Premier League

သရဲနီတွေနဲ့ ဆင်ပျံကြီး၊ ဗီလာနဲ့ ကြိုးကြာနီတို့ပွဲတွေ ပါဝင်တဲ့ ပေါလ် မာဆန်ရဲ့ EPL ပွဲစဉ် ၃၇ ခန့်မှန်းချက်များ

ဖူလ်ဟမ်-မန်စီးတီး

ဒီပွဲက အာဆင်နယ်အတွက် နောက်ဆုံးအခွင့်အရေးလို့ မြင်မိမှာပါ။ စပါးနဲ့ ဝက်စ်ဟမ်းတို့က ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတယ်။ အဲဒီတော့ မန်ချက်စတာစီးတီးအတွက် အခက်ခဲဆုံးဖြစ်လာနိုင်တာ ဒီပွဲပဲ ဒါပေမယ့်လည်း ဖူဟမ်လ်အနေနဲ့ ခါချဉ်ကောင် မန်ကြီးသလိုသာဖြစ်နေမှာ ဖြစ်ပြီး မန်စီးတီးတောင်ကြီးကို ဖြိုနိုင်မှာ မဟုတ်တဲ့အတွက် မန်စီးတီးနိုင်ပွဲကလွဲပြီး ကျွန်တော် ဘာမှမမြင်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၁-၃)

အဲဗာတန်-ရှက်ဖီး

ဒီပွဲက အဲဗာတန်အတွက် ရာသီကုန်ပိုင်းမှာ ချစ်စရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ သူတို့တွေ တော်တော်လေး လွယ်လွယ်ကူကူနဲ့ နိုင်ပွဲရလိမ့်မယ်လို့ ထင်တယ်။ သူတို့တွေ အရင်အပတ်တွေတုန်းက တန်းဆင်းဇုန်တိုက်ပွဲကနေ လွတ်မြောက်အောင် တော်တော်ကောင်းကောင်း လုပ်ခဲ့တယ်။ ဒါပေမယ့် လာမယ့်ရာသီမှာ ဒီလိုမျိုး မကြုံစဖူး အန္တရာယ်ရှိတဲ့ အနေအထားမျိုးကို ရှောင်လွှဲနိုင်အောင် တိုးတက်အောင်လုပ်သွားရမယ်။ အဲဗာတန်မှာ တစ်ခုခုကတော့ လျင်လျင်မြန်မြန် ပြောင်းလဲနေတယ်။ ဒါပေမယ့် ရှောင်ဒိုက်ချ်က ထိပ်တန်းနည်းပြပါ။ သူက အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေအောင် ဘယ်လိုလုပ်ရမလဲဆိုတကို သိတယ်။ ရှက်ဖီးက ပြီးခဲ့တဲ့အပတ်မှာ အခွင့်အရေးတွေ လွဲပြီးရင်းလွဲပြီး ဆိုးရွားတဲ့ခံစစ်ကစားပုံကြောင့် အပြစ်ပေးခံခဲ့ရတယ်။ ဒီပွဲလည်း ဒီတိုင်းပဲဖြစ်မယ်ထင်တယ်။
ခန့်မှန်းပွဲပြီးရလဒ်(၃-၀)

ဝက်စ်ဟမ်း-လူတန်
လူတန်က ဒီပွဲကိုတော့ နိုင်မှဖြစ်မယ်။ မနိုင်ရင်တော့ တန်းဆင်းရပြီ။ သူတို့တွေ အနည်းဆုံးတော့ လာမယ့် ၂ ပွဲကနေ အနည်းဆုံး ၄ မှတ်တော့ယူနိုင်မှရမယ်။ ဝက်စ်ဟမ်းရဲ့ မကြာသေးမီက ခြေစွမ်းကျဆင်းနေတာနဲ့တော့ ကွက်တိပဲ။ ဒီပွဲက ဒေးဗစ် မိုရက်စ်အတွက် နောက်ဆုံးအိမ်ကွင်းပွဲပဲ။ သူအသင်းအတွက် လုပ်ပေးခဲ့တာတွေအားလုံးအတွက် ကောင်းမွန်တဲ့ နှုတ်ဆက်ပွဲနဲ့ ထိုက်တန်ပါတယ်။ လူတန်အတွက်လည်း ရမှတ်အချို့ရဖို့ အတွက် ကြီးမားတဲ့အခွင့်အရေးကြီးဖြစ်လာမှာပါ။
ခန့်မှန်းပွဲပြီးရလဒ်(၁-၁)

ဘုန်းမောက်-ဘရန့်တ်ဖို့ဒ်

ဘုန်းမောက်နဲ့ ဘရန့်တ်ဖို့ဒ်တို့ ၂ သင်းစလုံး အခုအချိန်မှာ အမှတ်ပေးဇယား ရပ်တည်မှုအတွက် ကစားရဖို့အပြင် တခြားမရှိပါဘူး။ အိုင်ဗန် တိုနီနဲ့ ဆိုလန်ကီတို့က သက်ဆိုင်ရာအသင်းအတွက် ကောင်းကောင်း ဦးဆောင်နိုင်ကြမှာဖြစ်ပြီး ဒီနွေရာသီမှာ စျေးကွက်ထဲမှာ ရှိနေနိုင်တယ်။ ဘရန့်တ်ဖို့ဒ်က အီဂေါ် သီယေဂိုကို တိုနီနေရာမှာ အစားထိုးဖို့အတွက် ခေါ်ပြီးပြီ။ ဆိုလန်ကီအတွက်ကတော့ အသင်းတွေက သူ့အတွက် ကြီးမားတဲ့ ငွေကြေးမပေးခင် လာမယ့်ရာသီ ဒီခြေအတိုင်းပဲ ဆက်ပြီး ပြသတာ မြင်ချင်ကြမယ်ထင်တယ်။ သူက အရည်အချင်းရှိတဲ့တိုက်စစ်မှူးဖြစ်ပြီး အရမ်းကောင်းတဲ့ရာသီကို ပိုင်ဆိုင်ခဲ့တဲ့သူပါ။
ခန့်မှန်းပွဲပြီးရလဒ်(၂-၁)

ဝုဗ်-ပဲလေ့စ်

ဝုဗ်က ဒီရာသီမှာ ဆိုးရွားတဲ့ဒဏ်ရာတွေရှိခဲ့ပြီး ပြီးခဲ့တဲ့လတွေမှာအခြေအနေဆိုးခဲ့တယ်။ ဒီလိုဆိုပေမယ့် သူတို့ရာသီက ဆိုးဆိုးရွားရွားအဆုံးသတ်မသွားစေချင်ဘူး။ ပဲလေ့စ်က မန်ယူနိုက်တက်နဲ့ပွဲမှာ အရမ်းထူးချွန်တဲ့ခြေစွမ်းပြသခဲ့ပြီး ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာပါလိမ့်မယ်။ နှစ်သင်းစလုံးကလည်း ခြေအသာရဖို့ ကြိုးစားကြမှာမို့လို့ ဂိုးတွေအများကြီးသွင်းနိုင်ပါလိမ့်မယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၂)

တော့တင်ဟမ် ဟော့စပါး-ဘန်လေ
စပါးက မန်စီးတီးကို အနိုင်ယူနိုင်မယ်လို့ မထင်ဘူး။ အဲဒီတော့ အဆင့် ၅ နေရာအတွက် ဒီပွဲက မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲဖြစ်လာပြီ။ လွန်ခဲ့တဲ့အပတ်တွေတုန်းက စပါးက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အက်စတန် ဗီလာနဲ့ ထိပ်တိုက်ရင်ဆိုင်နေခဲ့ပေမယ့် ရုတ်တရက်ပဲ သူတို့ဆက်ပြီးတော့ ရလဒ်ဆိုးနေရင် ချဲလ်ဆီးကျော်တက်တာ ခံရနိုင်တယ်။ဘန်လေကလည်း အခွင့်အရေးတွေ လွဲပြီးရင်း လွဲရင်းနဲ့ ဂိုးတွေ အများကြီးပေးခဲ့ရတယ်။ အဲဒီတော့ ဒီပွဲက စပါးနိုင်ပွဲလို့ မြင်တယ်။
ခန့်မှန်းပွဲပြီးရလဒ်(၃-၂)

နယူးကာဆယ်-ဘရိုက်တန်

ဘရိုက်တန်က အက်စတန် ဗီလာနဲ့ပွဲမှာ ရလဒ်ကောင်းရခဲ့ပေမယ့် နယူးကာဆယ်က ပုံစံကောင်းရနေပြီး ဒီရာသီကို ကောင်းမွန်တဲ့ပုံစံနဲ့ အဆုံးသတ်မယ့်ပုံပေါ်တယ်။ သူတို့ ဒီတိုင်း ဆက်လုပ်သွားနိုင်မယ်လို့ ထင်ပြီး ဒီပွဲက ကြီးမားတဲ့ အိမ်ကွင်းနိုင်ပွဲဖြစ်လာမှာပါ။
ခန့်မှန်းပွဲပြီးရလဒ်(၃-၀)

