Premier League

ဖလာမီနီက စဖောက်ခဲ့ပြီး နောက်ဆုံးမှာ ချောင်ထိုးခံခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့အစဉ်အလာ

မက်သရူး ဖလာမီနီဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့တဲ့ ဒုတိယသက်တမ်းအတွင်း မြောက်လန်ဒန်ကလပ်အသင်းရဲ့ ကာလရှည်ကြာရှိခဲ့တဲ့ ထုံးတမ်းစဉ်လာကို ချိုးဖောက်ခဲ့ပြီး အိုးထရက်ဖို့ဒ်က အဝတ်လဲခန်းအတွင်းမှာ အသင်းဝတ်စုံစီစဉ်ပေးသူဟောင်း ဗစ် အန်ကာစ်နဲ့ အကြီးအကျယ် ပြဿနာတက်ခဲ့ပါတယ်။

အာစင်ဝင်းဂါးရဲ့ နည်းပြဘဝ နောက်ဆုံးနှစ်တွေအထိ အာဆင်နယ်ဟာ အသင်းခေါင်းဆောင် ဝတ်ဆင်တဲ့ ရှပ်အတိုင်း ဆင်တူ လိုက်လံဝတ်ဆင်ရတဲ့ ထုံးတမ်းစဉ်လာရှိပြီး ဂန္တဝင်နည်းပြကြီး မြောက်လန်ဒန်ကို မရောက်လာခင်ကတည်းက တည်ရှိခဲ့တဲ့ အစဉ်အလာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၁၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ အာဆင်နယ်ကွင်းလယ်လူ ဖလာမီနီဟာ အသင်းခေါင်းဆောင် ဗာမယ်လန်က လက်ရှည်ဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း အင်္ကျီလက်ကို ကတ်ကြေးနဲ့ညှပ်ပြီး အတိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဖလာမီနီရဲ့ အင်္ကျီလက်ကို ကတ်ကြေးနဲ့ ညှပ်ဖို့ ဆုံးဖြတ်ချက်ဟာ အာဆင်နယ်အသင်းမှာ ၃၂ နှစ်ကြာ အသင်းဝတ်စုံ စီစဉ်ပေးသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂန္တဝင်ကြီး ဗစ် အန်ကာစ်အတွက်တော့ ဒေါသအမျက်ချောင်းချောင်းထွက်စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ကြယ်ပွင့်တိုက်စစ်မှူးဟောင်း ရော်ဘင် ဗန်ပါစီရဲ့ သွင်းဂိုးကြောင့် ၁-၀ နဲ့ ရှုံးနိမ်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်က အဝတ်လဲခန်းအတွင်းမှာ အကြီးအကျယ် ပြဿနာတက်ခဲ့ကြတာ ဖြစ်ပါတယ်။

အန်ကာစ်ဟာ အမေရိကန်အမျိုးသမီးအသင်း Murrieta Surf Soccer Club နဲ့ အင်စတာဂရမ် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဖလာမီနီရဲ့ ကိစ္စနဲ့ပတ်သက်ပြီး မကြာသေးမီက မေးမြန်းခြင်းခံခဲ့ရချိန်မှာ အခြေအနေက တော်တော်လေး မကောင်းခဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပေါက်ကွဲသွားခဲ့တယ်။ ကျွန်တော် တော်တော်လေး စိတ်ဆိုးသွားခဲ့တယ်။ ကျွန်တော် သူတို့တွေ ထွက်သွားတဲ့အထိ အဲဒီလို လုပ်ခဲ့မှန်းမသိခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်မှာ အမှိုက်ပုံးတွေလို ပုံးတွေအများကြီးရှိတယ်။ ကွင်းနောက်တံခါးဘက်မှာပေါ့။ အသင်းကလည်း ကွင်းထဲကို ထွက်ခွာသွားပြီဆိုတော့ ကျွန်တော်လည်း အပြင်လေးဘာလေး ထွက်ခဲ့တာပေါ့”

