International Premier League

အော်ဒီဂွါဒ်ကို ဘယ်လောက်လိုအပ်နေလဲဆိုတာ မရှက်တမ်းဝန်ခံခဲ့တဲ့ နော်ဝေနည်းပြ

နော်ဝေနည်းပြ ဆိုလ်ဘက်ကင်းက ဒဏ်ရာရနေတဲ့ အာဆင်နယ်အော်ဒီဂွါဒ်ဟာ အခုအချိန်မှာ ကောင်းကောင်း မကစားနိုင်ဘူးလို့ ဝန်ခံခဲ့ပေမယ့် လာမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ ပါဝင်ကစားပေးနိုင်မယ့် အခန်းကဏ္ဍရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နော်ဝေလက်ရွေးစင်အသင်းခေါင်းဆောင်ဟာ တနင်္ဂနွေနေ့က ဘရန့်တ်ဖို့ဒ်ကို အာဆင်နယ်က ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲကို ခြေသလုံးဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

“သူတို့တွေဘယ်ချိန်ပြန်ကစားနိုင်မလဲ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့မှာ အခု နိုင်ငံတကာပွဲ အားလပ်ရက်ရှိနေတော့ အနားတော့ ရမှာပါ။ သူတို့တွေက မတူညီတဲ့ ဒဏ်ရာတွေရရှိနေတာဖြစ်ပြီး ကျွန်တော်လည်း ဘယ်ချိန်ပြန်ကစားပေးနိုင်မလဲဆိုတာ မသိသေးပါဘူး”လို့ အာဆင်နယ်နည်းပြ အာတီတာက ဇင်ချန်ကိုနဲ့ အော်ဒီဂွါဒ်တို့ရဲ့အခြေအနေကို ဘရန့်တ်ဖို့ဒ်နဲ့ပွဲမတိုင်ခင်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

နော်ဝေအသင်းဟာ စနေနေ့မှာ ဆလိုဗေးနီးယား၊ အင်္ဂါနေ့မှာ ဆားဘီးယားကို အိမ်ကွင်းမှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်တွေအတွက် အော်ဒီဂွါဒ်ဟာ လူစာရင်းထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

ဆိုလ်ဘက်ကင်းက ၎င်းနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ အော်ဒီဂွါဒ်ရဲ့ ကြံ့ခိုင်မှုအခြေအနေကို သိရအောင် ပုံမှန်အဆက်အသွယ်ပြုလုပ်နေပြီး ပါဝင်ကစားပေးနိုင်ခြေရှိ၊ မရှိကို နောက်ဆုံးဆုံးဖြတ်ချက် ချမှတ်ရခြင်းမရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ သူရယ်၊ အာတီတာရယ်၊ အာဆင်နယ်ရဲ့ ကျန်းမာရေးပိုင်းတာဝန်ရှိသူတွေရယ်နဲ့ ပုံမှန် စကားပြောနေပါတယ်။ ဘာမှ ဆုံးဖြတ်ထားတာမျိုး မရှိခဲ့ပါဘူး။ အဲဒီတော့ မျှော်လင့်ချက်က ရှိနေပါသေးတယ်။ သူ အခုအချိန်မှာ ကောင်းကောင်း မကစားနိုင်သေးပါဘူး”

“အခုတော့ သူ ၂ ပွဲစလုံးမှာ ဒါမှမဟုတ် တစ်ပွဲမှာပဲ ကစားနိုင်မလားဆိုတာကို နောက်ဆုံး ဆုံးဖြတ်ချက်က မဖြစ်မနေကို ချရတော့မယ့်အချိန်ရောက်နေပါပြီ။ ကျွန်တော်တို့ သူ့ကို နော်ဝေမှာ မြင်ရမှာတော့ သေချာပါတယ်။ ကစားသမားအဖြစ်နဲ့ရော စတုတ္ထမြောက် နည်းပြအဖြစ်နဲ့ရောပါ။ သူရှိနေတာက အများကြီးကို အဓိပ္ပာယ်ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနာ္ေဝနည္းျပ ဆိုလ္ဘက္ကင္းက ဒဏ္ရာရေနတဲ့ အာဆင္နယ္ေအာ္ဒီဂြါဒ္ဟာ အခုအခ်ိန္မွာ ေကာင္းေကာင္း မကစားႏိုင္ဘူးလို႔ ဝန္ခံခဲ့ေပမယ့္ လာမယ့္ ႏိုင္ငံတကာပြဲစဥ္ေတြမွာ ပါဝင္ကစားေပးႏိုင္မယ့္ အခန္းက႑ရွိေနေသးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေနာ္ေဝလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ဟာ တနဂၤေႏြေန႔က ဘရန႔္တ္ဖို႔ဒ္ကို အာဆင္နယ္က ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲကို ေျခသလုံးဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြဘယ္ခ်ိန္ျပန္ကစားႏိုင္မလဲ ကြၽန္ေတာ္ မသိပါဘူး။ ကြၽန္ေတာ္တို႔မွာ အခု ႏိုင္ငံတကာပြဲ အားလပ္ရက္ရွိေနေတာ့ အနားေတာ့ ရမွာပါ။ သူတို႔ေတြက မတူညီတဲ့ ဒဏ္ရာေတြရရွိေနတာျဖစ္ၿပီး ကြၽန္ေတာ္လည္း ဘယ္ခ်ိန္ျပန္ကစားေပးႏိုင္မလဲဆိုတာ မသိေသးပါဘူး”လို႔ အာဆင္နယ္နည္းျပ အာတီတာက ဇင္ခ်န္ကိုနဲ႔ ေအာ္ဒီဂြါဒ္တို႔ရဲ႕အေျခအေနကို ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမတိုင္ခင္မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝအသင္းဟာ စေနေန႔မွာ ဆလိုေဗးနီးယား၊ အဂၤါေန႔မွာ ဆားဘီးယားကို အိမ္ကြင္းမွာ ေနးရွင္းလိဂ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး အဲဒီပြဲစဥ္ေတြအတြက္ ေအာ္ဒီဂြါဒ္ဟာ လူစာရင္းထဲမွာ အစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။

ဆိုလ္ဘက္ကင္းက ၎နဲ႔ နည္းျပအဖြဲ႕ဝင္ေတြဟာ အာဆင္နယ္အသင္းတာဝန္ရွိသူေတြနဲ႔ ေအာ္ဒီဂြါဒ္ရဲ႕ ႀကံ့ခိုင္မႈအေျခအေနကို သိရေအာင္ ပုံမွန္အဆက္အသြယ္ျပဳလုပ္ေနၿပီး ပါဝင္ကစားေပးႏိုင္ေျခရွိ၊ မရွိကို ေနာက္ဆုံးဆုံးျဖတ္ခ်က္ ခ်မွတ္ရျခင္းမရွိေသးဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ သူရယ္၊ အာတီတာရယ္၊ အာဆင္နယ္ရဲ႕ က်န္းမာေရးပိုင္းတာဝန္ရွိသူေတြရယ္နဲ႔ ပုံမွန္ စကားေျပာေနပါတယ္။ ဘာမွ ဆုံးျဖတ္ထားတာမ်ိဳး မရွိခဲ့ပါဘူး။ အဲဒီေတာ့ ေမွ်ာ္လင့္ခ်က္က ရွိေနပါေသးတယ္။ သူ အခုအခ်ိန္မွာ ေကာင္းေကာင္း မကစားႏိုင္ေသးပါဘူး”

“အခုေတာ့ သူ ၂ ပြဲစလုံးမွာ ဒါမွမဟုတ္ တစ္ပြဲမွာပဲ ကစားႏိုင္မလားဆိုတာကို ေနာက္ဆုံး ဆုံးျဖတ္ခ်က္က မျဖစ္မေနကို ခ်ရေတာ့မယ့္အခ်ိန္ေရာက္ေနပါၿပီ။ ကြၽန္ေတာ္တို႔ သူ႔ကို ေနာ္ေဝမွာ ျမင္ရမွာေတာ့ ေသခ်ာပါတယ္။ ကစားသမားအျဖစ္နဲ႔ေရာ စတုတၳေျမာက္ နည္းျပအျဖစ္နဲ႔ေရာပါ။ သူရွိေနတာက အမ်ားႀကီးကို အဓိပၸာယ္ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.