Premier League Transfer News

23 Sep နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်တို့ အလိုရှိနေခဲ့တဲ့ ယူကရိန်းလက်ရွေးစင် တောင်ပံကစားသမား မိုက်ခေလို မူဒရစ်ခ်အတွက် ရှက်ခ်တာဒိုးနက်စ်ခ်ဘက်က ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ (ပေါင် ၄၃.၅ သန်း) သတ်မှတ်ထားတယ်လို့ အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်လိုက်ပြီး ဇန်နဝါရီမှာ ခေါ်ယူနိုင်မလား စောင့်ကြည့်ရဖို့ရှိလာ။

– အာဆင်နယ်အသင်းနဲ့ လက်ရှိအချိန်အထိ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုကို အပြီးမသတ်နိုင်သေးတဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာအနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့သင့်တယ်လို့ တိုက်တွန်းလိုက်ပြီး နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ရာဟင်းမ် စတာလင်ရဲ့ နေရာကို အစားထိုးမယ်ဆိုရင် သူနဲ့ အသင့်တော်ဆုံးပဲလို့ အင်္ဂလန်ကွင်းလယ်လူဟောင်း စတိဗ် မက်မာနာမန်က အကြံပေးသွားခဲ့။

– ဒဏ်ရာတွေ ရရှိခဲ့တာရယ်၊ နည်းပြ အာတီတာရဲ့ ကစားကွက်သစ်ကို အသားကျဖို့ လုပ်ဆောင်နေရတာရယ်ကြောင့် အရန်ခုံထိုင်နေရပေမယ့် ဦးစားပေး ညာနောက်ခံလူဖြစ်နေတဲ့ ဘန်ဝှိုက်အတွက် မိမိရဲ့ နေရာကို ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ကြောင်းလည်း အနာဂတ်မှာ ပြန်လည်လုယူသွားမယ်လူ ဂျပန်နောက်ခံလူ တာကဲဟီရို တိုမီယာစု သတိပေး။

– အသင်းရဲ့ ဒုတိယ ရာသီဝက်မှာ ပွဲကျပ်တွေကို ပိုမိုရင်ဆိုင်ရမှာဖြစ်တာကြောင့် အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ပွဲရလဒ်တွေ ပြောင်းလဲပေးနိုင်တဲ့ ကစားသမားမျိုးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အရန်ကစားသမား မားကို့စ် အဆန်စီယိုကို ဆောင်းရာသီဈေးကွက်မှာ ရရှိနိုင်ဖို့ ကြိုးစားနေ။

– အာဆင်နယ်ပရိသတ်တွေရဲ့ စိုးရိမ်မှုတစ်ခုဖြစ်တဲ့ လက်ရွေးစင်အသင်းနဲ့ သွားကစားနေတဲ့ ကီရန် တီယာနီတစ်ယောက် ပထမပွဲစဉ်မှာ ဒဏ်ရာမရဘဲ ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့ ရနေကျ ဒဏ်ရာတွေကိုတော့ အဲဗာတန်အသင်းရဲ့ ညာနောက်ခံလူ နာသန် ပက်တာဆန်က လွှဲပြောင်းရယူသွားခဲ့တာလားလို့ စိတ်သက်သာစရာနဲ့ ပြောစရာဖြစ်နေ။

– ရာသီအစမှာ ခြေစွမ်းပျောက်နေခဲ့ပေမယ့် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာတဲ့ တောင်ပံသမား ဆာကာအတွက် စာချုပ်သက်တမ်း တစ်နှစ်ခွဲ ကျန်ရှိနေသေးပေမယ့် သက်တမ်းတိုးဖို့ လုပ်ဆောင်နေရာမှာ အာဆင်နယ်ဘက်က တစ်ပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ ကမ်းလှမ်းထားပြီး မူလ လုပ်ခ ၃၃၀၀၀ ထက် လေးဆနီးပါး တိုးမြှင့်ကမ်းလှမ်းခဲ့။