“အဲဒီမှာပဲ ကျွန်တော် ဖြတ်သွားတဲ့နားက အမှိုက်ပုံးထဲမှာ အင်္ကျီလက်ကို တွေ့ခဲ့တာပဲ။ ကျွန်တော့်ကောင်လေးတွေကို ‘ပေါလ်ရေ သွားကြည့်စမ်း။ ဘယ်သူ အခု လက်ရှည်မဝတ်ဘဲ ရှိနေသလဲ’လို့ ဆိုပြီး ပြောခဲ့တယ်။ သွားကြည့်တော့ ဖလာမီနီဖြစ်နေတယ်။ ဟုတ်တာပေါ့။ ကျွန်တော် ပေါက်ကွဲသွားခဲ့တာပေါ့။ ပွဲစဉ်အတွင်းမှာတော့ ကျွန်တော် အများကြီး လုပ်လို့မရ၊ ပြောလို့မရတာ သိသာပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာတော့ ကျွန်တော် လုပ်လို့ရတယ်။ ပြောလို့ရတယ်။ ကျွန်တော် သူ့ကို ‘မင်း ဘောင်ကျော်သွားပြီ’လို့ ပြောခဲ့တယ်။ သူက ‘ကျွန်တော် ဘောင်မကျော်ပါဘူး’လို့ တုံ့ပြန်ခဲ့ပြီး ကျွန်တော်က ‘ဟုတ်ပါတယ်။ မင်း ဘောင်ကျော်တယ်။ ဒီဟာက အာဆင်နယ်ဘောလုံးအသင်းကွ။ ငါတိုပအားလုံး အတူတူပဲ ဝတ်ဆင်တယ်။ မင်းတစ်ဦးတည်းတစ်ယောက်တည်းချွန်ပြီး ကွဲထွက်နေတာတွေ လုပ်လို့မရဘူး။ အဲဒါက အသင်း အလုပ်လုပ်တဲ့ပုံစံမျိုးမဟုတ်ဘူး’လို့ ပြောခဲ့တယ်”

“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဲဒီကိစ္စက အဆင်ပြေသွားတယ်။ သူ့ကို အဲဒီပွဲအပြီး နောက်အပတ်မှာ နည်းပြ(အာစင်ဝင်းဂါး)က လူစာရင်းကနေ ထုတ်လိုက်တယ်။ ခင်ဗျားက အသင်းအဖွဲ့လား၊ အသင်းအဖွဲ့မဟုတ်ဘူးလား။ အဲဒါက ကျွန်တော် တုံ့ပြန်နေကျပုံစံဖြစ်ပြီး ကစားသမားတွေအားလုံးက ကျွန်တော့်ဘက်ကထောက်ခံပြီး ‘ဒါပေါ့။ ဟုတ်တယ်။ ခင်ဗျား မှန်တယ်။ အဲဒါက ကျွန်တော်တို့ လုပ်နေတဲ့အရာပဲ’လို့ ပြောခဲ့ကြတယ်။ ကျွန်တော်မှတ်မိသေးတာက ပွဲအပြီး အဝတ်လဲခန်းထဲမှာ ဘာကာရီ ဆက်ဂ်ညာပြောခဲ့တာကိုပဲ။ ‘သူ မှန်တယ်။ ခင်ဗျားက သူ ဘာပြောပြော လုပ်ပေးရမှာဖြစ်ပြီး ငါတို့လည်း မင်းကို လုပ်ဖို့ ပြောခဲ့ပြီးသား။ သူ ငါတို့ကို လက်ရှည်ဝတ်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီတော့ မင်း အဲဒီလက်ရှည်တွေပဲ ဝတ်ရမယ်’ဆိုပြီး သူက ဖလာမီနီကို ပြောခဲ့တာပါ။ ကျွန်တော့်အတွက်တော့ မန်ချက်စတာယူနိုက်တက်မှာ အရမ်းကောင်းတဲ့အခိုက်အတန့်မဟုတ်ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဖလာမီနီကတော့ နောက်ထပ် ၇ ရက်အကြာမှာ မာဆေးလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၂ ပွဲဆက်တိုက် ပွဲနေ့ ရှပ်ကို ကတ်ကြေးနဲ့ ထပ်ညှပ်ခဲ့ပြီး အာစင်ဝင်းဂါးက ပြင်သစ်ကွင်းလယ်လူကို နောက်ထပ် အဲဒီလို ထပ်လုပ်တာကို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

