Premier League

ဘာဘာတော့ဗ်ခြေစွမ်းပြခဲ့ပေမယ့် ဒုတိယပိုင်းဂိုးတွေနဲ့ comeback ခဲ့တဲ့ လီဗာပူးလ်

ဒီမီတာ ဘာဘာတော့ဗ်ဟာ စနေနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်ဂန္တဝင်နဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တို့ရဲ့ ရန်ပုံငွေပွဲစဉ်မှာ အသင်းအတွက် လှပတဲ့သွင်းဂိုးသွင်းယူပေးပြီး ပရိသတ်တွေကို နောက်ထပ်တစ်ကြိမ် ရပ်သပ်ရှုမောစေခဲ့ပါတယ်။

ယခုအပတ်မှာ ပရီးမီးယားလိဂ် သို့မဟုတ် ချန်ပီယံရှစ်ပွဲစဉ်တွေ တစ်ပွဲမှ ကစားဖို့မရှိဘဲ ကစားသမားတွေဟာ နိုင်ငံတကာပွဲကစားနေရတာကြောင့် အခြားကစားသမားတွေအတွက်တော့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရယူနိုင်ဖို့ အချိန်ကျခဲ့တာဖြစ်ပါတယ်။ စနေနေ့ညနေက အန်းဖီးမှာ ပရိသတ်တွေ မြင်တွေ့နေကျဖြစ်တဲ့ ကစားသမားတွေကို မြင်တွေ့ခဲ့ရပြီး အချို့ကစားသမားတွေဟာ ယနေ့ခေတ်ကစားသမားအချို့ထက်တောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင်အသင်းဟာ အန်းဖီးကွင်းမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေကို လက်ခံယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ၂ သင်းစလုံးမှာ ချန်ပီယံလိဂ်ဖလားကို ၁ ကြိမ်၊ ၂ ကြိမ်၊ ၃ ကြိမ်လောက်အထိ ကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမားတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် လီဗာပူးလ်ဂန္တဝင်အသင်းမှာ ဂျာဇီ ဒူးဒက်ခ်၊ မာတင် စကာတဲလ်၊ ဇာဗီ အလွန်ဆိုတို့လို လီဗာပူးလ်ကြယ်ပွင့်ဟောင်းတွေ ပါဝင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်အသင်းဘက်မှာလည်း ကာရစ်၊ ဖလက်ချာ၊ ဂျပ် စတမ်းနဲ့ ဘာဘာတော့ဗ်လိုမျိုး ကြယ်ပွင့်ဟောင်းတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဘူဂေးရီးယားဂန္တဝင်တိုက်စစ်မှူးဟာ ကစားသမားဘဝတလျှောက်လုံး ၎င်းရဲ့ ပိုးသားလို နူးညံ့ချောမွေ့တဲ့ ဘောလုံးစွမ်းရည်ကြောင့် လူသိများခဲ့သူဖြစ်ပြီး ပထမပိုင်းမှာ အလွန်ကောင်းမွန်တဲ့ကန်ချက်နဲ့အတူ မန်ချက်စတာယူနိုက်တက်ဂန္တဝင်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မိုက်ကယ် ကားရစ် ညာတောင်ပံကနေ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဒန်နီ ပုဂျ်က ပင်နယ်တီဧရိယာထဲကို အသာအယာ ချပေးလိုက်ရာမှာ ဒီမီတာ ဘာဘာတော့ဗ်က တစ်ဝက်မြေမကျဘောကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဘာဘာတော့ဗ်ဟာ ဂန္တဝင်များ ပွဲစဉ်အတွင်း အလွန်ကောင်းမွန်တဲ့ပုံစံပြသနေခဲ့တာဖြစ်ပြီး အထိမ်းအမှတ်ပွဲစဉ်မှာ ကစားသမားဘဝ အများစုမှာ ကစားခဲ့ဖူးတဲ့ အရှိန်အဟုန်အတိုင်း ကစားပြသွားခဲ့တာ ဖြစ်ပြီး တခြားကစားသမားတွေဟာ အလားတူ မြန်နှုန်းမျိုးမရှိခဲ့တာ ဖြစ်ပါတယ်။

