Premier League

ဆာလီဘာနဲ့အခြေအနေက အားလုံးထင်သလို မဟုတ်ဘူးလို့ ဝန်ခံလိုက်တဲ့ အာတီတာ

မီခေးလ် အာတီတာက ဝီလီယံ ဆာလီဘာနဲ့ ၎င်းရဲ့ ဆက်ဆံရေးကြောင့် စိုးရိမ်ခဲ့ရတယ်လို့ ဝန်ခံ ပြောကြားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အမ်းမရိတ်စ်မှာ ထွန်းတောက်လာတဲ့ ပြင်သစ်နောက်ခံလူအနေနဲ့ ကာလရှည်အနာဂတ်အတွက် ကတိကဝတ်ပြုလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဝီလီယံ ဆာလီဘာဟာ အာတီတာကို အာဆင်နယ်နည်းပြသစ်အဖြစ် မခန့်အပ်မီမှာ အာဆင်နယ်အသင်းက ခေါ်ယူခဲ့တာဖြစ်ပေမယ့်လည်း စန် အီတျန်ကို အငှားပြန်ချခြင်းခံခဲ့ရတာက ပထမအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်မဖြစ်ခဲ့တာကြောင့် ဖြစ်ခဲ့ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။

ဆာလီဘာဟာ ၂၀၂၀-၂၀၂၁ ရာသီဒုတိယပိုင်းကိုလည်း နိစ်အသင်းမှာ အငှားကစားသမားဘဝနဲ့ ကုန်ဆုံးခဲ့ရပြီး ပြီးခဲ့တဲ့ရာသီကို မာဆေးလ်မှာ တစ်ရာသီ အငှားနဲ့ သွားကစားခဲ့ပြီးနောက် လိဂန်းရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိတဲ့အထိ အောင်မြင်မှု ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်နောက်ခံကစားသမားဟာ နောက်ဆုံးမှာတော့ ယခုရာသီအစမှာ အာဆင်နယ်ရဲ့ ဗဟိုခံစစ်မှာ တစ်နေရာ အခိုင်အမာ ရယူဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို သက်သေပြသဖို့ အခွင့်အရေးပေးအပ်ခြင်းခံခဲ့ရပြီး စပါးစ်ကို အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့အပတ်က ပွဲစဉ်မှာ ထိပ်တန်းအဆင့်အရည်အသွေးကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဆာလီဘာရဲ့ စာချုပ်သက်တမ်းဟာ တဖြည်းဖြည်းနဲ့ နည်းပါးလာနေပြီဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ပြင်သစ်နောက်ခံလူကို အသင်းမှာ ကာလရှည် ရှိနေအောင် ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်လည်ပြုလုပ်နေချိန်မှာ အာတီတာက ဆာလီဘာအနေနဲ့ လက်ရှိ ပွဲထွက်လူစာရင်းမှာ တစ်နေရာပုံမှန်ရရှိနေတာက ကောင်းမွန်တဲ့ အဖြေထွက်လာနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆာလီဘာနဲ့ အစောပိုင်းကာလတုန်းက ရှုပ်ထွေးခဲ့တဲ့ ဆက်ဆံရေးအကြောင်းကို အာတီတာက Sky Sports နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ပြောပြသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် တကယ်ကို ကျေနပ်မိခဲ့ပါတယ်။ ကျွန်တော် စိုးရိမ်ပူပင်ရတဲ့ အချိန်တွေ အများကြီးရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ အစပိုင်းမှာ သူနဲ့ ဆက်ဆံရေးက တကယ်ကို ရှုပ်ထွေးခဲ့လို့ပါ။ ကျွန်တော်တို့ သူ့ကို ဝယ်ယူခဲ့တယ် ကျွန်တော်တို့ ပထမဆုံး သူ့ကို အငှားပြန်ချခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒါက သဘောတူညီမှုရဲ့တစိတ်တပိုင်းဖြစ်နေလို့ပါ။ သူ ပြန်လာခဲ့တယ်။ ကျွန်တော်တို့ သူ အဆင်သင့်ဖြစ်နေပြီလို့ မထင်ခဲ့ဘဲ သူ့ကို အငှား ပြန်ချခဲ့တယ်။ အပြင်ဘက်မှာ အလားအလာရှိတဲ့ ကစားသမားလို့ အသိအမှတ်ပြုခြင်းခံထားခဲ့ရပြီးသား ကစားသမားတစ်ယောက်။ အဲဒီကိစ္စတွေက ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့သလဲ”

“ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်ခဲ့ပြီး ဒီမှာ ဆက်နေတာထက် အငှားနဲ့ ကစားတာက သူ့အတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ အဲဒီအချိန်တုန်းက ကျွန်တော် ယုံကြည်ခဲ့တယ်။ သူ ဘာလုပ်နိုင်လဲဆိုတာကို ကျွန်တော့်ကို အချက်ပြတဲ့အရာတွေကို မြင်တွေ့ခဲ့ရတဲ့အချိန်မှာတော့ သူက ကျွန်တော်တို့အတွက် ကစားသမားဆိုတာ သံသယမရှိခဲ့ကြတော့ပါဘူး။ သူက တကယ်ကို နှိမ့်ချတတ်ပြီး ‘ကောင်းပြီ။ ကျွန်တော် ဘေးထွက်ထိုင်ပေးနိုင်ပါတယ်။ ကျွန်တော် နားလည်ပါတယ်’ဆိုပြီး ပြောဖို့ စိတ်ပိုင်းဖြတ်ထားတဲ့သူပါ။ အခုတော့ သူ ဒီမှာ စပြီး စွမ်းဆောင်ပြနေပြီဖြစ်ပြီး သူက သူမတူအောင် ထူးခြားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆာလီဘာအနေနဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့က ဘယ်လောက်အထိ နီးစပ်နေပြီလဲလို့ မေးမြန်းခဲ့ရာမှာ အာတီတာက “ကျွန်တော် မသိဘူး။ အီဒူးနဲ့ အသင်းကတော့ တစ်ခုခုလုပ်နေတာတော့ သိသာပါတယ်။ သူတို့တွေ ကျွန်တော့်ရဲ့ အားစိုက်ထည့်မှုကို သိပြီး ကျွန်တော်တို့ အမြဲတမ်း အဲဒီအပေါ်မှာ အတူတူ လုပ်ဆောင်နေကြတာပါ။ သူတို့တွေ အဲဒါကို လုပ်ဖို့ အဆင်သင့်ဖြစ်တဲ့ အချိန်ကျရင် ကျွန်တော်တု့ိ အဲဒါကို ကြေညာသွားမှာပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မီေခးလ္ အာတီတာက ဝီလီယံ ဆာလီဘာနဲ႔ ၎ရဲ႕ ဆက္ဆံေရးေၾကာင့္ စိုးရိမ္ခဲ့ရတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ အမ္းမရိတ္စ္မွာ ထြန္းေတာက္လာတဲ့ ျပင္သစ္ေနာက္ခံလူအေနနဲ႔ ကာလရွည္အနာဂတ္အတြက္ ကတိကဝတ္ျပဳလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ဝီလီယံ ဆာလီဘာဟာ အာတီတာကို အာဆင္နယ္နည္းျပသစ္အျဖစ္ မခန႔္အပ္မီမွာ အာဆင္နယ္အသင္းက ေခၚယူခဲ့တာျဖစ္ေပမယ့္လည္း စန္ အီတ်န္ကို အငွားျပန္ခ်ျခင္းခံခဲ့ရတာက ပထမအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ေနရာအတြက္ တိုက္ပြဲဝင္ဖို႔ အဆင္သင့္မျဖစ္ခဲ့တာေၾကာင့္ ျဖစ္ခဲ့ပုံ ေပၚခဲ့တာျဖစ္ပါတယ္။

