International

Right Person ဆိုတာ RS တွေမှာပဲ ကောင်းပေမယ့် သူပါလို့ ပြောနေဆဲ ဆောက်ဂိတ်

အချိန်တန်ရင် Right Person နဲ့ တွေ့လိမ့်မယ်… Right Person ဆိုရင် လက်မလွှတ်နဲ့လို့ ပြောတဲ့ စကားတွေက ဖေ့စ်ဘွတ်မှာ ခေတ်စားနေတာ ကြည့်လို့ သိပ်မဆိုးလှပေမယ့် အင်္ဂလန်နည်းပြ ဂါရက် ဆောက်ဂိတ်ကတော့ သူသာလျှင် လက်ရွေးစင် ပဲ့ကိုင်ရှင်ရာထူးအတွက် Right Person လို့ ပြောလိုက်တာက ပရိသတ်တွေ အော့နှလုံးနာစရာဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ်ခရီးက ဒီနှစ်မှာ စိတ်ပျက်ရွံရှာစရာဖြစ်နေခဲ့ပြီး ထိပ်တန်းအသင်းတွေသာ ပါဝင်တဲ့ League A လို့ အုပ်စု ၄ စု ပါဝင်တဲ့ ၁၆ သင်းကြားမှာ ၅ ပွဲကစားအပြီး ဒုတိယအမှတ်အနည်းဆုံးအသင်းအဖြစ် ၂ မှတ်သာ ရရှိသေးသလို ၂၀၂၂-၂၃ ရာသီမှာ ပထမဆုံး တန်းဆင်းရတဲ့ အသင်းလည်းဖြစ်လာခဲ့တာပါ။

ခြင်္သေ့သုံးကောင်တွေအနေနဲ့ ၅ ပွဲကစားရာမှာ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ၂ မှတ်သာ ရရှိခဲ့ပြီး သူ့ထက် အမှတ်နည်းတဲ့ အသင်းဖြစ်တဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ဝေးလ်စ်တို့ကတော့ ၁ မှတ်သာ ရရှိထားပေမယ့် နောက်ဆုံးပွဲ အိမ်ကွင်းမှာ ၃ မှတ်ကွာတဲ့ ပိုလန်နဲ့ တွေ့ဆုံနေလို့ အနိုင်ရရင် သူတို့တွေ တန်းမဆင်းရဘဲ လွတ်မြောက်နိုင်သေးတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ဘယ်အသင်းထက်မဆို ဆိုးရွားတဲ့ မှတ်တမ်းကတော့ ၅ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီ တစ်ဂိုးကလည်း ဟာရီကိန်းရဲ့ ပင်နယ်တီဖြစ်နေခဲ့တာက ပရိသတ်တွေကို စိတ်ပျက်စေသလို သူတို့ထက် အမှတ်နည်းပါတယ်ဆိုတဲ့ ဝေးလ်စ်တို့ကတောင် ၅ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။

ဒါကြောင့် ပရိသတ်တွေကတော့ နည်းပြ ဆောက်ဂိတ်ရဲ့ ခံစစ်အလွန်အကျွံကစားပြီး ဘာဘောလုံးအိုင်ဒီယာမှ မရှိတဲ့ ပုံစံကို စိတ်ကုန်နေကြလို့ လက်ရွေးစင်အသင်းနည်းပြ ရာထူးကနေ ကမ္ဘာ့ဖလား မစတင်ခင်မှာ နုတ်ထွက်ပေးပြီး ကာတာမှာ အသင်းကို အရှက်မခွဲဖို့ တောင်းဆိုခဲ့ကြချိန်မှာ ဒီအသံတွေကို မစ်ဒယ်ဘရော့နည်းပြဟောင်းက တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ ဒီအသင်းကို ကိုင်တွယ်ဖို့ ကိုယ့်ကိုယ်ကို Right Person လို့ ထင်တာပါပဲ။ ဒါကပဲ အသင်းအတွက် တည်ငြိမ်တဲ့ နည်းလမ်းကောင်းဖြစ်မယ်လို့ ဘာသံသယမှ မရှိဘဲ ယုံကြည်နိုင်ပါတယ်”လို့ ဒီလောက်တောင် ရလဒ်တွေနဲ့ ကစားပုံတွေက ဆိုးရွားနေတာကိုတောင် အရှက်မရှိဘဲ မျက်နှာပြောင်တိုက်ပြောကြားလိုက်တာပါ။

“ပြီးတော့ အီတလီနဲ့ပွဲက ကစားပုံကလည်း လူတွေ ထင်ကြသလို ဆိုးမနေပါဘူးဗျ။ ဒါက အာရုံဝေဝါးပြီး လွဲမှားတဲ့ ကောက်ချက်တွေက ပြီးခဲ့တဲ့ ရှုံးပွဲတွေကြောင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်”လို့ အုပ်စုတွင်းမှာ အားအနည်းဆုံးလို့ ထင်ထားတဲ့ ဟန်ဂေရီကို နှစ်ကျော့စလုံး ပက်ပက်စက်စက် ရှုံးခဲ့တဲ့ ပွဲတွေကို ဆောက်ဂိတ်က ညွှန်ပြပြီး ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

