La Liga Ligue1

သားကြီးတို့ မင်းတို့ကြောင့် ငါရွှေဖိနပ်ရခဲ့တာပါကွာလို့ သတိတရနဲ့ ပြောလိုက်တဲ့ ဆွာရက်ဇ်

နေစီယွန်နယ် တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်က ဘာစီလိုနာအသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ လက်ရှိ ပီအက်စ်ဂျီတိုက်စစ်အတွဲဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ နေမာတို့နဲ့ပတ်သက်ပြီး မမေ့နိုင်စရာအဖြစ်အပျက်အကြောင်း ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဘာစီလိုနာအသင်းမှာ နေမာ၊ မက်ဆီတို့နဲ့အတူ ကမ္ဘာပေါ်က ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်စစ်အတွဲကို ပုံဖော်နိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကနေ ပေါင် ၇၅ သန်းဝန်းကျင်နဲ့ နူးကမ့်ကို ရောက်ရှိလာပြီးနောက် ဥရုဂွေးတိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၂၈၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၉၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ကတ်တလန်အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ၊ နေမာတို့နဲ့အတူတူ တွဲကစားခဲ့ရတဲ့ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းကို ၂၀၁၄-၂၀၁၅ ရာသီမှာ မကြုံစဖူး ဖလား ၃ လုံးတပြိုင်နက် အပါအဝင် ၃ နှစ်အတွင်း ဆုဖလား ၉ လုံးအထိ ကိုင်မြှောက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ ၎င်းကို ဘာစီလိုနာအသင်းမှာ ကွင်းတွင်းရော ကွင်းပြင်ပမှာပါ အားပေးထောက်ခံခဲ့ကြတဲ့ ပီအက်စ်ဂျီကြယ်ပွင့် ၂ ဦးနဲ့အတူ ညီအစ်ကိုရင်းပမာ အလွန်ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ESPN Uruguay နဲ့ စကားပြောဆိုရာမှာ ၂၀၁၄ ခုနှစ်က စတင်ခဲ့တဲ့ ပီအက်စ်ဂျီကြယ်ပွင့် ၂ ဦးနဲ့ ရင်းနှီးချစ်ခင်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“လီယိုက သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး ထူးခြားတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကစားသမားဘဝအတွက် အများကြီး အဓိပ္ပာယ်ရှိခဲ့လို့ပါ။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးနိုင်ခဲ့ကြတယ်လို့ ထင်တယ်။ ကျွန်တော် ဘာစီလိုနာကို ရောက်တဲ့အချိန်မှာ ကျွန်တော် ဒီကိုလာတာ အနိုင်ရချင်လို့ ဘယ်သူ့နေရာကိုမှ ယူချင်လို့မဟုတ်ဘူးလို့ ပြောခဲ့တယ်။ သူက ကျွန်တော် သူ့ကို ပြောခဲ့တာက စိတ်ရင်းမှန်နဲ့ဆိုတာကို သိသွားခဲ့တယ်။ အဲဒီကတည်းက ကျွန်တော်တို့ကြားက ချစ်ခင်ရင်းနှီးမှုက ကြီးထွားလာခဲ့ကြတယ်”

“ခင်ဗျားကို အဲဒီအချိန်နဲ့ပတ်သက်ပြီး ဘာက ပျော်ရွှင်စေခဲ့လဲဆို ကျွန်တော်တို့ ၃ ယောက် တစ်ယောက်က တခြား ၂ ယောက်ရဲ့ ဂိုးတွေကို ဖန်တီးပေး၊ တခြား ၂ ယောက်က ကျန်တဲ့သူအတွက် ဂိုးတွေ ဖန်တီးပေးခဲ့ကြတာနဲ့ အရာအားလုံးကို မျှဝေရမယ့်အချိန်ကျရင် ရှိခဲ့ကြတဲ့ နှိမ့်ချမှုတွေပါပဲ”

“သူတို့တွေက ကျွန်တော့်ကို ရွှေဖိနပ်ဆုရအောင် လုပ်ပေးခဲ့ကြတယ်။ လီယိုက ကျွန်တော့်ကို ပင်နယ်တီတွေ ပေးကန်တယ်။ အဲဒီတော့ ကျွန်တော် ဆုရခဲ့တာပေါ့။ဒါမှမဟုတ် ဥပမာအားဖြင့် ကျွန်တော်တို့ ၂ ယောက်စလုံး ဂိုးတွေ အတူတူ သွင်းပြီးရင် သူက ကျွန်တော့်သွင်းဂိုးရပ်တည်ချက်က ဘယ်နေရာမှာရှိနေလဲဆိုတာကို အမြဲတမ်း ပြန်ကြည့်ပေးတယ်။ အဲဒါကို ကျွန်တော် အရမ်းကို တန်ဖိုးထားမိပါတယ်”

