Ligue1

နွေရာသီတုန်းက ဇာတ်လမ်း အမ်ဘာပေမွှေလို့ဖြစ်တာဆိုပြီး တင်းနေတဲ့ နေမာ

ဘရာဇီးလ်တိုက်စစ်မှူးက ပီအက်စ်ဂျီအသင်းဖော် ခီလီယန် အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းက ၎င်းကို ရောင်းချချင်ခဲ့တဲ့ကိစ္စမှာ ပြင်သစ်တိုက်စစ်မှူးက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

လူးဝစ္စ ကမ်းပို့စ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ပီအက်စ်ဂျီရဲ့ အားကစားအကြံပေးဖြစ်လာခဲ့ပြီးနောက် မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးအသင်းတို့ဆီ နေမာကို ရောင်းချဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဟာ ဘယ်တုန်းကမှ အမှန်တကယ် မဖြစ်မြောက်ခဲ့ဘဲ နေမာက ပြင်သစ်လိဂန်းချန်ပီယံတွေနဲ့ ဆက်နေခဲ့တာဖြစ်ပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူးက အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ၎င်းကို အသင်းကနေ ကန်ထုတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

နေမာနဲ့ အမ်ဘာပေတို့ဟာ အားလပ်ရက် အပန်းဖြေခရီးကနေ ပြန်လာပြီးနောက်ပိုင်း ရက်ပိုင်းအတွင်းမှာ တတ်နိုင်သမျှ ပြောဆိုဆက်ဆံရတာ နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် နေခဲ့ကြပြီး ပြင်သစ်တိုက်စစ်မှူးဟာ ၂၀၂၁-၂၀၂၂ ရာသီကုန်မှာ လိဂန်းထိပ်သီးအသင်းကြီးကနေ ထွက်ခွာဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ သက်တမ်းကုန်ဆုံးခဲ့ပေမယ့်လည်း အမ်ဘာပေက အပြောင်းအရွှေ့ကာလနောက်ဆုံးအချိန်မှာ ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်ပြီး ပီအက်စ်ဂျီနဲ့ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ဒီစာချုပ်သစ်ကြောင့် လာမယ့် ၃ နှစ်အတွင်း ပီအက်စ်ဂျီအသင်းဆီက ယူရိုသန်း ၂၅၀ အထိ ရရှိသွားမှာဖြစ်ပြီး အသင်းရဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့လုပ်ငန်းစဉ်မှာလည်း တစ်စိတ်တပိုင်း ပါဝင်ခွင့်ပေးသွားမှာဖြစ်တယ်ဆိုတဲ့ ကတိစကားလည်း အသင်းတာဝန်ရှိသူတွေဆီကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၎င်းရဲ့ တစ်ဦးချင်းစွမ်းရည်အလွန်ကောင်းမွန်မှုဟာ အငြင်းပွာစရာမရှိပေမယ့်လည်း ပဲရစ်မှာ ရှိခဲ့တဲ့အချိန်အတွင်း ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၅ ရာသီအတွင်း ကြံ့ခိုင်မှု ပြဿနာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ် ၁၀၄ ပွဲအထိ လွဲချော်ခဲ့တာဖြစ်ပြီး အမ်ဘာပေနဲ့ ဆက်ဆံရေး ဆိုးရွားနေပေမယ့်လည်း ကွင်းအတွင်းက စွမ်းဆောင်ရည်အပေါ်မှာတော့ အကျိုးသက်ရောက်မှုမျိုး မရှိခဲ့ကြတာဖြစ်ပါတယ်။

နေမာနဲ့ အမ်ဘာပေတို့ဟာ လိဂန်းချန်ပီယံတွေအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၂၁ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ပေးထားပေမယ့်လည်း ယခုရာသီ ကွင်းအတွင်းမှာ မကြာခဏဆိုသလို အချင်းများခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္တိုက္စစ္မႉးက ပီအက္စ္ဂ်ီအသင္းေဖာ္ ခီလီယန္ အမ္ဘာေပဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းက ၎ကို ေရာင္းခ်ခ်င္ခဲ့တဲ့ကိစၥမွာ ျပင္သစ္တိုက္စစ္မႉးက အဓိကအခန္းက႑ကေန ပါဝင္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

