International Match Report

စိုးရိမ်စရာပုံစံနဲ့ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကို လွယ်လွယ်ပဲ အနိုင်ယူတဲ့ အဲရစ်ဆန်ရဲ့ ဒိန်းမတ်

ဒိန်းမတ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရှမိုက်ကယ်၊ ခံစစ်မှာ အန်ဒါဆန်၊ အန်ဒရီးယက်စ် ခရစ္စတင်ဆန်၊ ရက်စ်မတ်စ် ခရစ္စတင်ဆန်နဲ့ မေလာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ ဒီလေးနီနဲ့ အဲရစ်ဆန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဒိုးလ်ဘာ့ဂ်၊ ဒမ်းစ်ဂါ့ဒ်နဲ့ စကော့ဗ် အော်လ်ဆန်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ပြင်သစ်အသင်းကတော့ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ ဆာလီဘာ၊ အူပါမီကာနိုနဲ့ ဘာဒီယာရှီးလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ချွာမင်နီ၊ ကာမာဗင်ဂါ၊ ပါဗတ်နဲ့ ဖယ်လွန် မန်ဒီတို့ကို အထိုင်ခဲ့သလို တိုက်စစ်မှာတော့ ဂရစ်ဇ်မန်း၊ အမ်ဘာပေနဲ့ ဂျီရူးတို့ ကစားလာခဲ့ကြတာပါ။

ပွဲချိန် ၈ မိနစ်မှာ ဧည့်သည်တိုက်စစ်မှူး အမ်ဘာပေရဲ့ ထောင့်ကျဉ်းကန်ချက်ကို ရှမိုက်ကယ် ပုတ်ထုတ်ခဲ့ရသလို အစပိုင်းမှာ ပြင်သစ်တို့ ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့ စိုးမိုးထားခဲ့ပေမယ့် ဒိန်းမတ်နောက်တန်းကိုတော့ ကျော်ဖြတ်ဖို့ ရုန်းကန်နေခဲ့ရပြီး Creative Player တွေ မပါတဲ့ ကွင်းလယ်ကြောင့် အပိုင်အခွင့်အရေးမျိုးတွေလည်း မဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လူငယ်အများစုနဲ့ ပြင်သစ်တို့ရဲ့ ကွင်းလယ်နဲ့ ခံစစ်က သိပ်ပြီး ချီးကျူးစရာ မရှိခဲ့ချိန်မှာ ဂရစ်ဇ်မန်းတို့ရဲ့ တိုးအားနဲ့ ခြိမ်းခြောက်မှုတွေကိုပဲ ရှမိုက်ကယ် ကာကွယ်နေခဲ့ရပြီး နောက်ခံလူ မေလာရဲ့ ရှင်းထုတ်မှုက ကိုယ့်ဂိုးကိုယ်သွင်းလုနီးပါး ဖြစ်ခဲ့ပေမယ့် တိုင်ဘေးက ကပ်ထွက်သွားလို့ ဒိန်းမတ်တို့ ကံကောင်းသွားခဲ့တဲ့နောက် ပြန်လည်တိုက်စစ်ဆင်မှုတွေမှာ ဧည့်သည်တွေရဲ့ အာရုံစိုက်မှု အားနည်းပုံကိုလည်း တွေ့မြင်ခဲ့ရသေးတာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ ဒိန်းမတ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြမ်းက ရသွားတဲ့ ဒမ်းစ်ဂါ့ဒ်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ပို့ရာမှာ အဆင်သင့်မဖြစ်ခဲ့တဲ့ နောက်ခံလူ အူပါမီကာနိုရဲ့ နောက်ကနေ တိုက်စစ်မှူး ဒိုးလ်ဘာ့ဂ်က