Premier League

ဟာလန်းကို ဘောလုံးမကစားနိုင်အောင်လုပ်ဖို့ ကြိုးပမ်းနေတဲ့ သရဲနီပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးလို့ ယူဆရတဲ့ ပရိသတ်တစ်ဦးဟာ ဟာလန်းကို ဘောလုံးကစားခွင့်ပေးတာက မမျှတတဲ့အတွက်ကြောင့် ဘောလုံးနဲ့ပတ်သက်တာကနေ ပိတ်ပင်ဖို့အတွက် လက်မှတ်ရေးထိုးဖို့ လှုံ့ဆော်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဒေါ့မွန်ကနေ မန်ချက်စတာစီးတီးကို ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ တန်ကြေးရှိတဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ မန်ချက်စတာမှာ တော်တော်လေး ကြောက်မက်ဖွယ်ကောင်းတဲ့ စတင်မှုကို ပြုလုပ်ထားနိုင်ခဲ့ပြီး ဟာလန်းအတွက် မန်ချက်စတာစီးတီး ပေးချေခဲ့ရတဲ့ ပေါင် ၆၄ သန်းက ကျေတောင် ကျေနေပြီလို့တောင် ပြောဆိုနေကြတာဖြစ်ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးအတွက် ၁၄ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂၀ အထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ၃ ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီမှာ မန်ချက်စတာယူနိုက်တက်ကို ညှင်းပန်းနှိပ်စက်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညက ကိုပင်ဟေဂင်အသင်းကိုလည်း ပထမပိုင်း တစ်ပိုင်းတည်း ကစားခဲ့ရာမှာ ၂ ဂိုးအထိ ထပ်မံ သွင်းယူပြခဲ့ပြန်တာဖြစ်ပါတယ်။

ဆာ့လ်ဇ်ဘတ်တိုက်စစ်မှူးဟောင်းဟာ လာမယ့် ရက်၊ လ၊ နှစ်တွေအတွင်း ဥရောပမှာ ရှိသမျှ ကလပ်အသင်းအများအပြားကို တစစီ စုတ်ဖြဲပစ်တော့မယ်ဆိုတာ သံသယဖြစ်စရာမရှိပေမယ့် လက်ရှိမှာတော့ ပရိသတ်တစ်ဦးက ဟာလန်း အဲဒီလို မလုပ်နိုင်အောင် ရပ်တန့်ဖို့အတွက် လက်မှတ်ရေးထိုးတောင်းဆိုခြင်းတစ်ခုကို ဖန်တီးခဲ့ပြီး တော်တော်လေး ရယ်စရာကောင်းနေခဲ့တာ ဖြစ်ပါတယ်။

“အဲဒါက မမျှတဘူးဆိုတာ ရှင်းနေတာပဲ”လို့ Ten Hag’s Reds! လို့ အမည်ရတဲ့ ပရိသတ်တစ်ဦးက Change.org စာမျက်နှာမှာ လက်မှတ်ရေးထိုးတောင်းဆိုမှုတစ်ခု စတင်ခဲ့ပြီး “ငါတို့တွေ အပြောင်းအလဲတစ်ခု လုပ်နိုင်တယ်။ အခုက လူတွေ လုပ်ဆောင်ရမယ့် အချိန်ကျပြီ။ ဒီစက်ရုပ်ကို ငါတို့ တိုင်းပြည်မှာ ဆက်ပြီး ကစားဖို့ ခွင့်မပြုသင့်ဘူး”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန် အခုစာကို ရေးသားနေချိန်အထိတော့ လက်မှတ်ရေးထိုးတောင်းဆိုသူ ၁၈ ဦးသာ ရှိသေးပြီး ဒီလုပ်ရပ်ဟာ အဆန်းထွင်ပြီး ဟာသလုပ်တဲ့လုပ်ရပ်တစ်ခုသာ ဖြစ်တယ်လို့ ယူဆရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္တစ္ဦးလို႔ ယူဆရတဲ့ ပရိသတ္တစ္ဦးဟာ ဟာလန္းကို ေဘာလုံးကစားခြင့္ေပးတာက မမွ်တတဲ့အတြက္ေၾကာင့္ ေဘာလုံးနဲ႔ပတ္သက္တာကေန ပိတ္ပင္ဖို႔အတြက္ လက္မွတ္ေရးထိုးဖို႔ လႈံ႕ေဆာ္ခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ေဒါ့မြန္ကေန မန္ခ်က္စတာစီးတီးကို ေပါင္ ၆၄ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ ၃၇၅၀၀၀ တန္ေၾကးရွိတဲ့ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ ေနာ္ေဝတိုက္စစ္မႉးဟာ မန္ခ်က္စတာမွာ ေတာ္ေတာ္ေလး ေၾကာက္မက္ဖြယ္ေကာင္းတဲ့ စတင္မႈကို ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ဟာလန္းအတြက္ မန္ခ်က္စတာစီးတီး ေပးေခ်ခဲ့ရတဲ့ ေပါင္ ၆၄ သန္းက ေက်ေတာင္ ေက်ေနၿပီလို႔ေတာင္ ေျပာဆိုေနၾကတာျဖစ္ပါတယ္။

