Premier League

၉၀ ခုနှစ်ဖွားတွေလောက်သာ သိကြမယ့် ပွဲ ၃၁၀ အထိ ဆက်တိုက်ကစားဖူးတဲ့ ကစားသမား

ခေတ်သစ်ဘောလုံးလောကမှာ စီးပွားရေးအရ မကစားချင်ဘဲ ကစားရတဲ့ ခြေစမ်းပွဲတွေ၊ အမျိုးမျိုးသော ဖလားပြိုင်ပွဲတွေကြောင့် ကစားသမားတွေဟာ မဖြစ်မနေ အလှည့်ကျပွဲထွက်စနစ်ကို လက်ခံနေကြရပါတယ်။

ဘောလုံးသမားတစ်ဦးရယ်လို့ ဖြစ်လာရင် အဓိက ရည်မှန်းချက်က ပွဲစဉ်တိုင်းမှာ ပွဲထွက်ပါဝင်ကစားခွင့်ရဖို့နဲ့ ဆုဖလားတွေ ရရှိဖို့ဖြစ်ပြီး ဆုဖလားတွေအများအပြား မရရှိခဲ့ပေမယ့်လည်း ပွဲစဉ်တိုင်း သို့မဟုတ် ပွဲအများဆုံး ဆက်တိုက် ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ ကစားသမားကြီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ အဲဒီကစားသမားကတော့ ၁၉၉၀ ပြည့်နှစ်ကာလဖွား ဘောလုံးပရိသတ်တွေသာ သိကြမယ့် ကစားသမားဖြစ်ပြီး အမေရိကန်လက်ရွေးစင်ဂိုးသမားကြီး ဘရက်ဒ် ဖရီဒယ်လ်ပဲ ဖြစ်ပါတယ်။

ဘရက်ဒ် ဖရီဒယ်လ်ဟာ ၁၉၉၀ ပြည့်နှစ်မှာ ယူစီအယ်လ်အေ ဘရူအင်စ်နဲ့ ကောလိပ်ကျောင်းသားဘဝမှာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ဘရွန်ဘီအသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် တစ်ပွဲမှ ကစားခွင့် မရရှိခဲ့ဘဲ ဂလာတာဆာရေးအသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။

နောက်တစ်နှစ်မှာတော့ ကိုလံဘတ်စ် ခရူအသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ၃၈ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီးနောက် ၁၉၉၇ ခုနှစ်မှာ လီဗာပူးလ်ကို ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာတော့ ဂန္တဝင်ဂိုးသမားဖြစ်လာမယ့် ဘလက်ဘန်း ရိုဗားစ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပရိသတ်အများစုဟာ ဘရက်ဒ် ဖရီဒယ်လ်ကို ဘလက်ဘန်းအသင်းနဲ့အတူ တွဲလျက် သိကြတဲ့အထိ အသင်းအတွက် ၈ နှစ်ကြာ ပွဲပေါင်း ၂၉၀ အထိ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ အက်စတန် ဗီလာကိုအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ စုစုပေါင်း ၁၁၄ ပွဲ ပါဝင်ကစားပေးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဘရက်ဒ် ဖရီဒယ်လ်နဲ့ပတ်သက်ပြီး ပရိသတ်တွေ မသိခဲ့တဲ့ ထူးခြားချက်တစ်ခုရှိခဲ့ပြီး အဲဒီစံချိန်ဟာ လက်ရှိ ဘောလုံးလောကအခြေအနေကြောင့် ဘယ်တော့မှ ချိုးဖျက်လို့ မရနိုင်တော့တဲ့ စံချိန်တစ်ခုအဖြစ် ရှိနေခဲ့ပြီဖြစ်ပြီး အဲဒါကတော့ အမေရိကန်ဂိုးသမားကြီးဟာ ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၄ ရက်ကနေ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့အထိ တစ်ပွဲမှ အနားယူခြင်းမရှိဘဲ ပွဲပေါင်း ၃၁၀ အထိ ဆက်တိုက် ကစားပေးခဲ့တာဖြစ်ပါတယ်။

ဒီစံချိန်ကို ရေးထိုးနိုင်ဖို့အတွက် ဘရက်ဒ် ဖရီဒယ်လ်ဟာ ဘလက်ဘန်း၊ အက်စတန် ဗီလာ၊ တော့တင်ဟမ်ဟော့စပါးတို့အတွက် ၈ ရာသီကြာ အနားမယူဘဲ ကစားပေးခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေခတ္သစ္ေဘာလုံးေလာကမွာ စီးပြားေရးအရ မကစားခ်င္ဘဲ ကစားရတဲ့ ေျခစမ္းပြဲေတြ၊ အမ်ိဳးမ်ိဳးေသာ ဖလားၿပိဳင္ပြဲေတြေၾကာင့္ ကစားသမားေတြဟာ မျဖစ္မေန အလွည့္က်ပြဲထြက္စနစ္ကို လက္ခံေနၾကရပါတယ္။