ဖောရက်စ်-ချဲလ်ဆီး

သူတို့တွေက ပိုချက်တီနို လက်အောက်မှာ မှန်းရခက်ပြီး သူတို့ဆီက ခင်ဗျား ဘာရမလဲဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး။ ဖောရက်စ်က အိမ်ကွင်းကောင်းပြီး လူတန်သာ ရလဒ်ကောင်းမရဘူးဆိုရင် သူတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ တင်ကျန်ခဲ့ဖို့ ရမှတ်တောင် မလိုတော့ပါဘူး။ ဒါပေမယ့် သူတို့ တိုက်ပွဲဝင်ဦးမှာပါ။ အဲဒီတော့ ကျွန်တော်ကတော့ သရေပဲမှန်းတယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၂)

မန်ချက်စတာယူနိုက်တက်-အာဆင်နယ်
အာဆင်နယ်ကို ဒုက္ခပေးနိုင်တာက သူတို့ရဲ့အခြေအနေအပေါ်မှာ သာယာနေတဲ့စိတ်ပဲ။ သူတို့တွေ ပဲလေ့စ်က မန်ချက်စတာယူနိုက်တက်ကို ဗျင်းသွားတာကို ကြည့်ခဲ့ရပြီး ဒီကောင်တွေ ငါတို့ကို ဘာများလုပ်နိုင်မှာလဲလို့ တွေးကောင်းတွေးနေနိုင်တယ်။ ဒါပေမယ့် အဲဒီလိုတော့ ဖြစ်လာမယ် ကျွန်တော် မထင်ဘူး။ သူတို့တွေက အခုအချိန်မှာ လေ့ကျင့်သားဝနေတဲ့အသင်းဖြစ်ပြီး ဒီပွဲကိုအနိုင်ရသင့်တယ်။ မန်ချက်စတာယူနိုက်တက်ကတော့ ပဲလေ့စ်နဲ့ပွဲမှာ ကျွန်တော် မြင်ခဲ့ရတာတောင် မယုံနိုင်ဘူး။ လူတွေက သူတို့ ဒဏ်ရာရနေလို့ဆိုပြီး ပြောကြမယ်။ ဒါပေမယ့် သူတို့ကွင်းထဲမှာ လူစုံရှိနေတယ်။ အဲဒါက လုံးဝကို တုန်လှုပ်စရာ စွမ်းဆောင်ရည်ဖြစ်ပြီး အာဆင်နယ်နဲ့ပွဲကို ဒီလိုသာ ကစားနေရင် အနည်းဆုံး ၄၊ ၅ ဂိုးလောက် ထပ်ပေးရလိမ့်မယ်။
ခန့်မှန်းပွဲပြီးရလဒ်(၁-၃)

အက်စတန် ဗီလာ-လီဗာပူးလ်

လီဗာပူးလ်က ဒီပွဲမှာ ဘာအတွက်နဲ့မှ ကစားရမှာမဟုတ်လို့ အကုန်ဖွင့်ကစားသမားသွားနိုင်ပြီး ကြည့်ကောင်းတဲ့ပွဲဖြစ်မယ်လို့ ထင်တယ်။ အက်စတန်ဗီလာက ယူရိုပါကွန်းဖရင့်လိဂ်မှာ အိုလင်ပီယာကို့စ်ကို ၂ ကျော့စလုံးရှုံးပြီး ပြုတ်ခဲ့လို့ တော်တော်လေး စိတ်ပျက်နေမှာပါ။ အူနိုင်းရဲ့ အသင်းအတွက် နောက်ထပ် စိတ်ပျက်ရမယ့် ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်(၁-၂)

