Premier League

ဟာလန်းက အာဆင်နယ်ရဲ့ခေါ်ယူမှုလောက်မကောင်းဘူးလို့ သုံးသပ်ခဲ့တဲ့ အဘွန်လဟော

ဂက်ဘီ အဘွန်လဟောက အာဆင်နယ်ရဲ့ ဂါဘရီယဲလ် ဂျေဆူးစ်ကို ခေါ်ယူနိုင်မှုက မန်စီးတီးရဲ့ ဒေါ့မွန်ကနေ အာလင်း ဟာလန်းကို ခေါ်ယူနိုင်မှုထက် ပိုမိုကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ မန်ချက်စတာစီးတီးအသင်းက ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေး ပေါင် ၅၁ သန်းကို ပေးချေခဲ့ပြီးနောက် အစ်တီဟတ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဂျေဆူးစ်ကလည်း မန်ချက်စတာမှာ အောင်မြင်တဲ့ ကစားသမားဘဝ ၅ နှစ်တာကို ဖြတ်သန်းခဲ့ပြီးနောက် ပေါင် ၄၅ သန်းနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒီတိုက်စစ်မှူး ၂ ဦးစလုံးဟာ ယခုရာသီအစမှာ သက်ဆိုင်ရာအသင်းတွေအတွက် ကြယ်ပွင့်ကစားသမားတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ၁၈ မှတ်နဲ့အတူ ထိပ်ဆုံးကနေ ရပ်တည်နေတာကြောင့် ပိုမို ကောင်းမွန်တဲ့ရာသီအစကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အက်စတန် ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟောက လက်ရှိမှာတော့ ဂျေဆူးစ်ကို ဘာကြောင့် နွေရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုလို့ သတ်မှတ်ခဲ့ရလဲဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်းကို ရှင်းလင်းလိုက်တာဖြစ်ပါတယ်။

“ကျွန်တော့်အတွက် အကောင်းဆုံးခေါ်ယူမှုက ဂျေဆူးစ်ပဲ။ ဟာလန်းကလည်း အရမ်းထူးချွန်ခဲ့ပါတယ်။ ဒါပေမယ့် စီးတီးက ဟာလန်းမပါဘဲ အမြဲတမ်း ကောင်းကောင်း လုပ်နိုင်ခဲ့ပြီး ဟာလန်းမပါဘဲ ထူးခြားတဲ့ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်”

“ဂါဘရီယဲလ် ဂျေဆူးစ်က အာဆင်နယ်ကို တစ်ခုခုဖြစ်သွားအောင် ပြောင်းလဲပေးခဲ့တာပါ။ သူတို့မှာ အခုဆိုရင် နောက်ခံကစားသမားတွေကို ဖိအားပေးနေတဲ့အချိန်မှာ အားအားယားယားမနေတဲ့ တိုက်စစ်မှူးတစ်ယောက် ရှိနေပြီ”

အဘွန်လဟောက မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းအနေနဲ့ ရွှေဖိနပ်ဆုကို ရရှိလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဟာလန်းကို ကြည့်လိုက်တော့ သူက ပွဲကောင်းတစ်ပွဲ မဖြစ်တဲ့အချိန်မှာတောင်မှ လေထဲကို ခုန်ပျံပြီး တစ်ချက်ထိရုံနဲ့ ဂိုးကန်သွင်းနိုင်ခဲ့တယ်။ သူက မတူညီတဲ့ ဂြိုဟ်ပေါ်က သူလိုမျိုးပါ”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂက္ဘီ အဘြန္လေဟာက အာဆင္နယ္ရဲ႕ ဂါဘရီယဲလ္ ေဂ်ဆူးစ္ကို ေခၚယူႏိုင္မႈက မန္စီးတီးရဲ႕ ေဒါ့မြန္ကေန အာလင္း ဟာလန္းကို ေခၚယူႏိုင္မႈထက္ ပိုမိုေကာင္းမြန္တဲ့ ေခၚယူမႈျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ မန္ခ်က္စတာစီးတီးအသင္းက ေဒါ့မြန္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၅၁ သန္းကို ေပးေခ်ခဲ့ၿပီးေနာက္ အစ္တီဟတ္ကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။

ေဂ်ဆူးစ္ကလည္း မန္ခ်က္စတာမွာ ေအာင္ျမင္တဲ့ ကစားသမားဘဝ ၅ ႏွစ္တာကို ျဖတ္သန္းခဲ့ၿပီးေနာက္ ေပါင္ ၄၅ သန္းနဲ႔ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ဒီတိုက္စစ္မႉး ၂ ဦးစလုံးဟာ ယခုရာသီအစမွာ သက္ဆိုင္ရာအသင္းေတြအတြက္ ၾကယ္ပြင့္ကစားသမားေတြျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းက လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ရမွတ္ ၁၈ မွတ္နဲ႔အတူ ထိပ္ဆုံးကေန ရပ္တည္ေနတာေၾကာင့္ ပိုမို ေကာင္းမြန္တဲ့ရာသီအစကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ အက္စတန္ ဗီလာတိုက္စစ္မႉးေဟာင္း အဘြန္လေဟာက လက္ရွိမွာေတာ့ ေဂ်ဆူးစ္ကို ဘာေၾကာင့္ ေႏြရာသီရဲ႕ အေကာင္းဆုံးေခၚယူမႈလို႔ သတ္မွတ္ခဲ့ရလဲဆိုတဲ့ ေနာက္ကြယ္က အေၾကာင္းအရင္းကို ရွင္းလင္းလိုက္တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္အတြက္ အေကာင္းဆုံးေခၚယူမႈက ေဂ်ဆူးစ္ပဲ။ ဟာလန္းကလည္း အရမ္းထူးခြၽန္ခဲ့ပါတယ္။ ဒါေပမယ့္ စီးတီးက ဟာလန္းမပါဘဲ အၿမဲတမ္း ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ၿပီး ဟာလန္းမပါဘဲ ထူးျခားတဲ့ဂိုးေတြ သြင္းယူႏိုင္ခဲ့ပါတယ္”

“ဂါဘရီယဲလ္ ေဂ်ဆူးစ္က အာဆင္နယ္ကို တစ္ခုခုျဖစ္သြားေအာင္ ေျပာင္းလဲေပးခဲ့တာပါ။ သူတို႔မွာ အခုဆိုရင္ ေနာက္ခံကစားသမားေတြကို ဖိအားေပးေနတဲ့အခ်ိန္မွာ အားအားယားယားမေနတဲ့ တိုက္စစ္မႉးတစ္ေယာက္ ရွိေနၿပီ”

အဘြန္လေဟာက မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းအေနနဲ႔ ေ႐ႊဖိနပ္ဆုကို ရရွိလိမ့္မယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ “ကြၽန္ေတာ္ ဟာလန္းကို ၾကည့္လိုက္ေတာ့ သူက ပြဲေကာင္းတစ္ပြဲ မျဖစ္တဲ့အခ်ိန္မွာေတာင္မွ ေလထဲကို ခုန္ပ်ံၿပီး တစ္ခ်က္ထိ႐ုံနဲ႔ ဂိုးကန္သြင္းႏိုင္ခဲ့တယ္။ သူက မတူညီတဲ့ ၿဂိဳဟ္ေပၚက သူလိုမ်ိဳးပါ”လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.