“လူငယ်တွေအနေနဲ့ ဒီပွဲတွေကနေ ကောင်းကောင်းသင်ယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အရင်တုန်းကလည်း ခြေစမ်းပွဲတွေကနေ ဒီလိုပဲ လုပ်ခဲ့ကြတာ မဟုတ်လား။ ဒီတစ်ခါတော့ ပြိုင်ပွဲအနေနဲ့ ကစားခဲ့ပြီး အရည်သွေးမြင့်မားတဲ့ ပြိုင်ဘက်က အလဲထိုးတာကို ခံလိုက်ရတာပါ။ ကစားရမယ့် ခြေအဆင့်အတန်းဟာ ဘယ်နေရာမှာ ရှိနေရမယ်ဆိုတာ ကစားသမားတွေအနေနဲ့ သိသွားပြီဖြစ်ပြီး လာမယ့်ပွဲတွေမှာ ပိုတိုးတက်အောင် လုပ်ဖို့ပဲ ရှိပါတယ်”လို့ တန်းဆင်းနည်းပြက ပြောကြားသွားခဲ့တာပါ။

အင်္ဂလန်အသင်းအနေနဲ့ လက်ရှိပုံစံ ရှက်တတ်ရင် လဲသေဖို့ ကောင်းနေသလို UEFA နေးရှင်းလိဂ်ရဲ့ လိဂ် A B C D အားလုံးမှာ တန်းဆင်းရတဲ့ အသင်းဆိုလို့ သူတို့ကလွဲရင် တစ်သင်းမှ မရှိသေးတာကလည်း ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပြီး ဘောလုံးအဖွဲ့ချုပ် FA အနေနဲ့တော့ ဒီပြဿနာအပေါ် အရေးယူဆောင်ရွက်မလား၊ အတိတ်က မစ်ဒယ်ဘရော့လောက် ကိုင်ဖူးပြီး လေကျယ်နေတဲ့ ဆောက်ဂိတ်ကို ဆက်လက်ယုံကြည်သွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အခ်ိန္တန္ရင္ Right Person နဲ႔ ေတြ႕လိမ့္မယ္… Right Person ဆိုရင္ လက္မလႊတ္နဲ႔လို႔ ေျပာတဲ့ စကားေတြက ေဖ့စ္ဘြတ္မွာ ေခတ္စားေနတာ ၾကည့္လို႔ သိပ္မဆိုးလွေပမယ့္ အဂၤလန္နည္းျပ ဂါရက္ ေဆာက္ဂိတ္ကေတာ့ သူသာလွ်င္ လက္ေ႐ြးစင္ ပဲ့ကိုင္ရွင္ရာထူးအတြက္ Right Person လို႔ ေျပာလိုက္တာက ပရိသတ္ေတြ ေအာ့ႏွလုံးနာစရာျဖစ္လာခဲ့ပါတယ္။

အဂၤလန္အသင္းရဲ႕ ေနးရွင္းလိဂ္ခရီးက ဒီႏွစ္မွာ စိတ္ပ်က္႐ြံရွာစရာျဖစ္ေနခဲ့ၿပီး ထိပ္တန္းအသင္းေတြသာ ပါဝင္တဲ့ League A လို႔ အုပ္စု ၄ စု ပါဝင္တဲ့ ၁၆ သင္းၾကားမွာ ၅ ပြဲကစားအၿပီး ဒုတိယအမွတ္အနည္းဆုံးအသင္းအျဖစ္ ၂ မွတ္သာ ရရွိေသးသလို ၂၀၂၂-၂၃ ရာသီမွာ ပထမဆုံး တန္းဆင္းရတဲ့ အသင္းလည္းျဖစ္လာခဲ့တာပါ။

ျခေသၤ့သုံးေကာင္ေတြအေနနဲ႔ ၅ ပြဲကစားရာမွာ ၂ ပြဲသေရ၊ ၃ ပြဲရႈံး၊ ၂ မွတ္သာ ရရွိခဲ့ၿပီး သူ႔ထက္ အမွတ္နည္းတဲ့ အသင္းျဖစ္တဲ့ တစ္ေျမတည္းေန တစ္ေရတည္းေသာက္ ေဝးလ္စ္တို႔ကေတာ့ ၁ မွတ္သာ ရရွိထားေပမယ့္ ေနာက္ဆုံးပြဲ အိမ္ကြင္းမွာ ၃ မွတ္ကြာတဲ့ ပိုလန္နဲ႔ ေတြ႕ဆုံေနလို႔ အႏိုင္ရရင္ သူတို႔ေတြ တန္းမဆင္းရဘဲ လြတ္ေျမာက္ႏိုင္ေသးတာျဖစ္ပါတယ္။

အဂၤလန္အသင္းအေနနဲ႔ ဘယ္အသင္းထက္မဆို ဆိုး႐ြားတဲ့ မွတ္တမ္းကေတာ့ ၅ ပြဲမွာ ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အဲ့ဒီ တစ္ဂိုးကလည္း ဟာရီကိန္းရဲ႕ ပင္နယ္တီျဖစ္ေနခဲ့တာက ပရိသတ္ေတြကို စိတ္ပ်က္ေစသလို သူတို႔ထက္ အမွတ္နည္းပါတယ္ဆိုတဲ့ ေဝးလ္စ္တို႔ကေတာင္ ၅ ပြဲမွာ ၆ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာပါ။

