Premier League

ရော်နယ်လ်ဒိုအတိုင်း အောင်ပွဲလိုက်ခံလို့ ဆေးရုံရောက်သွားခဲ့တဲ့ ပရိသတ်တစ်ဦး

တစ်ဖက် ၅ ဦးစီ ဖူဆယ်ကစားခဲ့တဲ့ ဘောလုံးဝါသနာရှင် ပရိသတ်တစ်ဦးဟာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ရော်နယ်လ်ဒိုရဲ့ SIUU အောင်ပွဲခံဟန်အတိုင်း လိုက်လံတုပဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ဆေးရုံကိုသာ ရောက်သွားခဲ့ရပါတယ်။

ရော်နယ်လ်ဒိုရဲ့ အထင်ကရ အောင်ပွဲခံဟန်ကို မကြာခဏ ပရိသတ်တွေတင်သာမက အသင်းဖော်တွေနဲ့ ပြိုင်ဘက်ကစားသမားတွေပါ လိုက်လံတုပလေ့ရှိတာကြောင့် ကမ္ဘာတလွှားမှာ မသိတဲ့သူ မရှိတဲ့အောင်ပွဲခံဟန်မျိုးလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုအတိုင်းတော့ အားလုံးလိုက်ပြီး အောင်ပွဲခံလို့မရနိုင်ဘူးဆိုတာကို ပရိသတ်တစ်ဦးက လက်တွေ့ပြသသွားခဲ့တာဖြစ်ပြီး ခန္ဓာကိုယ် ဝဖိုင့်ဖိုင့်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ပေါ်တူဂီဂန္တဝင်လိုမျိုး လှပတဲ့ အောင်ပွဲခံဟန်မျိုး ပြုလုပ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုလိုမျိုး ကြောင်တကောင် အမြင့်ကနေ မြေကြီးပေါ်ကျသလိုမျိုး မကျခဲ့ဘဲ ခွေးကျကျခဲ့လို့ ဘယ်ဘက်ခြေထောက်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ရလဒ်အနေနဲ့ ချက်ချင်း ဆေးရုံတန်းပို့ခဲ့ရတာဖြစ်ပါတယ်။ ဆေးရုံမှာ ကုသမှုခံယူပြီးနောက် ဒဏ်ရာရရှိသွားတဲ့ ဘောလုံးပရိသတ်ဟာ ဘီယာနဲ့ ပီဇာစားသောက်ရင်း အောင်ပွဲခံခဲ့ပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကြားမှာ ဒီအမျိုးသားရဲ့အဖြစ်ဟာ မပြုံးဘဲ ဝါးလုံးကွဲရယ်စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ထင်ပေါ်ကျော်ကြားတဲ့ အောင်ပွဲခံဟန်ရဲ့အစဟာ ၂၀၁၃ ခုနှစ်တုန်းက ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ရာသီကြိုပွဲစဉ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ရီးရဲလ်မက်ဒရစ်မှာရှိနေခဲ့တုန်းက si လို့ ပြောချင်လာတယ်။ အဓိပ္ပာယ်က ဟုတ်ပြီဆိုသလိုမျိုးပေါ့။ ကျွန်တော်တို့ အနိုင်ရတဲ့အခါမှာ အားလုံးက siiii လို့ ပြောကြလိမ့်မယ်။ အဲဒီတော့ ကျွန်တော်လည်း စပြီးတော့ အဲဒါကို ပြောခဲ့တယ်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော် မသိဘူး။ အဲဒါက အလိုလိုကို ဖြစ်ခဲ့တာပါ”

