Analysis Article Premier League

စပါးစ်ကို ဦးချိုးခဲ့တဲ့ပွဲမှာ ကွင်းလယ်က ပီယာလိုလား မှတ်ခဲ့ရတဲ့ ဂါနာသားကြီး ပါတေး

အာဆင်နယ်အသင်းနဲ့ စပါးစ်အသင်းတို့ ရင်ဆိုင်ခဲ့ကြတဲ့ ၁၅၂ ကြိမ်မြောက် မြောက်လန်ဒန်ဒါဘီမှာ အိမ်ရှင် ဂန်းနားတွေအနေနဲ့ ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ရယူနိုင်ခဲ့ပြီး မြောက်လန်ဒန်ဆိုတာ အနီရောင်လို့ သက်သေပြနိုင်ခဲ့သလို နောက်ပိုင်းနှစ်တွေမှာ ပခုံးချင်းယှဉ်လာခဲ့တဲ့ ပြိုင်ဘက်ကို ပညာပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာ စပါးစ်တို့ဘက်က နောက်ခံလူ အီမာဆန် ရိုယဲလ် အထုတ်ခံရပြီး လူတစ်ယောက် မလျော့ခင်အထိ ကွင်းလယ်ကို စိုးမိုးပြီး ဘောလုံးကို စပါးစ်ကွင်းခြမ်းမှာပဲ ရှိနေအောင် ကစားကွက်ချင်း အသာစီးနဲ့ စိုးမိုးထားနိုင်ခဲ့တဲ့ အာဆင်နယ်တို့အတွက် ဒီနေ့ပွဲမှာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ခဲ့ပြီး ကိတ်မုန့်ပေါ်က ချယ်ရီသီးလေးဖြစ်ခဲ့တာကတော့ သောမတ်စ် ပါတေးပါပဲ။

အသက် ၂၉ နှစ်အရွယ် ဂါနာသားအနေနဲ့ နိုင်ငံတကာပွဲတွေ ကစားဖို့ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစဉ်မှာ ဒဏ်ရာအနည်းငယ်ရသွားခဲ့လို့ ပရိသတ်တွေ စိတ်ပူခဲ့ရပေမယ့် ဒီနေ့မှာတော့ ပွဲထွက်လာခဲ့ပြီး အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့သလို ကွင်းလယ်ကနေ ဘောလုံးရောက်ရာနေရာတိုင်းမှာ ရှိနေသလားလို့ ထင်နေရအောင် ရွေ့လျားမှုတွေကလည်း ကောင်းမွန်ခဲ့တာပါ။

ပွဲချိန် မိနစ် ၂၀ မှာ ဘင်ဝှိုက်ရဲ့ ပေးပို့မှုကနေ သူ့ရဲ့ ဧရိယာထိပ်က ကန်ချက်နဲ့ စပါးစ်ဂိုးသမား လိုရစ်ကို အနိုင်ယူခဲ့ပြီး အာဆင်နယ်တို့အတွက် အဖွင့်ဂိုး ရယူပေးခဲ့သလို နောက်ဆုံး ၅၇ ကြိမ် ကန်သွင်းမှုကနေ ပထမဆုံးအကြိမ် ဂိုးရရှိခဲ့တာလည်းဖြစ်လို့ သူ့ရဲ့ ယုံကြည်မှုက ပိုကောင်းလာခဲ့ပါတယ်။

ကွင်းလယ်ကနေ ဘောလုံးကိုင်ကစားပြီး ဘယ်ခြမ်းညာခြမ်း နေရာလွတ်တွေနဲ့ အသင်းဖော် တောင်ပံသမားတွေဆီကို အမှားအယွင်းမရှိ ဘောလုံးဖြန့်ပြသွားခဲ့သလို Rating ပေးတဲ့ ဝက်ဘ်ဆိုက်တွေမှာ ၉ မှတ်အထိ ရယူနိုင်ခဲ့တဲ့ ပါတေးအနေနဲ့ သူ့ကို ခုမှ စသိတဲ့သူတွေကိုဆိုရင် ကွင်းလယ်အဖျက်ကစားသမားပါလို့ ကျိန်ဆိုပြီး ပြောရလောက်အောင်ဖြစ်ခဲ့တာပါ။

