International Match Report

ပိုလန်ကို ယှဉ်ဖို့ လူမရှိခဲ့လို့ အားမတန် မာန်လျှော့ တန်းဆင်းခဲ့ရတဲ့ ဝေးလ်စ်

ဝေးလ်စ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဟန်နက်ဆီ၊ ခံစစ်မှာ ရိုဒန်၊ ကာဘန်ဂို၊ နော်ရင်တန်-ဒေးဗီးစ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ရောဘတ်စ်၊ နီကို ဝီလီယမ်စ်၊ လက်ဗစ်၊ မောရဲလ်တို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ ဘေးလ်၊ ဒန်ဂျိမ်းစ်နဲ့ ဘရင်နန် ဂျွန်ဆန်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ပိုလန်အသင်းကတော့ ဂိုးသမား ရှချက်စ်နီ၊ ခံစစ်မှာ ကီဗီယာ၊ ဂလစ်ခ်နဲ့ ဘက်ဒ်နာရက်ခ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ခရာဟိုဗီယက်ခ်၊ ဇူရ်ကော့ဗ်စကီး၊ ဘီရီရှင်စကီး၊ ဇာလက်စကီးနဲ့ ဇီလင်စကီးတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ လီဗန်ဒေါ့ဗ်စကီးနဲ့ ဆဗစ်ဒါစကီးတို့ကို ဦးဆောင်စေခဲ့တာပါ။

အုပ်စုတွင်း ၅ ပွဲ ကစားပြီးချိန်မှာ ၁ မှတ်သာ ရသေးတဲ့ ဝေးလ်စ်တို့အနေနဲ့ နောက်ဆုံးပွဲမှာ ပိုလန်ကို အနိုင်ကစားနိုင်ခဲ့ရင် တန်းမဆင်းရဖို့ ဖြစ်နိုင်တာကြောင့် လူစုံနီးပါး ထုတ်ကစားခဲ့ပေမယ့် ရမ်ဆေး၊ အယ်လန်၊ ဟာရီ ဝီလ်ဆန်နဲ့ အမ်ပါဒူတို့လို ကစားသမားတွေ ကွင်းလယ်မှာ မပါဝင်ခဲ့တာကြောင့် အားနည်းခဲ့ရပါတယ်။

ကာဒစ်ဖ်ကွင်းမှာ ပိုလန်တို့ပဲ ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၈ မိနစ်မှာ အခွင့်အရေးကောင်းကို ဆဗစ်ဒါစကီး အသုံးမချနိုင်ခဲ့သလို ဒန်ဂျိမ်းစ်ရဲ့ တန်ပြန်တိုက်စစ်က ကန်သွင်းမှုကိုတော့ ရှချက်စ်နီ ထောင့်ပိတ်ကာကွယ်သွားခဲ့လို့ နှစ်သင်းစလုံး ဂိုးမရခဲ့ဘဲ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဝေးလ်စ်တို့ ဘာမှ မလုပ်နိုင်ခဲ့ချိန်မှာ ပိုလန်တို့ကတော့ ပွဲချိန် ၅၇ မိနစ်မှာ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ပြီး ကွင်းလယ်က တင်ပေးလိုက်တဲ့ ဘောလုံးကို တစ်ချက်ထိနဲ့ အိမ်ရှင်ခံစစ်ကို အရူးလုပ်ပြီး ကျော်ချပေးလိုက်တဲ့ လီဗန်ဒေါ့ဗ်စကီးရဲ့ ဖန်တီးမှုကို တွဲဖက်တိုက်စစ်မှူး ဆဗစ်ဒါစကီးက ပြေးထွက်လာတဲ့ ဂိုးသမား ဟန်နက်ဆီရဲ့ ဘေးကနေ အနိမ့်ဘောကန်သွင်းပြီး ရယူသွားခဲ့တာပါ။

နည်းပြ ရောဘတ် ပေ့ချ်အတွက်တော့ အပြောင်းအလဲလုပ်စရာနဲ့ အားကိုးစရာလူ များများစားစား မရှိတာကြောင့် တိုက်စစ်မြှင့်ဖို့အတွက် အရပ်ရှည်ရှည်နဲ့ အထောင်တိုက်စစ်မှူး ကီဖာ မိုးရ်ကိုပဲ ခံစစ်က နော်ရင်တန်-ဒေးဗီးစ်နေရာမှာ ထည့်သွင်းခဲ့ရပြီး ဘရင်နန် ဂျွန်ဆန်ရဲ့ မိနစ် ၆၀ ကန်ချက်ကိုတော့ ရှချက်စနီက အကောင်းဆုံး ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘေးလ်ရဲ့ ခေါင်းတိုက်ချက် ဘားထိတာကလွဲရင် ဂိုးရနိုင်ခြေ နည်းလွန်းခဲ့တာကြောင့် ပွဲချိန်အပြည့်မှာ ပိုလန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ပြီး လာမယ့်ရာသီ နေးရှင်းလိဂ်အေမှာ ဆက်ကစားခွင့် ရသွားခဲ့ချိန်မှာ ဝေးလ်စ်တို့ကတော့ လိဂ်ဘီကို တန်းဆင်းခဲ့ရပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဝးလ္စ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဟန္နက္ဆီ၊ ခံစစ္မွာ ႐ိုဒန္၊ ကာဘန္ဂို၊ ေနာ္ရင္တန္-ေဒးဗီးစ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေရာဘတ္စ္၊ နီကို ဝီလီယမ္စ္၊ လက္ဗစ္၊ ေမာရဲလ္တို႔ကို အသုံးျပဳခဲ့ၿပီး တိုက္စစ္မွာေတာ့ ေဘးလ္၊ ဒန္ဂ်ိမ္းစ္နဲ႔ ဘရင္နန္ ဂြၽန္ဆန္တို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ပိုလန္အသင္းကေတာ့ ဂိုးသမား ရွခ်က္စ္နီ၊ ခံစစ္မွာ ကီဗီယာ၊ ဂလစ္ခ္နဲ႔ ဘက္ဒ္နာရက္ခ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခရာဟိုဗီယက္ခ္၊ ဇူရ္ေကာ့ဗ္စကီး၊ ဘီရီရွင္စကီး၊ ဇာလက္စကီးနဲ႔ ဇီလင္စကီးတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီးနဲ႔ ဆဗစ္ဒါစကီးတို႔ကို ဦးေဆာင္ေစခဲ့တာပါ။