“ကျွန်တော်တို့ ၃ ယောက်စလုံးကြားထဲမှာ ဘာအတ္တမှမရှိခဲ့ဘူး။ ကျွန်တော်တို့ သုံးယောက်က ချစ်ခင်ပြီး ပျော်ရွှင်နေခဲ့ကြတယ်။ ကျန်တဲ့အသင်းဖော်တွေအားလုံးကလည်း ကျွန်တော်တို့ အတွက် ပြေးလွှားပေးခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ကျွန်တော်တို့ ၃ ယောက်က ဂိုးတွေသွင်းယူပေးမယ်ဆိုတာ သိနေခဲ့ကြလို့လေ”လို့ ပြောကြားခဲ့ပါတယ်။

လူးဝစ္စ ဆွာရက်ဇ်ဟာ ၂၀၁၅-၂၀၁၆ ရာသီမှာ လာလီဂါ ၃၅ ပွဲအတွင်း သွင်းဂိုး ၄၀ အထိ သွင်းယူနိုင်ခဲ့တာကြောင့် ပီချီချီဆုကို ရရှိခဲ့ပြီး အဲဒီရာသီမှာ ဘာစီလိုနာအတွက် ပွဲပေါင်း ၅၃ ပွဲမှာ ၈၃ ဂိုးအထိ အံ့မခန်းသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနစီယြန္နယ္ တိုက္စစ္မႉး လူးဝစၥ ဆြာရက္ဇ္က ဘာစီလိုနာအသင္းေဖာ္ေဟာင္းေတြျဖစ္ၾကတဲ့ လက္ရွိ ပီအက္စ္ဂ်ီတိုက္စစ္အတြဲျဖစ္တဲ့ လီယြန္နယ္ မက္ဆီနဲ႔ ေနမာတို႔နဲ႔ပတ္သက္ၿပီး မေမ့ႏိုင္စရာအျဖစ္အပ်က္အေၾကာင္း ျပန္ေျပာင္း ေျပာျပခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဆြာရက္ဇ္ဟာ ၂၀၁၄ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ ဘာစီလိုနာအသင္းမွာ ေနမာ၊ မက္ဆီတို႔နဲ႔အတူ ကမာၻေပၚက ေၾကာက္မက္ဖြယ္အေကာင္းဆုံး တိုက္စစ္အတြဲကို ပုံေဖာ္ႏိုင္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။ လီဗာပူးလ္အသင္းကေန ေပါင္ ၇၅ သန္းဝန္းက်င္နဲ႔ ႏူးကမ့္ကို ေရာက္ရွိလာၿပီးေနာက္ ဥ႐ုေဂြးတိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းအတြက္ ပြဲေပါင္း ၂၈၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၉၈ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ၿပီး ကတ္တလန္အသင္းရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ တတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီ၊ ေနမာတို႔နဲ႔အတူတူ တြဲကစားခဲ့ရတဲ့ ဆြာရက္ဇ္ဟာ ဘာစီလိုနာအသင္းကို ၂၀၁၄-၂၀၁၅ ရာသီမွာ မႀကဳံစဖူး ဖလား ၃ လုံးတၿပိဳင္နက္ အပါအဝင္ ၃ ႏွစ္အတြင္း ဆုဖလား ၉ လုံးအထိ ကိုင္ေျမႇာက္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာ ၎ကို ဘာစီလိုနာအသင္းမွာ ကြင္းတြင္းေရာ ကြင္းျပင္ပမွာပါ အားေပးေထာက္ခံခဲ့ၾကတဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္ ၂ ဦးနဲ႔အတူ ညီအစ္ကိုရင္းပမာ အလြန္ခ်စ္ခင္ရင္းႏွီးတဲ့ ဆက္ဆံေရးမ်ိဳး ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး ESPN Uruguay နဲ႔ စကားေျပာဆိုရာမွာ ၂၀၁၄ ခုႏွစ္က စတင္ခဲ့တဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္ ၂ ဦးနဲ႔ ရင္းႏွီးခ်စ္ခင္မႈကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“လီယိုက သူငယ္ခ်င္းတစ္ေယာက္ျဖစ္ၿပီး ထူးျခားတဲ့ သူငယ္ခ်င္းတစ္ေယာက္ပါ။ ဘာလို႔လဲဆိုေတာ့ သူက ကြၽန္ေတာ့္ကစားသမားဘဝအတြက္ အမ်ားႀကီး အဓိပၸာယ္ရွိခဲ့လို႔ပါ။ ကြၽန္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီေပးႏိုင္ခဲ့ၾကတယ္လို႔ ထင္တယ္။ ကြၽန္ေတာ္ ဘာစီလိုနာကို ေရာက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ဒီကိုလာတာ အႏိုင္ရခ်င္လို႔ ဘယ္သူ႔ေနရာကိုမွ ယူခ်င္လို႔မဟုတ္ဘူးလို႔ ေျပာခဲ့တယ္။ သူက ကြၽန္ေတာ္ သူ႔ကို ေျပာခဲ့တာက စိတ္ရင္းမွန္နဲ႔ဆိုတာကို သိသြားခဲ့တယ္။ အဲဒီကတည္းက ကြၽန္ေတာ္တို႔ၾကားက ခ်စ္ခင္ရင္းႏွီးမႈက ႀကီးထြားလာခဲ့ၾကတယ္”

