Analysis Match Report Premier League

စံချိန်ချိုးမယ့် ဒီဘရိုင်းနားနဲ့ ဝုလ်ဗ်စ် 0-3 မန်စီးတီးပွဲက မှတ်မှတ်ရရ အဖြစ်များ

စတာလင်လောက် ဂရီးလစ်ရှ်ဖြစ်လာပြီလား
အစ်တီဟတ်ကို ရောက်ဖို့ ပေါင်သန်း ၁၀၀ ပေးခဲ့ရတဲ့ အက်စ်တန်ဗီလာ အသင်းခေါင်းဆောင်ဟောင်းအနေနဲ့ ဘယ်တုန်းကမှ ဒီငွေကြေး ပမာဏနဲ့ ထိုက်တန်ကြောင်း မပြသနိုင်သေးပေမယ့် ဒီနေ့မှာတော့ သွင်းဂိုးတစ်ဂိုးနဲ့အတူ အတော်လေး ပြန်ဟုတ်လာခဲ့တယ်လို့ ဆိုရမှာပါ။ စတာလင်ရဲ့ ဘယ်ခြမ်းကို အမွေဆက်ခံခဲ့ရတဲ့ အင်္ဂလန်သားအနေနဲ့ မိုလီနူးကွင်းမှာ တစ်မိနစ် မပြည့်ခင်မှာပဲ ဒီဘရိုင်းနားရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို ဂိုးရှေ့မှာ ပြေးပိတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ သူ့အတွက်တော့ ဒီလိုမျိုး ယုံကြည်မှုတွေ များများရလာဖို့ လိုအပ်နေပြီး ဈေးနှုန်းနဲ့ လိုက်ဖက်ညီဖို့ တစ်နှစ်အကြာမှာ ရုန်းထလာနိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။

ဟားလန်းအကြောင်း ဆက်ပြောရအောင်
ကွန်မြူနတီဒိုင်း လီဗာပူးလ်နဲ့ပွဲမှာ အထင်သေးခံရခဲ့ပြီးတဲ့နောက် အာလင်း ဟားလန်းတစ်ယောက် ဝုလ်ဗ်စ်ကိုလည်း ဂိုးထပ်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ခံစစ်မှာ၊ ဒီနှစ်မှာတော့ ကွင်းလယ်မှာ ပိတ်ကစားတဲ့ ဝုလ်ဗ်စ်တို့ကို တစ်ယောက်အထုတ်မခံရခင်ကတည်းက နော်ဝေသားက နောက်တန်းနဲ့ ဂိုးသမားကို တစ်ကိုယ်တော် မျက်လှည့်ပြပြီး သူ့ရဲ့ ၇ ပွဲမှာ ၁၁ ဂိုးမြောက် ပရီးမီးယားလိဂ် အမှတ်အသားကို ရယူသွားခဲ့တာပါ။ ဒီဂိုးမှာ အေးအေးဆေးဆေး ဆွဲပြေးပြီး ညာခြေနဲ့ အဆုံးသတ်ခဲ့တာဖြစ်လို့ ဟားလန်းဟာ ဘယ်သန်ဆိုတဲ့သူတွေကို အမှားပြင်ပေးဖို့ လိုနေပြီဖြစ်ပြီး စီးတီးတို့အတွက် ၁၀ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူပေးထားနိုင်တာလည်းဖြစ်ပါတယ်။

ဘောချင်း မှားတဲ့ ကောလင်းစ်
ပရိသတ်တွေကတော့ နာသန် ကောလင်းစ်တစ်ယောက် ဂျပန်သိုင်းကားတွေကို ကြည့်တာ သိပ်များသွားလားလို့ မေးခွန်းထုတ်နေကြပါပြီ။ ပွဲချိန် ၃၃ မိနစ်မှာ ဘောလုံးရယူဖို့ ကြိုးစားတဲ့ ဂရီးလစ်ရှ်ကို လေထဲမှာ အိုင်ယာလန်သားက ဘောလုံးနဲ့အတူ ကန်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး တစ်ဖက်က ဗိုက်နဲ့ ခန္ဓာကိုယ်အလယ်ပိုင်းကို ဦးတည်ခဲ့သလို တစ်ဖက်ကတော့ ပေါင်ကို ဦးတည်သွားခဲ့တာပါ။ စတုတ်စီးတီးကနေ ပေါင် ၂၂ သန်းအထိ ပေးခဲ့ရတဲ့ ကောလင်းစ်ရဲ့ ရူးမိုက်တဲ့ ဖျက်ထုတ်မှုက တစ်ဖက်ကစားသမားကို ဆိုးဆိုးရွားရွား ထိခိုက်သွားစေနိုင်တဲ့ အတွေးအကြံဖြစ်နေလို့ ခြေထောက်တစ်ဖက်ရဲ့ သက်ရောက်မှုတစ်ခုအတွက် အနီကတ် တစ်ကတ်စီတောင် ထိသင့်ခဲ့တယ်လို့ လူပြောများနေကြပါတယ်။