SportsA2Z

Zawgyi

ဖူလ္ဟမ္-မန္စီးတီး

ဒီပြဲက အာဆင္နယ္အတြက္ ေနာက္ဆုံးအခြင့္အေရးလို႔ ျမင္မိမွာပါ။ စပါးနဲ႔ ဝက္စ္ဟမ္းတို႔က ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနတယ္။ အဲဒီေတာ့ မန္ခ်က္စတာစီးတီးအတြက္ အခက္ခဲဆုံးျဖစ္လာႏိုင္တာ ဒီပြဲပဲ ဒါေပမယ့္လည္း ဖူဟမ္လ္အေနနဲ႔ ခါခ်ဥ္ေကာင္ မန္ႀကီးသလိုသာျဖစ္ေနမွာ ျဖစ္ၿပီး မန္စီးတီးေတာင္ႀကီးကို ၿဖိဳႏိုင္မွာ မဟုတ္တဲ့အတြက္ မန္စီးတီးႏိုင္ပြဲကလြဲၿပီး ကြၽန္ေတာ္ ဘာမွမျမင္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၃)

အဲဗာတန္-ရွက္ဖီး

ဒီပြဲက အဲဗာတန္အတြက္ ရာသီကုန္ပိုင္းမွာ ခ်စ္စရာေကာင္းတဲ့ပြဲတစ္ပြဲျဖစ္လာမွာပါ။ သူတို႔ေတြ ေတာ္ေတာ္ေလး လြယ္လြယ္ကူကူနဲ႔ ႏိုင္ပြဲရလိမ့္မယ္လို႔ ထင္တယ္။ သူတို႔ေတြ အရင္အပတ္ေတြတုန္းက တန္းဆင္းဇုန္တိုက္ပြဲကေန လြတ္ေျမာက္ေအာင္ ေတာ္ေတာ္ေကာင္းေကာင္း လုပ္ခဲ့တယ္။ ဒါေပမယ့္ လာမယ့္ရာသီမွာ ဒီလိုမ်ိဳး မႀကဳံစဖူး အႏၲရာယ္ရွိတဲ့ အေနအထားမ်ိဳးကို ေရွာင္လႊဲႏိုင္ေအာင္ တိုးတက္ေအာင္လုပ္သြားရမယ္။ အဲဗာတန္မွာ တစ္ခုခုကေတာ့ လ်င္လ်င္ျမန္ျမန္ ေျပာင္းလဲေနတယ္။ ဒါေပမယ့္ ေရွာင္ဒိုက္ခ်္က ထိပ္တန္းနည္းျပပါ။ သူက အသင္းကို ပရီးမီးယားလိဂ္မွာ ဆက္ရွိေနေအာင္ ဘယ္လိုလုပ္ရမလဲဆိုတကို သိတယ္။ ရွက္ဖီးက ၿပီးခဲ့တဲ့အပတ္မွာ အခြင့္အေရးေတြ လြဲၿပီးရင္းလြဲၿပီး ဆိုး႐ြားတဲ့ခံစစ္ကစားပုံေၾကာင့္ အျပစ္ေပးခံခဲ့ရတယ္။ ဒီပြဲလည္း ဒီတိုင္းပဲျဖစ္မယ္ထင္တယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၀)

ဝက္စ္ဟမ္း-လူတန္
လူတန္က ဒီပြဲကိုေတာ့ ႏိုင္မွျဖစ္မယ္။ မႏိုင္ရင္ေတာ့ တန္းဆင္းရၿပီ။ သူတို႔ေတြ အနည္းဆုံးေတာ့ လာမယ့္ ၂ ပြဲကေန အနည္းဆုံး ၄ မွတ္ေတာ့ယူႏိုင္မွရမယ္။ ဝက္စ္ဟမ္းရဲ႕ မၾကာေသးမီက ေျခစြမ္းက်ဆင္းေနတာနဲ႔ေတာ့ ကြက္တိပဲ။ ဒီပြဲက ေဒးဗစ္ မိုရက္စ္အတြက္ ေနာက္ဆုံးအိမ္ကြင္းပြဲပဲ။ သူအသင္းအတြက္ လုပ္ေပးခဲ့တာေတြအားလုံးအတြက္ ေကာင္းမြန္တဲ့ ႏႈတ္ဆက္ပြဲနဲ႔ ထိုက္တန္ပါတယ္။ လူတန္အတြက္လည္း ရမွတ္အခ်ိဳ႕ရဖို႔ အတြက္ ႀကီးမားတဲ့အခြင့္အေရးႀကီးျဖစ္လာမွာပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၁)

