Premier League

တန်ဟက်နဲ့ အာတီတာတို့အားပြိုင်ပွဲကို အလေးအနက်ခန့်မှန်းလိုက်တဲ့ ဆပ်တန်

ခရစ္စ ဆပ်တန်က ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် အရေးတကြီးရမှတ်လိုနေတဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်အတွက် ပွဲပြီးခန့်မှန်းရလဒ်ကို ဟောကိန်းထုတ်ခဲ့ပါတယ်။

အာတီတာရဲ့အသင်းက တနင်္ဂနွေနေ့ညနေမှာ အိုးထရက်ဖို့ဒ်ကို သွားပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ဘက် မန်ချက်စတာစီးတီးအပေါ်မှာ ဖိအားထပ်ပေးဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အာတီတာလက်အောက်မှာ ၃၆ ပွဲကနေ ၈၃ မှတ်အထိ ရယူထားပြီး အထင်ကြီးဖွယ်ရာသီကို ပိုင်ဆိုင်နေပေမယ့်လည်း မန်စီးတီးသာ လက်ကျန်ပွဲအားလုံးကို အနိုင်ရခဲ့ရင် ဆုဖလားနဲ့ လွဲချော်နိုင်ခြေရှိနေသေးတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရာသီပြီးဆုံးခါနီးမှာ ခြေချော်သွားခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ အဲဒီလိုမျိုး ထပ်မဖြစ်တော့ဘဲ ဝုဗ်၊ ချဲလ်ဆီး၊ စပါး၊ ဘုန်းမောက်တို့ကို ဧပြီလလယ်ကတည်းက ဆက်တိုက်အနိုင်ယူပြီး မန်စီးတီးအပေါ်မှာ ဖိအားတွေဆက်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ နောက်ဆုံးလိဂ် ၅ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အိမ်ကွင်းက ပွဲစဉ်မှာ ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေရတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ဘာအတွက်နဲ့မှ ကစားစရာသိပ်မရှိတော့ပေမယ့်လည်း မေလကုန် မန်စီးတီးနဲ့ ကစားရမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲအတွက်တော့ ပုံစံကောင်းအချို့ ပြန်လည်ရှာဖွေချင်နေမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က အာဆင်နယ်နဲ့ ပွဲမှာ အိမ်ရှင် မန်ချက်စတာယူနိုက်တက်အနေနဲ့ အဲဒီလိုပုံစံကောင်းရှာတွေ့မှာမဟုတ်ဘဲ နောက်ထပ် စိတ်ပျက်စရာရှုံးပွဲနဲ့ ကြုံရနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအနေနဲ့ အတိတ်မှာ နေထိုင်ပြီး သူတို့တွေက ဆာအဲလက်စ် ဖာဂူဆန်ခေတ်မှာပဲ ရှိနေသေးတယ်လို့ ဟန်ဆောင်နေတာကို ရပ်ဖို့လိုပါပြီ။ ပရီးမီးယားလိဂ်ခေတ်ရဲ့ ကျွန်တော့်အနှစ်သက်ဆုံးအသင်းက ဆာဂူဆန်ရဲ့ ဖလား၃လုံးတပြိုင်နက်ရခဲ့တဲ့ ၁၉၉၉ ခုနှစ်က မန်ချက်စတာယူနိုက်တက်ပါ။ အဲဒီတော့ ကျွန်တော် ယူနိုက်တက်ကို မနှစ်သက်ဘူးလို့ ထင်နေကြရင် မဟုတ်ပါဘူး။ ကျွန်တော် နှစ်သက်ပါတယ်။ အဲဒီအသင်းက ပရီးမီးယားလိဂ်မှာ မြင်ဖူးသမျှ အသင်းတွေထဲမှာလည်း အကောင်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေက အဲဒီတုန်းက အရမ်းကောင်းခဲ့တာပါ။ အခုတော့ မကောင်းတော့ပါဘူး။ သူတို့နည်းပြ အဲရစ်တန်ဟက်ဆိုရင်လည်း ရာသီကုန်ကျရင် ထွက်ဖို့များတယ်။ ကျွန်တော်တော့ အဲဒီလိုပဲ ယုံတယ်။