အုပ္စုတြင္း ၅ ပြဲ ကစားၿပီးခ်ိန္မွာ ၁ မွတ္သာ ရေသးတဲ့ ေဝးလ္စ္တို႔အေနနဲ႔ ေနာက္ဆုံးပြဲမွာ ပိုလန္ကို အႏိုင္ကစားႏိုင္ခဲ့ရင္ တန္းမဆင္းရဖို႔ ျဖစ္ႏိုင္တာေၾကာင့္ လူစုံနီးပါး ထုတ္ကစားခဲ့ေပမယ့္ ရမ္ေဆး၊ အယ္လန္၊ ဟာရီ ဝီလ္ဆန္နဲ႔ အမ္ပါဒူတို႔လို ကစားသမားေတြ ကြင္းလယ္မွာ မပါဝင္ခဲ့တာေၾကာင့္ အားနည္းခဲ့ရပါတယ္။

ကာဒစ္ဖ္ကြင္းမွာ ပိုလန္တို႔ပဲ ဖိကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၈ မိနစ္မွာ အခြင့္အေရးေကာင္းကို ဆဗစ္ဒါစကီး အသုံးမခ်ႏိုင္ခဲ့သလို ဒန္ဂ်ိမ္းစ္ရဲ႕ တန္ျပန္တိုက္စစ္က ကန္သြင္းမႈကိုေတာ့ ရွခ်က္စ္နီ ေထာင့္ပိတ္ကာကြယ္သြားခဲ့လို႔ ႏွစ္သင္းစလုံး ဂိုးမရခဲ့ဘဲ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ေဝးလ္စ္တို႔ ဘာမွ မလုပ္ႏိုင္ခဲ့ခ်ိန္မွာ ပိုလန္တို႔ကေတာ့ ပြဲခ်ိန္ ၅၇ မိနစ္မွာ အဖြင့္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၿပီး ကြင္းလယ္က တင္ေပးလိုက္တဲ့ ေဘာလုံးကို တစ္ခ်က္ထိနဲ႔ အိမ္ရွင္ခံစစ္ကို အ႐ူးလုပ္ၿပီး ေက်ာ္ခ်ေပးလိုက္တဲ့ လီဗန္ေဒါ့ဗ္စကီးရဲ႕ ဖန္တီးမႈကို တြဲဖက္တိုက္စစ္မႉး ဆဗစ္ဒါစကီးက ေျပးထြက္လာတဲ့ ဂိုးသမား ဟန္နက္ဆီရဲ႕ ေဘးကေန အနိမ့္ေဘာကန္သြင္းၿပီး ရယူသြားခဲ့တာပါ။

နည္းျပ ေရာဘတ္ ေပ့ခ်္အတြက္ေတာ့ အေျပာင္းအလဲလုပ္စရာနဲ႔ အားကိုးစရာလူ မ်ားမ်ားစားစား မရွိတာေၾကာင့္ တိုက္စစ္ျမႇင့္ဖို႔အတြက္ အရပ္ရွည္ရွည္နဲ႔ အေထာင္တိုက္စစ္မႉး ကီဖာ မိုးရ္ကိုပဲ ခံစစ္က ေနာ္ရင္တန္-ေဒးဗီးစ္ေနရာမွာ ထည့္သြင္းခဲ့ရၿပီး ဘရင္နန္ ဂြၽန္ဆန္ရဲ႕ မိနစ္ ၆၀ ကန္ခ်က္ကိုေတာ့ ရွခ်က္စနီက အေကာင္းဆုံး ကာကြယ္သြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေဘးလ္ရဲ႕ ေခါင္းတိုက္ခ်က္ ဘားထိတာကလြဲရင္ ဂိုးရႏိုင္ေျခ နည္းလြန္းခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာ ပိုလန္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၿပီး လာမယ့္ရာသီ ေနးရွင္းလိဂ္ေအမွာ ဆက္ကစားခြင့္ ရသြားခဲ့ခ်ိန္မွာ ေဝးလ္စ္တို႔ကေတာ့ လိဂ္ဘီကို တန္းဆင္းခဲ့ရၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.