လျင်လျင်မြန်မြန် မရွေ့လျားနိုင်တော့တဲ့ ကစားသမားတွေအကြောင်း ပြောရမယ်ဆိုရင် ယူနိုက်တက်ဂန္တဝင်အသင်းက ရွိုင် ကီးန်လို့ ပြောရမှာဖြစ်ပြီး ဂျေမီ ကာရေဂါနဲ့ ဂရေမီ ဆောင်းနက်စ်တို့ဟာ အိမ်ရှင် လီဗာပူးလ်ဂန္တဝင်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အိုင်းရစ်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်းဟာ လူစားဝင်ကစားသမားအဖြစ် ကွင်းထဲမှာ နှေးကွေးစွာ ပြေးလွှားနေတာကို မြင်တွေ့ခဲ့ရပြီးနောက် အန်းဖီးပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဘာဘာတော့ဗ်အတွက် ကံမကောင်းစွာနဲ့ပဲ ၎င်းရဲ့ ပထမပိုင်း သွင်းဂိုးဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်အသင်းကို အနိုင်ရရှိစေဖို့ မလုံလောက်ခဲ့ဘဲ လီဗာပူးလ်ဂန္တဝင်အသင်းအတွက် မာ့ခ် ဂွန်ဇာလက်ဇ်နဲ့ ဆီနာမာ ပွန်ဂိုးလ်တို့က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပြီး အိမ်ရှင်အသင်းက အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီမီတာ ဘာဘာေတာ့ဗ္ဟာ စေနေန႔ညေနက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လီဗာပူးလ္ဂႏၲဝင္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္တို႔ရဲ႕ ရန္ပုံေငြပြဲစဥ္မွာ အသင္းအတြက္ လွပတဲ့သြင္းဂိုးသြင္းယူေပးၿပီး ပရိသတ္ေတြကို ေနာက္ထပ္တစ္ႀကိမ္ ရပ္သပ္ရႈေမာေစခဲ့ပါတယ္။

ယခုအပတ္မွာ ပရီးမီးယားလိဂ္ သို႔မဟုတ္ ခ်န္ပီယံရွစ္ပြဲစဥ္ေတြ တစ္ပြဲမွ ကစားဖို႔မရွိဘဲ ကစားသမားေတြဟာ ႏိုင္ငံတကာပြဲကစားေနရတာေၾကာင့္ အျခားကစားသမားေတြအတြက္ေတာ့ ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္မႈကို ရယူႏိုင္ဖို႔ အခ်ိန္က်ခဲ့တာျဖစ္ပါတယ္။ စေနေန႔ညေနက အန္းဖီးမွာ ပရိသတ္ေတြ ျမင္ေတြ႕ေနက်ျဖစ္တဲ့ ကစားသမားေတြကို ျမင္ေတြ႕ခဲ့ရၿပီး အခ်ိဳ႕ကစားသမားေတြဟာ ယေန႔ေခတ္ကစားသမားအခ်ိဳ႕ထက္ေတာင္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