“ကျွန်တော် အဲဒီလို လုပ်တာ မကြိုက်ဘူး။ အဲဒီလို နောက်ထပ် ထပ်အဖြစ်မခံနိုင်ဘူး”လို့ ပွဲအပြီးမှာ ဖလာမီနီရဲ့ဖြစ်စဉ်ကို မေးမြန်းခဲ့ချိန်တုန်းက အာစင်ဝင်းဂါးက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မာဆေးလ်နဲ့ပွဲအပြီးမှာ ဖလာမီနီကို ၎င်းရဲ့ အပြုအမူနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ “ကျွန်တော်က ထိပ်တန်းအဆင့်မှာ ၁၀ နှစ်လောက် ကစားနေခဲ့တာဖြစ်ပြီး ကျွန်တော် လက်တိုပဲ ဝတ်ချင်တယ်။ အဲဒီလို ဝတ်ရတာမျိုးပဲ ကြိုက်တယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကျော်ကြားတဲ့ အင်္ကျီလက် အစဉ်အလာဟာ ၁၉၆၆ ခုနှစ်ကတည်းက အသင်းမှာရှိနေခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက နည်းပြ ဘာတီ မီးက စတင်သတ်မှတ်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ကစားသမားအများအပြားက စောဒကတက်တာကြောင့် ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ ဒီအစဉ်အလာကြီး ချောင်ထိုးခံခဲ့ရတဲ့အပေါ်မှာ အန်ကာစ်က ၂၀၁၈ ခုနှစ်တုန်းက အင်တာဗျူးမှာ စိတ်ပျက်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီ အစဉ်အလာကို လိုက်နာဖို့ ငြင်းပယ်ခဲ့တဲ့ ကစားသမားတွေကိုလည်း ပြစ်တင် ကြိမ်းမောင်းခဲ့တာ ဖြစ်ပါတယ်။

“အင်း။ ကံဆိုးစွာနဲ့ပဲ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကျွန်တော်တို့ နည်းနည်းတော့ လွဲသွားတယ်လို့ ထင်ပါတယ်။ အချို့လူတွေက ဆန့်ကျင်ဘက်ပုံစံ ဝတ်ဆင်ချင်ကပြီး သူတို့သဘောသူတို့ဆောင်ခဲ့ကြပါတယ်။ ဝမ်းနည်းစရာကောင်းတာက အခုဆိုရင် အသင်းရဲ့ အစဉ်အလာက ပျက်လုနီးပါးဖြစ်သွားခဲ့ပြီ။ အရမ်း ဝမ်းနည်းမိတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မက္သ႐ူး ဖလာမီနီဟာ အာဆင္နယ္အသင္းမွာ ကစားခဲ့တဲ့ ဒုတိယသက္တမ္းအတြင္း ေျမာက္လန္ဒန္ကလပ္အသင္းရဲ႕ ကာလရွည္ၾကာရွိခဲ့တဲ့ ထုံးတမ္းစဥ္လာကို ခ်ိဳးေဖာက္ခဲ့ၿပီး အိုးထရက္ဖို႔ဒ္က အဝတ္လဲခန္းအတြင္းမွာ အသင္းဝတ္စုံစီစဥ္ေပးသူေဟာင္း ဗစ္ အန္ကာစ္နဲ႔ အႀကီးအက်ယ္ ျပႆနာတက္ခဲ့ပါတယ္။

