Premier League

အာဆင်နယ်လိုလုပ်ရင် မန်ယူနိုက်တက်ကို အားမပေးတော့ဘူးလို့ သတိပေးခဲ့တဲ့ ကန်တိုနာ

မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး အဲရစ် ကန်တိုနာက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အာဆင်နယ်အသင်းလုပ်ခဲ့သလိုမျိုး အိုးထရက်ဖို့ဒ်ကို စပွန်ဆာနာမည် ပြောင်းလဲမယ်ဆိုရင် အားပေးတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂၀၀၆ ခုနှစ်မှာ ဟိုက်ဘူရီကွင်းဟောင်းကို စွန့်ခွာခဲ့တာဖြစ်ပြီး အနီးအနားက နေရာသစ်မှာ တည်ဆောက်ထားတဲ့ ကွင်းသစ်ကြီးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းနာမည်ဟာ ကမ္ဘာကျော် လေကြောင်းလိုင်း အမ်းမရိတ်စ်လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းရဲ့ ရှပ်စပွန်ဆာလည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်အထိ အဲဒီလို လုပ်ဆောင်ခဲ့တဲ့ တစ်ခုတည်းသော အသင်းဖြစ်ပေမယ့် ကန်တိုနာက ဂန်းနားတွေဟာ ၎င်းတို့ရဲ့ ဝိဉာဉ်ကို ရောင်းစားခဲ့တာလို့ ယုံကြည်နေပြီး မန်ချက်စတာယူနိုက်တက်ကတော့ အဲဒီဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ မျှော်လင့်နေပေမယ့်လည်း အဲဒီလို လုပ်ခဲ့ရင် အားပေးတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ဂန္တဝင်တိုက်စစ်မှူးဟာ အမြဲတမ်း စိတ်ဝင်စားစရာကောင်းတဲ့ စကားမျိုး ပြောကြားလေ့ရှိသူဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လာရင် အရမ်းကို ပြင်းထန်တဲ့ စိတ်ပိုင်းဖြတ်မှု ရှိပုံပေါ်ပြီး ၎င်းအနေနဲ့ အိုးထရက်ဖို့ဒ်က အိုးထရက်ဖို့ဒ်အဖြစ် ရှိနေမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ အစောပိုင်းမှာ ကျွန်တော် အနှစ်သက်ဆုံးဘောလုံးကွင်းတွေအကြောင်း ပြောနေခဲ့တယ်။ ဒါပေမယ့် အခုတော့ ဘောလုံးကွင်းအားလုံးက Emirates မဟုတ်ရင် Allianz လို့ ခေါ်နေကြပြီ။ ဒီကွင်းတွေက စိတ်ဝိဉာဉ်နဲ့ အသင်းသမိုင်းကြောင်း ပျောက်ဆုံးသွားခဲ့တယ်။ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့လိုပေါ့။ ကျွန်တော် အဲဒီအသင်းတွေရဲ့ ကွင်းဟောင်းမှာ ကစားခဲ့တယ်။ ဟိုက်ဘူရီနဲ့ အက်ပ်တန်ပါ့ခ်တို့လို ကွင်းတွေမှာပေါ့။ ကျွန်တော် အာဆင်နယ်ပရိသတ်အချို့နဲ့ စကားပြောခဲ့ပြီး သူတို့တွေက ဒီလိုကွင်းတွေကို မုန်းတီးတယ်။ ဒီပရိသတ်တွေက သူတို့အသင်းရဲ့ စိတ်ဝိဉာဉ်ပျောက်ဆုံးသွားတယ်လို့ ခံစားနေရတယ်။ ကံကောင်းတာက အိုးထရက်ဖို့ဒ်က အိုးထရက်ဖို့ဒ်ဖြစ်နေသေးတယ်”

“အန်းဖီးကလည်း အန်းဖီးဖြစ်နေသေးတယ်။ ဒါပေမယ့် ခင်ဗျား အိုးထရက်ဖို့ဒ်ကို ကွင်းသစ်ဖြစ်လာပြီး အမှတ်တံဆိပ်ရဲ့ နာမည် ပြောင်းခေါ်မှာကို တွေးကြည့်လို့ရနိုင်လား။ တနေ့ သူတို့တွေ အဲဒီလို လုပ်ခဲ့ရင်တော့ ကျွန်တော် စိတ်မကောင်းပေမယ့် ကျွန်တော် မန်ယူနိုက်တက်ပရိသတ် ဟုတ်တော့မှာမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော် ဘောလုံးကိုလည်း တသက်လုံး ကျောခိုင်းလိုက်တော့မှာပါ။ ကျေးဇူးပြုပြီး ဒီကွင်းကိုတော့ Nestle ဒါမှမဟုတ် Amazon လို့ မခေါ်ကြပါနဲ့။ အိုးထရက်ဖို့ဒ်က အိုးထရက်ဖို့ဒ်ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲရစ် ကန်တိုနာဟာ ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း သပိတ်မှောက်ဖို့လည်း ပြောကြားခဲ့ပြီး ဒီပြိုင်ပွဲကို အာရုံစိုက်မယ့်အစား ခရီးပဲသွားဖို့ စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

