Premier League

ဆောင်းရာသီမှာ ပါတေးနေရာအတွက် ဘရာဇီးလ်သား ၂ ဦးကို ပစ်မှတ်ထားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်း နည်းစနစ် ဒါရိုက်တာ အီဒူးအတွက်တော့ လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့ကာလဟာလည်း နွေရာသီနည်းတူ အလုပ်များတဲ့ကာလ ဖြစ်လာတော့မှာဖြစ်ပြီး အာတီတာရဲ့ ကွင်းလယ်အတွက် ပြီးခဲ့တဲ့နွေရာသီက မပြီးပြတ်သေးတဲ့ဇာတ်လမ်းတွေကို အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။

အာတီတာဟာ ပြီးခဲ့တဲ့နွေရာသီတလျှောက်လုံး လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် တီလီမန်းစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယမ်ကွင်းလယ်ကစားသမားရဲ့ အပြောင်းအရွှေ့ဟာ အမှန်တကယ်ဖြစ်မလာခဲ့တာကြောင့် ပေါ်တိုကွင်းလယ်လူ ဖေဘီယို ဗီယာရာကိုပဲ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အက်စတန် ဗီလာကွင်းလယ်ကြယ်ပွင့် ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကိုလည်း အပြောင်းအရွှေ့ကာလနောက်ဆုံးနေ့အထိ ခေါ်ယူဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခြင်းခံခဲ့ရတာကြောင့် အီဒူးအတွက် ပြီးပြတ်ရမယ့်ကိစ္စတွေ မပြီးပြတ်နိုင်ခဲ့ဘဲ တအုံ့တနွေးနွေးဖြစ်နေခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ ပါမီးရပ်စ်ကွင်းလယ်ကစားသမား ဒါနီလိုကိုလည်း ပေါင် ၂၂ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဘရာဇီးလ်ကလပ်အသင်းက ငြင်းပယ်ခဲ့တယ်လို့ သတင်းထောက် ဂျော့ဂျ် နီကိုလာရဲ့ ပြောကြားချက်အရ သိရပါတယ်။

အာဆင်နယ်အသင်းအတွက် ကွင်းလယ်ပြဿနာက ဘယ်လောက်တောင် ရိုးရှင်းလဲဆိုရင် အိုးထရက်ဖို့ဒ်မှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပါတေးသာ ပါဝင်နိုင်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ သရေ ၁ မှတ်လောက် ရရှိခဲ့မှာဖြစ်ပြီး အဲဒီလို ပြောဆိုမှုဟာ အလွန်မဟုတ်ဘူးဆိုတာကို မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ဂါနာကွင်းလယ်ကြယ်ပွင့်က သက်သေပြသခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘောလုံး အရယူနိုင်တဲ့ ကွင်းလယ်ကစားသမား မပါဝင်မှုကြောင့် အဲရစ် တန်ဟက်ရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကနေတဆင့် ဂိုးတွေ ခွင့်ပြုပေးခဲ့ရတာဖြစ်ပြီး လိုကွန်ဂါကလည်း သရဲနီတပ်သားတွေရဲ့ မြန်နှုန်းကိုရော ဘောလုံးလမ်းကြောင်းတွေကိုပါ ဖြတ်တောက်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် ပါတေးသာ မပါရင် ဘာမှ အလုပ်မဖြစ်တော့တဲ့ ကွင်းလယ်ပြဿနာကို ကောင်းကောင်းကြီး သတိထားမိနေတဲ့ အီဒူးဟာ ယခုလာမယ့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ဖြေရှင်းသွားတော့မှာဖြစ်ပြီး အက်စတန် ဗီလာနဲ့ အနာဂတ်မရေမရာဖြစ်နေတယ်လို့ နည်းပြ ဂျရတ်ကိုယ်တိုင် အရိပ်အမြွက် ပြောကြားခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့် ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းသွားတော့မှာဖြစ်ပါတယ်။

ပါးမီးရပ်စ် ကွင်းလယ်ကြယ်ပွင့် ဒါနီလိုကိုလည်း အာဆင်နယ်အသင်းက လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ထပ်မံ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။