အာစင္ဝင္းဂါးရဲ႕ နည္းျပဘဝ ေနာက္ဆုံးႏွစ္ေတြအထိ အာဆင္နယ္ဟာ အသင္းေခါင္းေဆာင္ ဝတ္ဆင္တဲ့ ရွပ္အတိုင္း ဆင္တူ လိုက္လံဝတ္ဆင္ရတဲ့ ထုံးတမ္းစဥ္လာရွိၿပီး ဂႏၲဝင္နည္းျပႀကီး ေျမာက္လန္ဒန္ကို မေရာက္လာခင္ကတည္းက တည္ရွိခဲ့တဲ့ အစဥ္အလာတစ္ခုလည္း ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၂၀၁၃ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ အာဆင္နယ္ကြင္းလယ္လူ ဖလာမီနီဟာ အသင္းေခါင္းေဆာင္ ဗာမယ္လန္က လက္ရွည္ဝတ္ဆင္ဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္လည္း အက်ႌလက္ကို ကတ္ေၾကးနဲ႔ညႇပ္ၿပီး အတိုလုပ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဖလာမီနီရဲ႕ အက်ႌလက္ကို ကတ္ေၾကးနဲ႔ ညႇပ္ဖို႔ ဆုံးျဖတ္ခ်က္ဟာ အာဆင္နယ္အသင္းမွာ ၃၂ ႏွစ္ၾကာ အသင္းဝတ္စုံ စီစဥ္ေပးသူအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဂႏၲဝင္ႀကီး ဗစ္ အန္ကာစ္အတြက္ေတာ့ ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္စရာ ျဖစ္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၾကယ္ပြင့္တိုက္စစ္မႉးေဟာင္း ေရာ္ဘင္ ဗန္ပါစီရဲ႕ သြင္းဂိုးေၾကာင့္ ၁-၀ နဲ႔ ရႈံးနိမ္ခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္က အဝတ္လဲခန္းအတြင္းမွာ အႀကီးအက်ယ္ ျပႆနာတက္ခဲ့ၾကတာ ျဖစ္ပါတယ္။

အန္ကာစ္ဟာ အေမရိကန္အမ်ိဳးသမီးအသင္း Murrieta Surf Soccer Club နဲ႔ အင္စတာဂရမ္ တိုက္႐ိုက္ထုတ္လႊင့္မႈအတြင္း ဖလာမီနီရဲ႕ ကိစၥနဲ႔ပတ္သက္ၿပီး မၾကာေသးမီက ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အေျခအေနက ေတာ္ေတာ္ေလး မေကာင္းခဲ့ပုံေပၚခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေပါက္ကြဲသြားခဲ့တယ္။ ကြၽန္ေတာ္ ေတာ္ေတာ္ေလး စိတ္ဆိုးသြားခဲ့တယ္။ ကြၽန္ေတာ္ သူတို႔ေတြ ထြက္သြားတဲ့အထိ အဲဒီလို လုပ္ခဲ့မွန္းမသိခဲ့ပါဘူး။ မန္ခ်က္စတာယူႏိုက္တက္မွာ အမႈိက္ပုံးေတြလို ပုံးေတြအမ်ားႀကီးရွိတယ္။ ကြင္းေနာက္တံခါးဘက္မွာေပါ့။ အသင္းကလည္း ကြင္းထဲကို ထြက္ခြာသြားၿပီဆိုေတာ့ ကြၽန္ေတာ္လည္း အျပင္ေလးဘာေလး ထြက္ခဲ့တာေပါ့”