လီဗာပူးလ္ဂႏၲဝင္အသင္းဟာ အန္းဖီးကြင္းမွာ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေတြကို လက္ခံယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ၂ သင္းစလုံးမွာ ခ်န္ပီယံလိဂ္ဖလားကို ၁ ႀကိမ္၊ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္အထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ကစားသမားေတြ ပါဝင္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ လီဗာပူးလ္ဂႏၲဝင္အသင္းမွာ ဂ်ာဇီ ဒူးဒက္ခ္၊ မာတင္ စကာတဲလ္၊ ဇာဗီ အလြန္ဆိုတို႔လို လီဗာပူးလ္ၾကယ္ပြင့္ေဟာင္းေတြ ပါဝင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္အသင္းဘက္မွာလည္း ကာရစ္၊ ဖလက္ခ်ာ၊ ဂ်ပ္ စတမ္းနဲ႔ ဘာဘာေတာ့ဗ္လိုမ်ိဳး ၾကယ္ပြင့္ေဟာင္းေတြ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ဘူေဂးရီးယားဂႏၲဝင္တိုက္စစ္မႉးဟာ ကစားသမားဘဝတေလွ်ာက္လုံး ၎ရဲ႕ ပိုးသားလို ႏူးညံ့ေခ်ာေမြ႕တဲ့ ေဘာလုံးစြမ္းရည္ေၾကာင့္ လူသိမ်ားခဲ့သူျဖစ္ၿပီး ပထမပိုင္းမွာ အလြန္ေကာင္းမြန္တဲ့ကန္ခ်က္နဲ႔အတူ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္အသင္းအတြက္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ မိုက္ကယ္ ကားရစ္ ညာေတာင္ပံကေန ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဒန္နီ ပုဂ်္က ပင္နယ္တီဧရိယာထဲကို အသာအယာ ခ်ေပးလိုက္ရာမွာ ဒီမီတာ ဘာဘာေတာ့ဗ္က တစ္ဝက္ေျမမက်ေဘာကန္သြင္းခဲ့တာျဖစ္ပါတယ္။

ဘာဘာေတာ့ဗ္ဟာ ဂႏၲဝင္မ်ား ပြဲစဥ္အတြင္း အလြန္ေကာင္းမြန္တဲ့ပုံစံျပသေနခဲ့တာျဖစ္ၿပီး အထိမ္းအမွတ္ပြဲစဥ္မွာ ကစားသမားဘဝ အမ်ားစုမွာ ကစားခဲ့ဖူးတဲ့ အရွိန္အဟုန္အတိုင္း ကစားျပသြားခဲ့တာ ျဖစ္ၿပီး တျခားကစားသမားေတြဟာ အလားတူ ျမန္ႏႈန္းမ်ိဳးမရွိခဲ့တာ ျဖစ္ပါတယ္။

လ်င္လ်င္ျမန္ျမန္ မေ႐ြ႕လ်ားႏိုင္ေတာ့တဲ့ ကစားသမားေတြအေၾကာင္း ေျပာရမယ္ဆိုရင္ ယူႏိုက္တက္ဂႏၲဝင္အသင္းက ႐ြိဳင္ ကီးန္လို႔ ေျပာရမွာျဖစ္ၿပီး ေဂ်မီ ကာေရဂါနဲ႔ ဂေရမီ ေဆာင္းနက္စ္တို႔ဟာ အိမ္ရွင္ လီဗာပူးလ္ဂႏၲဝင္အသင္းအတြက္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

အိုင္းရစ္ဂႏၲဝင္ကြင္းလယ္ကစားသမားေဟာင္းဟာ လူစားဝင္ကစားသမားအျဖစ္ ကြင္းထဲမွာ ေႏွးေကြးစြာ ေျပးလႊားေနတာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ အန္းဖီးပရိသတ္ေတြဆီကေန ေလွာင္ေျပာင္သံေတြနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ဘာဘာေတာ့ဗ္အတြက္ ကံမေကာင္းစြာနဲ႔ပဲ ၎ရဲ႕ ပထမပိုင္း သြင္းဂိုးဟာ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္အသင္းကို အႏိုင္ရရွိေစဖို႔ မလုံေလာက္ခဲ့ဘဲ လီဗာပူးလ္ဂႏၲဝင္အသင္းအတြက္ မာ့ခ္ ဂြန္ဇာလက္ဇ္နဲ႔ ဆီနာမာ ပြန္ဂိုးလ္တို႔က ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ သြင္းယူေပးႏိုင္ခဲ့ၿပီး အိမ္ရွင္အသင္းက အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.