Premier League

ကမ္ဘာပေါ်ကအကောင်းဆုံးကစားသမားတစ်ဦးအတွက် အပြိုင်ကြဲရမယ့် စီးတီးနဲ့ လီဗာပူးလ်

မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ ဝုလ်ဗ်စ်ကွင်းလယ်ကစားသမား မားသီးယပ်စ် နူးနက်စ်ကို ခေါ်ယူဖို့အတွက် ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။

နူးနက်စ်ဟာ ယခုနွေရာသီမှာ ပေါင် ၃၈ သန်းတန်ကြေးရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ စပို့တင်း လစ္စဘွန်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့လို အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း မော်လီနိုးကိုပဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ကို မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ချီးကျူးခဲ့ဖူးပြီး နူးနက်စ်ဟာ မာဆေးဆိုဒ်အသင်းကို ပြောင်းရွှေ့ချင်နေတာကြောင့် ဝုလ်ဗ်စ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချရာမှာလည်း တုံ့ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် ဘယ်တုန်းကမှ မကြိုးပမ်းခဲ့ဘဲ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ နောက်ဆုံးမှာတော့ ဘရူနို လေ့ဂျ်ရဲ့အသင်းကိုပဲ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကစားသမား မဖြစ်မနေ ခေါ်ယူဖို့ ကြိုးပမ်းသွားရတော့မှာဖြစ်ပြီး နူးနက်စ်ကို ခေါ်ယူသွားလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရကြောင်း Sunday Mirror က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မာဆေးဆိုဒ်အသင်းဟာ စပို့တင်း လစ္စဘွန်းကြယ်ပွင့်ဟောင်းအတွက် ကွင်းလယ်အင်အားဖြည့်တင်းချင်နေတဲ့ မန်ချက်စတာစီးတီးနဲ့ အပြိုင် ခေါ်ယူသွားမှာဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ ယခုရာသီကို ဆိုးရွားစွာ စတင်ခဲ့တာကြောင့် ၈ ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယား အောက်ဆုံး ၃ နေရာထဲ ရောက်ရှိနေပေမယ့်လည်း နူးနက်စ်ဟာ အင်္ဂလန်က ကစားသမားဘဝ အစောပိုင်းကာလမှာကတည်းက အထင်ကြီးဖွယ်ခြေစွမ်းပြသနေပြီး လက်ရှိအချိန်အထိ ပါဝင်ကစားပေးခဲ့တဲ့ ၅ ပွဲမှာ နည်းစနစ်ပိုင်း အရည်အသွေးကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ်အသင်းနည်းတူ လီဗာပူးလ်အသင်းကလည်း ရာသီသစ်ကို မတည်ငြိမ်တဲ့ ခြေစွမ်းနဲ့ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အဖွင့်ပွဲစဉ် ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၉ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်ဟာ ယခုရာသီမှာ ရလဒ်ဆိုးရွားနေမှုရဲ့ အဓိကဇစ်မြစ်ဖြစ်တဲ့ ကွင်းလယ်ပြဿနာကို ဖြေရှင်းသွားမှာဖြစ်ပြီး ကလော့ပ်ရဲ့ အသင်းမှာ သီယေဂို အယ်လ်ကန်တာရာ၊ ဂျော်ဒန် ဟန်ဒါဆန်၊ ကာတစ် ဂျုံးစ်၊ နာဘီ ကီးတားနဲ့ ချန်ဘာလိန်တို့လို အဓိကကစားသမား ဒဏ်ရာရစာရင်းက တော်တော်လေး များပြားနေတာဖြစ်ပါတယ်။

ယခုနွေရာသီမှာ အငှားနဲ့ ခေါ်ယူထားတဲ့ အာသာ မယ်လိုကလည်း ထင်သလောက် အားကိုးလို့မရနိုင်တာကြောင့် ကလော့ပ်အတွက် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ နောက်ထပ် ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားတစ်ဦးခေါ်ယူဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဒေါ့မွန်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ကို အဓိက ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့်လည်း လာမယ့် နွေရာသီမှသာ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်တာကြောင့် ဝုလ်ဗ်စ်ကြယ်ပွင့် နူးနက်စ်က ရွေးချယ်စရာအဖြစ် ပေါ်ထွက်လာတာတော့ အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ဝုလ္ဗ္စ္ကြင္းလယ္ကစားသမား မားသီးယပ္စ္ ႏူးနက္စ္ကို ေခၚယူဖို႔အတြက္ ယွဥ္ၿပိဳင္သြားရမွာျဖစ္တယ္လို႔ သိရပါတယ္။

