Premier League

မာယာများတဲ့သစ်ပင်တွေကို ရေလောင်းပေါင်းသင်ပေးသူဖြစ်လာဖို့ ရေပန်းစားနေတဲ့ ရှောင် ဒိုက်ချ်

နော်တမ်ဟမ် ဖောရက်စ်အသင်းဟာ နည်းပြ စတိဗ် ကူးပါးအပေါ်ကို ဖိအားတွေ ပေးနေတာကြောင့် ရှောင် ဒိုက်ချ်ဟာ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ကူးပါးဟာ ပြီးခဲ့တဲ့ရာသီမှာ ဆယ်စုနှစ် ၂ ခုကျော်အတွင်း နော်တင်ဟမ် ဖောရက်စ်ကို ပရီးမီးယားလိဂ် ပြန်လည်တန်းတက်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဒီနေ့ခေတ်ဘောလုံးလောကမှာ သစ္စာတရားဟာ စာလုံးတစ်လုံးထက်မပိုတော့တာကြောင့် ၈ ပွဲသာ ကစားရသေးချိန်မှာ ဝေးလ်လူမျိုးနည်းပြအနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အလားအလာတွေ ရှိနေပြီဖြစ်ပါတယ်။

မာယာများတဲ့ သစ်ပင်တွေရဲ့ ရေသောက်မြစ် ခြောက်ခမ်းတော့မယ့်အချိန်မှာ ရေလောင်း ပေါင်းသင်ပေးနိုင်မယ့် အကောင်းဆုံးသူက ဘယ်သူလဲလို့ တွေးလိုက်ရင် ရှောင် ဒိုက်ချ်ရဲ့ နာမည်က ထိပ်ဆုံးမှာပေါ်လာပြီး ဘန်လေနည်းပြဟောင်းဟာ ပရီးမီးယားလိဂ်မှာ အသင်းငယ်တွေကို အကောင်းဆုံးကိုင်တွယ်ပေးနိုင်တဲ့အရည်အချင်းရှိသူဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်အသင်းကို ဒီရာသီမှာ တန်းမဆင်းရရေးအတွက် ကြီးမားတဲ့ တိုက်ပွဲဝင်သွားရဖွယ်ရှိပေမယ့်လည်း ရှောင်ဒိုက်ချ်အနေနဲ့ အရည်အချင်းရှိတဲ့ လူစာရင်းကို ပိုင်ဆိုင်ရမှာဖြစ်တာကြောင့် အများကြီးပိုလို့ လုပ်သာကိုင်သာ ရှိဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း ရှောင် ဒိုက်ချ်အတွက် ကံဆိုးစွာနဲ့ပဲ မကြာသေးမီက ရစ်ချက် ကီးစ်၊ အန်ဒီ ဂရေးတို့နဲ့ podcast မှာ ပြောကြားခဲ့တဲ့စကားအရ ၎င်းရဲ့ အဓိကအားသာချက် ကစားသမားစီမံခန့်ခွဲမှုနဲ့ ဘုံအကျိုးစီးပွားအတွက် အားကောင်းတဲ့ ဆက်ဆံရေးရှိတဲ့ အစုအဖွဲ့တွေနဲ့ အလုပ်လုပ်ရတဲ့နေရာမှာ ဖြစ်နေတာ ဖြစ်ပါတယ်။

ရှောင် ဒိုက်ချ်အတွက်တော့ နော်တင်ဟမ် ဖောရက်စ်ဟာ အဲဒီလို အသင်းမဟုတ်ဘဲ သစ်ပင်တွေဟာ ယခုနွေရာသီမှာ ကစားသမား အယောက် ၂၀ ကျော် ခေါ်ယူခဲ့တာဖြစ်ပြီး ဘန်လေနည်းပြဟောင်းအနေနဲ့ လူသစ်တွေနဲ့ လူဟောင်းတွေကို တသားတည်းဖြစ်အောင်လုပ်ပြီး အသင်းအဖွဲ့စိတ်ဓာတ်ရှိလာဖို့ကိုပဲ အရင်ဆုံး လုပ်ရမယ့်ပုံပေါ်နေတာဖြစ်ပါတယ်။

အဲဒီလို စိန်ခေါ်မှုကို လက်ခံပြီး လုပ်နိုင်မယ့် နည်းပြရှိလားဆိုရင် အဲဒီလူက ရှောင် ဒိုက်ချ်ပဲ ဖြစ်မှာဖြစ်ပြီး ဘန်လေနည်းပြဟောင်းဟာ ပြဿနာကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ခေါင်းရှောင်တတ်တဲ့အကျင့်မရှိဘဲ ဖောရက်စ်နည်းပြရာထူးကလည်း ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်နေတာကြောင့် ရှောင် ဒိုက်ချ်နဲ့မှ ကိုက်မှာဖြစ်ကောင်း ဖြစ်နိုင်ပါတယ။

