Premier League

တန်ဟက် ရုံးခန်းထဲသွားပြီး ဖြဲဖို့ ရော်နယ်လ်ဒိုကို မြှောက်ပေးလိုက်တဲ့ အသင်းဖော်ဟောင်း

ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ တန်ဟက်ရဲ့ ရုံးခန်းကိုသွားပြီး ဒတ်ချ်လူမျိုးနည်းပြဟာ မန်ချက်စတာယူနိုက်တက်မှာ ဆက်နေခိုင်းပြီး ဂုဏ်သတင်းကို ထိခိုက်ပျက်စီးအောင်လုပ်နေတယ်လို့ ပြောကြားဖို့ ပက်ထရစ် အီဗရာက တိုက်တွန်းခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲမှာ ၁ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲနောက်ပိုင်း ပွဲထွက်ခွင့်မရတော့တာဖြစ်ပါတယ်။ တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်လူစာရင်းကို လုခ် ရှော၊ မက်ဂွိုင်းယားနဲ့ ရော်နယ်လ်ဒိုတို့ကို ထုတ်ပြီး ဗာရွမ်း၊ မာလာစီယာနဲ့ အီလန်ဂါတို့နဲ့ အပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အသင်းရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ပထမအသင်းမှာပါ ပုံမှန်ပွဲထွက်ခွင့်မရတော့တာကြောင့် စိတ်ခံစားမှုက ပိုဆိုးလာနေတာဖြစ်ပါတယ်။ တနင်္လာနေ့က သတင်းအရ တန်ဟက်ဟာ ရော်နယ်လ်ဒိုကို အသင်းကနေ ယခုလာမယ့် ဆောင်းရာသီမှာ ကမ်းလှမ်းမှုတွေ ရရှိလာခဲ့ရင် ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ် သိရပေမယ့် ဒတ်ချ်လူမျိုးနည်းပြကတော့ အဲဒီပြောဆိုမှုတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်နောက်ခံကစားသမားဟောင်း ပက်ထရစ် အီဗရာက ရော်နယ်လ်ဒိုအနေနဲ့ အသင်းကို စွန့်ခွာချင်ကြောင်းနဲ့ အရန်ခုံမှာ ထိုင်နေရတာက သိက္ခာကျတယ်လို့ ခံစားရကြောင်း တန်ဟက်ကို ရုံးခန်းထဲအထိ သွားပြောဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ယူနိုက်တက်က ရော်နယ်လ်ဒိုကို ဇန်နဝါရီမှာ ထွက်ခွင့်ပေးသွားမယ်ဆိုတဲ့သတင်းတွေကို ဖတ်လိုက်တယ်။ အဲဒါက နောက်ထပ်တစ်ကြိမ် ဇာတ်လမ်းပြန်စတာပါ။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အရင်တုန်းက နှစ်တွေအတိုင်း ပြန်သွားနေတယ်။ ကျွန်တော် အဲဒါကို နားမလည်နိုင်ပါဘူး”

“ကျွန်တော်တို့က အသင်းထဲမှာ ရှိနေတာမဟုတ်ဘူး။ အဲဒီောတ့ နည်းပြနဲ့ ခရစ္စတီယာနိုတို့ ရာသီမတိုင်ခင် တန်ဟက်က ရော်နယ်လ်ဒိုကို ကြံ့ခိုင်မှုရှိဖို့ လိုအပ်မှာဖြစ်ပြီး အခွင့်အရေးရလိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကစားသမားမျိုးက အဲဒါကို လက်ခံမှာမဟုတ်ဘူးဆိုတာကို ကျွန်တော် သိတယ်။ ကြံ့ခိုင်မှုရဖို့ ခင်ဗျား အချိန်လိုအပ်ပြီး ကစားဖို့ လိုပါတယ်။ တန်ဟက်က ရော်နယ်လ်ဒိုကို ပထမဆုံး ၂ ပွဲမှာကစားဖို့ အခွင့်အရေးပေးခဲ့ပြီး ကျွန်တော်တို့ ရှုံးခဲ့တယ်။ အဲဒီတော့ သူ အသင်းကို ပြောင်းလဲပြီး ၄ ပွဲဆက်တိုက်အနိုင်ရခဲ့တယ်”

