Premier League

ချစ်သူလေးရဲ့ အတောင့်တင်းဆုံးအပိုင်းကိုမှ ပစ်မှားနေတဲ့သူတွေကို ပေါက်ကွဲခဲ့တဲ့ ဒေါက်ဂလပ်စ်

အက်စတန် ဗီလာကြယ်ပွင့် ဒေါက်ဂလပ်စ် လူးဝစ်ဇ်ဟာ ၎င်းရဲ့ချစ်သူဖြစ်တဲ့ အက်စတန် ဗီလာအမျိုးသမီးအသင်းကြယ်ပွင့် အလီရှာ လေမန်းကို မလေးမစားပြုမူခဲ့တဲ့ သတင်းထောက်ကို ဒေါသတကြီး ပေါက်ကွဲခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ အသက် ၂၃ နှစ်အရွယ် လေမန်းနဲ့ ချစ်ကြိုက်နေတာဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ ချစ်သူကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတဲ့ပို့စ်တစ်ခုကို မြင်တွေ့ခဲ့ရပြီးနောက် ဒေါသတကြီး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်တီဗွီတင်ဆက်သူ မီလ်တန် နက်ဗက်စ်ဟာ အလီရှာ လေမန်းက ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံရင်း ခုန်ပေါက်ပြီး နောက်ကျောက နံပါတ်ကို လှည့်ပြခဲ့တဲ့ ဗီဒီယိုဖိုင်ကို “ဗီဒီယိုကို ပြန်မကြည့်ဘဲနဲ့ သူ့ရှပ်ပေါ်က နံပါတ်ဘယ်လောက်လဲဆိုတာကို သိကြလား”ဆိုတဲ့ စာသားနဲ့အတူ မျှဝေခဲ့တာဖြစ်ပါတယ်။

နက်ဗက်စ်ရဲ့ ပို့စ်ဟာ အက်စတန် ဗီလာကွင်းလယ်ကြယ်ပွင့် ဒေါက်ဂလပ်စ် လူးဝစ်ဇ်အတွက်တော့ ဒေါသအမျက်ချောင်းချောင်းထွက်စရာ ဖြစ်ခဲ့ပြီး ဘရာဇီးလ်တီဗွီတင်ဆက်သူရဲ့ လူမှုကွန်ရက်က ပို့စ်ကို ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားက အသက်ကလည်း ကြီးနေပြီ။ ဘောလုံးလောကမှာလည်း နှစ်တော်တော်ကြာနေခဲ့ပြီဖြစ်ပြီး ဒီလိုမျိုး အမျိုးသမီး ဘောလုံးသမားတွေအပေါ်မှာရော ကျွန်တော့် ချစ်သူအပေါ်မှာပါ လေးစားမှုမရှိတဲ့ ဗီဒီယိုကို တင်ခဲ့တယ်။ ခင်ဗျား ဘယ်တော့မှ လေးစားမှုက ဘာလဲဆိုတာကို သင်ယူနိုင်မှာမဟုတ်ဘူး။ သေလိုက်တော့”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားပြီးတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီ တွစ်တာက ပို့စ်ကို ဘရာဇီးလ်ကွင်းလယ်ကစားသမားက ပြန်ဖျက်သွားခဲ့ပြီး ဒေါက်ဂလပ်စ် လူးဝစ်ဇ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အလီရှာ လေမန်းနဲ့ စတွဲခဲ့တာဖြစ်ပြီး အက်စတန် ဗီလာအမျိုးသမီးအသင်းကြယ်ပွင့်က အာဆင်နယ်ပစ်မှတ်နဲ့အတူရှိနေတဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် ၎င်းတို့ ၂ ဦး တွဲနေကြပြီဆိုတာကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

