Premier League

အသင်းဖော်ရဲ့ ရွေ့လျားမှုကို ရိုးလ်စ်-ရွိုက်စ်ဇိမ်ခံကားကြီးနဲ့ နှိုင်းယှဉ်ခဲ့တဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က အမ်းမရိတ်စ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက အံဝင်အောင် လုပ်နိုင်ခဲ့တဲ့ ပြင်သစ်နောက်ခံကစားသမား ဝီလီယံ ဆာလီဘာကို ချီးကျူး ပြောဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ အာဆင်နယ်အသင်းက ဆာလီဘာကို စန် အီတျန်အသင်းကနေ ခေါ်ယူခဲ့ပြီးကတည်းက ပြင်သစ်နောက်ခံကစားသမားဟာ ၃ ရာသီအထိ အငှားကစားသမားအဖြစ်နဲ့ ထွက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ပြင်သစ်နောက်ခံကစားသမားဟာ နောက်ဆုံးမှာတော့ ယခုနွေရာသီမှာ အမ်းမရိတ်စ်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး အာတီတာရဲ့ အသင်းအတွက် အဓိကကစားသမားသတစ်ဦး လျင်လျင်မြန်မြန် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဆာလီဘာဟာ ယခုရာသီ ပရီးမီးယားလိဂ် ၈ ပွဲကစားထားရာမှာ ၇ ပွဲနိုင် ၁ ပွဲရှုံးရလဒ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တိုင်းကို ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဝီလီယံ ဆာလီဘာဟာ ဂန်းနားတို့ရဲ့ ဂိုးပေါက်ကို လုံခြုံစိတ်ချရမှု အပြည့်အဝ ပေးစွမ်းနိုင်ခဲ့သလို သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ပါ ပြုလုပ်ပေးပြီး တိုက်စစ်ကိုလည်း အထောက်အကူပေးနိုင်တဲ့ ကစားသမားဖြစ်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

အသင်းကို ပြန်လည်ရောက်ရှိလာပြီးကတည်းက ဆာလီဘာရဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး ရမ်းစ်ဒေးလ်က “သူက တကယ်ကောင်းကောင်း အံဝင်သွားခဲ့ပါတယ်။ အသင်းထဲကို တန်းပြီးတော့ အသားကျအောင်လုပ်နိုင်ခဲ့လို့ သူ့ကို ချီးကျူးရမှာပါ။ သူရွေ့လျားတဲ့ပုံစံက ရိုးလ်စ်-ရိုက်စ်ကားနည်းနည်းဆန်ပြီး ဘယ်တော့မှ တုံ့နှေးနေတာမျိုး မရှိခဲ့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်က ပြင်သစ်လူငယ်နောက်ခံကစားသမားဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးတာကြောင့် အမှားနဲ့ မကင်းနိုင်ကြောင်းကိုလည်း ကောင်းကောင်း သိရှိထားတာဖြစ်ပါတယ်။

