Ligue1 Premier League

မက်ဆီနဲ့ ရော်နယ်လ်ဒို ငြင်းခုံမှုကို မကွယ်လွန်မီက အကောင်းဆုံးအဖြေပေးခဲ့တဲ့ မာရာဒိုနာ

ဘောလုံးလောကရဲ့ ထင်ရှားကျော်ကြားသူ အများစုဟာ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့အပေါ် အဆက်မပြတ် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး မကြာသေးမီ နှစ်တွေမှာ အဲဒီလို ဖြစ်စဉ် အနည်းငယ် ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီယေဂို မာရာဒိုနာလိုမျိုး ဂန္တဝင်ကစားသမားကြီးတစ်ဦးဆီကနေ ချီးကျူးမှုမျိုး ရရှိတဲ့အချိန်မှာတော့ တော်တော်လေး ထူးခြားမယ်ဆိုတာ အားလုံးလည်း သိကြမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးကြီးဟာ မကွယ်လွန်မီမှာ လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထဲက ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ အငြင်းအခုံထဲကို ဝင်ရောက်ခဲ့ပြီး ဘောလုံးလောကရဲ့ စူပါစတား ၂ ဦးနဲ့ပတ်သက်ပြီး ပြီးပြည့်စုံတဲ့ တုံ့ပြန်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဂန္တဝင် မာရာဒိုနာဟာ သာမန်အားဖြင့်တော့ တစ်နိုင်ငံတည်းသား မက်ဆီဘက်ကနေ ရပ်တည်လေ့ရှိသူဖြစ်ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ကလည်း အကောင်းဆုံးကစားသမားဆိုတာကို သိရှိနေတာကြောင့် ရော်နယ်လ်ဒိုရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် နောက်ထပ် အာဂျင်တီးနားဂန္တဝင်ဖြစ်တဲ့ ဂါဘရီယဲလ် ဘားတစ္စတူတာကို အမှတ်ရစေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် မက်ဆီကို ပိုပြီး ရွေးချယ်ချင်ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုက သားရဲတစ်ကောင်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ သူက အာဂျင်တီးနားသား ဖြစ်ခဲ့ရင်ကောင်းမယ်လို့ ကျွန်တော် ဆုတောင်းမိပါတယ်။ သူက မယုံနိုင်စရာပဲ။ သူက ကျွန်တော့်ကို ဂါဘရီယဲလ် ဘားတစ္စတူတာအကြောင်း တွေးမိစေတယ်။ သူ ဘောလုံးကို ထိလိုက်တာနဲ့ သိပ်မကြာဘူး။ အဲဒါက ဂိုးဖြစ်သွားတာပဲ”

“ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ ကစားသမားအနည်းငယ်ထဲမှာ ဒီ စတီဖာနို၊ ယိုဟန် ခရိုက်ဖ်၊ မက်ဆီတို့က အကောင်းဆုံးတွေထဲ ပါဝင်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း အဲဒီထဲမှာ ပါဝင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ နာပိုလီဂန္တဝင်က လီယွန်နယ် မက်ဆီနဲ့ပတ်သက်ပြီး ပိုပြီး စိတ်ဝင်စားစရာအရာတွေ ပြောစရာရှိခဲ့ပြီး မာရာဒိုနာက လက်ရှိ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ဆိုးဆိုးရွားရွား ကစားတာမျိုး မမြင်တွေ့ခဲ့ဖူးဘဲ မှော်တုတ်တံနဲ့ ထိတွေ့ခြင်းခံခဲ့ရတဲ့သူလိုမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် မက်ဆီ ဆိုးဆိုးရွားရွား ကစားတာမျိုး မြင်တွေ့ခဲ့ရတာကို မမှတ်မိနိုင်ပါဘူး။ မှော်တုတ်တံနဲ့ ထိတွေ့ခြင်းခံခဲ့ရတဲ့ ကစားသမားတွေ ရှိပါတယ်။ ကျွန်တော်တို့ အာဂျင်တိုင်းသားတွေက လီယွန်နယ် မက်ဆီက အာဂျင်တီးနားနိုင်ငံသားဖြစ်နေတာကို ဂုဏ်ယူမိပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ ရော်နယ်လ်ဒိုကတော့ သားရဲတစ်ကောင်ပါ။ ရော်နယ်လ်ဒိုက စွမ်းအားစစ်စစ်ဖြစ်ပြီး အခုဆိုရင် သူကလည်း မှော်ဆရာပါပဲ။ သူ ပြောခဲ့တာက သူ ၃ ဂိုးသွင်းမယ်တဲ့။ သူ တကယ် ၃ ဂိုး သွင်းခဲ့တယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ပွဲဦးထွက်ရာသီကို ခက်ခက်ခဲခဲ စတင်ခဲ့ရပုံပေါ်ခဲ့ပေမယ့်လည်း ယခုရာသီသစ်မှာတော့ ထူးခြားတဲ့ ခြေစွမ်းနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့အပတ်မှာ ပီအက်စ်ဂျီအသင်းအတွက် ကွဲပြားခြားနားမှုတွေ ပြုလုပ်ပေးသူ နောက်ထပ်တစ်ကြိမ် ဖြစ်ခဲ့ပြီး လီယွန်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အရေးကြီးတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ စုစုပေါင်း ပြင်သစ်လိဂန်းထိပ်သီးအသင်းကြီးအတွက် ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၁ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ပေးထားပါတယ်။