ဟာလန္းဟာ မန္ခ်က္စတာစီးတီးအတြက္ ၁၄ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂၀ အထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ အိမ္ကြင္း ၃ ပြဲဆက္တိုက္ ဟက္ထရစ္သြင္းယူႏိုင္တဲ့ ပထမဆုံး ကစားသမားလည္း ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က မန္ခ်က္စတာဒါဘီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ညႇင္းပန္းႏွိပ္စက္ခဲ့ၿပီးေနာက္ ဗုဒၶဟူးေန႔ညက ကိုပင္ေဟဂင္အသင္းကိုလည္း ပထမပိုင္း တစ္ပိုင္းတည္း ကစားခဲ့ရာမွာ ၂ ဂိုးအထိ ထပ္မံ သြင္းယူျပခဲ့ျပန္တာျဖစ္ပါတယ္။

ဆာ့လ္ဇ္ဘတ္တိုက္စစ္မႉးေဟာင္းဟာ လာမယ့္ ရက္၊ လ၊ ႏွစ္ေတြအတြင္း ဥေရာပမွာ ရွိသမွ် ကလပ္အသင္းအမ်ားအျပားကို တစစီ စုတ္ၿဖဲပစ္ေတာ့မယ္ဆိုတာ သံသယျဖစ္စရာမရွိေပမယ့္ လက္ရွိမွာေတာ့ ပရိသတ္တစ္ဦးက ဟာလန္း အဲဒီလို မလုပ္ႏိုင္ေအာင္ ရပ္တန႔္ဖို႔အတြက္ လက္မွတ္ေရးထိုးေတာင္းဆိုျခင္းတစ္ခုကို ဖန္တီးခဲ့ၿပီး ေတာ္ေတာ္ေလး ရယ္စရာေကာင္းေနခဲ့တာ ျဖစ္ပါတယ္။

“အဲဒါက မမွ်တဘူးဆိုတာ ရွင္းေနတာပဲ”လို႔ Ten Hag’s Reds! လို႔ အမည္ရတဲ့ ပရိသတ္တစ္ဦးက Change.org စာမ်က္ႏွာမွာ လက္မွတ္ေရးထိုးေတာင္းဆိုမႈတစ္ခု စတင္ခဲ့ၿပီး “ငါတို႔ေတြ အေျပာင္းအလဲတစ္ခု လုပ္ႏိုင္တယ္။ အခုက လူေတြ လုပ္ေဆာင္ရမယ့္ အခ်ိန္က်ၿပီ။ ဒီစက္႐ုပ္ကို ငါတို႔ တိုင္းျပည္မွာ ဆက္ၿပီး ကစားဖို႔ ခြင့္မျပဳသင့္ဘူး”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္ အခုစာကို ေရးသားေနခ်ိန္အထိေတာ့ လက္မွတ္ေရးထိုးေတာင္းဆိုသူ ၁၈ ဦးသာ ရွိေသးၿပီး ဒီလုပ္ရပ္ဟာ အဆန္းထြင္ၿပီး ဟာသလုပ္တဲ့လုပ္ရပ္တစ္ခုသာ ျဖစ္တယ္လို႔ ယူဆရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.