“အဲဒီမွာပဲ ကြၽန္ေတာ္ ျဖတ္သြားတဲ့နားက အမႈိက္ပုံးထဲမွာ အက်ႌလက္ကို ေတြ႕ခဲ့တာပဲ။ ကြၽန္ေတာ့္ေကာင္ေလးေတြကို ‘ေပါလ္ေရ သြားၾကည့္စမ္း။ ဘယ္သူ အခု လက္ရွည္မဝတ္ဘဲ ရွိေနသလဲ’လို႔ ဆိုၿပီး ေျပာခဲ့တယ္။ သြားၾကည့္ေတာ့ ဖလာမီနီျဖစ္ေနတယ္။ ဟုတ္တာေပါ့။ ကြၽန္ေတာ္ ေပါက္ကြဲသြားခဲ့တာေပါ့။ ပြဲစဥ္အတြင္းမွာေတာ့ ကြၽန္ေတာ္ အမ်ားႀကီး လုပ္လို႔မရ၊ ေျပာလို႔မရတာ သိသာပါတယ္။ ဒါေပမယ့္ ပြဲအၿပီးမွာေတာ့ ကြၽန္ေတာ္ လုပ္လို႔ရတယ္။ ေျပာလို႔ရတယ္။ ကြၽန္ေတာ္ သူ႔ကို ‘မင္း ေဘာင္ေက်ာ္သြားၿပီ’လို႔ ေျပာခဲ့တယ္။ သူက ‘ကြၽန္ေတာ္ ေဘာင္မေက်ာ္ပါဘူး’လို႔ တုံ႔ျပန္ခဲ့ၿပီး ကြၽန္ေတာ္က ‘ဟုတ္ပါတယ္။ မင္း ေဘာင္ေက်ာ္တယ္။ ဒီဟာက အာဆင္နယ္ေဘာလုံးအသင္းကြ။ ငါတိုပအားလုံး အတူတူပဲ ဝတ္ဆင္တယ္။ မင္းတစ္ဦးတည္းတစ္ေယာက္တည္းခြၽန္ၿပီး ကြဲထြက္ေနတာေတြ လုပ္လို႔မရဘူး။ အဲဒါက အသင္း အလုပ္လုပ္တဲ့ပုံစံမ်ိဳးမဟုတ္ဘူး’လို႔ ေျပာခဲ့တယ္”

“ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ အဲဒီကိစၥက အဆင္ေျပသြားတယ္။ သူ႔ကို အဲဒီပြဲအၿပီး ေနာက္အပတ္မွာ နည္းျပ(အာစင္ဝင္းဂါး)က လူစာရင္းကေန ထုတ္လိုက္တယ္။ ခင္ဗ်ားက အသင္းအဖြဲ႕လား၊ အသင္းအဖြဲ႕မဟုတ္ဘူးလား။ အဲဒါက ကြၽန္ေတာ္ တုံ႔ျပန္ေနက်ပုံစံျဖစ္ၿပီး ကစားသမားေတြအားလုံးက ကြၽန္ေတာ့္ဘက္ကေထာက္ခံၿပီး ‘ဒါေပါ့။ ဟုတ္တယ္။ ခင္ဗ်ား မွန္တယ္။ အဲဒါက ကြၽန္ေတာ္တို႔ လုပ္ေနတဲ့အရာပဲ’လို႔ ေျပာခဲ့ၾကတယ္။ ကြၽန္ေတာ္မွတ္မိေသးတာက ပြဲအၿပီး အဝတ္လဲခန္းထဲမွာ ဘာကာရီ ဆက္ဂ္ညာေျပာခဲ့တာကိုပဲ။ ‘သူ မွန္တယ္။ ခင္ဗ်ားက သူ ဘာေျပာေျပာ လုပ္ေပးရမွာျဖစ္ၿပီး ငါတို႔လည္း မင္းကို လုပ္ဖို႔ ေျပာခဲ့ၿပီးသား။ သူ ငါတို႔ကို လက္ရွည္ဝတ္ရမယ္လို႔ ေျပာခဲ့တယ္။ အဲဒီေတာ့ မင္း အဲဒီလက္ရွည္ေတြပဲ ဝတ္ရမယ္’ဆိုၿပီး သူက ဖလာမီနီကို ေျပာခဲ့တာပါ။ ကြၽန္ေတာ့္အတြက္ေတာ့ မန္ခ်က္စတာယူႏိုက္တက္မွာ အရမ္းေကာင္းတဲ့အခိုက္အတန႔္မဟုတ္ခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ဖလာမီနီကေတာ့ ေနာက္ထပ္ ၇ ရက္အၾကာမွာ မာေဆးလ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၂ ပြဲဆက္တိုက္ ပြဲေန႔ ရွပ္ကို ကတ္ေၾကးနဲ႔ ထပ္ညႇပ္ခဲ့ၿပီး အာစင္ဝင္းဂါးက ျပင္သစ္ကြင္းလယ္လူကို ေနာက္ထပ္ အဲဒီလို ထပ္လုပ္တာကို ပိတ္ပင္တားျမစ္ခဲ့ပါတယ္။

