International Match Report

အုပ်စုက တက်ဖို့လုပ်နေတဲ့ စပိန်ကို နောက်က ဆွဲချပြီး ဒုက္ခပေးတဲ့ ဆွစ်ဇာလန်

စပိန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်မှာ ခံစစ်မှာ ပေါ်တောရက်စ်၊ အဲရစ် ဂါစီယာ၊ အက်ဇ်ပီလီကွေတာနဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ပက်ဒရီနဲ့ ဂါဗီတို့ ဘာစီလိုနာအတွဲကို ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ ဖယ်ရန် တောရက်စ်၊ အဆန်စီယိုနဲ့ ဆာရားဘီးယားတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ဧည့်သည် ဆွစ်ဇာလန်တို့ကတော့ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ အာကန်ဂျီ၊ အယ်လ်ဗက်ဒီ၊ ဗစ်ဒ်မာနဲ့ ရိုဒရီးရက်ဇ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ချာကာ၊ ဖရွိုင်လာနဲ့ ဂျီဘရီလ် ဆိုးတို့ကို တွဲပေးခဲ့သလို တိုက်စစ်မှာတော့ အမ်ဘိုလို၊ ဗားဂက်စ်နဲ့ ရှာကျီရီတို့ကို အသုံးပြုခဲ့တာပါ။

ပွဲစတာနဲ့ စပိန်တို့ ဘောလုံးပိုင်ဆိုင်မှုကို သိမ်းပိုက်ထိန်းချုပ်ထားခဲ့သလို ဆွစ်တို့ကတော့ အဝေးကွင်းမှာ တန်ပြန်တိုက်စစ်ပဲ ကစားဖို့ ကြိုးစားခဲ့ပြီး လျင်မြန်တဲ့ ဧည့်သည်တိုက်စစ်ကို အဲရစ် ဂါစီယာ ပါလာတဲ့ မငြိမ့်တငြိမ် စပိန်ခံစစ်က ပျာယာခတ်နေအောင် ခုခံကာကွယ်ခဲ့ရတာကြောင့် နည်းပြတွေ ဘာကြောင်တာလဲလို့ပဲ မေးရမလိုဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ ဆွစ်ဇာလန်တို့ ဦးဆောင်ဂိုးကို စတင်ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို ဗားဂက်စ်က ကန်တင်ပေးရာမှာ ဂျပုတွေများတဲ့ စပိန်ခံစစ်ကို နောက်ခံလူ အာကန်ဂျီက အလွယ်တကူပဲ ကျော်ဖြတ်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဂိုးသမား အူနိုင်း ဆီမွန် ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

စပိန်တို့ကတော့ အခွင့်အရေး ဖန်တီးမှုပိုင်းမှာလည်း အားနည်းနေခဲ့ပြီး ဆွစ်ဇာလန်တို့ ကောင်တာပေါက်တိုင်းနဲ့ ထောင့်ကန်ဘောရတိုင်းမှာ အသေအလဲကာကွယ်နေခဲ့ရတာတော့ အသင်းကြီးနဲ့ မတူဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့ပြီး ပထမပိုင်းမှာတော့ ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပါတယ်။

ကွင်းလယ်မှာ ဆရာကြီးတွေနဲ့ ကစားနိုင်ရင် လုံလောက်ပြီဆိုပြီး ခံစစ်ကို ဂရုမစိုက်ခြင်း ပြဿနာက စပိန်သားနည်းပြတွေကြားမှာ အတော်လေး တွေ့မြင်နေရတဲ့ ကိစ္စလည်းဖြစ်ပြီး ဒီရာသီမှာ ဘာစီလိုနာနည်းပြ ဇာဗီနဲ့အတူ သူနဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက် လူးဝစ် အန်ရီကေးကလည်း ဒီအချိုး လိုက်ချိုးလာခဲ့တာကြောင့် ဆွစ်ဇာလန်ရဲ့ လျင်မြန်ကြံ့ခိုင်တဲ့ တိုက်စစ်မှာ ရုန်းကန်နေခဲ့ရတာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ စပိန်တို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အဆန်စီယိုရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ဆွဲပြေးလာပြီး ဘယ်ခြမ်းကို ခင်းပေးရာမှာ နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာက ဧရိယာထဲအထိ ဝင်ရောက်ပြီးမှ အပြင်းကန်သွင်း ရယူသွားနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