“အမှန်တကယ်တော့ တန်ဟက်လုပ်နေတာက မှန်ကန်တဲ့အရာတွေပါ။ ကျွန်တော် စီးတီးပွဲအပြီးမှာ သူဘာလို့ ရော်နယ်လ်ဒိုကို ပေးမကစားတာလဲလို့ မေးခံရတဲ့အချိန်မှာ သူ့မှတ်ချက်ကို မကြိုက်ပါဘူး။ သူ ပြောတာက ရော်နယ်လ်ဒိုရဲ့ကစားသမားဘဝကို မလေးမစားလုပ်ရာကျမှာစိုးလို့တဲ့။ ပထမဆုံးအနေနဲ့ နည်းပြတစ်ယောက်အနေနဲ့ ခင်ဗျားဘာသာ မှန်တယ်မှားတယ်ဆိုတာ သက်သေ ဘယ်တော့မှ ပြစရာမလိုပါဘူး။ အခု အားလုံးက သူ့ရဲ့ဆုံးဖြတ်ချက်ကို အငြင်းအခုံလုပ်နိုင်တယ်။ ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝကို လေးစားတယ်ဆိုရင်လည်း ဘာကြောင့် ပွဲထွက်ခွင့်မပေးလဲ။ ဘာလို့မကစားခိုင်းလဲ။ အဲဒါက အဓိပ္ပာယ်ကို မရှိပါဘူး”

“ရော်နယ်လ်ဒိုက ကမ္ဘာ့ဖလားမှာ ကစားချင်တယ်။ အဲဒီတော့ သူ ကြံ့ခိုင်မှုရှိနေချင်မှာပါ။ သူ ပွဲတွေ ကစားဖို့လိုအပ်တယ်။ ခင်ဗျားဘာသာ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကြံ့ခိုင်မှုရဖို့က ပွဲကစားချိန်လိုတယ်။ အထူးသဖြင့် ခင်ဗျား အသက်ကြီးလာတဲ့အခါမှာပေါ့။ လူတွေက နားမလည်ကြဘူး။ ခင်ဗျား ပွဲကစားရမှ ကြံ့ခိုင်မှု ရှိမှာ။ သူ့မှာ အဲဒီအချိန်မရခဲ့ဘူး”