“ကျွန်တော်က ယူအက်စ်အေမှာ ရောက်နေခဲ့တာဖြစ်ပြီး ချဲလ်ဆီးနဲ့ ကစားခဲ့တာပါ။ ဒီအောင်ပွဲခံတဲ့ပုံစံကနေ ဘယ်ကနေ ဘယ်လိုရောက်လာမှန်း ကျွန်တော် မသိပါဘူး။ ကျွန်တော် ဂိုးသွင်းယူခဲ့ပြီး အဲဒီအသံထွက်လာတာပဲ။ ရိုးရိုးသားသားပြောရရင် အဲဒါက ဒီတိုင်းအလိုလို ဖြစ်လာခဲ့တာပါ။ အဲဒီကတည်းက ကျွန်တော် အဲဒါကို မကြာခဏဆိုသလို လုပ်ခဲ့ပြီး ပရိသတ်တွေကလည်း အဲဒါကို သဘောကျကျပြီး ‘ခရစ္စတီယာနို siiiiuuuu’ ဆိုပြီး လိုက်အော်ကြတယ်။ ကျွန်တော်လည်း ဟာခနဲ ဖြစ်သွားတာပေါ့။ လူတွေက ကျွန်တော့်ကို အဲဒီလို အောင်ပွဲခံဖို့ ပြန်သတိပေးနေတယ်။ အဲဒီတော့ အဲဒါက ကောင်းတယ်ဆိုပြီး ကျွန်တော်လည်း ဆက်ပြီးတော့ အဲဒီအတိုင်း အောင်ပွဲခံခဲ့တာပါ”လို့ ရော်နယ်လ်ဒိုက ရှင်းပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တစ္ဖက္ ၅ ဦးစီ ဖူဆယ္ကစားခဲ့တဲ့ ေဘာလုံးဝါသနာရွင္ ပရိသတ္တစ္ဦးဟာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေရာ္နယ္လ္ဒိုရဲ႕ SIUU ေအာင္ပြဲခံဟန္အတိုင္း လိုက္လံတုပဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ကံမေကာင္းစြာနဲ႔ပဲ ေဆး႐ုံကိုသာ ေရာက္သြားခဲ့ရပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ အထင္ကရ ေအာင္ပြဲခံဟန္ကို မၾကာခဏ ပရိသတ္ေတြတင္သာမက အသင္းေဖာ္ေတြနဲ႔ ၿပိဳင္ဘက္ကစားသမားေတြပါ လိုက္လံတုပေလ့ရွိတာေၾကာင့္ ကမာၻတလႊားမွာ မသိတဲ့သူ မရွိတဲ့ေအာင္ပြဲခံဟန္မ်ိဳးလည္း ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုအတိုင္းေတာ့ အားလုံးလိုက္ၿပီး ေအာင္ပြဲခံလို႔မရႏိုင္ဘူးဆိုတာကို ပရိသတ္တစ္ဦးက လက္ေတြ႕ျပသသြားခဲ့တာျဖစ္ၿပီး ခႏၶာကိုယ္ ဝဖိုင့္ဖိုင့္ရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ေပၚတူဂီဂႏၲဝင္လိုမ်ိဳး လွပတဲ့ ေအာင္ပြဲခံဟန္မ်ိဳး ျပဳလုပ္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုလိုမ်ိဳး ေၾကာင္တေကာင္ အျမင့္ကေန ေျမႀကီးေပၚက်သလိုမ်ိဳး မက်ခဲ့ဘဲ ေခြးက်က်ခဲ့လို႔ ဘယ္ဘက္ေျခေထာက္မွာ ဆိုးဆိုး႐ြား႐ြား ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ၿပီး ရလဒ္အေနနဲ႔ ခ်က္ခ်င္း ေဆး႐ုံတန္းပို႔ခဲ့ရတာျဖစ္ပါတယ္။ ေဆး႐ုံမွာ ကုသမႈခံယူၿပီးေနာက္ ဒဏ္ရာရရွိသြားတဲ့ ေဘာလုံးပရိသတ္ဟာ ဘီယာနဲ႔ ပီဇာစားေသာက္ရင္း ေအာင္ပြဲခံခဲ့ၿပီး လူမႈကြန္ရက္ေပၚက ပရိသတ္ေတြၾကားမွာ ဒီအမ်ိဳးသားရဲ႕အျဖစ္ဟာ မၿပဳံးဘဲ ဝါးလုံးကြဲရယ္စရာ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ ထင္ေပၚေက်ာ္ၾကားတဲ့ ေအာင္ပြဲခံဟန္ရဲ႕အစဟာ ၂၀၁၃ ခုႏွစ္တုန္းက ခ်ဲလ္ဆီးနဲ႔ ကစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕ ရာသီႀကိဳပြဲစဥ္မွာ စတင္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ရီးရဲလ္မက္ဒရစ္မွာရွိေနခဲ့တုန္းက si လို႔ ေျပာခ်င္လာတယ္။ အဓိပၸာယ္က ဟုတ္ၿပီဆိုသလိုမ်ိဳးေပါ့။ ကြၽန္ေတာ္တို႔ အႏိုင္ရတဲ့အခါမွာ အားလုံးက siiii လို႔ ေျပာၾကလိမ့္မယ္။ အဲဒီေတာ့ ကြၽန္ေတာ္လည္း စၿပီးေတာ့ အဲဒါကို ေျပာခဲ့တယ္။ ဘာေၾကာင့္လဲဆိုတာေတာ့ ကြၽန္ေတာ္ မသိဘူး။ အဲဒါက အလိုလိုကို ျဖစ္ခဲ့တာပါ”

“ကြၽန္ေတာ္က ယူအက္စ္ေအမွာ ေရာက္ေနခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ ကစားခဲ့တာပါ။ ဒီေအာင္ပြဲခံတဲ့ပုံစံကေန ဘယ္ကေန ဘယ္လိုေရာက္လာမွန္း ကြၽန္ေတာ္ မသိပါဘူး။ ကြၽန္ေတာ္ ဂိုးသြင္းယူခဲ့ၿပီး အဲဒီအသံထြက္လာတာပဲ။ ႐ိုး႐ိုးသားသားေျပာရရင္ အဲဒါက ဒီတိုင္းအလိုလို ျဖစ္လာခဲ့တာပါ။ အဲဒီကတည္းက ကြၽန္ေတာ္ အဲဒါကို မၾကာခဏဆိုသလို လုပ္ခဲ့ၿပီး ပရိသတ္ေတြကလည္း အဲဒါကို သေဘာက်က်ၿပီး ‘ခရစၥတီယာႏို siiiiuuuu’ ဆိုၿပီး လိုက္ေအာ္ၾကတယ္။ ကြၽန္ေတာ္လည္း ဟာခနဲ ျဖစ္သြားတာေပါ့။ လူေတြက ကြၽန္ေတာ့္ကို အဲဒီလို ေအာင္ပြဲခံဖို႔ ျပန္သတိေပးေနတယ္။ အဲဒီေတာ့ အဲဒါက ေကာင္းတယ္ဆိုၿပီး ကြၽန္ေတာ္လည္း ဆက္ၿပီးေတာ့ အဲဒီအတိုင္း ေအာင္ပြဲခံခဲ့တာပါ”လို႔ ေရာ္နယ္လ္ဒိုက ရွင္းျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.