စပိန်တို့ရဲ့ နောက်ကနေ ပြန်လာနိုင်ဖို့ မျှော်လင့်ချက်ကတော့ သုံးမိနစ်သာ ခံလိုက်ပြီး ပွဲချိန် ၅၈ မိနစ်မှာ ဆွစ်ဇာလန်တို့ နောက်ထပ် တစ်ဂိုး ထပ်မံရယူသွားခဲ့ပြန်သလို ဒီဂိုးကိုတော့ အိမ်ရှင်တွေ တစိမ့်စိမ့်တုန်အောင် ကြောက်နေရတဲ့ ထောင့်ကန်ဘောကနေပဲ ဗားဂက်စ်တင်ပေးတာကို အာကန်ဂျီက နောက်ပေါက်နဲ့ ချပေးရာမှာ တိုက်စစ်မှူး အမ်ဘိုလိုက အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ ဧည့်သည်တွေ ပြန်လည်ဦးဆောင်ခဲ့တာပါ။

အိမ်ကွင်းမှာ အဝုန်းခံလိုက်ရပြန်တဲ့ စပိန်တို့အနေနဲ့ ခြေစွမ်းမပြနိုင်တဲ့ ဖယ်ရန် တောရက်စ်၊ ဆာရားဘီးယား၊ အဆန်စီယို၊ ပက်ဒရီနဲ့ အက်ဇ်ပီလီကွေတာတို့အစား ပီနို၊ ဘော်ဟာ အီလီဆီယာ့စ်၊ နီကို ဝီလီယမ်စ်၊ ယော်ရန်တေနဲ့ ကားလို့စ် ဆိုလာတို့ကို လဲကစားသွားခဲ့ပြီး ဆွစ်တို့ဘက်ကတော့ ရိုဒရီးရက်ဇ်၊ ဆိုး၊ ရှာကျီရီ၊ ဗားဂက်စ်နဲ့ အမ်ဘိုလိုတို့အစား စတက်ဖင်၊ ဇာကာရီးယား၊ အန်ဒိုယီ၊ အယ်ဘစ်ရှာနဲ့ ဆာဖာရိုဗစ်ချ်တို့ကို ထည့်ပြီး ပွဲကို ထိန်းသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ စပိန်တို့ ဖိကစားခဲ့ပေမယ့် လက်စွမ်းပြနေတဲ့ ဂိုးသမား ဆွမ်းမားနဲ့ ဆွစ်ဇာလန်ခံစစ်ကို မကျော်ခဲ့သလို တိုက်စစ်ပိုင်းက အတွေ့အကြုံနုတဲ့ လူငယ်တွေကလည်း တစ်ဖက်က ဝါရင့်ခံစစ်မှူးတွေရဲ့ ပညာသားပါပါ အနိုင်ကျင့်တာခံဖို့ပဲဖြစ်နေခဲ့တာကြောင့် ပွဲချိန်အပြည့်မှာတော့ ဧည့်သည်တွေက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြတာပါ။

အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ စပိန်တို့အနေနဲ့ ဒီပွဲမတိုင်ခင်အထိ ရှုံးပွဲမရှိ ကစားနိုင်ခဲ့သလို အုပ်စု(၂)ကို ဦးဆောင်ထားနိုင်ခဲ့မှုကနေ ဒုတိယနေရာကို ၈ မှတ်နဲ့ ဆင်းပေးလိုက်ရပြီး ပေါ်တူဂီတို့ ကျော်တက်ခြင်းကို ခွင့်ပြုလိုက်ရသလို တန်းမဆင်းဖို့ ရုန်းနေတဲ့ ဆွစ်ဇာလန်တို့ကြောင့် ဒုက္ခရောက်ခဲ့ရပြီး နောက်ဆုံးပွဲကို ပေါ်တူဂီနဲ့ အဝေးကွင်းမှာ ကစားရမှာဖြစ်တာကြောင့် ဆီမီးတက်ဖို့ ခက်ခဲတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပိန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အူႏိုင္း ဆီမြန္၊ ခံစစ္မွာ ခံစစ္မွာ ေပၚေတာရက္စ္၊ အဲရစ္ ဂါစီယာ၊ အက္ဇ္ပီလီေကြတာနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ပက္ဒရီနဲ႔ ဂါဗီတို႔ ဘာစီလိုနာအတြဲကို ခင္းက်င္းခဲ့သလို တိုက္စစ္မွာေတာ့ ဖယ္ရန္ ေတာရက္စ္၊ အဆန္စီယိုနဲ႔ ဆာရားဘီးယားတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ဧည့္သည္ ဆြစ္ဇာလန္တို႔ကေတာ့ ဂိုးသမား ဆြမ္းမား၊ ခံစစ္မွာ အာကန္ဂ်ီ၊ အယ္လ္ဗက္ဒီ၊ ဗစ္ဒ္မာနဲ႔ ႐ိုဒရီးရက္ဇ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခ်ာကာ၊ ဖ႐ြိဳင္လာနဲ႔ ဂ်ီဘရီလ္ ဆိုးတို႔ကို တြဲေပးခဲ့သလို တိုက္စစ္မွာေတာ့ အမ္ဘိုလို၊ ဗားဂက္စ္နဲ႔ ရွာက်ီရီတို႔ကို အသုံးျပဳခဲ့တာပါ။