“အာဆင်နယ်အသင်းက ဒါနီလိုကို ခေါ်ဖို့ ကြိုးစားခဲ့တယ်။ ဒီသတင်းက ဒါနီလိုနဲ့အရမ်းနီးကပ်တဲ့လူတစ်ယောက်က ကျွန်တော့်ကို ပေးခဲ့တာပါ။ ကျွန်တော့်ရဲ့ သတင်းရင်းမြစ် ပြောဆိုချက်အရ ပါးမီးရပ်စ်က အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းမှု ရခဲ့တယ်။ ဒါပေမယ့် ပါးမီးရပ်စ် ဥက္ကဌ လေလာ ပါရဲရားက သူမအနေနဲ့ ဒါနီလိုကို ဘယ်လို အခြေအနေမျိုးမှာမှ ရောင်းထုတ်မှာမဟုတ်ဘူးဆိုတာကို သိအောင် ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားဖြစ်နေတယ်။ ၂၀၂၂ မှာမဟုတ်ရင်တောင်တော့ ၂၀၂၃ ခုနှစ်မှာ ရောင်းကောင်း ရောင်းနိုင်ပါတယ်။ အဲဒါကြောင့်ပဲ သူ့ကို လာမယ့်ဇန်နဝါရီမှာ ခေါ်ဖို့ အသင်းတွေအများအပြားက တန်းစီနေကြတာပေါ့”လို့ သတင်းထောက် နီကိုလာက ရှင်းပြခဲ့ပါတယ်။

ဒါနီလိုရဲ့ ကစားဟန်ဟာ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် အန်ဂိုလို ကွန်တေနဲ့ အနည်းငယ် ဆင်တူပြီး ဒီလို အဖျက်ကြမ်းတဲ့ ကွင်းလယ်အထိုင် လူငယ်ကစားသမားမျိုးကို အသင်းတွေက ခေါ်ယူချင်ကြတာတော့ အံ့အားသင့်စရာမဟုတ်တော့ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္း နည္းစနစ္ ဒါ႐ိုက္တာ အီဒူးအတြက္ေတာ့ လာမယ့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလဟာလည္း ေႏြရာသီနည္းတူ အလုပ္မ်ားတဲ့ကာလ ျဖစ္လာေတာ့မွာျဖစ္ၿပီး အာတီတာရဲ႕ ကြင္းလယ္အတြက္ ၿပီးခဲ့တဲ့ေႏြရာသီက မၿပီးျပတ္ေသးတဲ့ဇာတ္လမ္းေတြကို အဆုံးသတ္ရေတာ့မွာျဖစ္ပါတယ္။

အာတီတာဟာ ၿပီးခဲ့တဲ့ေႏြရာသီတေလွ်ာက္လုံး လက္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ တီလီမန္းစ္ကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဘယ္လ္ဂ်ီယမ္ကြင္းလယ္ကစားသမားရဲ႕ အေျပာင္းအေ႐ႊ႕ဟာ အမွန္တကယ္ျဖစ္မလာခဲ့တာေၾကာင့္ ေပၚတိုကြင္းလယ္လူ ေဖဘီယို ဗီယာရာကိုပဲ ေခၚယူခဲ့ရတာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အက္စတန္ ဗီလာကြင္းလယ္ၾကယ္ပြင့္ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကိုလည္း အေျပာင္းအေ႐ႊ႕ကာလေနာက္ဆုံးေန႔အထိ ေခၚယူဖို႔ အႀကိမ္ႀကိမ္ ကမ္းလွမ္းခဲ့ေပမယ့္လည္း ျငင္းပယ္ျခင္းခံခဲ့ရတာေၾကာင့္ အီဒူးအတြက္ ၿပီးျပတ္ရမယ့္ကိစၥေတြ မၿပီးျပတ္ႏိုင္ခဲ့ဘဲ တအုံ႔တေႏြးေႏြးျဖစ္ေနခဲ့ရတာ ျဖစ္ပါတယ္။

ဒါ့အျပင္ အာဆင္နယ္အသင္းဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔မွာ ပါမီးရပ္စ္ကြင္းလယ္ကစားသမား ဒါနီလိုကိုလည္း ေပါင္ ၂၂ သန္းနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း ဘရာဇီးလ္ကလပ္အသင္းက ျငင္းပယ္ခဲ့တယ္လို႔ သတင္းေထာက္ ေဂ်ာ့ဂ်္ နီကိုလာရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

