Match Report Premier League

ဆွန်ရဲ့ လူစားဝင် ဟက်ထရစ်နဲ့ လက်စတာကို ဂိုးလှိုင်လှိုင်သွင်းပြီး နိုင်ပွဲယူတဲ့ စပါးစ်

တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဒေဗင်ဆင် ဆန်ချက်ဇ်၊ ဒိုင်ယာ၊ လွန်ဂလေတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ ဘင်တန်ကာ၊ ပါရီရှစ်ချ်နဲ့ ဆက်ဆီညွန်တို့ကို အသုံးပြုလာခဲ့သလို တိုက်စစ်မှာတော့ ဆွန်ဟောင်မင်ကို အရန်ခုံမှာထားပြီး ရစ်ချာလစ်ဆန်၊ ဟာရီကိန်းနဲ့ ကူလူရှက်ဗ်စကီးတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

လက်စတာစီးတီးအသင်းကတော့ ဂိုးသမား ဝါ့ဒ်၊ ခံစစ်မှာ အီဗန်စ်၊ ဖေးစ်၊ ကက်စတာညာနဲ့ ဂျပ်စတင်တို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒီဒီ၊ တီးလီးမန်းစ်နဲ့ ဂျူးစ်ဘာရီ-ဟောလ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဒါကာ၊ ဟာဗီ ဘန်းစ်နဲ့ မက်ဒီဆန်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာ ဧည့်သည်တွေ စတင်ဦးဆောင်နိုင်ခဲ့ပြီး ဧရိယာထဲ ပြေးဝင်သွားခဲ့တဲ့ ဂျပ်စတင်ကို ဖျက်ရင်း ခြေထောက်ကိုပဲ ချိတ်ခဲ့မိတဲ့ စပါးစ်နောက်ခံလူ ဆန်ချက်ဇ်ကြောင့် ရတဲ့ ပင်နယ်တီကို တီးလီးမန်းစ်က ကန်သွင်းရာမှာ လိုရစ် ကာကွယ်နိုင်ခဲ့ပေမယ့် ဂိုးစည်းနဲ့ ခြေထောက် လွတ်နေတာကြောင့် နောက်တစ်ကြိမ် ပြန်ကန်ခဲ့ရပြီး ဘယ်လ်ဂျီယမ်သားက ပထမတစ်ခါထက် ပိုကောင်းအောင်ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

လက်စတာတို့ရဲ့ အပျော်ကတော့ ကြာကြာမခံလိုက်ဘဲ ပွဲချိန် ၈ မိနစ်မှာတော့ စပါးစ်တို့ ပြန်လည်ချေပသွားခဲ့ကြပြီး ထောင့်ကန်ဘောကို အတိုပေးပြီး ညာခြမ်းကနေ ကူလူရှက်ဗ်စကီး ဖြတ်တင်ပေးတဲ့ ဘောလုံးကို အဝေးတိုင်ဘက်မှာ နေရာယူထားတဲ့ ဟာရီကိန်းက နဂိုကတည်းကမှ အဖြစ်မရှိတဲ့ ဂိုးသမား ဝါ့ဒ်တည့်တည့်ကို ခေါင်းတိုက်သွင်းပြီး ရယူသွားခဲ့တာပါ။

တစ်ဂိုးစီသရေဖြစ်နေတဲ့နောက်မှာ လက်စတာတို့ ထိုးဖောက်နေပေမယ့် အဝေးကန်ချက်တွေက အလုပ်မဖြစ်ခဲ့ဘဲ ပွဲချိန် ၂၁ မိနစ်မှာတော့ စပါးစ်တို့ပဲ နောက်တစ်ဂိုး ထပ်သွင်းပြီး ပြန်လည်ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို ပါရီရှစ်ချ် ကန်တင်ပေးတာကို အမြင့်ဆုံး ခုန်နိုင်ခဲ့တဲ့ နောက်ခံလူ ဒိုင်ယာက ခေါင်းတိုက်ပြီး နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ စပါးစ်တို့ ထောင့်ကန်ဘောကနေပဲ ဂိုးထပ်ရခဲ့ပေမယ့် ဒီနေ့မှာ လုံးဝ အသုံးမကျဘဲဖြစ်နေတဲ့ ဆန်ချက်ဇ်က ဂိုးမဝင်ခင်မှာ ဂိုးသမားကို လက်နဲ့ ဖိတွန်းထားခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး ခံစစ်မှာလည်း လက်စတာကစားသမားတွေက သူ့ကိုပဲ အချဉ်ဖမ်းနေခဲ့ကြသလို လိုရစ်နဲ့ ဒိုင်ယာတို့ အမှားမရှိတာကြောင့်သာ အိမ်ရှင်တွေ ဒုက္ခမရောက်ခဲ့ရတာပါ။

ပွဲချိန် ၄၁ မိနစ်မှာတော့ လက်စတာတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ဆင်လာရင်း ညာခြမ်းကနေ ကက်စတာညာ ဖြတ်တင်ပေးတာကို ဧရိယာထဲ ရောက်လာတဲ့ မက်ဒီဆန်က ရောက်ရောက်ကန်ကန် Volley ကန်သွင်းခဲ့ရာမှာ လွန်ဂလေ နေရာယူမှားခဲ့ပြီး ဒိုင်ယာကလည်း အချိန်မီ မပိတ်ဆို့နိုင်ခဲ့တာကြောင့် လိုရစ် မကာကွယ်လိုက်နိုင်ဘဲ ဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာ ခံစစ်မှာ ညံ့နေလို့ တည်ကန်ဘော ခုခံပုံ ညံ့တဲ့ ပြိုင်ဘက်တွေဘက်ကို တိုက်စစ်နဲ့ ဖာထေးဖို့ ကြိုးစားနေတဲ့ ဆန်ချက်ဇ်ရဲ့ ခေါင်းတိုက်ချက် ဘားထိသွားခဲ့တာကြောင့် ဂိုးမရခဲ့ဘဲ နာကျင်အချိန်ပိုမှာ တန်ပြန်တိုက်စစ်ကနေ မက်ဒီဆန်ရဲ့ ကန်သွင်းမှုကိုလည်း လိုရစ် ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ စပါးစ်နဲ့ လက်စတာတို့ နှစ်ဂိုးစီ သရေကျနေခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ အိမ်ကွင်းအားနဲ့ ဖိကစားနေတဲ့ စပါးစ်တို့ တတိယဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အိမ်ရှင်တွေရဲ့ Pressing မှာ ရှေ့မကြည့် နောက်မကြည့် ကစားနေတဲ့ လက်စတာကွင်းလယ်လူ အန်ဒီဒီကို နောက်ကနေ ဘောလုံးလုယူသွားနိုင်ခဲ့တဲ့ ဘင်တန်ကာက ဘယ်သူ့ကိုမှ မပေးဘဲ ဧရိယာထိပ်ကနေ ညာဘက်တိုင်ထောင့်ကို အနိမ့်ဘောကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ခံစစ်မှာ ဖိအားပေးခံနေရတာကြောင့် ပျာယာခတ်နေတဲ့ ဆန်ချက်ဇ်နဲ့ ပါရီရှစ်ချ်တို့ကို ရိုမဲရိုး၊ ရိုယဲလ်တို့နဲ့ လဲကစားခဲ့သလို တိုက်စစ်မှာ ပါမှန်းတောင် မသိရတဲ့ ရစ်ချာလစ်ဆန်နေရာမှာတော့ အရန်ခုံ ထိုင်ခိုင်းထားတဲ့ ဆွန်ဟောင်မင်ကို ထည့်သွင်းပြီး နည်းပြ ကွန်တီက ပြင်ဆင်လာခဲ့ပြီး လက်စတာရဲ့ ကစားအားကို တောင့်ခံနိုင်ဖို့ ကူလူရှက်ဗ်စကီးအစား ဘီဆူးမားကိုပါ ထပ်မံထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ စပါးစ်တို့ အပေါ်စီး ပြန်ရောက်စေမယ့် စတုတ္ထဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုလည်း ဘောလုံးမနိုင်ဘဲ လျှောက်ဆွဲနေတဲ့ ဂျပ်စတင်ဆီက ဘင်တန်ကာက လုယူနိုင်ခဲ့ပြီးတဲ့နောက် ရှေ့ကို ခင်းပေးခဲ့ရာမှာ ဆွန်ဟောင်မင်က သူ့ကို ပိတ်ထားတဲ့ အီဗန်စ်နဲ့ ဖေးစ်တို့နှစ်ဦးကို ကျော်ဖြတ်မနေတော့ဘဲ အနည်းငယ်ခွာထွက်ပြီး လှမ်းကန်ခဲ့ရာမှာ ညာဘက်အပေါ်ထောင့်ထဲကို ကွက်တိဝင်သွားခဲ့ပြီး ဒီရာသီ ပထမဆုံးဂိုးကို ရရှိခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ အရန်ခုံ အထိုင်ခိုင်းခံလိုက်ရတာကို အကောင်းဆုံး တုံ့ပြန်ပေါက်ကွဲပြခဲ့တဲ့ ဆွန်ဟောင်မင်ကပဲ သူ့ရဲ့ ဒုတိယဂိုးနဲ့ စပါးစ်ရဲ့ ပဉ္စမဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ ဟာရီကိန်းက ညာခြမ်းကို ချပေးရာမှာ လူကပ်ခံမထားရဘဲ လွတ်နေတဲ့ ကိုရီးယားသားက ဘယ်ခြေနဲ့ အဝေးတိုင်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းပြီး ပညာသားပါတဲ့ သွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်မိနစ်အကြာ ပွဲချိန် ၈၆ မိနစ်မှာတော့ စပါးစ်တို့ ဂိုးဒါဇင်ဝက် ပြည့်မြောက်နိုင်ခဲ့ပြီး တီးလီးမန်းစ် ဘောလုံးပျက်ရာကနေ ဟွိုင်ဘယာ့ဂ်က ကွင်းလယ်တောက်လျှောက် ဆွဲပြေးပြီးမှ အီဗန်စ်နဲ့ ဖေးစ်တို့ကြားကနေ ခင်းပေးတာကို ဘယ်ခြမ်းက ပြေးထွက်ရယူခဲ့တဲ့ ဆွန်ဟောင်မင် ကန်သွင်းရာမှာ ဂိုးသမားနဲ့ ထိခဲ့ပေမယ့် ဂိုးထဲ ဝင်သွားခဲ့လို့ သူ့ရဲ့ ဟက်ထရစ်နဲ့ တောက်ပခဲ့တာဖြစ်ပြီး လူကျွံဘောဖမ်းခဲ့ပေမယ့် VAR က ပယ်ဖျက်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ စပါးစ်တို့ အိမ်ကွင်းမှာ အရန်ခုံက ထလာတဲ့ Man of the Match ဆွန်ဟောင်မင်ရဲ့ ဟက်ထရစ်အပါအဝင် ခြောက်ဂိုး-နှစ်ဂိုးနဲ့ လက်စတာတို့ကို ချေမှုန်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၇ ပွဲကစား ၅ ပွဲနိုင် ၂ ပွဲသရေနဲ့ ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းထားနိုင်ခဲ့သလို မြောက်လန်ဒန် ပြိုင်ဘက် အာဆင်နယ်ကို ကျော်တက်ပြီး အဆင့် ၂ နေရာမှာ မန်စီးတီးနဲ့ ဂိုးကွာခြားချက်အရ နောက်က ရပ်တည်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လိုရစ္၊ ခံစစ္မွာ ေဒဗင္ဆင္ ဆန္ခ်က္ဇ္၊ ဒိုင္ယာ၊ လြန္ဂေလတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟြိဳင္ဘယာ့ဂ္၊ ဘင္တန္ကာ၊ ပါရီရွစ္ခ်္နဲ႔ ဆက္ဆီၫြန္တို႔ကို အသုံးျပဳလာခဲ့သလို တိုက္စစ္မွာေတာ့ ဆြန္ေဟာင္မင္ကို အရန္ခုံမွာထားၿပီး ရစ္ခ်ာလစ္ဆန္၊ ဟာရီကိန္းနဲ႔ ကူလူရွက္ဗ္စကီးတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

လက္စတာစီးတီးအသင္းကေတာ့ ဂိုးသမား ဝါ့ဒ္၊ ခံစစ္မွာ အီဗန္စ္၊ ေဖးစ္၊ ကက္စတာညာနဲ႔ ဂ်ပ္စတင္တို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒီဒီ၊ တီးလီးမန္းစ္နဲ႔ ဂ်ဴးစ္ဘာရီ-ေဟာလ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဒါကာ၊ ဟာဗီ ဘန္းစ္နဲ႔ မက္ဒီဆန္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာ ဧည့္သည္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဧရိယာထဲ ေျပးဝင္သြားခဲ့တဲ့ ဂ်ပ္စတင္ကို ဖ်က္ရင္း ေျခေထာက္ကိုပဲ ခ်ိတ္ခဲ့မိတဲ့ စပါးစ္ေနာက္ခံလူ ဆန္ခ်က္ဇ္ေၾကာင့္ ရတဲ့ ပင္နယ္တီကို တီးလီးမန္းစ္က ကန္သြင္းရာမွာ လိုရစ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဂိုးစည္းနဲ႔ ေျခေထာက္ လြတ္ေနတာေၾကာင့္ ေနာက္တစ္ႀကိမ္ ျပန္ကန္ခဲ့ရၿပီး ဘယ္လ္ဂ်ီယမ္သားက ပထမတစ္ခါထက္ ပိုေကာင္းေအာင္ကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

လက္စတာတို႔ရဲ႕ အေပ်ာ္ကေတာ့ ၾကာၾကာမခံလိုက္ဘဲ ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ စပါးစ္တို႔ ျပန္လည္ေခ်ပသြားခဲ့ၾကၿပီး ေထာင့္ကန္ေဘာကို အတိုေပးၿပီး ညာျခမ္းကေန ကူလူရွက္ဗ္စကီး ျဖတ္တင္ေပးတဲ့ ေဘာလုံးကို အေဝးတိုင္ဘက္မွာ ေနရာယူထားတဲ့ ဟာရီကိန္းက နဂိုကတည္းကမွ အျဖစ္မရွိတဲ့ ဂိုးသမား ဝါ့ဒ္တည့္တည့္ကို ေခါင္းတိုက္သြင္းၿပီး ရယူသြားခဲ့တာပါ။

တစ္ဂိုးစီသေရျဖစ္ေနတဲ့ေနာက္မွာ လက္စတာတို႔ ထိုးေဖာက္ေနေပမယ့္ အေဝးကန္ခ်က္ေတြက အလုပ္မျဖစ္ခဲ့ဘဲ ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ စပါးစ္တို႔ပဲ ေနာက္တစ္ဂိုး ထပ္သြင္းၿပီး ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို ပါရီရွစ္ခ်္ ကန္တင္ေပးတာကို အျမင့္ဆုံး ခုန္ႏိုင္ခဲ့တဲ့ ေနာက္ခံလူ ဒိုင္ယာက ေခါင္းတိုက္ၿပီး ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာ စပါးစ္တို႔ ေထာင့္ကန္ေဘာကေနပဲ ဂိုးထပ္ရခဲ့ေပမယ့္ ဒီေန႔မွာ လုံးဝ အသုံးမက်ဘဲျဖစ္ေနတဲ့ ဆန္ခ်က္ဇ္က ဂိုးမဝင္ခင္မွာ ဂိုးသမားကို လက္နဲ႔ ဖိတြန္းထားခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရၿပီး ခံစစ္မွာလည္း လက္စတာကစားသမားေတြက သူ႔ကိုပဲ အခ်ဥ္ဖမ္းေနခဲ့ၾကသလို လိုရစ္နဲ႔ ဒိုင္ယာတို႔ အမွားမရွိတာေၾကာင့္သာ အိမ္ရွင္ေတြ ဒုကၡမေရာက္ခဲ့ရတာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ လက္စတာတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ဆင္လာရင္း ညာျခမ္းကေန ကက္စတာညာ ျဖတ္တင္ေပးတာကို ဧရိယာထဲ ေရာက္လာတဲ့ မက္ဒီဆန္က ေရာက္ေရာက္ကန္ကန္ Volley ကန္သြင္းခဲ့ရာမွာ လြန္ဂေလ ေနရာယူမွားခဲ့ၿပီး ဒိုင္ယာကလည္း အခ်ိန္မီ မပိတ္ဆို႔ႏိုင္ခဲ့တာေၾကာင့္ လိုရစ္ မကာကြယ္လိုက္ႏိုင္ဘဲ ဂိုးျပန္ေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာ ခံစစ္မွာ ညံ့ေနလို႔ တည္ကန္ေဘာ ခုခံပုံ ညံ့တဲ့ ၿပိဳင္ဘက္ေတြဘက္ကို တိုက္စစ္နဲ႔ ဖာေထးဖို႔ ႀကိဳးစားေနတဲ့ ဆန္ခ်က္ဇ္ရဲ႕ ေခါင္းတိုက္ခ်က္ ဘားထိသြားခဲ့တာေၾကာင့္ ဂိုးမရခဲ့ဘဲ နာက်င္အခ်ိန္ပိုမွာ တန္ျပန္တိုက္စစ္ကေန မက္ဒီဆန္ရဲ႕ ကန္သြင္းမႈကိုလည္း လိုရစ္ ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ စပါးစ္နဲ႔ လက္စတာတို႔ ႏွစ္ဂိုးစီ သေရက်ေနခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ အိမ္ကြင္းအားနဲ႔ ဖိကစားေနတဲ့ စပါးစ္တို႔ တတိယဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အိမ္ရွင္ေတြရဲ႕ Pressing မွာ ေရွ႕မၾကည့္ ေနာက္မၾကည့္ ကစားေနတဲ့ လက္စတာကြင္းလယ္လူ အန္ဒီဒီကို ေနာက္ကေန ေဘာလုံးလုယူသြားႏိုင္ခဲ့တဲ့ ဘင္တန္ကာက ဘယ္သူ႔ကိုမွ မေပးဘဲ ဧရိယာထိပ္ကေန ညာဘက္တိုင္ေထာင့္ကို အနိမ့္ေဘာကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခံစစ္မွာ ဖိအားေပးခံေနရတာေၾကာင့္ ပ်ာယာခတ္ေနတဲ့ ဆန္ခ်က္ဇ္နဲ႔ ပါရီရွစ္ခ်္တို႔ကို ႐ိုမဲ႐ိုး၊ ႐ိုယဲလ္တို႔နဲ႔ လဲကစားခဲ့သလို တိုက္စစ္မွာ ပါမွန္းေတာင္ မသိရတဲ့ ရစ္ခ်ာလစ္ဆန္ေနရာမွာေတာ့ အရန္ခုံ ထိုင္ခိုင္းထားတဲ့ ဆြန္ေဟာင္မင္ကို ထည့္သြင္းၿပီး နည္းျပ ကြန္တီက ျပင္ဆင္လာခဲ့ၿပီး လက္စတာရဲ႕ ကစားအားကို ေတာင့္ခံႏိုင္ဖို႔ ကူလူရွက္ဗ္စကီးအစား ဘီဆူးမားကိုပါ ထပ္မံထည့္သြင္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာ စပါးစ္တို႔ အေပၚစီး ျပန္ေရာက္ေစမယ့္ စတုတၳဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုလည္း ေဘာလုံးမႏိုင္ဘဲ ေလွ်ာက္ဆြဲေနတဲ့ ဂ်ပ္စတင္ဆီက ဘင္တန္ကာက လုယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ ေရွ႕ကို ခင္းေပးခဲ့ရာမွာ ဆြန္ေဟာင္မင္က သူ႔ကို ပိတ္ထားတဲ့ အီဗန္စ္နဲ႔ ေဖးစ္တို႔ႏွစ္ဦးကို ေက်ာ္ျဖတ္မေနေတာ့ဘဲ အနည္းငယ္ခြာထြက္ၿပီး လွမ္းကန္ခဲ့ရာမွာ ညာဘက္အေပၚေထာင့္ထဲကို ကြက္တိဝင္သြားခဲ့ၿပီး ဒီရာသီ ပထမဆုံးဂိုးကို ရရွိခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ အရန္ခုံ အထိုင္ခိုင္းခံလိုက္ရတာကို အေကာင္းဆုံး တုံ႔ျပန္ေပါက္ကြဲျပခဲ့တဲ့ ဆြန္ေဟာင္မင္ကပဲ သူ႔ရဲ႕ ဒုတိယဂိုးနဲ႔ စပါးစ္ရဲ႕ ပၪၥမဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္တြဲလုံးကေန ဟာရီကိန္းက ညာျခမ္းကို ခ်ေပးရာမွာ လူကပ္ခံမထားရဘဲ လြတ္ေနတဲ့ ကိုရီးယားသားက ဘယ္ေျခနဲ႔ အေဝးတိုင္ေထာင့္ကို ေဝ့ဝိုက္ကန္သြင္းၿပီး ပညာသားပါတဲ့ သြင္းဂိုးကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ႏွစ္မိနစ္အၾကာ ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ စပါးစ္တို႔ ဂိုးဒါဇင္ဝက္ ျပည့္ေျမာက္ႏိုင္ခဲ့ၿပီး တီးလီးမန္းစ္ ေဘာလုံးပ်က္ရာကေန ဟြိဳင္ဘယာ့ဂ္က ကြင္းလယ္ေတာက္ေလွ်ာက္ ဆြဲေျပးၿပီးမွ အီဗန္စ္နဲ႔ ေဖးစ္တို႔ၾကားကေန ခင္းေပးတာကို ဘယ္ျခမ္းက ေျပးထြက္ရယူခဲ့တဲ့ ဆြန္ေဟာင္မင္ ကန္သြင္းရာမွာ ဂိုးသမားနဲ႔ ထိခဲ့ေပမယ့္ ဂိုးထဲ ဝင္သြားခဲ့လို႔ သူ႔ရဲ႕ ဟက္ထရစ္နဲ႔ ေတာက္ပခဲ့တာျဖစ္ၿပီး လူကြၽံေဘာဖမ္းခဲ့ေပမယ့္ VAR က ပယ္ဖ်က္သြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ စပါးစ္တို႔ အိမ္ကြင္းမွာ အရန္ခုံက ထလာတဲ့ Man of the Match ဆြန္ေဟာင္မင္ရဲ႕ ဟက္ထရစ္အပါအဝင္ ေျခာက္ဂိုး-ႏွစ္ဂိုးနဲ႔ လက္စတာတို႔ကို ေခ်မႈန္းႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ၇ ပြဲကစား ၅ ပြဲႏိုင္ ၂ ပြဲသေရနဲ႔ ရႈံးပြဲမရွိစံခ်ိန္ကို ထိန္းသိမ္းထားႏိုင္ခဲ့သလို ေျမာက္လန္ဒန္ ၿပိဳင္ဘက္ အာဆင္နယ္ကို ေက်ာ္တက္ၿပီး အဆင့္ ၂ ေနရာမွာ မန္စီးတီးနဲ႔ ဂိုးကြာျခားခ်က္အရ ေနာက္က ရပ္တည္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.