“အဲဒီပြိုင်ပွဲက ငွေအတွက်သက်သက်ပဲ။ ဘောလုံးကွင်းတွေ တည်ဆောက်တဲ့သူတွေကို သူတို့တွေ ဆက်ဆံတဲ့ပုံစံက ဆိုးဆိုးရွားရွားပဲ။ လူပေါင်းထောင်ချီ သေဆုံးခဲ့တယ်။ အဲဒါကိုတောင် ကျွန်တော်တို့က ကမ္ဘာ့ဖလားပြိုင်ပွဲဆိုပြီး ကျင်းပကြဦးမယ်။ ကျွန်တော့်အမြင်အရတော့ အဲဒီပြိုင်ပွဲကို ကြည့်မှာမဟုတ်ပါဘူး။ ဘောလုံးက စီးပွားရေးတစ်ခုဆိုတာ ကျွန်တော် နားလည်တယ်။ ဒါပေမယ့် ဘောလုံးက အားလုံး အခွင့်အရေးရှိတဲ့နေရာမှာပဲဖြစ်ခဲ့ရမှာလို့ ထင်မိခဲ့ပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္တိုက္စစ္မႉး အဲရစ္ ကန္တိုနာက မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အာဆင္နယ္အသင္းလုပ္ခဲ့သလိုမ်ိဳး အိုးထရက္ဖို႔ဒ္ကို စပြန္ဆာနာမည္ ေျပာင္းလဲမယ္ဆိုရင္ အားေပးေတာ့မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ ၂၀၀၆ ခုႏွစ္မွာ ဟိုက္ဘူရီကြင္းေဟာင္းကို စြန႔္ခြာခဲ့တာျဖစ္ၿပီး အနီးအနားက ေနရာသစ္မွာ တည္ေဆာက္ထားတဲ့ ကြင္းသစ္ႀကီးကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္အသင္းရဲ႕ အိမ္ကြင္းနာမည္ဟာ ကမာၻေက်ာ္ ေလေၾကာင္းလိုင္း အမ္းမရိတ္စ္လို႔ ေျပာင္းလဲေခၚေဝၚခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းရဲ႕ ရွပ္စပြန္ဆာလည္း ျဖစ္လာခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိအခ်ိန္အထိ အဲဒီလို လုပ္ေဆာင္ခဲ့တဲ့ တစ္ခုတည္းေသာ အသင္းျဖစ္ေပမယ့္ ကန္တိုနာက ဂန္းနားေတြဟာ ၎တို႔ရဲ႕ ဝိဉာဥ္ကို ေရာင္းစားခဲ့တာလို႔ ယုံၾကည္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္ကေတာ့ အဲဒီဘယ္ေတာ့မွ လုပ္မွာမဟုတ္ဘူးလို႔ ေမွ်ာ္လင့္ေနေပမယ့္လည္း အဲဒီလို လုပ္ခဲ့ရင္ အားေပးေတာ့မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉးဟာ အၿမဲတမ္း စိတ္ဝင္စားစရာေကာင္းတဲ့ စကားမ်ိဳး ေျပာၾကားေလ့ရွိသူျဖစ္ၿပီး ဒီကိစၥနဲ႔ပတ္သက္လာရင္ အရမ္းကို ျပင္းထန္တဲ့ စိတ္ပိုင္းျဖတ္မႈ ရွိပုံေပၚၿပီး ၎အေနနဲ႔ အိုးထရက္ဖို႔ဒ္က အိုးထရက္ဖို႔ဒ္အျဖစ္ ရွိေနမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ အေစာပိုင္းမွာ ကြၽန္ေတာ္ အႏွစ္သက္ဆုံးေဘာလုံးကြင္းေတြအေၾကာင္း ေျပာေနခဲ့တယ္။ ဒါေပမယ့္ အခုေတာ့ ေဘာလုံးကြင္းအားလုံးက Emirates မဟုတ္ရင္ Allianz လို႔ ေခၚေနၾကၿပီ။ ဒီကြင္းေတြက စိတ္ဝိဉာဥ္နဲ႔ အသင္းသမိုင္းေၾကာင္း ေပ်ာက္ဆုံးသြားခဲ့တယ္။ အာဆင္နယ္နဲ႔ ဝက္စ္ဟမ္းတို႔လိုေပါ့။ ကြၽန္ေတာ္ အဲဒီအသင္းေတြရဲ႕ ကြင္းေဟာင္းမွာ ကစားခဲ့တယ္။ ဟိုက္ဘူရီနဲ႔ အက္ပ္တန္ပါ့ခ္တို႔လို ကြင္းေတြမွာေပါ့။ ကြၽန္ေတာ္ အာဆင္နယ္ပရိသတ္အခ်ိဳ႕နဲ႔ စကားေျပာခဲ့ၿပီး သူတို႔ေတြက ဒီလိုကြင္းေတြကို မုန္းတီးတယ္။ ဒီပရိသတ္ေတြက သူတို႔အသင္းရဲ႕ စိတ္ဝိဉာဥ္ေပ်ာက္ဆုံးသြားတယ္လို႔ ခံစားေနရတယ္။ ကံေကာင္းတာက အိုးထရက္ဖို႔ဒ္က အိုးထရက္ဖို႔ဒ္ျဖစ္ေနေသးတယ္”