နော်တင်ဟမ် ဖောရက်စ်အသင်းအနေနဲ့ တန်းတက်အောင် ကူညီပေးနိုင်ခဲ့တဲ့ စတိဗ် ကူးပါးကို ဘယ်လောက်အထိ အားပေးထောက်ခံသွားမလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပေမယ့် တကယ်လို့ ဝေးလ်လူမျိုးနည်းပြကို ထုတ်ပယ်လိုက်မယ်ဆိုရင်လည်း အလွန်ကောင်းမွန်တဲ့အစားထိုးခန့်အပ်မှုဖြစ်လာမှာ သေချာတဲ့ မယုံနိုင်စရာ နည်းပြကောင်းတစ်ဦးကလည်း ရှိနေနှင့်ပြီးသား ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နော်တမ်ဟမ် ဖောရက်စ်အသင်းဟာ နည်းပြ စတိဗ် ကူးပါးအပေါ်ကို ဖိအားတွေ ပေးနေတာကြောင့် ရှောင် ဒိုက်ခ်ျဟာ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။


မာယာများတဲ့ သစ်ပင်တွေရဲ့ ရေသောက်မြစ် ခြောက်ခမ်းတော့မယ့်အချိန်မှာ ရေလောင်း ပေါင်းသင်ပေးနိုင်မယ့် အကောင်းဆုံးသူက ဘယ်သူလဲလို့ တွေးလိုက်ရင် ရှောင် ဒိုက်ခ်ျရဲ့ နာမည်က ထိပ်ဆုံးမှာပေါ်လာပြီး ဘန်လေနည်းပြဟောင်းဟာ ပရီးမီးယားလိဂ်မှာ အသင်းငယ်တွေကို အကောင်းဆုံးကိုင်တွယ်ပေးနိုင်တဲ့အရည်အချင်းရှိသူဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်အသင်းကို ဒီရာသီမှာ တန်းမဆင်းရရေးအတွက် ကြီးမားတဲ့ တိုက်ပွဲဝင်သွားရဖွယ်ရှိပေမယ့်လည်း ရှောင်ဒိုက်ခ်ျအနေနဲ့ အရည်အချင်းရှိတဲ့ လူစာရင်းကို ပိုင်ဆိုင်ရမှာဖြစ်တာကြောင့် အများကြီးပိုလို့ လုပ်သာကိုင်သာ ရှိဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း ရှောင် ဒိုက်ခ်ျအတွက် ကံဆိုးစွာနဲ့ပဲ မကြာသေးမီက ရစ်ချက် ကီးစ်၊ အန်ဒီ ဂရေးတို့နဲ့ podcast မှာ ပြောကြားခဲ့တဲ့စကားအရ ၎င်းရဲ့ အဓိကအားသာချက် ကစားသမားစီမံခန့်ခွဲမှုနဲ့ ဘုံအကျိုးစီးပွားအတွက် အားကောင်းတဲ့ ဆက်ဆံရေးရှိတဲ့ အစုအဖွဲ့တွေနဲ့ အလုပ်လုပ်ရတဲ့နေရာမှာ ဖြစ်နေတာ ဖြစ်ပါတယ်။

ရှောင် ဒိုက်ခ်ျအတွက်တော့ နော်တင်ဟမ် ဖောရက်စ်ဟာ အဲဒီလို အသင်းမဟုတ်ဘဲ သစ်ပင်တွေဟာ ယခုနွေရာသီမှာ ကစားသမား အယောက် ၂၀ ကျော် ခေါ်ယူခဲ့တာဖြစ်ပြီး ဘန်လေနည်းပြဟောင်းအနေနဲ့ လူသစ်တွေနဲ့ လူဟောင်းတွေကို တသားတည်းဖြစ်အောင်လုပ်ပြီး အသင်းအဖွဲ့စိတ်ဓာတ်ရှိလာဖို့ကိုပဲ အရင်ဆုံး လုပ်ရမယ့်ပုံပေါ်နေတာဖြစ်ပါတယ်။

အဲဒီလို စိန်ခေါ်မှုကို လက်ခံပြီး လုပ်နိုင်မယ့် နည်းပြရှိလားဆိုရင် အဲဒီလူက ရှောင် ဒိုက်ခ်ျပဲ ဖြစ်မှာဖြစ်ပြီး ဘန်လေနည်းပြဟောင်းဟာ ပြဿနာကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ခေါင်းရှောင်တတ်တဲ့အကျင့်မရှိဘဲ ဖောရက်စ်နည်းပြရာထူးကလည်း ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်နေတာကြောင့် ရှောင် ဒိုက်ခ်ျနဲ့မှ ကိုက်မှာဖြစ်ကောင်း ဖြစ်နိုင်ပါတယ။


REF: INTERNET SOURCES
SPORTS A2Z.