ပြဲစတာနဲ႔ စပိန္တို႔ ေဘာလုံးပိုင္ဆိုင္မႈကို သိမ္းပိုက္ထိန္းခ်ဳပ္ထားခဲ့သလို ဆြစ္တို႔ကေတာ့ အေဝးကြင္းမွာ တန္ျပန္တိုက္စစ္ပဲ ကစားဖို႔ ႀကိဳးစားခဲ့ၿပီး လ်င္ျမန္တဲ့ ဧည့္သည္တိုက္စစ္ကို အဲရစ္ ဂါစီယာ ပါလာတဲ့ မၿငိမ့္တၿငိမ္ စပိန္ခံစစ္က ပ်ာယာခတ္ေနေအာင္ ခုခံကာကြယ္ခဲ့ရတာေၾကာင့္ နည္းျပေတြ ဘာေၾကာင္တာလဲလို႔ပဲ ေမးရမလိုျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ဆြစ္ဇာလန္တို႔ ဦးေဆာင္ဂိုးကို စတင္ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို ဗားဂက္စ္က ကန္တင္ေပးရာမွာ ဂ်ပုေတြမ်ားတဲ့ စပိန္ခံစစ္ကို ေနာက္ခံလူ အာကန္ဂ်ီက အလြယ္တကူပဲ ေက်ာ္ျဖတ္ၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ဂိုးသမား အူႏိုင္း ဆီမြန္ ဘာမွ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာပါ။

စပိန္တို႔ကေတာ့ အခြင့္အေရး ဖန္တီးမႈပိုင္းမွာလည္း အားနည္းေနခဲ့ၿပီး ဆြစ္ဇာလန္တို႔ ေကာင္တာေပါက္တိုင္းနဲ႔ ေထာင့္ကန္ေဘာရတိုင္းမွာ အေသအလဲကာကြယ္ေနခဲ့ရတာေတာ့ အသင္းႀကီးနဲ႔ မတူဘဲ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနခဲ့ၿပီး ပထမပိုင္းမွာေတာ့ ဧည့္သည္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကပါတယ္။

ကြင္းလယ္မွာ ဆရာႀကီးေတြနဲ႔ ကစားႏိုင္ရင္ လုံေလာက္ၿပီဆိုၿပီး ခံစစ္ကို ဂ႐ုမစိုက္ျခင္း ျပႆနာက စပိန္သားနည္းျပေတြၾကားမွာ အေတာ္ေလး ေတြ႕ျမင္ေနရတဲ့ ကိစၥလည္းျဖစ္ၿပီး ဒီရာသီမွာ ဘာစီလိုနာနည္းျပ ဇာဗီနဲ႔အတူ သူနဲ႔ တစ္ေျမတည္းေန တစ္ေရတည္းေသာက္ လူးဝစ္ အန္ရီေကးကလည္း ဒီအခ်ိဳး လိုက္ခ်ိဳးလာခဲ့တာေၾကာင့္ ဆြစ္ဇာလန္ရဲ႕ လ်င္ျမန္ႀကံ့ခိုင္တဲ့ တိုက္စစ္မွာ ႐ုန္းကန္ေနခဲ့ရတာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ စပိန္တို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန အဆန္စီယိုရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဆြဲေျပးလာၿပီး ဘယ္ျခမ္းကို ခင္းေပးရာမွာ ေနာက္ခံလူ ေဂ်ာ္ဒီ အယ္လ္ဘာက ဧရိယာထဲအထိ ဝင္ေရာက္ၿပီးမွ အျပင္းကန္သြင္း ရယူသြားႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