ဒီနေ့ကစားသွားတဲ့ ပုံစံက Defensive Midfielder တစ်ယောက်ထက် Deep Lying Playmaker တစ်ယောက်လိုဖြစ်နေပြီး အီတလီဟန်ပန်နဲ့ ဆိုရင်တော့ Regista လို့ခေါ်တဲ့ အန်ဒရီးယား ပီယာလိုရဲ့ ကစားပုံကို လိုက်မီနိုင်ခဲ့သလို ဘောလုံးတွေကို ခံစစ်ကနေ ဖျက်ထုတ်ရင်း လိုက်ပါရယူပြီး တိုက်စစ်ဆီကို ပို့ဆောင်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပါတေးရဲ့ ကြံ့ခိုင်မှုက အကောင်းဆုံး ပုံစံမှာ ရှိနေပေမယ့် နည်းပြ မီခယ်လ် အာတီတာကတော့ မစွန့်စားချင်လို့ သူ့ကို ပွဲချိန် ၇၃ မိနစ်မှာ လူငယ်ကစားသမား အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါနဲ့ လဲလှယ်အနားပေးသွားခဲ့ပြီး လာမယ့် အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ပွဲမပန်းဘဲ လန်းဆန်းနေအောင် စီစဉ်သွားခဲ့တာပါ။

ဂါနာသားကြီးအနေနဲ့ သူပါဝင်ကစားတိုင်းမှာ အာဆင်နယ်တို့အတွက် အကောင်းဆုံးခြေစွမ်းနဲ့ နိုင်ပွဲရအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သလို ကွင်းလယ်စိုးမိုးမှုကို ယူဆောင်လာပေးခဲ့ပြီး လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်းက အိုးလ်ထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်မှာ သူသာ ပါခဲ့ရင် အနိုင်ရခဲ့မှာလို့ ပရိသတ်တွေရဲ့ မချိတင်ကဲ မှတ်ချက်ပေးမှုကိုလည်း ရရှိထားခဲ့ပါတယ်။

နည်းပြ အာတီတာရဲ့ တစ်ဆင့်မြင့်တဲ့ ကစားကွက်ကို ပြောင်းလဲထားခဲ့တဲ့ ဒီရာသီ အာဆင်နယ်ကွင်းလယ်မှာ ပါတေးနဲ့အတူ အသင်းခေါင်းဆောင်ဟောင်း ဂရာနစ် ချာကာကလည်း ခြေစွမ်းပြ ကစားထားနိုင်ပြီး သူတို့နှစ်ဦးကတော့ ဂန်းနားပရိသတ်တွေအတွက် တိုက်တိုင်းအောင် စစ်သူကြီးနှစ်ဦးနဲ့ အသွင်တူနေတော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းနဲ႔ စပါးစ္အသင္းတို႔ ရင္ဆိုင္ခဲ့ၾကတဲ့ ၁၅၂ ႀကိမ္ေျမာက္ ေျမာက္လန္ဒန္ဒါဘီမွာ အိမ္ရွင္ ဂန္းနားေတြအေနနဲ႔ ဂိုးျပတ္ေျချပတ္နဲ႔ အႏိုင္ရယူႏိုင္ခဲ့ၿပီး ေျမာက္လန္ဒန္ဆိုတာ အနီေရာင္လို႔ သက္ေသျပႏိုင္ခဲ့သလို ေနာက္ပိုင္းႏွစ္ေတြမွာ ပခုံးခ်င္းယွဥ္လာခဲ့တဲ့ ၿပိဳင္ဘက္ကို ပညာေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာ စပါးစ္တို႔ဘက္က ေနာက္ခံလူ အီမာဆန္ ႐ိုယဲလ္ အထုတ္ခံရၿပီး လူတစ္ေယာက္ မေလ်ာ့ခင္အထိ ကြင္းလယ္ကို စိုးမိုးၿပီး ေဘာလုံးကို စပါးစ္ကြင္းျခမ္းမွာပဲ ရွိေနေအာင္ ကစားကြက္ခ်င္း အသာစီးနဲ႔ စိုးမိုးထားႏိုင္ခဲ့တဲ့ အာဆင္နယ္တို႔အတြက္ ဒီေန႔ပြဲမွာ အေကာင္းဆုံးေျခစြမ္းကို ပိုင္ဆိုင္ခဲ့ၿပီး ကိတ္မုန႔္ေပၚက ခ်ယ္ရီသီးေလးျဖစ္ခဲ့တာကေတာ့ ေသာမတ္စ္ ပါေတးပါပဲ။

အသက္ ၂၉ ႏွစ္အ႐ြယ္ ဂါနာသားအေနနဲ႔ ႏိုင္ငံတကာပြဲေတြ ကစားဖို႔ လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းစဥ္မွာ ဒဏ္ရာအနည္းငယ္ရသြားခဲ့လို႔ ပရိသတ္ေတြ စိတ္ပူခဲ့ရေပမယ့္ ဒီေန႔မွာေတာ့ ပြဲထြက္လာခဲ့ၿပီး အေကာင္းဆုံးပုံစံကို ျပသႏိုင္ခဲ့သလို ကြင္းလယ္ကေန ေဘာလုံးေရာက္ရာေနရာတိုင္းမွာ ရွိေနသလားလို႔ ထင္ေနရေအာင္ ေ႐ြ႕လ်ားမႈေတြကလည္း ေကာင္းမြန္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဘင္ဝႈိက္ရဲ႕ ေပးပို႔မႈကေန သူ႔ရဲ႕ ဧရိယာထိပ္က ကန္ခ်က္နဲ႔ စပါးစ္ဂိုးသမား လိုရစ္ကို အႏိုင္ယူခဲ့ၿပီး အာဆင္နယ္တို႔အတြက္ အဖြင့္ဂိုး ရယူေပးခဲ့သလို ေနာက္ဆုံး ၅၇ ႀကိမ္ ကန္သြင္းမႈကေန ပထမဆုံးအႀကိမ္ ဂိုးရရွိခဲ့တာလည္းျဖစ္လို႔ သူ႔ရဲ႕ ယုံၾကည္မႈက ပိုေကာင္းလာခဲ့ပါတယ္။