ဗိုလ်စွဲနိုင်ဖို့ အကောင်းဆုံး အနေအထားက စီးတီး
ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို နောက်ထပ် မန်ချက်စတာတစ်ခေတ်အဖြစ် ထိန်းသိမ်းကာကွယ်နိုင်ဖို့ မန်စီးတီးတို့ အခြေအနေကောင်းနေပြီး လက်ရှိ ၇ ပွဲမှာ ၅ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁၇ မှတ် ရထားတဲ့ ပုံစံက တာထွက်ကောင်းနေခဲ့သလို ဒီနှုန်းအတိုင်း ဆက်သွားရင် ရမှတ် ၉၀ အထက်ကို ရရှိမှာဖြစ်သလို ဂိုးရအောင် ယူပေးနိုင်တဲ့ ကစားသမားတွေနဲ့က သူများအသင်းတွေထက်လည်း ဂိုးသွင်းမှုမှာ သာလွန်ဖို့ ရှိနေခဲ့တာပါ။ ဂွါဒီယိုလာအတွက် ပရီးမီးယားလိဂ်ဆိုတာ ပီအက်စ်ဂျီနဲ့ လိဂန်လိုပဲ အမြဲတမ်း မခွဲဘဲ တတွဲတွဲမြင်ရတဲ့ အရာလို့ ဆိုရတော့မှာလား မေးရပါလိမ့်မယ်။

တန်းဆင်းဇုန်ကို လှမ်းချီနေတဲ့ ဝုလ်ဗ်စ်
ပြီးခဲ့တဲ့ ရာသီက အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဘရူနို လာဂျီကတော့ ဒီရာသီမှာ သူ့အသင်းကို 3 Back ကနေ 4 Back ပြောင်းကစားခဲ့သလို အိတ်ပေါက်နဲ့ ဖားကောက်ပြီး နိုင်ပွဲပျောက်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ရှေ့က ၇ ပွဲမှာ ၄ ဂိုးသာ သွင်းထားချိန်မှာ ခံစစ်ကလည်း တစ်ပွဲတစ်ဂိုးတော့ ပုံမှန်ပေးနေပြီး တိုက်စစ်မှာ ဘယ်သူ့ကိုမှ အားကိုးလို့ မရတဲ့ ပြဿနာက ပေါ်တူဂီကလပ် တစ်ဖြစ်လဲ အနောက်အလယ်ပိုင်းသားတွေကို ဇယားအောက်ကို တဖြည်းဖြည်း ဆင်းစေခဲ့တာပါ။

စံချိန်ချိုးဦးမှာလား ဒီဘရိုင်းနား
အသက် ၃၁ နှစ် အရွယ် ရှိလာခဲ့ပြီဖြစ်တဲ့ ဒီဘရိုင်းနားအတွက် ဂိုးသွင်းကြမ်းတဲ့ ဟားလန်းနဲ့ ပေါင်းစည်းတဲ့ ရာသီမှာ သူ့အတွက် ရနိုင်လောက်တဲ့ စံချိန်ဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ ဖန်တီးမှု စံချိန်သစ်ကို ကြိုးစားနိုင်ဖို့ ရှိနေပါတယ်။ ၂၀၁၉-၂၀ ရာသီမှာ အကြိမ် ၂၀ ဖန်တီးပေးခဲ့ပြီး သီယာရီ အွန်နရီရဲ့ စံချိန်ကို လိုက်မီခဲ့တဲ့ ဘယ်လ်ဂျီယမ်သားဟာ ဒီနေ့ပွဲအပြီးမှာတော့ ၇ ပွဲမှာ ၆ ကြိမ် ဖန်တီးထားနိုင်ခဲ့ပြီး ဒီနှုန်းထားအတိုင်းဆိုရင် စံချိန်သစ်တင်နိုင်ဖို့ ရှိနေခဲ့တာပါ။ ဂရီးလစ်ရှ်ရဲ့ အဖွင့်ဂိုးနဲ့ ဖိုဒန်ရဲ့ အပိတ်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဒီဘရိုင်းနားရဲ့ မှတ်တမ်းက တော်တော်ကောင်းနေပြီး ပရီးမီးယားလိဂ် ၂၁၇ ပွဲမှာ ၅၈ ဂိုးသွင်း၊ ၉၂ ကြိမ် ဖန်တီးတဲ့ ဂိုးပေါင်း ၁၅၀ မှာ ပါဝင်ပတ်သက်မှုက ပြိုင်ဘက်တွေကို ဆွံ့အစေပါတယ်။

