Premier League

အသက် ၂၈ နှစ်အရွယ်အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ကို ခေါ်ယူသွားမယ့် မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်က အနာဂတ် မရေမရာဖြစ်လာနေတဲ့ ဒေးဗစ် ဒဟေးယားရဲ့ နေရာမှာ အစားထိုးဖို့အတွက် အဲဗာတန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ကို ခေါ်ယူသွားဖို့ စဉ်းစားနေပြီလို့ The Telegraph က ဖော်ပြခဲ့ပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမား ဒေးဗစ် ဒဟေးယားဟာ မန်ချက်စတာယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၉ လသာ ကျန်ရှိတော့သူဖြစ်ပြီး အသင်းတာဝန်ရှိသူတွေက စပိန်ဂိုးသမားကို စာချုပ်သစ် ကမ်းလှမ်းပြီး ဆက်လက်ထိန်းသိမ်းရမလားဆိုတာကို မဆုံးဖြတ်ရသေးတာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ဂိုးသမားဟောင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကြောင့် တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ နဲ့ အသင်းမှာ လစာအမြင့်မားဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုရာသီမှာ ဒဟေးယားရဲ့ စွမ်းဆောင်ရည်ဟာ ပြစ်တင်ဝေဖန်မှုတွေ ခံနေရတာဖြစ်ပြီး သြဂုတ်လ ၁၃ ရက်နေ့က ဘရန့်တ်ဖို့ဒ်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ပေးဂိုး ၂ ဂိုးဟာ စပိန်ဂိုးသမားရဲ့ အမှားကြောင့် ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ လက်ရှိမှာတော့ ယခုရာသီကို ကောင်းမွန်တဲ့ လက်စွမ်းနဲ့ စတင်နိုင်ခဲ့တဲ့ အဲဗာတန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ကိုပဲ ခေါ်ယူဖို့အတွက် ပိုမို စိတ်ဝင်စားနေပြီဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါးရတ် ဆောက်ဂိတ်ရဲ့အင်္ဂလန်လူစာရင်းမှာ ပထမပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားပေးရလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရသူဖြစ်ပါတယ်။

ဂျော်ဒန် ပစ်ဖို့ဒ်ဟာ ယခုရာသီမှာ ၆ ပွဲ ပါဝင်ကစားပေးထားခဲ့ရာမှာ အရေးကြီးတဲ့ ကာကွယ်မှုအများအပြား ပြုလုပ်ထားနိုင်ခဲ့ပြီး ဘရန့်တ်ဖို့ဒ်၊ လီဗာပူးလ်တို့နဲ့ သရေကျခဲ့တဲ့ပွဲစဉ်တွေမှာ အကောင်းဆုံးပုံစံနဲ့ လက်စွမ်းပြ ကာကွယ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားရဲ့ ဂွတ်ဒီဆင်ပါ့ခ်က အခြေအနေကို ထိပ်တန်းအသင်း အများအပြားက အနီးကပ်စောင့်ကြည့်နေတာဖြစ်ပြီး ပစ်ဖို့ဒ်ဟာ အဲဗာတန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့်လည်း အင်္ဂလန်ငယ်မွေးခြံပေါက် ကစားသမားဖြစ်တာကြောင့် ခေါ်ယူရင် မမှားနိုင်မယ့်သူလို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ယူဆထားတာဖြစ်ပါတယ်။

ဒေးဗစ် ဒဟေးယားဟာ ၂၀၁၁ ခုနှစ်မှာ ပေါင် ၂၂.၅ သန်းနဲ့ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာပြီးကတည်းက ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်ဆိုတာ ငြင်းလို့မရဘဲ စပိန်ဂိုးသမားဟာ အသင်းအတွက် ၄၉၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၆၈ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားဟာ အိုးထရက်ဖို့ဒ်မှာ ကစားနေခဲ့တဲ့ကာလအတွင်း ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ အက်ဖ်အေ၊ လိဂ်ဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ဆာအဲလက်စ် ဖာဂူဆန်လက်ထက် ကျန်ရစ်ခဲ့တဲ့ နောက်ဆုံးကစားသမားလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဟာ အိုးထရက္ဖို႔ဒ္က အနာဂတ္ မေရမရာျဖစ္လာေနတဲ့ ေဒးဗစ္ ဒေဟးယားရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ အဲဗာတန္ဂိုးသမား ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ကို ေခၚယူသြားဖို႔ စဥ္းစားေနၿပီလို႔ The Telegraph က ေဖာ္ျပခဲ့ပါတယ္။