ဆာလီဘာဟာ ၂၀၂၀-၂၀၂၁ ရာသီဒုတိယပိုင္းကိုလည္း နိစ္အသင္းမွာ အငွားကစားသမားဘဝနဲ႔ ကုန္ဆုံးခဲ့ရၿပီး ၿပီးခဲ့တဲ့ရာသီကို မာေဆးလ္မွာ တစ္ရာသီ အငွားနဲ႔ သြားကစားခဲ့ၿပီးေနာက္ လိဂန္းရဲ႕ အေကာင္းဆုံးလူငယ္ကစားသမားဆုကို ရရွိတဲ့အထိ ေအာင္ျမင္မႈ ရရွိခဲ့တာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ေနာက္ခံကစားသမားဟာ ေနာက္ဆုံးမွာေတာ့ ယခုရာသီအစမွာ အာဆင္နယ္ရဲ႕ ဗဟိုခံစစ္မွာ တစ္ေနရာ အခိုင္အမာ ရယူဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီဆိုတာကို သက္ေသျပသဖို႔ အခြင့္အေရးေပးအပ္ျခင္းခံခဲ့ရၿပီး စပါးစ္ကို အႏိုင္ရခဲ့တဲ့ ၿပီးခဲ့တဲ့အပတ္က ပြဲစဥ္မွာ ထိပ္တန္းအဆင့္အရည္အေသြးကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ဆာလီဘာရဲ႕ စာခ်ဳပ္သက္တမ္းဟာ တျဖည္းျဖည္းနဲ႔ နည္းပါးလာေနၿပီျဖစ္ၿပီး အာဆင္နယ္အသင္းကလည္း ျပင္သစ္ေနာက္ခံလူကို အသင္းမွာ ကာလရွည္ ရွိေနေအာင္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပန္လည္ျပဳလုပ္ေနခ်ိန္မွာ အာတီတာက ဆာလီဘာအေနနဲ႔ လက္ရွိ ပြဲထြက္လူစာရင္းမွာ တစ္ေနရာပုံမွန္ရရွိေနတာက ေကာင္းမြန္တဲ့ အေျဖထြက္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ဆာလီဘာနဲ႔ အေစာပိုင္းကာလတုန္းက ရႈပ္ေထြးခဲ့တဲ့ ဆက္ဆံေရးအေၾကာင္းကို အာတီတာက Sky Sports နဲ႔ ေတြ႕ဆုံရာမွာ အခုလိုပဲ ေျပာျပသြားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ တကယ္ကို ေက်နပ္မိခဲ့ပါတယ္။ ကြၽန္ေတာ္ စိုးရိမ္ပူပင္ရတဲ့ အခ်ိန္ေတြ အမ်ားႀကီးရွိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ အစပိုင္းမွာ သူနဲ႔ ဆက္ဆံေရးက တကယ္ကို ရႈပ္ေထြးခဲ့လို႔ပါ။ ကြၽန္ေတာ္တို႔ သူ႔ကို ဝယ္ယူခဲ့တယ္ ကြၽန္ေတာ္တို႔ ပထမဆုံး သူ႔ကို အငွားျပန္ခ်ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက သေဘာတူညီမႈရဲ႕တစိတ္တပိုင္းျဖစ္ေနလို႔ပါ။ သူ ျပန္လာခဲ့တယ္။ ကြၽန္ေတာ္တို႔ သူ အဆင္သင့္ျဖစ္ေနၿပီလို႔ မထင္ခဲ့ဘဲ သူ႔ကို အငွား ျပန္ခ်ခဲ့တယ္။ အျပင္ဘက္မွာ အလားအလာရွိတဲ့ ကစားသမားလို႔ အသိအမွတ္ျပဳျခင္းခံထားခဲ့ရၿပီးသား ကစားသမားတစ္ေယာက္။ အဲဒီကိစၥေတြက ကြၽန္ေတာ္တို႔ရဲ႕ ဆက္ဆံေရးကို ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ျဖစ္ခဲ့သလဲ”

“ဒါေပမယ့္ ကြၽန္ေတာ္တို႔ ယုံၾကည္ခဲ့ၿပီး ဒီမွာ ဆက္ေနတာထက္ အငွားနဲ႔ ကစားတာက သူ႔အတြက္ ပိုၿပီး အက်ိဳးရွိလိမ့္မယ္လို႔ အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္ ယုံၾကည္ခဲ့တယ္။ သူ ဘာလုပ္ႏိုင္လဲဆိုတာကို ကြၽန္ေတာ့္ကို အခ်က္ျပတဲ့အရာေတြကို ျမင္ေတြ႕ခဲ့ရတဲ့အခ်ိန္မွာေတာ့ သူက ကြၽန္ေတာ္တို႔အတြက္ ကစားသမားဆိုတာ သံသယမရွိခဲ့ၾကေတာ့ပါဘူး။ သူက တကယ္ကို ႏွိမ့္ခ်တတ္ၿပီး ‘ေကာင္းၿပီ။ ကြၽန္ေတာ္ ေဘးထြက္ထိုင္ေပးႏိုင္ပါတယ္။ ကြၽန္ေတာ္ နားလည္ပါတယ္’ဆိုၿပီး ေျပာဖို႔ စိတ္ပိုင္းျဖတ္ထားတဲ့သူပါ။ အခုေတာ့ သူ ဒီမွာ စၿပီး စြမ္းေဆာင္ျပေနၿပီျဖစ္ၿပီး သူက သူမတူေအာင္ ထူးျခားခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆာလီဘာအေနနဲ႔ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔က ဘယ္ေလာက္အထိ နီးစပ္ေနၿပီလဲလို႔ ေမးျမန္းခဲ့ရာမွာ အာတီတာက “ကြၽန္ေတာ္ မသိဘူး။ အီဒူးနဲ႔ အသင္းကေတာ့ တစ္ခုခုလုပ္ေနတာေတာ့ သိသာပါတယ္။ သူတို႔ေတြ ကြၽန္ေတာ့္ရဲ႕ အားစိုက္ထည့္မႈကို သိၿပီး ကြၽန္ေတာ္တို႔ အၿမဲတမ္း အဲဒီအေပၚမွာ အတူတူ လုပ္ေဆာင္ေနၾကတာပါ။ သူတို႔ေတြ အဲဒါကို လုပ္ဖို႔ အဆင္သင့္ျဖစ္တဲ့ အခ်ိန္က်ရင္ ကြၽန္ေတာ္တု႔ိ အဲဒါကို ေၾကညာသြားမွာပါ”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.