Premier League

အာဆင်နယ်ကြယ်ပွင့် ၃ ဦးကြောင့် ဂန်းနားတို့ ဖလားရမယ်လို့ ထောက်ခံခဲ့တဲ့ အွန်နရီ

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက ဂါဘရီယဲလ် ဂျေးဇု၊ ဝီလီယံ ဆာလီဘာနဲ့ ဂရာနစ် ချာကာတို့ဟာ ယခုရာသီ အာဆင်နယ်ရဲ့ အထင်ကြီးဖွယ် ရာသီစတင်မှုမှာ အဓိကသော့ချက်တွေဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အာတီတာရဲ့အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ရာသီအဖွင့် ၈ ပွဲမှာ ၇ ပွဲအထိ အနိုင်ရရှိခဲ့ပြီးနောက် ရမှတ် ၂၁ မှတ်နဲ့ ဦးဆောင်နေတာဖြစ်ပြီး နောက်ဆုံးနိုင်ပွဲကတော့ ပြီးခဲ့တဲ့စနေနေ့က မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ခါးသီးပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အမ်းမရိတ်စ်က နိုင်ပွဲမှာ သောမတ်စ် ပါတေး၊ ဂျေးဇုနဲ့ ချာကာတို့က ဂိုးတွေ သွင်းယူပေးခဲ့ကြပြီး တော့တင်ဟမ်ဟော့စပါးအသင်းကတော့ ဟာရီ ကိန်းရဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက ဂန်းနားတွေဟာ အာတီတာလက်အောက်မှာ သိသိသာသာတိုးတက်လာတဲ့ လက္ခဏာတွေကို ပြသခဲ့ပြီးဖြစ်တယ်လို့ ခံစားနေရပြီး ၎င်းရဲ့အသင်းဟာ ဇန်နဝါရီလမှာ မန်ချက်စတာစီးတီးနဲ့အတူ ယှဉ်ပြိုင်နေဆဲဆိုရင် ပရီးမီးယားလိဂ်ဖလားအတွက် စစ်မှန်တဲ့စိန်ခေါ်သူအဖြစ် မှတ်ယူရမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီရလဒ်နဲ့ပတ်သက်ပြီး ကျွန်တော် မအံ့သြတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေ(စပါးစ်)ကျွန်တော်တို့ဆီလာတဲ့အခါတိုင်း ဘာဖြစ်သွားကြလဲ မသိပါဘူး။ သူတို့တွေ ပုံမှန်ကို မစွမ်းဆောင်နိုင်ပါဘူး။ ၂၉ ကြိမ်လာတာမှာ ၁ ကြိမ်ပဲ အနိုင်ရတယ်။ အဲဒီတော့ ဒါက ပုံမှန်ဖြစ်နေကျပါပဲ”

“ဒါပေမယ့် ကျွန်တော် လက်ရှိ အာဆင်နယ်နဲ့ပတ်သက်ပြီး သဘောကျတာက ဘာလဲဆိုရင် ကွဲပြားခြားနားတဲ့အသင်းဖြစ်နေတာပါ။ ခင်ဗျား အရေးကြီးတဲ့တစ်စုံတရာအကြောင်း ပြောချင်ရင် အဲဒီကွဲပြားခြားနားတဲ့အသင်းအကြောင်းပဲ ပြောရမှာပါ။ ဂျေးဇုက တကယ်ကို ပြောင်းလဲနေတယ်”

“သူချည်းပဲ မဟုတ်ဘူး။ ဆာလီဘာကလည်း နောက်တန်းကနေ သူတို့ကို ခံစစ် ၄ ဦးနဲ့ ကစားလို့ရအောင် လုပ်ပေးနေတယ်။ အဲဒီတော့ မီခေးလ်က ဇင်ချန်ကို စီးတီးနဲ့တုန်းက ပက် လုပ်ခိုင်းတဲ့ဟာကို လုပ်ခိုင်းလို့ရတယ်။ ချာကာကလည်း ပိုပြီး ကောင်းကောင်း လာနေတယ်။ အဲဒါက ကျွန်တော် ရလဒ်တွေထက် ပိုပြီးအထင်ကြီးမိတဲ့အရာတွေပါ။ ဘာလို့လဲဆိုတော့ စပါးစ်ကို အနိုင်ရတာက တချိန်လုံးဖြစ်နေကျလေ”

အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလားအတွက် ပြန်လာပြီလို့ ယုံကြည်လားလို့ မေးမြန်းခဲ့ရာမှာ အွန်နရီက “ဘာလဲ။ လိဂ်မှာ ၈ ပွဲ ကစားထားပြီးပြီမလား။ ပြန်ပြီးတော့ ယှဉ်ပြိုင်နိုင်မယ်လို့ ကျွန်တော် ပြောရမှာပဲ။ မြင်တွေ့ရတာ သဘောကျစရာကောင်းတာက ယှဉ်ပြိုင်နိုင်တဲ့အသင်းကို တွေ့နေရတာပါ။ ယှဉ်ပြိုင်ခြင်းနဲ့ ကျွန်တော့်အတွက်တော့ ကျွန်တော် အမြဲတမ်းပြောခဲ့တာက အဲဒါမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အာဆင်နယ် ဒါမှမဟုတ် မတူညီတဲ့အသင်းက ဘောက်ဆင်နေ့နဲ့ ခရစ္စမတ်ကို ဖြတ်သန်းတဲ့အခါမှာ ကွဲပြားခြားနားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ကမ္ဘာ့ဖလားရှိတယ်။ ဒါပေမယ့် ခင်ဗျား ဇန်နဝါရီကို ဖြတ်သန်းပြီးလို့ ထိပ်ဆုံးမှာရှိနေသေးပြီး ဆုဖလားအတွက် ယှဉ်ပြိုင်နေရင်တော့ ခင်ဗျားက တကယ့်ဆုဖလားစိန်ခေါ်သူစစ်စစ်ပဲ”လို့ တုံ့ပြန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး သီယာရီ အြန္နရီက ဂါဘရီယဲလ္ ေဂ်းဇု၊ ဝီလီယံ ဆာလီဘာနဲ႔ ဂရာနစ္ ခ်ာကာတို႔ဟာ ယခုရာသီ အာဆင္နယ္ရဲ႕ အထင္ႀကီးဖြယ္ ရာသီစတင္မႈမွာ အဓိကေသာ့ခ်က္ေတြျဖစ္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

အာတီတာရဲ႕အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ရာသီအဖြင့္ ၈ ပြဲမွာ ၇ ပြဲအထိ အႏိုင္ရရွိခဲ့ၿပီးေနာက္ ရမွတ္ ၂၁ မွတ္နဲ႔ ဦးေဆာင္ေနတာျဖစ္ၿပီး ေနာက္ဆုံးႏိုင္ပြဲကေတာ့ ၿပီးခဲ့တဲ့စေနေန႔က ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ ခါးသီးၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးကို အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ အမ္းမရိတ္စ္က ႏိုင္ပြဲမွာ ေသာမတ္စ္ ပါေတး၊ ေဂ်းဇုနဲ႔ ခ်ာကာတို႔က ဂိုးေတြ သြင္းယူေပးခဲ့ၾကၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကေတာ့ ဟာရီ ကိန္းရဲ႕ ပင္နယ္တီသြင္းဂိုးတစ္ဂိုးတည္းနဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး သီယာရီ အြန္နရီက ဂန္းနားေတြဟာ အာတီတာလက္ေအာက္မွာ သိသိသာသာတိုးတက္လာတဲ့ လကၡဏာေတြကို ျပသခဲ့ၿပီးျဖစ္တယ္လို႔ ခံစားေနရၿပီး ၎ရဲ႕အသင္းဟာ ဇန္နဝါရီလမွာ မန္ခ်က္စတာစီးတီးနဲ႔အတူ ယွဥ္ၿပိဳင္ေနဆဲဆိုရင္ ပရီးမီးယားလိဂ္ဖလားအတြက္ စစ္မွန္တဲ့စိန္ေခၚသူအျဖစ္ မွတ္ယူရမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒီရလဒ္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ မအံ့ၾသေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ(စပါးစ္)ကြၽန္ေတာ္တို႔ဆီလာတဲ့အခါတိုင္း ဘာျဖစ္သြားၾကလဲ မသိပါဘူး။ သူတို႔ေတြ ပုံမွန္ကို မစြမ္းေဆာင္ႏိုင္ပါဘူး။ ၂၉ ႀကိမ္လာတာမွာ ၁ ႀကိမ္ပဲ အႏိုင္ရတယ္။ အဲဒီေတာ့ ဒါက ပုံမွန္ျဖစ္ေနက်ပါပဲ”

