံးတယ္ဆိုတာ ခင္ဗ်ား ခံစားရတဲ့အထိ အရမ္းကို ထူးျခားတဲ့အသင္းပါ။ ဇာဗီနဲ႔အတူ အရာအားလုံးဟာ ထူးျခားဆန္းၾကယ္ေနခဲ့ပါတယ္”

“သူ ကစားတဲ့ပုံစံ၊ သူ ႀကိဳတင္ျပင္ဆင္တဲ့ပုံစံ၊ သူ ေလ့က်င့္ေပးတဲ့ပုံစံက ကိုးမန္းနဲ႔တုန္းက ျဖစ္ပ်က္ခဲ့တာေတြထက္ အမ်ားႀကီး ပိုေကာင္းပါတယ္။ ခင္ဗ်ား အခုဆိုရင္ အသင္းက တည္ေဆာက္ပုံနဲ႔ အရမ္းကို ရွင္းလင္းတဲ့ စိတ္ကူးစိတ္သန္းေတြရွိေနတာကို ျမင္ႏိုင္ပါတယ္”

“ကြၽန္ေတာ္ ရာသီႀကိဳတစ္ခုလုံး ေလ့က်င့္ခဲ့တယ္။ ဇာဗီက ကြၽန္ေတာ့္မွာ အရည္အေသြးရွိတယ္ဆိုတာကို ယုံၾကည္တယ္။ ဒါေပမယ့္ အဆုံးမွာေတာ့ ပထမဆုံးပြဲစဥ္မွာ ကြၽန္ေတာ့္ရဲ႕ တန္ဖိုးကို မျပသႏိုင္ခဲ့ဘူး။ ဒီရာသီအစမွာ ကြၽန္ေတာ္ နည္းနည္းပိုကစားရမယ္လို႔ ေမွ်ာ္မွန္းထားခဲ့တယ္။ ကြၽန္ေတာ္ ကမာၻေပၚက အႀကီးမားဆုံးအသင္းကို ေရာက္ေနခဲ့တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ တစ္စုံတရာမေပးႏိုင္ဘူးဆိုရင္ ကြၽန္ေတာ္ မေပ်ာ္႐ႊင္ႏိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ကစားရတာကို ႏွစ္သက္လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ပီယာနစ္ဟာ လက္ရွိမွာေတာ့ ရွာဂ်ာအသင္းနဲ႔အတူ ဘဝစာမ်က္ႏွာသစ္ ဖြင့္လွစ္ခဲ့ၿပီျဖစ္ၿပီး ယခုရာသီ ယူေအအီး ပ႐ိုလိဂ္ ၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးထားၿပီး ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.