လျှောထိုးပိတ်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာ ဒိန်းမတ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ထောင့်ကန်ဘော လေးကြိမ်ဆက်တိုက်ပေးရအောင် ဆိုးရွားနေခဲ့တဲ့ လူငယ်သုံးယောက်နဲ့ ပြင်သစ်ခံစစ်ရဲ့ ဖရိုဖရဲဖြစ်နေမှုကို အခွင့်ကောင်းယူသွားနိုင်ခဲ့တဲ့ ဒီလေးနီက နောက်ပြန်ချပေးတဲ့ ဘောလုံးကို စကော့ဗ် အော်လ်ဆန်က ဧရိယာထိပ်ကနေ ကန်သွင်းယူသွားခဲ့တာပါ။

ပြင်သစ်နည်းပြ ဒေးရွှမ့်စ်ရဲ့ အသက် ၂၁ နှစ်အရွယ် ဆာလီဘာနဲ့ ဘာဒီယာရှီးလ်တို့ကို အသက် ၂၃ နှစ်ပေမယ့် အတွေ့အကြုံနည်းပြီး ပျာယာခတ်မှု များနေသေးတဲ့ အူပါမီကာနိုတို့နဲ့ ခံစစ်သုံးယောက်တန်းကို အထိုင်ချခဲ့ပြီး ဝက်စ်ဟမ်းမှာ စုတ်ပြတ်သတ်နေတဲ့ လက်စွမ်းနဲ့ ဂိုးသမား အာရီယိုးလားကို လိဂန်မှာ ပုံမှန်ဖမ်းနေတဲ့ မန်ဒန်ဒါ၊ လာဖွန့်တို့အစား ထည့်သွင်းခဲ့တာကလည်း စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းကို ဒိန်းမတ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ငပေါနှစ်ကောင်ဖြစ်နေတဲ့ ဘာဒီယာရှီးလ်နဲ့ အူပါမီကာနိုတို့ထဲက တစ်ယောက်ကို လဲရမယ့်အစား ဆက်ထားပြီး ဆာလီဘာအစား ကလော့စ်နဲ့ ကာမာဗင်ဂါအစား ဖိုဖာနာတို့ကို လဲခဲ့တာကလည်း ဒေးရွှမ့်စ်ရဲ့ ခပ်တုံးတုံး အကြံပဲဖြစ်ခဲ့ပြီး အိမ်ရှင်တွေကို ယှဉ်ပြိုင်နိုင်ဖို့တော့ အခွင့်အလမ်း ပျောက်ဆုံးစေခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ ဒိန်းမတ်တို့ လူအင်အားချွေတာသွားခဲ့သလို ပြင်သစ်တို့ကတော့ ဂရစ်ဇ်မန်း၊ မန်ဒီနဲ့ ဂျီရူးတို့အစား အန်ကွန်ကူး၊ ထူးဖတ်နဲ့ ကိုလို မူအာနီတို့ကို လဲကစားခဲ့ပေမယ့် ကလပ်အသင်းမှာ အလေးချိန်တက်နေတာကြောင့် မကစားရဘဲ ပုံစံပျက်နေတဲ့ ရှမိုက်ကယ်ကိုတောင် ရင်ခုန်အောင် မတတ်နိုင်ခဲ့ကြလို့ ကမ္ဘာ့ချန်ပီယံတို့ ကိုပင်ဟေဂင်မှာ အရှက်ကွဲခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲမှာ ပြင်သစ်ကို နှစ်ကျော့စလုံး အနိုင်ကစားနိုင်ခဲ့ပေမယ့် ခရိုအေးရှားကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့တဲ့ ဒိန်းမတ်တို့ ရမှတ် ၁၂ မှတ်သာ စုဆောင်းနိုင်ခဲ့ပြီး အုပ်စုကနေ ဆီမီးဖိုင်နယ်ကို တက်လှမ်းဖို့ကိုတော့ ရင်နာနာနဲ့ပဲ လက်လျှော့ခဲ့ရသလို အမှတ်အများဆုံးရတဲ့ ဒုတိယအသင်းအဖြစ်ပဲ ကျေနပ်ခဲ့ရပြီး ကမ္ဘာ့ချန်ပီယံကြီးတို့ကတော့ ဩစတြီးယားတို့ လိုက်ရှုံးပြီး အနစ်နာခံပေးခဲ့လို့သာ တန်းဆင်းဖို့အရေးက