တစ်ဆက်တည်းမှာပဲ ရော်နယ်လ်ဒိုဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်က အနာဂတ်နဲ့ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုကို ခံနေရပုံပေါ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ရာသီအဖွင့် ၇ ပွဲစလုံးမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့အပတ် ရှရစ် တီရာစပေါ်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာတော့ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလုံးေလာကရဲ႕ ထင္ရွားေက်ာ္ၾကားသူ အမ်ားစုဟာ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔အေပၚ အဆက္မျပတ္ ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကၿပီး မၾကာေသးမီ ႏွစ္ေတြမွာ အဲဒီလို ျဖစ္စဥ္ အနည္းငယ္ ရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒီေယဂို မာရာဒိုနာလိုမ်ိဳး ဂႏၲဝင္ကစားသမားႀကီးတစ္ဦးဆီကေန ခ်ီးက်ဴးမႈမ်ိဳး ရရွိတဲ့အခ်ိန္မွာေတာ့ ေတာ္ေတာ္ေလး ထူးျခားမယ္ဆိုတာ အားလုံးလည္း သိၾကမွာ ျဖစ္ပါတယ္။ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးႀကီးဟာ မကြယ္လြန္မီမွာ လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ထဲက ဘယ္သူအေကာင္းဆုံးလဲဆိုတဲ့ အျငင္းအခုံထဲကို ဝင္ေရာက္ခဲ့ၿပီး ေဘာလုံးေလာကရဲ႕ စူပါစတား ၂ ဦးနဲ႔ပတ္သက္ၿပီး ၿပီးျပည့္စုံတဲ့ တုံ႔ျပန္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားဂႏၲဝင္ မာရာဒိုနာဟာ သာမန္အားျဖင့္ေတာ့ တစ္ႏိုင္ငံတည္းသား မက္ဆီဘက္ကေန ရပ္တည္ေလ့ရွိသူျဖစ္ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ကလည္း အေကာင္းဆုံးကစားသမားဆိုတာကို သိရွိေနတာေၾကာင့္ ေရာ္နယ္လ္ဒိုရဲ႕ ဂိုးသြင္းစြမ္းရည္ေၾကာင့္ ေနာက္ထပ္ အာဂ်င္တီးနားဂႏၲဝင္ျဖစ္တဲ့ ဂါဘရီယဲလ္ ဘားတစၥတူတာကို အမွတ္ရေစတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ မက္ဆီကို ပိုၿပီး ေ႐ြးခ်ယ္ခ်င္ပါတယ္။ ဒါေပမယ့္ ေရာ္နယ္လ္ဒိုက သားရဲတစ္ေကာင္ဆိုတာကိုလည္း ကြၽန္ေတာ္ သိပါတယ္။ သူက အာဂ်င္တီးနားသား ျဖစ္ခဲ့ရင္ေကာင္းမယ္လို႔ ကြၽန္ေတာ္ ဆုေတာင္းမိပါတယ္။ သူက မယုံႏိုင္စရာပဲ။ သူက ကြၽန္ေတာ့္ကို ဂါဘရီယဲလ္ ဘားတစၥတူတာအေၾကာင္း ေတြးမိေစတယ္။ သူ ေဘာလုံးကို ထိလိုက္တာနဲ႔ သိပ္မၾကာဘူး။ အဲဒါက ဂိုးျဖစ္သြားတာပဲ”