– မြောက်လန်ဒန်ဒါဘီအဖြစ် လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ အာဆင်နယ်အသင်းအိမ်ကွင်း အမ်းမရိတ်မှာ လာရောက်ကစားရမယ့် တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ ဘင်ဒေးဗီးစ် ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး ဒူးအောက်က အရိုးအနည်းငယ်အက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရ။

– ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၃ ဂိုးသွင်းယူပေးထားတဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ မန်ချက်စတာစီးတီးရဲ့ ဖီးလ် ဖိုဒန်ထက် ပိုမိုကောင်းမွန်သူလို့ ကွင်းလယ်လူဟောင်း ပေါလ်မာဆန်က ချီးကျူးလိုက်ပြီး ဒီထက်ပို ခြေစွမ်းပြလိမ့်ဦးမယ်လို့ မြောက်လန်ဒန် ဒါဘီပွဲအကြို ခန့်မှန်းသွား။

– အာဆင်နယ်အသင်းက သူ့ကို အငှားချခဲ့တာအတွက် စိတ်ထဲမှာ ထိခိုက်ခံစားရတာမျိုး မရှိဘဲ ဒါဟာ သူ့ရဲ့ အရည်အသွေးတွေကို တိုးတက် ကောင်းမွန်စေဖို့ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပြီး အငှားကနေ ပြန်အလာမှာ ဒီအသင်းအတွက် ပိုကောင်းတဲ့ ရည်မှန်းချက်သစ်တွေနဲ့ ကြံ့ခိုင်သန်မာစွာ ကစားပေးနိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္တို႔ အလိုရွိေနခဲ့တဲ့ ယူကရိန္းလက္ေ႐ြးစင္ ေတာင္ပံကစားသမား မိုက္ေခလို မူဒရစ္ခ္အတြက္ ရွက္ခ္တာဒိုးနက္စ္ခ္ဘက္က ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၅၀ (ေပါင္ ၄၃.၅ သန္း) သတ္မွတ္ထားတယ္လို႔ အေျပာင္းအေ႐ႊ႕ဂု႐ု ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္လိုက္ၿပီး ဇန္နဝါရီမွာ ေခၚယူႏိုင္မလား ေစာင့္ၾကည့္ရဖို႔ရွိလာ။

– အာဆင္နယ္အသင္းနဲ႔ လက္ရွိအခ်ိန္အထိ စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈကို အၿပီးမသတ္ႏိုင္ေသးတဲ့ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေ႐ႊ႕သင့္တယ္လို႔ တိုက္တြန္းလိုက္ၿပီး နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ရာဟင္းမ္ စတာလင္ရဲ႕ ေနရာကို အစားထိုးမယ္ဆိုရင္ သူနဲ႔ အသင့္ေတာ္ဆုံးပဲလို႔ အဂၤလန္ကြင္းလယ္လူေဟာင္း စတိဗ္ မက္မာနာမန္က အႀကံေပးသြားခဲ့။

– ဒဏ္ရာေတြ ရရွိခဲ့တာရယ္၊ နည္းျပ အာတီတာရဲ႕ ကစားကြက္သစ္ကို အသားက်ဖို႔ လုပ္ေဆာင္ေနရတာရယ္ေၾကာင့္ အရန္ခုံထိုင္ေနရေပမယ့္ ဦးစားေပး ညာေနာက္ခံလူျဖစ္ေနတဲ့ ဘန္ဝႈိက္အတြက္ မိမိရဲ႕ ေနရာကို ဒီအတိုင္း လႊတ္ေပးမွာ မဟုတ္ေၾကာင္းလည္း အနာဂတ္မွာ ျပန္လည္လုယူသြားမယ္လူ ဂ်ပန္ေနာက္ခံလူ တာကဲဟီ႐ို တိုမီယာစု သတိေပး။