စပိန္လက္ေ႐ြးစင္ဂိုးသမား ေဒးဗစ္ ဒေဟးယားဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၉ လသာ က်န္ရွိေတာ့သူျဖစ္ၿပီး အသင္းတာဝန္ရွိသူေတြက စပိန္ဂိုးသမားကို စာခ်ဳပ္သစ္ ကမ္းလွမ္းၿပီး ဆက္လက္ထိန္းသိမ္းရမလားဆိုတာကို မဆုံးျဖတ္ရေသးတာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ဂိုးသမားေဟာင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေၾကာင့္ တစ္ပတ္လုပ္ခလစာ ေပါင္ ၃၅၀၀၀၀ နဲ႔ အသင္းမွာ လစာအျမင့္မားဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယခုရာသီမွာ ဒေဟးယားရဲ႕ စြမ္းေဆာင္ရည္ဟာ ျပစ္တင္ေဝဖန္မႈေတြ ခံေနရတာျဖစ္ၿပီး ၾသဂုတ္လ ၁၃ ရက္ေန႔က ဘရန႔္တ္ဖို႔ဒ္ကို ၄-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က ေပးဂိုး ၂ ဂိုးဟာ စပိန္ဂိုးသမားရဲ႕ အမွားေၾကာင့္ ခြင့္ျပဳေပးခဲ့ရတာ ျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ လက္ရွိမွာေတာ့ ယခုရာသီကို ေကာင္းမြန္တဲ့ လက္စြမ္းနဲ႔ စတင္ႏိုင္ခဲ့တဲ့ အဲဗာတန္ဂိုးသမား ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ကိုပဲ ေခၚယူဖို႔အတြက္ ပိုမို စိတ္ဝင္စားေနၿပီျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္ဂိုးသမားဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕အဂၤလန္လူစာရင္းမွာ ပထမပြဲထြက္ဂိုးသမားအျဖစ္ ပါဝင္ကစားေပးရလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရသူျဖစ္ပါတယ္။

ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ဟာ ယခုရာသီမွာ ၆ ပြဲ ပါဝင္ကစားေပးထားခဲ့ရာမွာ အေရးႀကီးတဲ့ ကာကြယ္မႈအမ်ားအျပား ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ဘရန႔္တ္ဖို႔ဒ္၊ လီဗာပူးလ္တို႔နဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္ေတြမွာ အေကာင္းဆုံးပုံစံနဲ႔ လက္စြမ္းျပ ကာကြယ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ဂိုးသမားရဲ႕ ဂြတ္ဒီဆင္ပါ့ခ္က အေျခအေနကို ထိပ္တန္းအသင္း အမ်ားအျပားက အနီးကပ္ေစာင့္ၾကည့္ေနတာျဖစ္ၿပီး ပစ္ဖို႔ဒ္ဟာ အဲဗာတန္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ရွိေနေသးေပမယ့္လည္း အဂၤလန္ငယ္ေမြးၿခံေပါက္ ကစားသမားျဖစ္တာေၾကာင့္ ေခၚယူရင္ မမွားႏိုင္မယ့္သူလို႔ ပရီးမီးယားလိဂ္ကလပ္အသင္းေတြက ယူဆထားတာျဖစ္ပါတယ္။

ေဒးဗစ္ ဒေဟးယားဟာ ၂၀၁၁ ခုႏွစ္မွာ ေပါင္ ၂၂.၅ သန္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္ရွိလာၿပီးကတည္းက ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရရွိခဲ့တယ္ဆိုတာ ျငင္းလို႔မရဘဲ စပိန္ဂိုးသမားဟာ အသင္းအတြက္ ၄၉၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၆၈ ပြဲ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္ဂိုးသမားဟာ အိုးထရက္ဖို႔ဒ္မွာ ကစားေနခဲ့တဲ့ကာလအတြင္း ပရီးမီးယားလိဂ္၊ ယူ႐ိုပါလိဂ္၊ အက္ဖ္ေအ၊ လိဂ္ဖလားေတြကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ဆာအဲလက္စ္ ဖာဂူဆန္လက္ထက္ က်န္ရစ္ခဲ့တဲ့ ေနာက္ဆုံးကစားသမားလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.