ကြင္းလယ္ကေန ေဘာလုံးကိုင္ကစားၿပီး ဘယ္ျခမ္းညာျခမ္း ေနရာလြတ္ေတြနဲ႔ အသင္းေဖာ္ ေတာင္ပံသမားေတြဆီကို အမွားအယြင္းမရွိ ေဘာလုံးျဖန႔္ျပသြားခဲ့သလို Rating ေပးတဲ့ ဝက္ဘ္ဆိုက္ေတြမွာ ၉ မွတ္အထိ ရယူႏိုင္ခဲ့တဲ့ ပါေတးအေနနဲ႔ သူ႔ကို ခုမွ စသိတဲ့သူေတြကိုဆိုရင္ ကြင္းလယ္အဖ်က္ကစားသမားပါလို႔ က်ိန္ဆိုၿပီး ေျပာရေလာက္ေအာင္ျဖစ္ခဲ့တာပါ။

ဒီေန႔ကစားသြားတဲ့ ပုံစံက Defensive Midfielder တစ္ေယာက္ထက္ Deep Lying Playmaker တစ္ေယာက္လိုျဖစ္ေနၿပီး အီတလီဟန္ပန္နဲ႔ ဆိုရင္ေတာ့ Regista လို႔ေခၚတဲ့ အန္ဒရီးယား ပီယာလိုရဲ႕ ကစားပုံကို လိုက္မီႏိုင္ခဲ့သလို ေဘာလုံးေတြကို ခံစစ္ကေန ဖ်က္ထုတ္ရင္း လိုက္ပါရယူၿပီး တိုက္စစ္ဆီကို ပို႔ေဆာင္ေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပါေတးရဲ႕ ႀကံ့ခိုင္မႈက အေကာင္းဆုံး ပုံစံမွာ ရွိေနေပမယ့္ နည္းျပ မီခယ္လ္ အာတီတာကေတာ့ မစြန႔္စားခ်င္လို႔ သူ႔ကို ပြဲခ်ိန္ ၇၃ မိနစ္မွာ လူငယ္ကစားသမား အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါနဲ႔ လဲလွယ္အနားေပးသြားခဲ့ၿပီး လာမယ့္ အေရးႀကီးတဲ့ ပြဲစဥ္ေတြမွာ ပြဲမပန္းဘဲ လန္းဆန္းေနေအာင္ စီစဥ္သြားခဲ့တာပါ။

ဂါနာသားႀကီးအေနနဲ႔ သူပါဝင္ကစားတိုင္းမွာ အာဆင္နယ္တို႔အတြက္ အေကာင္းဆုံးေျခစြမ္းနဲ႔ ႏိုင္ပြဲရေအာင္ စြမ္းေဆာင္ေပးထားႏိုင္ခဲ့သလို ကြင္းလယ္စိုးမိုးမႈကို ယူေဆာင္လာေပးခဲ့ၿပီး လြန္ခဲ့တဲ့ စက္တင္ဘာလအတြင္းက အိုးလ္ထရက္ဖို႔ဒ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ သူသာ ပါခဲ့ရင္ အႏိုင္ရခဲ့မွာလို႔ ပရိသတ္ေတြရဲ႕ မခ်ိတင္ကဲ မွတ္ခ်က္ေပးမႈကိုလည္း ရရွိထားခဲ့ပါတယ္။

နည္းျပ အာတီတာရဲ႕ တစ္ဆင့္ျမင့္တဲ့ ကစားကြက္ကို ေျပာင္းလဲထားခဲ့တဲ့ ဒီရာသီ အာဆင္နယ္ကြင္းလယ္မွာ ပါေတးနဲ႔အတူ အသင္းေခါင္းေဆာင္ေဟာင္း ဂရာနစ္ ခ်ာကာကလည္း ေျခစြမ္းျပ ကစားထားႏိုင္ၿပီး သူတို႔ႏွစ္ဦးကေတာ့ ဂန္းနားပရိသတ္ေတြအတြက္ တိုက္တိုင္းေအာင္ စစ္သူႀကီးႏွစ္ဦးနဲ႔ အသြင္တူေနေတာ့မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.