“ကျွန်တော် သေချာတာတစ်ခုက ရော်နယ်လ်ဒိုအနေနဲ့ တန်ဟက်ရုံးခန်းထဲကို သွားပြီး သူ့ရဲ့ ဂုဏ်သိက္ခာမထိခိုက်စေချင်ဘူး။ အရန်ခုံမှာ ထိုင်ရတဲ့အခါမှာ အချိန်တိုင်း ညည်းတွားပြီး အသင်းမှာ ဗီလိန်မဖြစ်ချင်ဘူး။ သူက ပရော်ဖက်ရှင်နယ်ပါ။ သူ ၁၀၀ ရာခိုင်နှုန်း လေ့ကျင့်နေတယ်။ အဲဒီတော့ သူ့အနေနဲ့ တန်ဟက်ကို ဇန်နဝါရီမှာ ထွက်ခွင့်ပေးဖို့ တောင်းဆိုသင့်တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သူတို့ ၂ ယောက်ကြားထဲ ဘာတွေ ပြောဆိုခဲ့ကြလဲတော့ ကျွန်တော်လည်း မသိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ တန္ဟက္ရဲ႕ ႐ုံးခန္းကိုသြားၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ဆက္ေနခိုင္းၿပီး ဂုဏ္သတင္းကို ထိခိုက္ပ်က္စီးေအာင္လုပ္ေနတယ္လို႔ ေျပာၾကားဖို႔ ပက္ထရစ္ အီဗရာက တိုက္တြန္းခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ ၇ ပြဲမွာ ၁ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ကို ၄-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲေနာက္ပိုင္း ပြဲထြက္ခြင့္မရေတာ့တာျဖစ္ပါတယ္။ တန္ဟက္ဟာ မန္ခ်က္စတာယူႏိုက္တက္လူစာရင္းကို လုခ္ ေရွာ၊ မက္ဂြိဳင္းယားနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ထုတ္ၿပီး ဗာ႐ြမ္း၊ မာလာစီယာနဲ႔ အီလန္ဂါတို႔နဲ႔ အေျပာင္းအလဲ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္လည္း အသင္းရဲ႕ ျငင္းပယ္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ပထမအသင္းမွာပါ ပုံမွန္ပြဲထြက္ခြင့္မရေတာ့တာေၾကာင့္ စိတ္ခံစားမႈက ပိုဆိုးလာေနတာျဖစ္ပါတယ္။ တနလၤာေန႔က သတင္းအရ တန္ဟက္ဟာ ေရာ္နယ္လ္ဒိုကို အသင္းကေန ယခုလာမယ့္ ေဆာင္းရာသီမွာ ကမ္းလွမ္းမႈေတြ ရရွိလာခဲ့ရင္ ထြက္ခြာခြင့္ေပးဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္တယ္ သိရေပမယ့္ ဒတ္ခ်္လူမ်ိဳးနည္းျပကေတာ့ အဲဒီေျပာဆိုမႈေတြကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေနာက္ခံကစားသမားေဟာင္း ပက္ထရစ္ အီဗရာက ေရာ္နယ္လ္ဒိုအေနနဲ႔ အသင္းကို စြန႔္ခြာခ်င္ေၾကာင္းနဲ႔ အရန္ခုံမွာ ထိုင္ေနရတာက သိကၡာက်တယ္လို႔ ခံစားရေၾကာင္း တန္ဟက္ကို ႐ုံးခန္းထဲအထိ သြားေျပာဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ယူႏိုက္တက္က ေရာ္နယ္လ္ဒိုကို ဇန္နဝါရီမွာ ထြက္ခြင့္ေပးသြားမယ္ဆိုတဲ့သတင္းေတြကို ဖတ္လိုက္တယ္။ အဲဒါက ေနာက္ထပ္တစ္ႀကိမ္ ဇာတ္လမ္းျပန္စတာပါ။ ကြၽန္ေတာ္တို႔ လုပ္ခဲ့တဲ့ အရင္တုန္းက ႏွစ္ေတြအတိုင္း ျပန္သြားေနတယ္။ ကြၽန္ေတာ္ အဲဒါကို နားမလည္ႏိုင္ပါဘူး”

“ကြၽန္ေတာ္တို႔က အသင္းထဲမွာ ရွိေနတာမဟုတ္ဘူး။ အဲဒီောတ့ နည္းျပနဲ႔ ခရစၥတီယာႏိုတို႔ ရာသီမတိုင္ခင္ တန္ဟက္က ေရာ္နယ္လ္ဒိုကို ႀကံ့ခိုင္မႈရွိဖို႔ လိုအပ္မွာျဖစ္ၿပီး အခြင့္အေရးရလိမ့္မယ္လို႔ ေျပာခဲ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုလို ကစားသမားမ်ိဳးက အဲဒါကို လက္ခံမွာမဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္ သိတယ္။ ႀကံ့ခိုင္မႈရဖို႔ ခင္ဗ်ား အခ်ိန္လိုအပ္ၿပီး ကစားဖို႔ လိုပါတယ္။ တန္ဟက္က ေရာ္နယ္လ္ဒိုကို ပထမဆုံး ၂ ပြဲမွာကစားဖို႔ အခြင့္အေရးေပးခဲ့ၿပီး ကြၽန္ေတာ္တို႔ ရႈံးခဲ့တယ္။ အဲဒီေတာ့ သူ အသင္းကို ေျပာင္းလဲၿပီး ၄ ပြဲဆက္တိုက္အႏိုင္ရခဲ့တယ္”