အာဆင်နယ်က အိုးထရက်ဖို့ဒ်မှာ သူတို့ကို ရှယ်သမလိမ့်မယ်။ မေးစရာရှိတဲ့တစ်ခုတည်းသော မေးခွန်းက ဂန်းနားတွေက သူတို့တွေရဲ့ အကောင်းဆုံးပုံစံအောက်မှာရှိနေရင်တောင်မှ နိုင်ပွဲယူနိုင်မလား၊ ခရစ်ကတ်ပွဲဂိုးရလဒ်လို ပွဲပြီးဆုံးနိုင်မလားဆိုတာပါ။ ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး ဘရူနို ဖာနန်ဒက်စ်ကို ဝေဖန်ခဲ့တုန်းက ပြောစရာရှိတာ ပြောခဲ့တယ်။ သူတို့တွေ သူ့ကို ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာတော့ အရမ်းကို သတိရနေခဲ့မှာပါ။ ယူနိုက်တက်က ဒီပွဲအတွက် ဖာနန်ဒက်စ် ပြန်ပါလာဖို့ တကယ်လိုအပ်တယ်။ ဒါပေမယ့် သူ ကြံ့ခိုင်နေရင်တောင်မှ သူတို့တွေ အနိုင်ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ခံစစ်မှာ များများပိတ်ပြီး ရသမျှ တန်ပြန်တိုက်စစ်က အခွင့်အရေးတွေကို ယူမှပဲဖြစ်မယ်။ သူတို့တွေ အာဆင်နယ်က အရမ်းကောင်းမနေဖို့လည်း ဆုတောင်းရမယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဆန့်ကျင်ဘက်ပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ဂန်းနားတွေက အလွယ်တကူပဲ ၅-၁ လောက်နဲ့ အနိုင်ရသွားမယ်လို့ မျှော်လင့်ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပုံမှန်ခြေစွမ်းရရှိနေတဲ့အသင်းဖြစ်နေပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ နောက်ဆုံးကစားခဲ့တဲ့ ၁၆ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလတုန်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခရစၥ ဆပ္တန္က ႐ုန္းကန္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲအတြက္ အေရးတႀကီးရမွတ္လိုေနတဲ့ အာဆင္နယ္တို႔ရဲ႕ပြဲစဥ္အတြက္ ပြဲၿပီးခန႔္မွန္းရလဒ္ကို ေဟာကိန္းထုတ္ခဲ့ပါတယ္။

အာတီတာရဲ႕အသင္းက တနဂၤေႏြေန႔ညေနမွာ အိုးထရက္ဖို႔ဒ္ကို သြားၿပီး ပရီးမီးယားလိဂ္ဖလားၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအေပၚမွာ ဖိအားထပ္ေပးဖို႔ ရည္မွန္းထားတာျဖစ္ပါတယ္။ အာဆင္နယ္ဟာ အာတီတာလက္ေအာက္မွာ ၃၆ ပြဲကေန ၈၃ မွတ္အထိ ရယူထားၿပီး အထင္ႀကီးဖြယ္ရာသီကို ပိုင္ဆိုင္ေနေပမယ့္လည္း မန္စီးတီးသာ လက္က်န္ပြဲအားလုံးကို အႏိုင္ရခဲ့ရင္ ဆုဖလားနဲ႔ လြဲေခ်ာ္ႏိုင္ေျခရွိေနေသးတာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ရာသီၿပီးဆုံးခါနီးမွာ ေျခေခ်ာ္သြားခဲ့ေပမယ့္လည္း ဒီရာသီမွာေတာ့ အဲဒီလိုမ်ိဳး ထပ္မျဖစ္ေတာ့ဘဲ ဝုဗ္၊ ခ်ဲလ္ဆီး၊ စပါး၊ ဘုန္းေမာက္တို႔ကို ဧၿပီလလယ္ကတည္းက ဆက္တိုက္အႏိုင္ယူၿပီး မန္စီးတီးအေပၚမွာ ဖိအားေတြဆက္ေပးထားႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ေနာက္ဆုံးလိဂ္ ၅ ပြဲမွာ ၁ ပြဲသာ ႏိုင္ပြဲရခဲ့ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္အိမ္ကြင္းက ပြဲစဥ္မွာ ၄-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