အာဆင္နယ္အသင္းအတြက္ ကြင္းလယ္ျပႆနာက ဘယ္ေလာက္ေတာင္ ႐ိုးရွင္းလဲဆိုရင္ အိုးထရက္ဖို႔ဒ္မွာ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းမွာ ပါေတးသာ ပါဝင္ႏိုင္ခဲ့မယ္ဆိုရင္ အနည္းဆုံးေတာ့ သေရ ၁ မွတ္ေလာက္ ရရွိခဲ့မွာျဖစ္ၿပီး အဲဒီလို ေျပာဆိုမႈဟာ အလြန္မဟုတ္ဘူးဆိုတာကို ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ ဂါနာကြင္းလယ္ၾကယ္ပြင့္က သက္ေသျပသခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ေဘာလုံး အရယူႏိုင္တဲ့ ကြင္းလယ္ကစားသမား မပါဝင္မႈေၾကာင့္ အဲရစ္ တန္ဟက္ရဲ႕ လ်င္ျမန္တဲ့ တန္ျပန္တိုက္စစ္ကေနတဆင့္ ဂိုးေတြ ခြင့္ျပဳေပးခဲ့ရတာျဖစ္ၿပီး လိုကြန္ဂါကလည္း သရဲနီတပ္သားေတြရဲ႕ ျမန္ႏႈန္းကိုေရာ ေဘာလုံးလမ္းေၾကာင္းေတြကိုပါ ျဖတ္ေတာက္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ဒါေၾကာင့္ ပါေတးသာ မပါရင္ ဘာမွ အလုပ္မျဖစ္ေတာ့တဲ့ ကြင္းလယ္ျပႆနာကို ေကာင္းေကာင္းႀကီး သတိထားမိေနတဲ့ အီဒူးဟာ ယခုလာမယ့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေျဖရွင္းသြားေတာ့မွာျဖစ္ၿပီး အက္စတန္ ဗီလာနဲ႔ အနာဂတ္မေရမရာျဖစ္ေနတယ္လို႔ နည္းျပ ဂ်ရတ္ကိုယ္တိုင္ အရိပ္အႁမြက္ ေျပာၾကားခဲ့တဲ့ ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို ေခၚယူဖို႔ ထပ္မံ ႀကိဳးပမ္းသြားေတာ့မွာျဖစ္ပါတယ္။

ပါးမီးရပ္စ္ ကြင္းလယ္ၾကယ္ပြင့္ ဒါနီလိုကိုလည္း အာဆင္နယ္အသင္းက လာမယ့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ထပ္မံ ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ Evening Standard က ေဖာ္ျပခဲ့ပါတယ္။

“အာဆင္နယ္အသင္းက ဒါနီလိုကို ေခၚဖို႔ ႀကိဳးစားခဲ့တယ္။ ဒီသတင္းက ဒါနီလိုနဲ႔အရမ္းနီးကပ္တဲ့လူတစ္ေယာက္က ကြၽန္ေတာ့္ကို ေပးခဲ့တာပါ။ ကြၽန္ေတာ့္ရဲ႕ သတင္းရင္းျမစ္ ေျပာဆိုခ်က္အရ ပါးမီးရပ္စ္က အေျပာင္းအေ႐ႊ႕ေဈးကြက္ ေနာက္ဆုံးေန႔မွာ ယူ႐ို ၂၅ သန္းနဲ႔ ကမ္းလွမ္းမႈ ရခဲ့တယ္။ ဒါေပမယ့္ ပါးမီးရပ္စ္ ဥကၠဌ ေလလာ ပါရဲရားက သူမအေနနဲ႔ ဒါနီလိုကို ဘယ္လို အေျခအေနမ်ိဳးမွာမွ ေရာင္းထုတ္မွာမဟုတ္ဘူးဆိုတာကို သိေအာင္ ရွင္းရွင္းလင္းလင္း ေျပာခဲ့ၿပီးသားျဖစ္ေနတယ္။ ၂၀၂၂ မွာမဟုတ္ရင္ေတာင္ေတာ့ ၂၀၂၃ ခုႏွစ္မွာ ေရာင္းေကာင္း ေရာင္းႏိုင္ပါတယ္။ အဲဒါေၾကာင့္ပဲ သူ႔ကို လာမယ့္ဇန္နဝါရီမွာ ေခၚဖို႔ အသင္းေတြအမ်ားအျပားက တန္းစီေနၾကတာေပါ့”လို႔ သတင္းေထာက္ နီကိုလာက ရွင္းျပခဲ့ပါတယ္။

ဒါနီလိုရဲ႕ ကစားဟန္ဟာ ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ အန္ဂိုလို ကြန္ေတနဲ႔ အနည္းငယ္ ဆင္တူၿပီး ဒီလို အဖ်က္ၾကမ္းတဲ့ ကြင္းလယ္အထိုင္ လူငယ္ကစားသမားမ်ိဳးကို အသင္းေတြက ေခၚယူခ်င္ၾကတာေတာ့ အံ့အားသင့္စရာမဟုတ္ေတာ့ဘူးလို႔ ေျပာရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.