“ဒါေပမယ့္ ကြၽန္ေတာ္ လက္ရွိ အာဆင္နယ္နဲ႔ပတ္သက္ၿပီး သေဘာက်တာက ဘာလဲဆိုရင္ ကြဲျပားျခားနားတဲ့အသင္းျဖစ္ေနတာပါ။ ခင္ဗ်ား အေရးႀကီးတဲ့တစ္စုံတရာအေၾကာင္း ေျပာခ်င္ရင္ အဲဒီကြဲျပားျခားနားတဲ့အသင္းအေၾကာင္းပဲ ေျပာရမွာပါ။ ေဂ်းဇုက တကယ္ကို ေျပာင္းလဲေနတယ္”

“သူခ်ည္းပဲ မဟုတ္ဘူး။ ဆာလီဘာကလည္း ေနာက္တန္းကေန သူတို႔ကို ခံစစ္ ၄ ဦးနဲ႔ ကစားလို႔ရေအာင္ လုပ္ေပးေနတယ္။ အဲဒီေတာ့ မီေခးလ္က ဇင္ခ်န္ကို စီးတီးနဲ႔တုန္းက ပက္ လုပ္ခိုင္းတဲ့ဟာကို လုပ္ခိုင္းလို႔ရတယ္။ ခ်ာကာကလည္း ပိုၿပီး ေကာင္းေကာင္း လာေနတယ္။ အဲဒါက ကြၽန္ေတာ္ ရလဒ္ေတြထက္ ပိုၿပီးအထင္ႀကီးမိတဲ့အရာေတြပါ။ ဘာလို႔လဲဆိုေတာ့ စပါးစ္ကို အႏိုင္ရတာက တခ်ိန္လုံးျဖစ္ေနက်ေလ”

အာဆင္နယ္အသင္း ပရီးမီးယားလိဂ္ဖလားအတြက္ ျပန္လာၿပီလို႔ ယုံၾကည္လားလို႔ ေမးျမန္းခဲ့ရာမွာ အြန္နရီက “ဘာလဲ။ လိဂ္မွာ ၈ ပြဲ ကစားထားၿပီးၿပီမလား။ ျပန္ၿပီးေတာ့ ယွဥ္ၿပိဳင္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ေျပာရမွာပဲ။ ျမင္ေတြ႕ရတာ သေဘာက်စရာေကာင္းတာက ယွဥ္ၿပိဳင္ႏိုင္တဲ့အသင္းကို ေတြ႕ေနရတာပါ။ ယွဥ္ၿပိဳင္ျခင္းနဲ႔ ကြၽန္ေတာ့္အတြက္ေတာ့ ကြၽန္ေတာ္ အၿမဲတမ္းေျပာခဲ့တာက အဲဒါမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အာဆင္နယ္ ဒါမွမဟုတ္ မတူညီတဲ့အသင္းက ေဘာက္ဆင္ေန႔နဲ႔ ခရစၥမတ္ကို ျဖတ္သန္းတဲ့အခါမွာ ကြဲျပားျခားနားသြားပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ကမာၻ႔ဖလားရွိတယ္။ ဒါေပမယ့္ ခင္ဗ်ား ဇန္နဝါရီကို ျဖတ္သန္းၿပီးလို႔ ထိပ္ဆုံးမွာရွိေနေသးၿပီး ဆုဖလားအတြက္ ယွဥ္ၿပိဳင္ေနရင္ေတာ့ ခင္ဗ်ားက တကယ့္ဆုဖလားစိန္ေခၚသူစစ္စစ္ပဲ”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.