စပိန္တို႔ရဲ႕ ေနာက္ကေန ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ကေတာ့ သုံးမိနစ္သာ ခံလိုက္ၿပီး ပြဲခ်ိန္ ၅၈ မိနစ္မွာ ဆြစ္ဇာလန္တို႔ ေနာက္ထပ္ တစ္ဂိုး ထပ္မံရယူသြားခဲ့ျပန္သလို ဒီဂိုးကိုေတာ့ အိမ္ရွင္ေတြ တစိမ့္စိမ့္တုန္ေအာင္ ေၾကာက္ေနရတဲ့ ေထာင့္ကန္ေဘာကေနပဲ ဗားဂက္စ္တင္ေပးတာကို အာကန္ဂ်ီက ေနာက္ေပါက္နဲ႔ ခ်ေပးရာမွာ တိုက္စစ္မႉး အမ္ဘိုလိုက အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့လို႔ ဧည့္သည္ေတြ ျပန္လည္ဦးေဆာင္ခဲ့တာပါ။

အိမ္ကြင္းမွာ အဝုန္းခံလိုက္ရျပန္တဲ့ စပိန္တို႔အေနနဲ႔ ေျခစြမ္းမျပႏိုင္တဲ့ ဖယ္ရန္ ေတာရက္စ္၊ ဆာရားဘီးယား၊ အဆန္စီယို၊ ပက္ဒရီနဲ႔ အက္ဇ္ပီလီေကြတာတို႔အစား ပီႏို၊ ေဘာ္ဟာ အီလီဆီယာ့စ္၊ နီကို ဝီလီယမ္စ္၊ ေယာ္ရန္ေတနဲ႔ ကားလို႔စ္ ဆိုလာတို႔ကို လဲကစားသြားခဲ့ၿပီး ဆြစ္တို႔ဘက္ကေတာ့ ႐ိုဒရီးရက္ဇ္၊ ဆိုး၊ ရွာက်ီရီ၊ ဗားဂက္စ္နဲ႔ အမ္ဘိုလိုတို႔အစား စတက္ဖင္၊ ဇာကာရီးယား၊ အန္ဒိုယီ၊ အယ္ဘစ္ရွာနဲ႔ ဆာဖာ႐ိုဗစ္ခ်္တို႔ကို ထည့္ၿပီး ပြဲကို ထိန္းသြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ စပိန္တို႔ ဖိကစားခဲ့ေပမယ့္ လက္စြမ္းျပေနတဲ့ ဂိုးသမား ဆြမ္းမားနဲ႔ ဆြစ္ဇာလန္ခံစစ္ကို မေက်ာ္ခဲ့သလို တိုက္စစ္ပိုင္းက အေတြ႕အႀကဳံႏုတဲ့ လူငယ္ေတြကလည္း တစ္ဖက္က ဝါရင့္ခံစစ္မႉးေတြရဲ႕ ပညာသားပါပါ အႏိုင္က်င့္တာခံဖို႔ပဲျဖစ္ေနခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာေတာ့ ဧည့္သည္ေတြက ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၾကတာပါ။

အိမ္ကြင္းမွာ အရႈံးေပးခဲ့ရတဲ့ စပိန္တို႔အေနနဲ႔ ဒီပြဲမတိုင္ခင္အထိ ရႈံးပြဲမရွိ ကစားႏိုင္ခဲ့သလို အုပ္စု(၂)ကို ဦးေဆာင္ထားႏိုင္ခဲ့မႈကေန ဒုတိယေနရာကို ၈ မွတ္နဲ႔ ဆင္းေပးလိုက္ရၿပီး ေပၚတူဂီတို႔ ေက်ာ္တက္ျခင္းကို ခြင့္ျပဳလိုက္ရသလို တန္းမဆင္းဖို႔ ႐ုန္းေနတဲ့ ဆြစ္ဇာလန္တို႔ေၾကာင့္ ဒုကၡေရာက္ခဲ့ရၿပီး ေနာက္ဆုံးပြဲကို ေပၚတူဂီနဲ႔ အေဝးကြင္းမွာ ကစားရမွာျဖစ္တာေၾကာင့္ ဆီမီးတက္ဖို႔ ခက္ခဲေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.