အမွတ္ေပးဇယား အဆင့္ ၈ ေနရာမွာ ရပ္တည္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္မွာ ဘာအတြက္နဲ႔မွ ကစားစရာသိပ္မရွိေတာ့ေပမယ့္လည္း ေမလကုန္ မန္စီးတီးနဲ႔ ကစားရမယ့္ အက္ဖ္ေအဖလားဗိုလ္လုပြဲအတြက္ေတာ့ ပုံစံေကာင္းအခ်ိဳ႕ ျပန္လည္ရွာေဖြခ်င္ေနမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း ခရစၥ ဆပ္တန္က အာဆင္နယ္နဲ႔ ပြဲမွာ အိမ္ရွင္ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ အဲဒီလိုပုံစံေကာင္းရွာေတြ႕မွာမဟုတ္ဘဲ ေနာက္ထပ္ စိတ္ပ်က္စရာရႈံးပြဲနဲ႔ ႀကဳံရႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ အတိတ္မွာ ေနထိုင္ၿပီး သူတို႔ေတြက ဆာအဲလက္စ္ ဖာဂူဆန္ေခတ္မွာပဲ ရွိေနေသးတယ္လို႔ ဟန္ေဆာင္ေနတာကို ရပ္ဖို႔လိုပါၿပီ။ ပရီးမီးယားလိဂ္ေခတ္ရဲ႕ ကြၽန္ေတာ့္အႏွစ္သက္ဆုံးအသင္းက ဆာဂူဆန္ရဲ႕ ဖလား၃လုံးတၿပိဳင္နက္ရခဲ့တဲ့ ၁၉၉၉ ခုႏွစ္က မန္ခ်က္စတာယူႏိုက္တက္ပါ။ အဲဒီေတာ့ ကြၽန္ေတာ္ ယူႏိုက္တက္ကို မႏွစ္သက္ဘူးလို႔ ထင္ေနၾကရင္ မဟုတ္ပါဘူး။ ကြၽန္ေတာ္ ႏွစ္သက္ပါတယ္။ အဲဒီအသင္းက ပရီးမီးယားလိဂ္မွာ ျမင္ဖူးသမွ် အသင္းေတြထဲမွာလည္း အေကာင္းဆုံးအသင္းျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔ေတြက အဲဒီတုန္းက အရမ္းေကာင္းခဲ့တာပါ။ အခုေတာ့ မေကာင္းေတာ့ပါဘူး။ သူတို႔နည္းျပ အဲရစ္တန္ဟက္ဆိုရင္လည္း ရာသီကုန္က်ရင္ ထြက္ဖို႔မ်ားတယ္။ ကြၽန္ေတာ္ေတာ့ အဲဒီလိုပဲ ယုံတယ္။

အာဆင္နယ္က အိုးထရက္ဖို႔ဒ္မွာ သူတို႔ကို ရွယ္သမလိမ့္မယ္။ ေမးစရာရွိတဲ့တစ္ခုတည္းေသာ ေမးခြန္းက ဂန္းနားေတြက သူတို႔ေတြရဲ႕ အေကာင္းဆုံးပုံစံေအာက္မွာရွိေနရင္ေတာင္မွ ႏိုင္ပြဲယူႏိုင္မလား၊ ခရစ္ကတ္ပြဲဂိုးရလဒ္လို ပြဲၿပီးဆုံးႏိုင္မလားဆိုတာပါ။ ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ရာထူးနဲ႔ပတ္သက္ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကို ေဝဖန္ခဲ့တုန္းက ေျပာစရာရွိတာ ေျပာခဲ့တယ္။ သူတို႔ေတြ သူ႔ကို ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာေတာ့ အရမ္းကို သတိရေနခဲ့မွာပါ။ ယူႏိုက္တက္က ဒီပြဲအတြက္ ဖာနန္ဒက္စ္ ျပန္ပါလာဖို႔ တကယ္လိုအပ္တယ္။ ဒါေပမယ့္ သူ ႀကံ့ခိုင္ေနရင္ေတာင္မွ သူတို႔ေတြ အႏိုင္ရႏိုင္မယ့္ တစ္ခုတည္းေသာ နည္းလမ္းက ခံစစ္မွာ မ်ားမ်ားပိတ္ၿပီး ရသမွ် တန္ျပန္တိုက္စစ္က အခြင့္အေရးေတြကို ယူမွပဲျဖစ္မယ္။ သူတို႔ေတြ အာဆင္နယ္က အရမ္းေကာင္းမေနဖို႔လည္း ဆုေတာင္းရမယ္။ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ဆန႔္က်င္ဘက္ပဲ ျဖစ္မယ္လို႔ ထင္ပါတယ္။ ဂန္းနားေတြက အလြယ္တကူပဲ ၅-၁ ေလာက္နဲ႔ အႏိုင္ရသြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ပုံမွန္ေျခစြမ္းရရွိေနတဲ့အသင္းျဖစ္ေနေပမယ့္လည္း အိုးထရက္ဖို႔ဒ္မွာ ေနာက္ဆုံးကစားခဲ့တဲ့ ၁၆ ပြဲမွာ ၁ ပြဲသာ ႏိုင္ပြဲရခဲ့ၿပီး ၂၀၂၀ ႏိုဝင္ဘာလတုန္းက ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.