ဘုန္းေမာက္-ဘရန႔္တ္ဖို႔ဒ္

ဘုန္းေမာက္နဲ႔ ဘရန႔္တ္ဖို႔ဒ္တို႔ ၂ သင္းစလုံး အခုအခ်ိန္မွာ အမွတ္ေပးဇယား ရပ္တည္မႈအတြက္ ကစားရဖို႔အျပင္ တျခားမရွိပါဘူး။ အိုင္ဗန္ တိုနီနဲ႔ ဆိုလန္ကီတို႔က သက္ဆိုင္ရာအသင္းအတြက္ ေကာင္းေကာင္း ဦးေဆာင္ႏိုင္ၾကမွာျဖစ္ၿပီး ဒီေႏြရာသီမွာ ေစ်းကြက္ထဲမွာ ရွိေနႏိုင္တယ္။ ဘရန႔္တ္ဖို႔ဒ္က အီေဂၚ သီေယဂိုကို တိုနီေနရာမွာ အစားထိုးဖို႔အတြက္ ေခၚၿပီးၿပီ။ ဆိုလန္ကီအတြက္ကေတာ့ အသင္းေတြက သူ႔အတြက္ ႀကီးမားတဲ့ ေငြေၾကးမေပးခင္ လာမယ့္ရာသီ ဒီေျခအတိုင္းပဲ ဆက္ၿပီး ျပသတာ ျမင္ခ်င္ၾကမယ္ထင္တယ္။ သူက အရည္အခ်င္းရွိတဲ့တိုက္စစ္မႉးျဖစ္ၿပီး အရမ္းေကာင္းတဲ့ရာသီကို ပိုင္ဆိုင္ခဲ့တဲ့သူပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၁)

ဝုဗ္-ပဲေလ့စ္

ဝုဗ္က ဒီရာသီမွာ ဆိုး႐ြားတဲ့ဒဏ္ရာေတြရွိခဲ့ၿပီး ၿပီးခဲ့တဲ့လေတြမွာအေျခအေနဆိုးခဲ့တယ္။ ဒီလိုဆိုေပမယ့္ သူတို႔ရာသီက ဆိုးဆိုး႐ြား႐ြားအဆုံးသတ္မသြားေစခ်င္ဘူး။ ပဲေလ့စ္က မန္ယူႏိုက္တက္နဲ႔ပြဲမွာ အရမ္းထူးခြၽန္တဲ့ေျခစြမ္းျပသခဲ့ၿပီး ဒီပြဲက ပြဲေကာင္းတစ္ပြဲျဖစ္လာပါလိမ့္မယ္။ ႏွစ္သင္းစလုံးကလည္း ေျခအသာရဖို႔ ႀကိဳးစားၾကမွာမို႔လို႔ ဂိုးေတြအမ်ားႀကီးသြင္းႏိုင္ပါလိမ့္မယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၂)

ေတာ့တင္ဟမ္ ေဟာ့စပါး-ဘန္ေလ
စပါးက မန္စီးတီးကို အႏိုင္ယူႏိုင္မယ္လို႔ မထင္ဘူး။ အဲဒီေတာ့ အဆင့္ ၅ ေနရာအတြက္ ဒီပြဲက မျဖစ္မေန အႏိုင္ကစားရမယ့္ပြဲျဖစ္လာၿပီ။ လြန္ခဲ့တဲ့အပတ္ေတြတုန္းက စပါးက ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အက္စတန္ ဗီလာနဲ႔ ထိပ္တိုက္ရင္ဆိုင္ေနခဲ့ေပမယ့္ ႐ုတ္တရက္ပဲ သူတို႔ဆက္ၿပီးေတာ့ ရလဒ္ဆိုးေနရင္ ခ်ဲလ္ဆီးေက်ာ္တက္တာ ခံရႏိုင္တယ္။ဘန္ေလကလည္း အခြင့္အေရးေတြ လြဲၿပီးရင္း လြဲရင္းနဲ႔ ဂိုးေတြ အမ်ားႀကီးေပးခဲ့ရတယ္။ အဲဒီေတာ့ ဒီပြဲက စပါးႏိုင္ပြဲလို႔ ျမင္တယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၂)

နယူးကာဆယ္-ဘ႐ိုက္တန္

ဘ႐ိုက္တန္က အက္စတန္ ဗီလာနဲ႔ပြဲမွာ ရလဒ္ေကာင္းရခဲ့ေပမယ့္ နယူးကာဆယ္က ပုံစံေကာင္းရေနၿပီး ဒီရာသီကို ေကာင္းမြန္တဲ့ပုံစံနဲ႔ အဆုံးသတ္မယ့္ပုံေပၚတယ္။ သူတို႔ ဒီတိုင္း ဆက္လုပ္သြားႏိုင္မယ္လို႔ ထင္ၿပီး ဒီပြဲက ႀကီးမားတဲ့ အိမ္ကြင္းႏိုင္ပြဲျဖစ္လာမွာပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၀)