“ကြၽန္ေတာ္ အဲဒီလို လုပ္တာ မႀကိဳက္ဘူး။ အဲဒီလို ေနာက္ထပ္ ထပ္အျဖစ္မခံႏိုင္ဘူး”လို႔ ပြဲအၿပီးမွာ ဖလာမီနီရဲ႕ျဖစ္စဥ္ကို ေမးျမန္းခဲ့ခ်ိန္တုန္းက အာစင္ဝင္းဂါးက တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ မာေဆးလ္နဲ႔ပြဲအၿပီးမွာ ဖလာမီနီကို ၎ရဲ႕ အျပဳအမူနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ “ကြၽန္ေတာ္က ထိပ္တန္းအဆင့္မွာ ၁၀ ႏွစ္ေလာက္ ကစားေနခဲ့တာျဖစ္ၿပီး ကြၽန္ေတာ္ လက္တိုပဲ ဝတ္ခ်င္တယ္။ အဲဒီလို ဝတ္ရတာမ်ိဳးပဲ ႀကိဳက္တယ္”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ေက်ာ္ၾကားတဲ့ အက်ႌလက္ အစဥ္အလာဟာ ၁၉၆၆ ခုႏွစ္ကတည္းက အသင္းမွာရွိေနခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက နည္းျပ ဘာတီ မီးက စတင္သတ္မွတ္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ကစားသမားအမ်ားအျပားက ေစာဒကတက္တာေၾကာင့္ ပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။ ဒီအစဥ္အလာႀကီး ေခ်ာင္ထိုးခံခဲ့ရတဲ့အေပၚမွာ အန္ကာစ္က ၂၀၁၈ ခုႏွစ္တုန္းက အင္တာဗ်ဴးမွာ စိတ္ပ်က္တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အဲဒီ အစဥ္အလာကို လိုက္နာဖို႔ ျငင္းပယ္ခဲ့တဲ့ ကစားသမားေတြကိုလည္း ျပစ္တင္ ႀကိမ္းေမာင္းခဲ့တာ ျဖစ္ပါတယ္။

“အင္း။ ကံဆိုးစြာနဲ႔ပဲ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္းမွာ ကြၽန္ေတာ္တို႔ နည္းနည္းေတာ့ လြဲသြားတယ္လို႔ ထင္ပါတယ္။ အခ်ိဳ႕လူေတြက ဆန႔္က်င္ဘက္ပုံစံ ဝတ္ဆင္ခ်င္ကၿပီး သူတို႔သေဘာသူတို႔ေဆာင္ခဲ့ၾကပါတယ္။ ဝမ္းနည္းစရာေကာင္းတာက အခုဆိုရင္ အသင္းရဲ႕ အစဥ္အလာက ပ်က္လုနီးပါးျဖစ္သြားခဲ့ၿပီ။ အရမ္း ဝမ္းနည္းမိတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.