ႏူးနက္စ္ဟာ ယခုေႏြရာသီမွာ ေပါင္ ၃၈ သန္းတန္ေၾကးရွိတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ စပို႔တင္း လစၥဘြန္းကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးတို႔လို အသင္းေတြနဲ႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္လည္း ေမာ္လီႏိုးကိုပဲ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ကို မန္စီးတီးနည္းျပ ဂြါဒီယိုလာက ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ခ်ီးက်ဴးခဲ့ဖူးၿပီး ႏူးနက္စ္ဟာ မာေဆးဆိုဒ္အသင္းကို ေျပာင္းေ႐ႊ႕ခ်င္ေနတာေၾကာင့္ ဝုလ္ဗ္စ္ကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခ်က္ ခ်ရာမွာလည္း တုံ႔ဆိုင္းေနခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ကို ေခၚယူဖို႔အတြက္ ဘယ္တုန္းကမွ မႀကိဳးပမ္းခဲ့ဘဲ အသက္ ၂၄ ႏွစ္အ႐ြယ္ ကစားသမားဟာ ေနာက္ဆုံးမွာေတာ့ ဘ႐ူႏို ေလ့ဂ်္ရဲ႕အသင္းကိုပဲ ေျပာင္းေ႐ႊ႕ခဲ့ရတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ လီဗာပူးလ္အသင္းဟာ လာမယ့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ကြင္းလယ္ကစားသမား မျဖစ္မေန ေခၚယူဖို႔ ႀကိဳးပမ္းသြားရေတာ့မွာျဖစ္ၿပီး ႏူးနက္စ္ကို ေခၚယူသြားလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရေၾကာင္း Sunday Mirror က ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

မာေဆးဆိုဒ္အသင္းဟာ စပို႔တင္း လစၥဘြန္းၾကယ္ပြင့္ေဟာင္းအတြက္ ကြင္းလယ္အင္အားျဖည့္တင္းခ်င္ေနတဲ့ မန္ခ်က္စတာစီးတီးနဲ႔ အၿပိဳင္ ေခၚယူသြားမွာျဖစ္တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

ဝုလ္ဗ္စ္အသင္းဟာ ယခုရာသီကို ဆိုး႐ြားစြာ စတင္ခဲ့တာေၾကာင့္ ၈ ပြဲကစားၿပီးခ်ိန္မွာ အမွတ္ေပးဇယား ေအာက္ဆုံး ၃ ေနရာထဲ ေရာက္ရွိေနေပမယ့္လည္း ႏူးနက္စ္ဟာ အဂၤလန္က ကစားသမားဘဝ အေစာပိုင္းကာလမွာကတည္းက အထင္ႀကီးဖြယ္ေျခစြမ္းျပသေနၿပီး လက္ရွိအခ်ိန္အထိ ပါဝင္ကစားေပးခဲ့တဲ့ ၅ ပြဲမွာ နည္းစနစ္ပိုင္း အရည္အေသြးကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ဝုလ္ဗ္စ္အသင္းနည္းတူ လီဗာပူးလ္အသင္းကလည္း ရာသီသစ္ကို မတည္ၿငိမ္တဲ့ ေျခစြမ္းနဲ႔ စတင္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အဖြင့္ပြဲစဥ္ ၇ ပြဲမွာ ၂ ပြဲသာ အႏိုင္ရရွိခဲ့တာေၾကာင့္ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ လီဗာပူးလ္ဟာ ယခုရာသီမွာ ရလဒ္ဆိုး႐ြားေနမႈရဲ႕ အဓိကဇစ္ျမစ္ျဖစ္တဲ့ ကြင္းလယ္ျပႆနာကို ေျဖရွင္းသြားမွာျဖစ္ၿပီး ကေလာ့ပ္ရဲ႕ အသင္းမွာ သီေယဂို အယ္လ္ကန္တာရာ၊ ေဂ်ာ္ဒန္ ဟန္ဒါဆန္၊ ကာတစ္ ဂ်ဳံးစ္၊ နာဘီ ကီးတားနဲ႔ ခ်န္ဘာလိန္တို႔လို အဓိကကစားသမား ဒဏ္ရာရစာရင္းက ေတာ္ေတာ္ေလး မ်ားျပားေနတာျဖစ္ပါတယ္။

ယခုေႏြရာသီမွာ အငွားနဲ႔ ေခၚယူထားတဲ့ အာသာ မယ္လိုကလည္း ထင္သေလာက္ အားကိုးလို႔မရႏိုင္တာေၾကာင့္ ကေလာ့ပ္အတြက္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေနာက္ထပ္ ကမာၻ႔အဆင့္ ကြင္းလယ္ကစားသမားတစ္ဦးေခၚယူဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိေတာ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ေဒါ့မြန္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္ကို အဓိက ဦးစားေပးပစ္မွတ္အျဖစ္ သတ္မွတ္ထားေပမယ့္လည္း လာမယ့္ ေႏြရာသီမွသာ ေခၚယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္တာေၾကာင့္ ဝုလ္ဗ္စ္ၾကယ္ပြင့္ ႏူးနက္စ္က ေ႐ြးခ်ယ္စရာအျဖစ္ ေပၚထြက္လာတာေတာ့ အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.