ေဖာရက္စ္-ခ်ဲလ္ဆီး

သူတို႔ေတြက ပိုခ်က္တီႏို လက္ေအာက္မွာ မွန္းရခက္ၿပီး သူတို႔ဆီက ခင္ဗ်ား ဘာရမလဲဆိုတာ ဘယ္ေတာ့မွ မသိႏိုင္ဘူး။ ေဖာရက္စ္က အိမ္ကြင္းေကာင္းၿပီး လူတန္သာ ရလဒ္ေကာင္းမရဘူးဆိုရင္ သူတို႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ တင္က်န္ခဲ့ဖို႔ ရမွတ္ေတာင္ မလိုေတာ့ပါဘူး။ ဒါေပမယ့္ သူတို႔ တိုက္ပြဲဝင္ဦးမွာပါ။ အဲဒီေတာ့ ကြၽန္ေတာ္ကေတာ့ သေရပဲမွန္းတယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၂)

မန္ခ်က္စတာယူႏိုက္တက္-အာဆင္နယ္
အာဆင္နယ္ကို ဒုကၡေပးႏိုင္တာက သူတို႔ရဲ႕အေျခအေနအေပၚမွာ သာယာေနတဲ့စိတ္ပဲ။ သူတို႔ေတြ ပဲေလ့စ္က မန္ခ်က္စတာယူႏိုက္တက္ကို ဗ်င္းသြားတာကို ၾကည့္ခဲ့ရၿပီး ဒီေကာင္ေတြ ငါတို႔ကို ဘာမ်ားလုပ္ႏိုင္မွာလဲလို႔ ေတြးေကာင္းေတြးေနႏိုင္တယ္။ ဒါေပမယ့္ အဲဒီလိုေတာ့ ျဖစ္လာမယ္ ကြၽန္ေတာ္ မထင္ဘူး။ သူတို႔ေတြက အခုအခ်ိန္မွာ ေလ့က်င့္သားဝေနတဲ့အသင္းျဖစ္ၿပီး ဒီပြဲကိုအႏိုင္ရသင့္တယ္။ မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ပဲေလ့စ္နဲ႔ပြဲမွာ ကြၽန္ေတာ္ ျမင္ခဲ့ရတာေတာင္ မယုံႏိုင္ဘူး။ လူေတြက သူတို႔ ဒဏ္ရာရေနလို႔ဆိုၿပီး ေျပာၾကမယ္။ ဒါေပမယ့္ သူတို႔ကြင္းထဲမွာ လူစုံရွိေနတယ္။ အဲဒါက လုံးဝကို တုန္လႈပ္စရာ စြမ္းေဆာင္ရည္ျဖစ္ၿပီး အာဆင္နယ္နဲ႔ပြဲကို ဒီလိုသာ ကစားေနရင္ အနည္းဆုံး ၄၊ ၅ ဂိုးေလာက္ ထပ္ေပးရလိမ့္မယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၃)

အက္စတန္ ဗီလာ-လီဗာပူးလ္

လီဗာပူးလ္က ဒီပြဲမွာ ဘာအတြက္နဲ႔မွ ကစားရမွာမဟုတ္လို႔ အကုန္ဖြင့္ကစားသမားသြားႏိုင္ၿပီး ၾကည့္ေကာင္းတဲ့ပြဲျဖစ္မယ္လို႔ ထင္တယ္။ အက္စတန္ဗီလာက ယူ႐ိုပါကြန္းဖရင့္လိဂ္မွာ အိုလင္ပီယာကို႔စ္ကို ၂ ေက်ာ့စလုံးရႈံးၿပီး ျပဳတ္ခဲ့လို႔ ေတာ္ေတာ္ေလး စိတ္ပ်က္ေနမွာပါ။ အူႏိုင္းရဲ႕ အသင္းအတြက္ ေနာက္ထပ္ စိတ္ပ်က္ရမယ့္ ပြဲတစ္ပြဲျဖစ္လာႏိုင္ပါတယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၂)

SportsA2Z