Premier League

လန်ဒန်ရောက်ရောက်ချင်း စပါးစ်ကို ဂျင်းထည့်ချင်နေတဲ့ ချဲလ်ဆီးနည်းပြသစ်

ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ဂရေဟမ် ပေါ့တာအနေနဲ့ သူ့ရဲ့ တိုက်စစ်ပိုင်းကို အားရမှု မရှိဘဲဖြစ်နေပြီး လက်ရှိရှိနေတဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်း၊ ရာဟင်းမ် စတာလင်၊ ခိုင် ဟာဗတ်ဇ်နဲ့ အာမန်ဒို ဘရိုယာတို့နဲ့တော့ အလုပ်မဖြစ်မနိုင်ဘူးလို့ ထင်နေသလို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ လက်မနှေးနဲ့ သူဌေး တော့ဒ် ဘိုလီဆီကနေ တိုက်စစ်မှူးသစ် တောင်းဆိုသွားဖို့ ရှိနေပါတယ်။

ဘရိုက်တန်နည်းပြဟောင်းအနေနဲ့ သူ့ရဲ့အသင်းကို တောင်ပိုင်းကမ်းခြေမှာလိုမျိုး တည်ဆောက်ဖို့က ကစားသမားတွေရဲ့ ပုံစံချင်း မတူညီတာနဲ့ အသင်းချင်း တောင်းဆိုမှု မတူတာတွေကြောင့် ချဲလ်ဆီးအသင်းမှာ ပိုမိုဖျော်ဖြေမှုပေးတဲ့ ကစားဟန်ကို တည်ဆောက်သွားလိမ့်မယ်လို့ ခန့်မှန်းရသလို လက်ရှိမှာတော့ မြို့ခံပြိုင်ဘက် စပါးစ်အသင်းရဲ့ တိုက်စစ်မှူးကို စိတ်ဝင်စားလာခဲ့တယ်လို့ အီတလီက သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

ပေါ့တာအနေနဲ့ ချဲလ်ဆီးအသင်းကို စပါးစ်တိုက်စစ်မှူးနဲ့ အင်္ဂလန်ကပ္ပတိန် ဟာရီကိန်းကို ခေါ်ဆောင်နိုင်ဖို့ အလိုရှိနေပြီး အမေရိကန် ပိုင်ရှင်ကို တောင်းဆိုထားတယ်လို့ ဆိုခဲ့ကြသလို အင်တာမီလန်အသင်းကို အငှားချထားတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးကို အလိုက်ပေးပြီး ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

နည်းပြ အန်တိုနီယို ကွန်တီအနေနဲ့ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်မှူး လူကာကူးနဲ့ ပြန်လည်ပူးပေါင်းဖို့ စိတ်ဝင်စားနိုင်ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရပ်တည်မှုကောင်းဖို့ လုပ်ဆောင်နေချိန်မှာ အသင်းကို အထိုင်ပျက်သွားစေမယ့် အဓိက ကစားသမားကို ရောင်းထုတ်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ရာသီကုန်မှာတော့ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။

တစ်ဖက်မှာလည်း ချဲလ်ဆီးအသင်းအနေနဲ့ အင်တာမီလန်အသင်းနဲ့ တစ်နှစ်အငှားစာချုပ်ကို လမ်းတဝက်မှာ အဆုံးသတ်နိုင်ဖို့က ဖြစ်နိုင်ခြေ နည်းနေတာကြောင့် မလွယ်ကူနိုင်ပေမယ့် အသက်အရွယ်အရ ဈေးကောင်းအရဆုံးအချိန်မှာ ရောင်းထုတ်မယ့် စပါးစ်ဥက္ကဌ ဒန်နီယယ် လီဗိုင်းရဲ့ ဈေးတွက် တွက်မှုကြောင့်တော့ ရာသီကုန်မှာ အကောင်အထည်ပေါ်လာနိုင်တာဖြစ်ပါတယ်။

Transfermarkt ရဲ့ ခန့်မှန်းချက်အရတော့ အသက် ၂၉ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ တန်ဖိုးကျသွားခဲ့ပြီလို့ဆိုပြီး ပေါင် ၈၁ သန်းသာ တန်ကြေးရှိနေသလို အမြင့်ဆုံးရောက်ရှိခဲ့ဖူးတဲ့ ပေါင် ၁၃၅ သန်းကို ဒီအရွယ်မှာ မရနိုင်တော့ဘူးလို့ သိရသလို အသင်းနှစ်သင်းကြား ပေါင်သန်း ၁၀၀ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်လာနိုင်ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့တော့ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် လူကာကူးကို စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့သလို နည်းပြအဆက်ဆက် အလိုမရှိတော့တာကြောင့် အလိုက်ပေးမှုနဲ့ ဟာရီကိန်းရဲ့ တန်ဖိုးကို လျှော့ချခေါ်ယူနိုင်ဖို့ပဲ မျှော်လင့်နေကြပြီး နည်းပြ ပေါ့တာအနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အလုပ်မဖြစ်ခဲ့တဲ့ ဘယ်လ်ဂျီယမ်သားကို စပါးစ်ဆီ အစွံထုတ်နိုင်ဖို့ ကြိုးစားနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ ဂေရဟမ္ ေပါ့တာအေနနဲ႔ သူ႔ရဲ႕ တိုက္စစ္ပိုင္းကို အားရမႈ မရွိဘဲျဖစ္ေနၿပီး လက္ရွိရွိေနတဲ့ ပ်ယ္-အမ္မရိခ္ အူဘာမီယန္း၊ ရာဟင္းမ္ စတာလင္၊ ခိုင္ ဟာဗတ္ဇ္နဲ႔ အာမန္ဒို ဘ႐ိုယာတို႔နဲ႔ေတာ့ အလုပ္မျဖစ္မႏိုင္ဘူးလို႔ ထင္ေနသလို လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ လက္မေႏွးနဲ႔ သူေဌး ေတာ့ဒ္ ဘိုလီဆီကေန တိုက္စစ္မႉးသစ္ ေတာင္းဆိုသြားဖို႔ ရွိေနပါတယ္။