“အန္းဖီးကလည္း အန္းဖီးျဖစ္ေနေသးတယ္။ ဒါေပမယ့္ ခင္ဗ်ား အိုးထရက္ဖို႔ဒ္ကို ကြင္းသစ္ျဖစ္လာၿပီး အမွတ္တံဆိပ္ရဲ႕ နာမည္ ေျပာင္းေခၚမွာကို ေတြးၾကည့္လို႔ရႏိုင္လား။ တေန႔ သူတို႔ေတြ အဲဒီလို လုပ္ခဲ့ရင္ေတာ့ ကြၽန္ေတာ္ စိတ္မေကာင္းေပမယ့္ ကြၽန္ေတာ္ မန္ယူႏိုက္တက္ပရိသတ္ ဟုတ္ေတာ့မွာမဟုတ္ပါဘူး။ ၿပီးေတာ့ ကြၽန္ေတာ္ ေဘာလုံးကိုလည္း တသက္လုံး ေက်ာခိုင္းလိုက္ေတာ့မွာပါ။ ေက်းဇူးျပဳၿပီး ဒီကြင္းကိုေတာ့ Nestle ဒါမွမဟုတ္ Amazon လို႔ မေခၚၾကပါနဲ႔။ အိုးထရက္ဖို႔ဒ္က အိုးထရက္ဖို႔ဒ္ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲရစ္ ကန္တိုနာဟာ ကာတာမွာ က်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကိုလည္း သပိတ္ေမွာက္ဖို႔လည္း ေျပာၾကားခဲ့ၿပီး ဒီၿပိဳင္ပြဲကို အာ႐ုံစိုက္မယ့္အစား ခရီးပဲသြားဖို႔ စီစဥ္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“အဲဒီၿပိဳင္ပြဲက ေငြအတြက္သက္သက္ပဲ။ ေဘာလုံးကြင္းေတြ တည္ေဆာက္တဲ့သူေတြကို သူတို႔ေတြ ဆက္ဆံတဲ့ပုံစံက ဆိုးဆိုး႐ြား႐ြားပဲ။ လူေပါင္းေထာင္ခ်ီ ေသဆုံးခဲ့တယ္။ အဲဒါကိုေတာင္ ကြၽန္ေတာ္တို႔က ကမာၻ႔ဖလားၿပိဳင္ပြဲဆိုၿပီး က်င္းပၾကဦးမယ္။ ကြၽန္ေတာ့္အျမင္အရေတာ့ အဲဒီၿပိဳင္ပြဲကို ၾကည့္မွာမဟုတ္ပါဘူး။ ေဘာလုံးက စီးပြားေရးတစ္ခုဆိုတာ ကြၽန္ေတာ္ နားလည္တယ္။ ဒါေပမယ့္ ေဘာလုံးက အားလုံး အခြင့္အေရးရွိတဲ့ေနရာမွာပဲျဖစ္ခဲ့ရမွာလို႔ ထင္မိခဲ့ပါတယ္”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.