ေဘာလုံးသမားတစ္ဦးရယ္လို႔ ျဖစ္လာရင္ အဓိက ရည္မွန္းခ်က္က ပြဲစဥ္တိုင္းမွာ ပြဲထြက္ပါဝင္ကစားခြင့္ရဖို႔နဲ႔ ဆုဖလားေတြ ရရွိဖို႔ျဖစ္ၿပီး ဆုဖလားေတြအမ်ားအျပား မရရွိခဲ့ေပမယ့္လည္း ပြဲစဥ္တိုင္း သို႔မဟုတ္ ပြဲအမ်ားဆုံး ဆက္တိုက္ ပါဝင္ကစားခြင့္ ရရွိခဲ့တဲ့ ကစားသမားႀကီးတစ္ဦး ရွိခဲ့ဖူးပါတယ္။ အဲဒီကစားသမားကေတာ့ ၁၉၉၀ ျပည့္ႏွစ္ကာလဖြား ေဘာလုံးပရိသတ္ေတြသာ သိၾကမယ့္ ကစားသမားျဖစ္ၿပီး အေမရိကန္လက္ေ႐ြးစင္ဂိုးသမားႀကီး ဘရက္ဒ္ ဖရီဒယ္လ္ပဲ ျဖစ္ပါတယ္။

ဘရက္ဒ္ ဖရီဒယ္လ္ဟာ ၁၉၉၀ ျပည့္ႏွစ္မွာ ယူစီအယ္လ္ေအ ဘ႐ူအင္စ္နဲ႔ ေကာလိပ္ေက်ာင္းသားဘဝမွာ ကစားသမားဘဝကို စတင္ခဲ့ၿပီး ၁၉၉၅ ခုႏွစ္မွာ ဘ႐ြန္ဘီအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ တစ္ပြဲမွ ကစားခြင့္ မရရွိခဲ့ဘဲ ဂလာတာဆာေရးအသင္းကို ေျပာင္းေ႐ႊ႕ကစားခဲ့ပါတယ္။

ေနာက္တစ္ႏွစ္မွာေတာ့ ကိုလံဘတ္စ္ ခ႐ူအသင္းကို ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး ၃၈ ပြဲအထိ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ၁၉၉၇ ခုႏွစ္မွာ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး ၂၀၀၀ ျပည့္ႏွစ္မွာေတာ့ ဂႏၲဝင္ဂိုးသမားျဖစ္လာမယ့္ ဘလက္ဘန္း ႐ိုဗားစ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ပရိသတ္အမ်ားစုဟာ ဘရက္ဒ္ ဖရီဒယ္လ္ကို ဘလက္ဘန္းအသင္းနဲ႔အတူ တြဲလ်က္ သိၾကတဲ့အထိ အသင္းအတြက္ ၈ ႏွစ္ၾကာ ပြဲေပါင္း ၂၉၀ အထိ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ၂၀၀၈ ခုႏွစ္မွာေတာ့ အက္စတန္ ဗီလာကိုအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ၂၀၁၁ ခုႏွစ္အထိ စုစုေပါင္း ၁၁၄ ပြဲ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ၂၀၁၅ ခုႏွစ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းမွာ ကစားသမားဘဝကို အဆုံးသတ္ခဲ့တာ ျဖစ္ပါတယ္။

ဘရက္ဒ္ ဖရီဒယ္လ္နဲ႔ပတ္သက္ၿပီး ပရိသတ္ေတြ မသိခဲ့တဲ့ ထူးျခားခ်က္တစ္ခုရွိခဲ့ၿပီး အဲဒီစံခ်ိန္ဟာ လက္ရွိ ေဘာလုံးေလာကအေျခအေနေၾကာင့္ ဘယ္ေတာ့မွ ခ်ိဳးဖ်က္လို႔ မရႏိုင္ေတာ့တဲ့ စံခ်ိန္တစ္ခုအျဖစ္ ရွိေနခဲ့ၿပီျဖစ္ၿပီး အဲဒါကေတာ့ အေမရိကန္ဂိုးသမားႀကီးဟာ ၂၀၀၄ ခုႏွစ္ ၾသဂုတ္လ ၁၄ ရက္ကေန ၂၀၁၂ ခုႏွစ္ စက္တင္ဘာ ၂၉ ရက္ေန႔အထိ တစ္ပြဲမွ အနားယူျခင္းမရွိဘဲ ပြဲေပါင္း ၃၁၀ အထိ ဆက္တိုက္ ကစားေပးခဲ့တာျဖစ္ပါတယ္။

ဒီစံခ်ိန္ကို ေရးထိုးႏိုင္ဖို႔အတြက္ ဘရက္ဒ္ ဖရီဒယ္လ္ဟာ ဘလက္ဘန္း၊ အက္စတန္ ဗီလာ၊ ေတာ့တင္ဟမ္ေဟာ့စပါးတို႔အတြက္ ၈ ရာသီၾကာ အနားမယူဘဲ ကစားေပးခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.