“ကြၽန္ေတာ္ ျမင္ေတြ႕ခဲ့ရတဲ့ ကစားသမားအနည္းငယ္ထဲမွာ ဒီ စတီဖာႏို၊ ယိုဟန္ ခ႐ိုက္ဖ္၊ မက္ဆီတို႔က အေကာင္းဆုံးေတြထဲ ပါဝင္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကလည္း အဲဒီထဲမွာ ပါဝင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားနဲ႔ နာပိုလီဂႏၲဝင္က လီယြန္နယ္ မက္ဆီနဲ႔ပတ္သက္ၿပီး ပိုၿပီး စိတ္ဝင္စားစရာအရာေတြ ေျပာစရာရွိခဲ့ၿပီး မာရာဒိုနာက လက္ရွိ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ဆိုးဆိုး႐ြား႐ြား ကစားတာမ်ိဳး မျမင္ေတြ႕ခဲ့ဖူးဘဲ ေမွာ္တုတ္တံနဲ႔ ထိေတြ႕ျခင္းခံခဲ့ရတဲ့သူလိုမ်ိဳးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ မက္ဆီ ဆိုးဆိုး႐ြား႐ြား ကစားတာမ်ိဳး ျမင္ေတြ႕ခဲ့ရတာကို မမွတ္မိႏိုင္ပါဘူး။ ေမွာ္တုတ္တံနဲ႔ ထိေတြ႕ျခင္းခံခဲ့ရတဲ့ ကစားသမားေတြ ရွိပါတယ္။ ကြၽန္ေတာ္တို႔ အာဂ်င္တိုင္းသားေတြက လီယြန္နယ္ မက္ဆီက အာဂ်င္တီးနားႏိုင္ငံသားျဖစ္ေနတာကို ဂုဏ္ယူမိပါတယ္။ ေနာက္တစ္ေယာက္ျဖစ္တဲ့ ေရာ္နယ္လ္ဒိုကေတာ့ သားရဲတစ္ေကာင္ပါ။ ေရာ္နယ္လ္ဒိုက စြမ္းအားစစ္စစ္ျဖစ္ၿပီး အခုဆိုရင္ သူကလည္း ေမွာ္ဆရာပါပဲ။ သူ ေျပာခဲ့တာက သူ ၃ ဂိုးသြင္းမယ္တဲ့။ သူ တကယ္ ၃ ဂိုး သြင္းခဲ့တယ္”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ပြဲဦးထြက္ရာသီကို ခက္ခက္ခဲခဲ စတင္ခဲ့ရပုံေပၚခဲ့ေပမယ့္လည္း ယခုရာသီသစ္မွာေတာ့ ထူးျခားတဲ့ ေျခစြမ္းနဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ ၿပီးခဲ့တဲ့အပတ္မွာ ပီအက္စ္ဂ်ီအသင္းအတြက္ ကြဲျပားျခားနားမႈေတြ ျပဳလုပ္ေပးသူ ေနာက္ထပ္တစ္ႀကိမ္ ျဖစ္ခဲ့ၿပီး လီယြန္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အေရးႀကီးတဲ့ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ စုစုေပါင္း ျပင္သစ္လိဂန္းထိပ္သီးအသင္းႀကီးအတြက္ ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၁၁ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္ ျပဳလုပ္ေပးထားပါတယ္။

တစ္ဆက္တည္းမွာပဲ ေရာ္နယ္လ္ဒိုဟာ ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္က အနာဂတ္နဲ႔ပတ္သက္ၿပီး ထြက္ေပၚခဲ့တဲ့ ေကာလာဟလေတြရဲ႕ ျပင္းထန္တဲ့ ႐ိုက္ခတ္မႈကို ခံေနရပုံေပၚၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ရာသီအဖြင့္ ၇ ပြဲစလုံးမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့အပတ္ ရွရစ္ တီရာစေပၚနဲ႔ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲမွာေတာ့ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.