ဒါေၾကာင့္ ပရိသတ္ေတြကေတာ့ နည္းျပ ေဆာက္ဂိတ္ရဲ႕ ခံစစ္အလြန္အကြၽံကစားၿပီး ဘာေဘာလုံးအိုင္ဒီယာမွ မရွိတဲ့ ပုံစံကို စိတ္ကုန္ေနၾကလို႔ လက္ေ႐ြးစင္အသင္းနည္းျပ ရာထူးကေန ကမာၻ႔ဖလား မစတင္ခင္မွာ ႏုတ္ထြက္ေပးၿပီး ကာတာမွာ အသင္းကို အရွက္မခြဲဖို႔ ေတာင္းဆိုခဲ့ၾကခ်ိန္မွာ ဒီအသံေတြကို မစ္ဒယ္ဘေရာ့နည္းျပေဟာင္းက တုံ႔ျပန္လိုက္တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ကေတာ့ ဒီအသင္းကို ကိုင္တြယ္ဖို႔ ကိုယ့္ကိုယ္ကို Right Person လို႔ ထင္တာပါပဲ။ ဒါကပဲ အသင္းအတြက္ တည္ၿငိမ္တဲ့ နည္းလမ္းေကာင္းျဖစ္မယ္လို႔ ဘာသံသယမွ မရွိဘဲ ယုံၾကည္ႏိုင္ပါတယ္”လို႔ ဒီေလာက္ေတာင္ ရလဒ္ေတြနဲ႔ ကစားပုံေတြက ဆိုး႐ြားေနတာကိုေတာင္ အရွက္မရွိဘဲ မ်က္ႏွာေျပာင္တိုက္ေျပာၾကားလိုက္တာပါ။

“ၿပီးေတာ့ အီတလီနဲ႔ပြဲက ကစားပုံကလည္း လူေတြ ထင္ၾကသလို ဆိုးမေနပါဘူးဗ်။ ဒါက အာ႐ုံေဝဝါးၿပီး လြဲမွားတဲ့ ေကာက္ခ်က္ေတြက ၿပီးခဲ့တဲ့ ရႈံးပြဲေတြေၾကာင့္ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္”လို႔ အုပ္စုတြင္းမွာ အားအနည္းဆုံးလို႔ ထင္ထားတဲ့ ဟန္ေဂရီကို ႏွစ္ေက်ာ့စလုံး ပက္ပက္စက္စက္ ရႈံးခဲ့တဲ့ ပြဲေတြကို ေဆာက္ဂိတ္က ၫႊန္ျပၿပီး ရွင္းလင္းခဲ့တာျဖစ္ပါတယ္။

“လူငယ္ေတြအေနနဲ႔ ဒီပြဲေတြကေန ေကာင္းေကာင္းသင္ယူႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ အရင္တုန္းကလည္း ေျခစမ္းပြဲေတြကေန ဒီလိုပဲ လုပ္ခဲ့ၾကတာ မဟုတ္လား။ ဒီတစ္ခါေတာ့ ၿပိဳင္ပြဲအေနနဲ႔ ကစားခဲ့ၿပီး အရည္ေသြးျမင့္မားတဲ့ ၿပိဳင္ဘက္က အလဲထိုးတာကို ခံလိုက္ရတာပါ။ ကစားရမယ့္ ေျခအဆင့္အတန္းဟာ ဘယ္ေနရာမွာ ရွိေနရမယ္ဆိုတာ ကစားသမားေတြအေနနဲ႔ သိသြားၿပီျဖစ္ၿပီး လာမယ့္ပြဲေတြမွာ ပိုတိုးတက္ေအာင္ လုပ္ဖို႔ပဲ ရွိပါတယ္”လို႔ တန္းဆင္းနည္းျပက ေျပာၾကားသြားခဲ့တာပါ။

အဂၤလန္အသင္းအေနနဲ႔ လက္ရွိပုံစံ ရွက္တတ္ရင္ လဲေသဖို႔ ေကာင္းေနသလို UEFA ေနးရွင္းလိဂ္ရဲ႕ လိဂ္ A B C D အားလုံးမွာ တန္းဆင္းရတဲ့ အသင္းဆိုလို႔ သူတို႔ကလြဲရင္ တစ္သင္းမွ မရွိေသးတာကလည္း ပရိသတ္ေတြကို ေဒါသထြက္ေစခဲ့ၿပီး ေဘာလုံးအဖြဲ႕ခ်ဳပ္ FA အေနနဲ႔ေတာ့ ဒီျပႆနာအေပၚ အေရးယူေဆာင္႐ြက္မလား၊ အတိတ္က မစ္ဒယ္ဘေရာ့ေလာက္ ကိုင္ဖူးၿပီး ေလက်ယ္ေနတဲ့ ေဆာက္ဂိတ္ကို ဆက္လက္ယုံၾကည္သြားမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.