လူးဝစၥ ကမ္းပို႔စ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ပီအက္စ္ဂ်ီရဲ႕ အားကစားအႀကံေပးျဖစ္လာခဲ့ၿပီးေနာက္ မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဆီ ေနမာကို ေရာင္းခ်ဖို႔အတြက္ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ အေျပာင္းအေ႐ႊ႕ဟာ ဘယ္တုန္းကမွ အမွန္တကယ္ မျဖစ္ေျမာက္ခဲ့ဘဲ ေနမာက ျပင္သစ္လိဂန္းခ်န္ပီယံေတြနဲ႔ ဆက္ေနခဲ့တာျဖစ္ေပမယ့္လည္း ဘရာဇီးလ္တိုက္စစ္မႉးက အမ္ဘာေပဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ၎ကို အသင္းကေန ကန္ထုတ္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ေနမာနဲ႔ အမ္ဘာေပတို႔ဟာ အားလပ္ရက္ အပန္းေျဖခရီးကေန ျပန္လာၿပီးေနာက္ပိုင္း ရက္ပိုင္းအတြင္းမွာ တတ္ႏိုင္သမွ် ေျပာဆိုဆက္ဆံရတာ နည္းႏိုင္သမွ် အနည္းဆုံးျဖစ္ေအာင္ ေနခဲ့ၾကၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ၂၀၂၁-၂၀၂၂ ရာသီကုန္မွာ လိဂန္းထိပ္သီးအသင္းႀကီးကေန ထြက္ခြာဖို႔ သတင္းေတြအခိုင္အမာထြက္ေပၚခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ သက္တမ္းကုန္ဆုံးခဲ့ေပမယ့္လည္း အမ္ဘာေပက အေျပာင္းအေ႐ႊ႕ကာလေနာက္ဆုံးအခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ကို ျငင္းပယ္ၿပီး ပီအက္စ္ဂ်ီနဲ႔ ၃ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ဒီစာခ်ဳပ္သစ္ေၾကာင့္ လာမယ့္ ၃ ႏွစ္အတြင္း ပီအက္စ္ဂ်ီအသင္းဆီက ယူ႐ိုသန္း ၂၅၀ အထိ ရရွိသြားမွာျဖစ္ၿပီး အသင္းရဲ႕ ဆုံးျဖတ္ခ်က္ ခ်မွတ္တဲ့လုပ္ငန္းစဥ္မွာလည္း တစ္စိတ္တပိုင္း ပါဝင္ခြင့္ေပးသြားမွာျဖစ္တယ္ဆိုတဲ့ ကတိစကားလည္း အသင္းတာဝန္ရွိသူေတြဆီကေန ရရွိခဲ့တာ ျဖစ္ပါတယ္။

ေနမာဟာ ၂၀၁၇ ခုႏွစ္မွာ ဘာစီလိုနာအသင္းကေန ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၂၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ၎ရဲ႕ တစ္ဦးခ်င္းစြမ္းရည္အလြန္ေကာင္းမြန္မႈဟာ အျငင္းပြာစရာမရွိေပမယ့္လည္း ပဲရစ္မွာ ရွိခဲ့တဲ့အခ်ိန္အတြင္း ဒဏ္ရာျပႆနာေတြရဲ႕ ႏွိပ္စက္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ၅ ရာသီအတြင္း ႀကံ့ခိုင္မႈ ျပႆနာေၾကာင့္ ပီအက္စ္ဂ်ီအသင္းရဲ႕ ပြဲစဥ္ ၁၀၄ ပြဲအထိ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး အမ္ဘာေပနဲ႔ ဆက္ဆံေရး ဆိုး႐ြားေနေပမယ့္လည္း ကြင္းအတြင္းက စြမ္းေဆာင္ရည္အေပၚမွာေတာ့ အက်ိဳးသက္ေရာက္မႈမ်ိဳး မရွိခဲ့ၾကတာျဖစ္ပါတယ္။

ေနမာနဲ႔ အမ္ဘာေပတို႔ဟာ လိဂန္းခ်န္ပီယံေတြအတြက္ ၿပိဳင္ပြဲစုံ စုစုေပါင္း ၂၁ ပြဲ ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္ ျပဳလုပ္ေပးထားေပမယ့္လည္း ယခုရာသီ ကြင္းအတြင္းမွာ မၾကာခဏဆိုသလို အခ်င္းမ်ားခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.