ဝေးခဲ့ရတာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒိန္းမတ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရွမိုက္ကယ္၊ ခံစစ္မွာ အန္ဒါဆန္၊ အန္ဒရီးယက္စ္ ခရစၥတင္ဆန္၊ ရက္စ္မတ္စ္ ခရစၥတင္ဆန္နဲ႔ ေမလာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟြိဳင္ဘယာ့ဂ္၊ ဒီေလးနီနဲ႔ အဲရစ္ဆန္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဒိုးလ္ဘာ့ဂ္၊ ဒမ္းစ္ဂါ့ဒ္နဲ႔ စေကာ့ဗ္ ေအာ္လ္ဆန္တို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ျပင္သစ္အသင္းကေတာ့ ဂိုးသမား အာရီယိုးလား၊ ခံစစ္မွာ ဆာလီဘာ၊ အူပါမီကာႏိုနဲ႔ ဘာဒီယာရွီးလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခြၽာမင္နီ၊ ကာမာဗင္ဂါ၊ ပါဗတ္နဲ႔ ဖယ္လြန္ မန္ဒီတို႔ကို အထိုင္ခဲ့သလို တိုက္စစ္မွာေတာ့ ဂရစ္ဇ္မန္း၊ အမ္ဘာေပနဲ႔ ဂ်ီ႐ူးတို႔ ကစားလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာ ဧည့္သည္တိုက္စစ္မႉး အမ္ဘာေပရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကို ရွမိုက္ကယ္ ပုတ္ထုတ္ခဲ့ရသလို အစပိုင္းမွာ ျပင္သစ္တို႔ ေဘာလုံး ပိုင္ဆိုင္မႈအသာနဲ႔ စိုးမိုးထားခဲ့ေပမယ့္ ဒိန္းမတ္ေနာက္တန္းကိုေတာ့ ေက်ာ္ျဖတ္ဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး Creative Player ေတြ မပါတဲ့ ကြင္းလယ္ေၾကာင့္ အပိုင္အခြင့္အေရးမ်ိဳးေတြလည္း မဖန္တီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လူငယ္အမ်ားစုနဲ႔ ျပင္သစ္တို႔ရဲ႕ ကြင္းလယ္နဲ႔ ခံစစ္က သိပ္ၿပီး ခ်ီးက်ဴးစရာ မရွိခဲ့ခ်ိန္မွာ ဂရစ္ဇ္မန္းတို႔ရဲ႕ တိုးအားနဲ႔ ၿခိမ္းေျခာက္မႈေတြကိုပဲ ရွမိုက္ကယ္ ကာကြယ္ေနခဲ့ရၿပီး ေနာက္ခံလူ ေမလာရဲ႕ ရွင္းထုတ္မႈက ကိုယ့္ဂိုးကိုယ္သြင္းလုနီးပါး ျဖစ္ခဲ့ေပမယ့္ တိုင္ေဘးက ကပ္ထြက္သြားလို႔ ဒိန္းမတ္တို႔ ကံေကာင္းသြားခဲ့တဲ့ေနာက္ ျပန္လည္တိုက္စစ္ဆင္မႈေတြမွာ ဧည့္သည္ေတြရဲ႕ အာ႐ုံစိုက္မႈ အားနည္းပုံကိုလည္း ေတြ႕ျမင္ခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ဒိန္းမတ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က တင္ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ျခမ္းက ရသြားတဲ့ ဒမ္းစ္ဂါ့ဒ္က ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ပို႔ရာမွာ အဆင္သင့္မျဖစ္ခဲ့တဲ့ ေနာက္ခံလူ အူပါမီကာႏိုရဲ႕ ေနာက္ကေန တိုက္စစ္မႉး ဒိုးလ္ဘာ့ဂ္က ေလွ်ာထိုးပိတ္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာ ဒိန္းမတ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ေထာင့္ကန္ေဘာ ေလးႀကိမ္ဆက္တိုက္ေပးရေအာင္ ဆိုး႐ြားေနခဲ့တဲ့ လူငယ္သုံးေယာက္နဲ႔ ျပင္သစ္ခံစစ္ရဲ႕ ဖ႐ိုဖရဲျဖစ္ေနမႈကို အခြင့္ေကာင္းယူသြားႏိုင္ခဲ့တဲ့ ဒီေလးနီက ေနာက္ျပန္ခ်ေပးတဲ့ ေဘာလုံးကို စေကာ့ဗ္ ေအာ္လ္ဆန္က ဧရိယာထိပ္ကေန ကန္သြင္းယူသြားခဲ့တာပါ။

ျပင္သစ္နည္းျပ ေဒး႐ႊမ့္စ္ရဲ႕ အသက္ ၂၁ ႏွစ္အ႐ြယ္ ဆာလီဘာနဲ႔ ဘာဒီယာရွီးလ္တို႔ကို အသက္ ၂၃ ႏွစ္ေပမယ့္ အေတြ႕အႀကဳံနည္းၿပီး ပ်ာယာခတ္မႈ မ်ားေနေသးတဲ့ အူပါမီကာႏိုတို႔နဲ႔ ခံစစ္သုံးေယာက္တန္းကို အထိုင္ခ်ခဲ့ၿပီး ဝက္စ္ဟမ္းမွာ စုတ္ျပတ္သတ္ေနတဲ့ လက္စြမ္းနဲ႔ ဂိုးသမား အာရီယိုးလားကို လိဂန္မွာ ပုံမွန္ဖမ္းေနတဲ့ မန္ဒန္ဒါ၊ လာဖြန႔္တို႔အစား ထည့္သြင္းခဲ့တာကလည္း စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

ပထမပိုင္းကို ဒိန္းမတ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ငေပါႏွစ္ေကာင္ျဖစ္ေနတဲ့ ဘာဒီယာရွီးလ္နဲ႔ အူပါမီကာႏိုတို႔ထဲက တစ္ေယာက္ကို လဲရမယ့္အစား ဆက္ထားၿပီး ဆာလီဘာအစား ကေလာ့စ္နဲ႔ ကာမာဗင္ဂါအစား ဖိုဖာနာတို႔ကို လဲခဲ့တာကလည္း ေဒး႐ႊမ့္စ္ရဲ႕ ခပ္တုံးတုံး အႀကံပဲျဖစ္ခဲ့ၿပီး အိမ္ရွင္ေတြကို ယွဥ္ၿပိဳင္ႏိုင္ဖို႔ေတာ့ အခြင့္အလမ္း ေပ်ာက္ဆုံးေစခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ ဒိန္းမတ္တို႔ လူအင္အားေခြၽတာသြားခဲ့သလို ျပင္သစ္တို႔ကေတာ့ ဂရစ္ဇ္မန္း၊ မန္ဒီနဲ႔ ဂ်ီ႐ူးတို႔အစား အန္ကြန္ကူး၊ ထူးဖတ္နဲ႔ ကိုလို မူအာနီတို႔ကို လဲကစားခဲ့ေပမယ့္ ကလပ္အသင္းမွာ အေလးခ်ိန္တက္ေနတာေၾကာင့္ မကစားရဘဲ ပုံစံပ်က္ေနတဲ့ ရွမိုက္ကယ္ကိုေတာင္ ရင္ခုန္ေအာင္ မတတ္ႏိုင္ခဲ့ၾကလို႔ ကမာၻ႔ခ်န္ပီယံတို႔ ကိုပင္ေဟဂင္မွာ အရွက္ကြဲခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲမွာ ျပင္သစ္ကို ႏွစ္ေက်ာ့စလုံး အႏိုင္ကစားႏိုင္ခဲ့ေပမယ့္ ခ႐ိုေအးရွားကို ႏွစ္ေက်ာ့စလုံး ရႈံးနိမ့္ခဲ့တဲ့ ဒိန္းမတ္တို႔ ရမွတ္ ၁၂ မွတ္သာ စုေဆာင္းႏိုင္ခဲ့ၿပီး အုပ္စုကေန ဆီမီးဖိုင္နယ္ကို တက္လွမ္းဖို႔ကိုေတာ့ ရင္နာနာနဲ႔ပဲ လက္ေလွ်ာ့ခဲ့ရသလို အမွတ္အမ်ားဆုံးရတဲ့ ဒုတိယအသင္းအျဖစ္ပဲ ေက်နပ္ခဲ့ရၿပီး ကမာၻ႔ခ်န္ပီယံႀကီးတို႔ကေတာ့ ဩစႀတီးယားတို႔ လိုက္ရႈံးၿပီး အနစ္နာခံေပးခဲ့လို႔သာ တန္းဆင္းဖို႔အေရးက ေဝးခဲ့ရတာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.