ဘ႐ိုက္တန္နည္းျပေဟာင္းအေနနဲ႔ သူ႔ရဲ႕အသင္းကို ေတာင္ပိုင္းကမ္းေျခမွာလိုမ်ိဳး တည္ေဆာက္ဖို႔က ကစားသမားေတြရဲ႕ ပုံစံခ်င္း မတူညီတာနဲ႔ အသင္းခ်င္း ေတာင္းဆိုမႈ မတူတာေတြေၾကာင့္ ခ်ဲလ္ဆီးအသင္းမွာ ပိုမိုေဖ်ာ္ေျဖမႈေပးတဲ့ ကစားဟန္ကို တည္ေဆာက္သြားလိမ့္မယ္လို႔ ခန႔္မွန္းရသလို လက္ရွိမွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္အသင္းရဲ႕ တိုက္စစ္မႉးကို စိတ္ဝင္စားလာခဲ့တယ္လို႔ အီတလီက သတင္းေတြက ေဖာ္ျပခဲ့ၾကတာပါ။

ေပါ့တာအေနနဲ႔ ခ်ဲလ္ဆီးအသင္းကို စပါးစ္တိုက္စစ္မႉးနဲ႔ အဂၤလန္ကပၸတိန္ ဟာရီကိန္းကို ေခၚေဆာင္ႏိုင္ဖို႔ အလိုရွိေနၿပီး အေမရိကန္ ပိုင္ရွင္ကို ေတာင္းဆိုထားတယ္လို႔ ဆိုခဲ့ၾကသလို အင္တာမီလန္အသင္းကို အငွားခ်ထားတဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို အလိုက္ေပးၿပီး ေခၚယူႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔လည္း ဆိုပါတယ္။

နည္းျပ အန္တိုနီယို ကြန္တီအေနနဲ႔ သူနဲ႔ လက္တြဲခဲ့ဖူးတဲ့ တိုက္စစ္မႉး လူကာကူးနဲ႔ ျပန္လည္ပူးေပါင္းဖို႔ စိတ္ဝင္စားႏိုင္ေပမယ့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ ရပ္တည္မႈေကာင္းဖို႔ လုပ္ေဆာင္ေနခ်ိန္မွာ အသင္းကို အထိုင္ပ်က္သြားေစမယ့္ အဓိက ကစားသမားကို ေရာင္းထုတ္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ရာသီကုန္မွာေတာ့ ျဖစ္လာႏိုင္တယ္လို႔ ခန႔္မွန္းေနၾကတာပါ။

တစ္ဖက္မွာလည္း ခ်ဲလ္ဆီးအသင္းအေနနဲ႔ အင္တာမီလန္အသင္းနဲ႔ တစ္ႏွစ္အငွားစာခ်ဳပ္ကို လမ္းတဝက္မွာ အဆုံးသတ္ႏိုင္ဖို႔က ျဖစ္ႏိုင္ေျခ နည္းေနတာေၾကာင့္ မလြယ္ကူႏိုင္ေပမယ့္ အသက္အ႐ြယ္အရ ေဈးေကာင္းအရဆုံးအခ်ိန္မွာ ေရာင္းထုတ္မယ့္ စပါးစ္ဥကၠဌ ဒန္နီယယ္ လီဗိုင္းရဲ႕ ေဈးတြက္ တြက္မႈေၾကာင့္ေတာ့ ရာသီကုန္မွာ အေကာင္အထည္ေပၚလာႏိုင္တာျဖစ္ပါတယ္။

Transfermarkt ရဲ႕ ခန႔္မွန္းခ်က္အရေတာ့ အသက္ ၂၉ ႏွစ္အ႐ြယ္ အဂၤလန္တိုက္စစ္မႉးဟာ တန္ဖိုးက်သြားခဲ့ၿပီလို႔ဆိုၿပီး ေပါင္ ၈၁ သန္းသာ တန္ေၾကးရွိေနသလို အျမင့္ဆုံးေရာက္ရွိခဲ့ဖူးတဲ့ ေပါင္ ၁၃၅ သန္းကို ဒီအ႐ြယ္မွာ မရႏိုင္ေတာ့ဘူးလို႔ သိရသလို အသင္းႏွစ္သင္းၾကား ေပါင္သန္း ၁၀၀ ဝန္းက်င္မွာ အေရာင္းအဝယ္ျဖစ္လာႏိုင္ပါတယ္။

ခ်ဲလ္ဆီးတို႔အေနနဲ႔ေတာ့ အသင္းရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ လူကာကူးကို စြန႔္လႊတ္ဖို႔ အဆင္သင့္ျဖစ္ေနခဲ့သလို နည္းျပအဆက္ဆက္ အလိုမရွိေတာ့တာေၾကာင့္ အလိုက္ေပးမႈနဲ႔ ဟာရီကိန္းရဲ႕ တန္ဖိုးကို ေလွ်ာ့ခ်ေခၚယူႏိုင္ဖို႔ပဲ ေမွ်ာ္လင့္ေနၾကၿပီး နည္းျပ ေပါ့တာအေနနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အလုပ္မျဖစ္ခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားကို စပါးစ္ဆီ အစြံထုတ္ႏိုင္ဖို႔ ႀကိဳးစားေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.