“အမွန္တကယ္ေတာ့ တန္ဟက္လုပ္ေနတာက မွန္ကန္တဲ့အရာေတြပါ။ ကြၽန္ေတာ္ စီးတီးပြဲအၿပီးမွာ သူဘာလို႔ ေရာ္နယ္လ္ဒိုကို ေပးမကစားတာလဲလို႔ ေမးခံရတဲ့အခ်ိန္မွာ သူ႔မွတ္ခ်က္ကို မႀကိဳက္ပါဘူး။ သူ ေျပာတာက ေရာ္နယ္လ္ဒိုရဲ႕ကစားသမားဘဝကို မေလးမစားလုပ္ရာက်မွာစိုးလို႔တဲ့။ ပထမဆုံးအေနနဲ႔ နည္းျပတစ္ေယာက္အေနနဲ႔ ခင္ဗ်ားဘာသာ မွန္တယ္မွားတယ္ဆိုတာ သက္ေသ ဘယ္ေတာ့မွ ျပစရာမလိုပါဘူး။ အခု အားလုံးက သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကို အျငင္းအခုံလုပ္ႏိုင္တယ္။ ေရာ္နယ္လ္ဒိုရဲ႕ ကစားသမားဘဝကို ေလးစားတယ္ဆိုရင္လည္း ဘာေၾကာင့္ ပြဲထြက္ခြင့္မေပးလဲ။ ဘာလို႔မကစားခိုင္းလဲ။ အဲဒါက အဓိပၸာယ္ကို မရွိပါဘူး”

“ေရာ္နယ္လ္ဒိုက ကမာၻ႔ဖလားမွာ ကစားခ်င္တယ္။ အဲဒီေတာ့ သူ ႀကံ့ခိုင္မႈရွိေနခ်င္မွာပါ။ သူ ပြဲေတြ ကစားဖို႔လိုအပ္တယ္။ ခင္ဗ်ားဘာသာ ဘယ္အသက္အ႐ြယ္ပဲျဖစ္ျဖစ္ ႀကံ့ခိုင္မႈရဖို႔က ပြဲကစားခ်ိန္လိုတယ္။ အထူးသျဖင့္ ခင္ဗ်ား အသက္ႀကီးလာတဲ့အခါမွာေပါ့။ လူေတြက နားမလည္ၾကဘူး။ ခင္ဗ်ား ပြဲကစားရမွ ႀကံ့ခိုင္မႈ ရွိမွာ။ သူ႔မွာ အဲဒီအခ်ိန္မရခဲ့ဘူး”

“ကြၽန္ေတာ္ ေသခ်ာတာတစ္ခုက ေရာ္နယ္လ္ဒိုအေနနဲ႔ တန္ဟက္႐ုံးခန္းထဲကို သြားၿပီး သူ႔ရဲ႕ ဂုဏ္သိကၡာမထိခိုက္ေစခ်င္ဘူး။ အရန္ခုံမွာ ထိုင္ရတဲ့အခါမွာ အခ်ိန္တိုင္း ညည္းတြားၿပီး အသင္းမွာ ဗီလိန္မျဖစ္ခ်င္ဘူး။ သူက ပေရာ္ဖက္ရွင္နယ္ပါ။ သူ ၁၀၀ ရာခိုင္ႏႈန္း ေလ့က်င့္ေနတယ္။ အဲဒီေတာ့ သူ႔အေနနဲ႔ တန္ဟက္ကို ဇန္နဝါရီမွာ ထြက္ခြင့္ေပးဖို႔ ေတာင္းဆိုသင့္တာျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ သူတို႔ ၂ ေယာက္ၾကားထဲ ဘာေတြ ေျပာဆိုခဲ့ၾကလဲေတာ့ ကြၽန္ေတာ္လည္း မသိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.