လေမန်းဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဝက်စ်ဟမ်း ယူနိုက်တက်အသင်းကနေ အက်စတန် ဗီလာကို ပြောင်းရွှေ့ခဲ့တဲ့ ဆွစ်ဇာလန်လက်ရွေးစင်ကစားသမားဖြစ်ပြီး ဒေါက်ဂလပ်စ် လူးဝစ်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ခဲ့ပြီးနောက် ယခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၇ ပွဲကစားပေးခဲ့ရာမှာ ၂ ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စတန္ ဗီလာၾကယ္ပြင့္ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ဟာ ၎ရဲ႕ခ်စ္သူျဖစ္တဲ့ အက္စတန္ ဗီလာအမ်ိဳးသမီးအသင္းၾကယ္ပြင့္ အလီရွာ ေလမန္းကို မေလးမစားျပဳမူခဲ့တဲ့ သတင္းေထာက္ကို ေဒါသတႀကီး ေပါက္ကြဲခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ အသက္ ၂၃ ႏွစ္အ႐ြယ္ ေလမန္းနဲ႔ ခ်စ္ႀကိဳက္ေနတာျဖစ္ၿပီး လူမႈကြန္ရက္ေပၚမွာ ခ်စ္သူကို လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ေစာ္ကားတဲ့ပို႔စ္တစ္ခုကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေဒါသတႀကီး ေပါက္ကြဲခဲ့တာျဖစ္ပါတယ္။

အသက္ ၇၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘရာဇီးလ္တီဗြီတင္ဆက္သူ မီလ္တန္ နက္ဗက္စ္ဟာ အလီရွာ ေလမန္းက ဂိုးသြင္းယူၿပီးေနာက္ ေအာင္ပြဲခံရင္း ခုန္ေပါက္ၿပီး ေနာက္ေက်ာက နံပါတ္ကို လွည့္ျပခဲ့တဲ့ ဗီဒီယိုဖိုင္ကို “ဗီဒီယိုကို ျပန္မၾကည့္ဘဲနဲ႔ သူ႔ရွပ္ေပၚက နံပါတ္ဘယ္ေလာက္လဲဆိုတာကို သိၾကလား”ဆိုတဲ့ စာသားနဲ႔အတူ မွ်ေဝခဲ့တာျဖစ္ပါတယ္။

နက္ဗက္စ္ရဲ႕ ပို႔စ္ဟာ အက္စတန္ ဗီလာကြင္းလယ္ၾကယ္ပြင့္ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္အတြက္ေတာ့ ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္စရာ ျဖစ္ခဲ့ၿပီး ဘရာဇီးလ္တီဗြီတင္ဆက္သူရဲ႕ လူမႈကြန္ရက္က ပို႔စ္ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ားက အသက္ကလည္း ႀကီးေနၿပီ။ ေဘာလုံးေလာကမွာလည္း ႏွစ္ေတာ္ေတာ္ၾကာေနခဲ့ၿပီျဖစ္ၿပီး ဒီလိုမ်ိဳး အမ်ိဳးသမီး ေဘာလုံးသမားေတြအေပၚမွာေရာ ကြၽန္ေတာ့္ ခ်စ္သူအေပၚမွာပါ ေလးစားမႈမရွိတဲ့ ဗီဒီယိုကို တင္ခဲ့တယ္။ ခင္ဗ်ား ဘယ္ေတာ့မွ ေလးစားမႈက ဘာလဲဆိုတာကို သင္ယူႏိုင္မွာမဟုတ္ဘူး။ ေသလိုက္ေတာ့”လို႔ တြစ္တာလူမႈကြန္ရက္ေပၚမွာ ေရးသားၿပီးတုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီ တြစ္တာက ပို႔စ္ကို ဘရာဇီးလ္ကြင္းလယ္ကစားသမားက ျပန္ဖ်က္သြားခဲ့ၿပီး ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလကတည္းက အလီရွာ ေလမန္းနဲ႔ စတြဲခဲ့တာျဖစ္ၿပီး အက္စတန္ ဗီလာအမ်ိဳးသမီးအသင္းၾကယ္ပြင့္က အာဆင္နယ္ပစ္မွတ္နဲ႔အတူရွိေနတဲ့ ဓာတ္ပုံကို အင္စတာဂရမ္မွာ တင္ခဲ့ၿပီးေနာက္ ၎တို႔ ၂ ဦး တြဲေနၾကၿပီဆိုတာကို အတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။

ေလမန္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီကမွ ဝက္စ္ဟမ္း ယူႏိုက္တက္အသင္းကေန အက္စတန္ ဗီလာကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဆြစ္ဇာလန္လက္ေ႐ြးစင္ကစားသမားျဖစ္ၿပီး ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ခဲ့ၿပီးေနာက္ ယခုရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၇ ပြဲကစားေပးခဲ့ရာမွာ ၂ ဂိုးသြင္းယူထားသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.