“ခင္ဗ်ားကို အဲဒီအခ်ိန္နဲ႔ပတ္သက္ၿပီး ဘာက ေပ်ာ္႐ႊင္ေစခဲ့လဲဆို ကြၽန္ေတာ္တို႔ ၃ ေယာက္ တစ္ေယာက္က တျခား ၂ ေယာက္ရဲ႕ ဂိုးေတြကို ဖန္တီးေပး၊ တျခား ၂ ေယာက္က က်န္တဲ့သူအတြက္ ဂိုးေတြ ဖန္တီးေပးခဲ့ၾကတာနဲ႔ အရာအားလုံးကို မွ်ေဝရမယ့္အခ်ိန္က်ရင္ ရွိခဲ့ၾကတဲ့ ႏွိမ့္ခ်မႈေတြပါပဲ”

“သူတို႔ေတြက ကြၽန္ေတာ့္ကို ေ႐ႊဖိနပ္ဆုရေအာင္ လုပ္ေပးခဲ့ၾကတယ္။ လီယိုက ကြၽန္ေတာ့္ကို ပင္နယ္တီေတြ ေပးကန္တယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ဆုရခဲ့တာေပါ့။ဒါမွမဟုတ္ ဥပမာအားျဖင့္ ကြၽန္ေတာ္တို႔ ၂ ေယာက္စလုံး ဂိုးေတြ အတူတူ သြင္းၿပီးရင္ သူက ကြၽန္ေတာ့္သြင္းဂိုးရပ္တည္ခ်က္က ဘယ္ေနရာမွာရွိေနလဲဆိုတာကို အၿမဲတမ္း ျပန္ၾကည့္ေပးတယ္။ အဲဒါကို ကြၽန္ေတာ္ အရမ္းကို တန္ဖိုးထားမိပါတယ္”

“ကြၽန္ေတာ္တို႔ ၃ ေယာက္စလုံးၾကားထဲမွာ ဘာအတၱမွမရွိခဲ့ဘူး။ ကြၽန္ေတာ္တို႔ သုံးေယာက္က ခ်စ္ခင္ၿပီး ေပ်ာ္႐ႊင္ေနခဲ့ၾကတယ္။ က်န္တဲ့အသင္းေဖာ္ေတြအားလုံးကလည္း ကြၽန္ေတာ္တို႔ အတြက္ ေျပးလႊားေပးခဲ့ၾကတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ ကြၽန္ေတာ္တို႔ ၃ ေယာက္က ဂိုးေတြသြင္းယူေပးမယ္ဆိုတာ သိေနခဲ့ၾကလို႔ေလ”လို႔ ေျပာၾကားခဲ့ပါတယ္။

လူးဝစၥ ဆြာရက္ဇ္ဟာ ၂၀၁၅-၂၀၁၆ ရာသီမွာ လာလီဂါ ၃၅ ပြဲအတြင္း သြင္းဂိုး ၄၀ အထိ သြင္းယူႏိုင္ခဲ့တာေၾကာင့္ ပီခ်ီခ်ီဆုကို ရရွိခဲ့ၿပီး အဲဒီရာသီမွာ ဘာစီလိုနာအတြက္ ပြဲေပါင္း ၅၃ ပြဲမွာ ၈၃ ဂိုးအထိ အံ့မခန္းသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.