“သူက ငယ်ရွယ်သေးတဲ့ ကစားသမားဖြစ်တာကြောင့် အမှားလုပ်နိုင်ပါသေးတယ်။ ဘန် ဝှိုက်၊ ကျွန်တော်ကိုယ်တိုင်၊ ဂါဘရီယဲလ်နဲ့ ပါတေးတို့က သူ့ဆီက အကောင်းဆုံးရအောင် လုပ်နေခဲ့ပြီး သူကလည်း တခြားလူတွေဆီကနေ အကောင်းဆုံးပုံစံရအောင် လုပ်ယူနေပါတယ်။ အဲဒါက အခုအချိန်မှာ အဓိကကျတဲ့အရာပါ။ ကျွန်တော်တို့ အမှားတွေက အကြီးကြီးတွေ မဖြစ်သွားတာက အသင်းနဲ့ နောက်တန်းက ၅ ဦးကြားမှာ ကောင်းမွန်တဲ့ စရိုက်လက္ခဏာရှိတယ်ဆိုတဲ့ လက္ခဏာပါပဲ”လို့ ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္က အမ္းမရိတ္စ္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အံဝင္ေအာင္ လုပ္ႏိုင္ခဲ့တဲ့ ျပင္သစ္ေနာက္ခံကစားသမား ဝီလီယံ ဆာလီဘာကို ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္မွာ အာဆင္နယ္အသင္းက ဆာလီဘာကို စန္ အီတ်န္အသင္းကေန ေခၚယူခဲ့ၿပီးကတည္းက ျပင္သစ္ေနာက္ခံကစားသမားဟာ ၃ ရာသီအထိ အငွားကစားသမားအျဖစ္နဲ႔ ထြက္ကစားခဲ့ရတာ ျဖစ္ပါတယ္။ ျပင္သစ္ေနာက္ခံကစားသမားဟာ ေနာက္ဆုံးမွာေတာ့ ယခုေႏြရာသီမွာ အမ္းမရိတ္စ္ကို ျပန္လည္ ေရာက္ရွိလာခဲ့ၿပီး အာတီတာရဲ႕ အသင္းအတြက္ အဓိကကစားသမားသတစ္ဦး လ်င္လ်င္ျမန္ျမန္ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ဆာလီဘာဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၈ ပြဲကစားထားရာမွာ ၇ ပြဲႏိုင္ ၁ ပြဲရႈံးရလဒ္နဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ အာဆင္နယ္အသင္းရဲ႕ ပြဲစဥ္တိုင္းကို ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဝီလီယံ ဆာလီဘာဟာ ဂန္းနားတို႔ရဲ႕ ဂိုးေပါက္ကို လုံၿခဳံစိတ္ခ်ရမႈ အျပည့္အဝ ေပးစြမ္းႏိုင္ခဲ့သလို သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ပါ ျပဳလုပ္ေပးၿပီး တိုက္စစ္ကိုလည္း အေထာက္အကူေပးႏိုင္တဲ့ ကစားသမားျဖစ္ေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။

အသင္းကို ျပန္လည္ေရာက္ရွိလာၿပီးကတည္းက ဆာလီဘာရဲ႕ အက်ိဳးသက္ေရာက္မႈနဲ႔ပတ္သက္ၿပီး ရမ္းစ္ေဒးလ္က “သူက တကယ္ေကာင္းေကာင္း အံဝင္သြားခဲ့ပါတယ္။ အသင္းထဲကို တန္းၿပီးေတာ့ အသားက်ေအာင္လုပ္ႏိုင္ခဲ့လို႔ သူ႔ကို ခ်ီးက်ဴးရမွာပါ။ သူေ႐ြ႕လ်ားတဲ့ပုံစံက ႐ိုးလ္စ္-႐ိုက္စ္ကားနည္းနည္းဆန္ၿပီး ဘယ္ေတာ့မွ တုံ႔ေႏွးေနတာမ်ိဳး မရွိခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ဂိုးသမား ရမ္းစ္ေဒးလ္က ျပင္သစ္လူငယ္ေနာက္ခံကစားသမားဟာ အသက္အ႐ြယ္အားျဖင့္ ငယ္႐ြယ္ေသးတာေၾကာင့္ အမွားနဲ႔ မကင္းႏိုင္ေၾကာင္းကိုလည္း ေကာင္းေကာင္း သိရွိထားတာျဖစ္ပါတယ္။

“သူက ငယ္႐ြယ္ေသးတဲ့ ကစားသမားျဖစ္တာေၾကာင့္ အမွားလုပ္ႏိုင္ပါေသးတယ္။ ဘန္ ဝႈိက္၊ ကြၽန္ေတာ္ကိုယ္တိုင္၊ ဂါဘရီယဲလ္နဲ႔ ပါေတးတို႔က သူ႔ဆီက အေကာင္းဆုံးရေအာင္ လုပ္ေနခဲ့ၿပီး သူကလည္း တျခားလူေတြဆီကေန အေကာင္းဆုံးပုံစံရေအာင္ လုပ္ယူေနပါတယ္။ အဲဒါက အခုအခ်ိန္မွာ အဓိကက်တဲ့အရာပါ။ ကြၽန္ေတာ္တို႔ အမွားေတြက အႀကီးႀကီးေတြ မျဖစ္သြားတာက အသင္းနဲ႔ ေနာက္တန္းက ၅ ဦးၾကားမွာ ေကာင္းမြန္တဲ့ စ႐ိုက္လကၡဏာရွိတယ္ဆိုတဲ့ လကၡဏာပါပဲ”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.