– အသင္းရဲ႕ ဒုတိယ ရာသီဝက္မွာ ပြဲက်ပ္ေတြကို ပိုမိုရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ပြဲရလဒ္ေတြ ေျပာင္းလဲေပးႏိုင္တဲ့ ကစားသမားမ်ိဳးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕ အရန္ကစားသမား မားကို႔စ္ အဆန္စီယိုကို ေဆာင္းရာသီေဈးကြက္မွာ ရရွိႏိုင္ဖို႔ ႀကိဳးစားေန။

– အာဆင္နယ္ပရိသတ္ေတြရဲ႕ စိုးရိမ္မႈတစ္ခုျဖစ္တဲ့ လက္ေ႐ြးစင္အသင္းနဲ႔ သြားကစားေနတဲ့ ကီရန္ တီယာနီတစ္ေယာက္ ပထမပြဲစဥ္မွာ ဒဏ္ရာမရဘဲ ေျခစြမ္းျပႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ရေနက် ဒဏ္ရာေတြကိုေတာ့ အဲဗာတန္အသင္းရဲ႕ ညာေနာက္ခံလူ နာသန္ ပက္တာဆန္က လႊဲေျပာင္းရယူသြားခဲ့တာလားလို႔ စိတ္သက္သာစရာနဲ႔ ေျပာစရာျဖစ္ေန။

– ရာသီအစမွာ ေျခစြမ္းေပ်ာက္ေနခဲ့ေပမယ့္ တျဖည္းျဖည္း ပုံမွန္ျပန္ျဖစ္လာတဲ့ ေတာင္ပံသမား ဆာကာအတြက္ စာခ်ဳပ္သက္တမ္း တစ္ႏွစ္ခြဲ က်န္ရွိေနေသးေပမယ့္ သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနရာမွာ အာဆင္နယ္ဘက္က တစ္ပတ္လုပ္ခ ေပါင္ ၁၂၅၀၀၀ ကမ္းလွမ္းထားၿပီး မူလ လုပ္ခ ၃၃၀၀၀ ထက္ ေလးဆနီးပါး တိုးျမႇင့္ကမ္းလွမ္းခဲ့။

– ေျမာက္လန္ဒန္ဒါဘီအျဖစ္ လာမယ့္ ေအာက္တိုဘာလ ၁ ရက္ေန႔မွာ အာဆင္နယ္အသင္းအိမ္ကြင္း အမ္းမရိတ္မွာ လာေရာက္ကစားရမယ့္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းမွာ အဓိက ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဘင္ေဒးဗီးစ္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာျဖစ္ၿပီး ဒူးေအာက္က အ႐ိုးအနည္းငယ္အက္တဲ့ ျပႆနာနဲ႔ ရင္ဆိုင္ေနရ။

– ဒီရာသီမွာ အာဆင္နယ္အသင္းအတြက္ ၃ ဂိုးသြင္းယူေပးထားတဲ့ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ဟာ မန္ခ်က္စတာစီးတီးရဲ႕ ဖီးလ္ ဖိုဒန္ထက္ ပိုမိုေကာင္းမြန္သူလို႔ ကြင္းလယ္လူေဟာင္း ေပါလ္မာဆန္က ခ်ီးက်ဴးလိုက္ၿပီး ဒီထက္ပို ေျခစြမ္းျပလိမ့္ဦးမယ္လို႔ ေျမာက္လန္ဒန္ ဒါဘီပြဲအႀကိဳ ခန႔္မွန္းသြား။

– အာဆင္နယ္အသင္းက သူ႔ကို အငွားခ်ခဲ့တာအတြက္ စိတ္ထဲမွာ ထိခိုက္ခံစားရတာမ်ိဳး မရွိဘဲ ဒါဟာ သူ႔ရဲ႕ အရည္အေသြးေတြကို တိုးတက္ ေကာင္းမြန္ေစဖို႔ မွန္ကန္တဲ့ လုပ္ရပ္ျဖစ္ၿပီး အငွားကေန ျပန္အလာမွာ ဒီအသင္းအတြက္ ပိုေကာင္းတဲ့ ရည္မွန္းခ်က္သစ္ေတြနဲ႔ ႀကံ့ခိုင္သန္မာစြာ ကစားေပးႏိုင္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.