မိုလီနူးက ပေါ်တူဂီပွဲ
ဒီနေ့ပွဲမှာတော့ ပရီးမီးယားလိဂ်မှာ ပေါ်တူဂီသားတွေ များပြားလွန်းတဲ့ပွဲမျိုးဖြစ်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ အာဆင်ဝင်းဂါးလုပ်လို့ အင်္ဂလိပ်တွေ မပါတဲ့ နိုင်ငံစုံတပ်ဖွဲ့ဖြစ်တာက မဆန်းပေမယ့် ဝုလ်ဗ်စ်နဲ့ မန်စီးတီးနှစ်သင်းပေါင်းမှာ ပေါ်တူဂီသားတွေချည်း ၁၀ ယောက်အထိ ပွဲထွက်ခဲ့တာက ထူးဆန်းပြီး အိမ်ရှင်မှာ ၇ ယောက်၊ ဧည့်သည်မှာ ၃ ယောက် ပါဝင်ခဲ့တာပါ။ ဝုလ်ဗ်စ်တို့ရဲ့ အရန်ခုံက နှစ်ယောက်ကို ထည့်ရေတွက်ရင်တော့ ၁၂ ယောက်အထိ ရှိသွားနိုင်တဲ့ ပေါ်တူဂီအုပ်စုဟာ ပရီးမီးယားလိဂ်မှာတော့ အင်္ဂလိပ် မဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံတည်းက ကစားသမားတွေ အများဆုံးပါဝင်ခဲ့တဲ့ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စတာလင္ေလာက္ ဂရီးလစ္ရွ္ျဖစ္လာၿပီလား
အစ္တီဟတ္ကို ေရာက္ဖို႔ ေပါင္သန္း ၁၀၀ ေပးခဲ့ရတဲ့ အက္စ္တန္ဗီလာ အသင္းေခါင္းေဆာင္ေဟာင္းအေနနဲ႔ ဘယ္တုန္းကမွ ဒီေငြေၾကး ပမာဏနဲ႔ ထိုက္တန္ေၾကာင္း မျပသႏိုင္ေသးေပမယ့္ ဒီေန႔မွာေတာ့ သြင္းဂိုးတစ္ဂိုးနဲ႔အတူ အေတာ္ေလး ျပန္ဟုတ္လာခဲ့တယ္လို႔ ဆိုရမွာပါ။ စတာလင္ရဲ႕ ဘယ္ျခမ္းကို အေမြဆက္ခံခဲ့ရတဲ့ အဂၤလန္သားအေနနဲ႔ မိုလီႏူးကြင္းမွာ တစ္မိနစ္ မျပည့္ခင္မွာပဲ ဒီဘ႐ိုင္းနားရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာကို ဂိုးေရွ႕မွာ ေျပးပိတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ သူ႔အတြက္ေတာ့ ဒီလိုမ်ိဳး ယုံၾကည္မႈေတြ မ်ားမ်ားရလာဖို႔ လိုအပ္ေနၿပီး ေဈးႏႈန္းနဲ႔ လိုက္ဖက္ညီဖို႔ တစ္ႏွစ္အၾကာမွာ ႐ုန္းထလာႏိုင္မလား ေစာင့္ၾကည့္ရပါလိမ့္မယ္။

ဟားလန္းအေၾကာင္း ဆက္ေျပာရေအာင္
ကြန္ျမဴနတီဒိုင္း လီဗာပူးလ္နဲ႔ပြဲမွာ အထင္ေသးခံရခဲ့ၿပီးတဲ့ေနာက္ အာလင္း ဟားလန္းတစ္ေယာက္ ဝုလ္ဗ္စ္ကိုလည္း ဂိုးထပ္သြင္းခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ခံစစ္မွာ၊ ဒီႏွစ္မွာေတာ့ ကြင္းလယ္မွာ ပိတ္ကစားတဲ့ ဝုလ္ဗ္စ္တို႔ကို တစ္ေယာက္အထုတ္မခံရခင္ကတည္းက ေနာ္ေဝသားက ေနာက္တန္းနဲ႔ ဂိုးသမားကို တစ္ကိုယ္ေတာ္ မ်က္လွည့္ျပၿပီး သူ႔ရဲ႕ ၇ ပြဲမွာ ၁၁ ဂိုးေျမာက္ ပရီးမီးယားလိဂ္ အမွတ္အသားကို ရယူသြားခဲ့တာပါ။ ဒီဂိုးမွာ ေအးေအးေဆးေဆး ဆြဲေျပးၿပီး ညာေျခနဲ႔ အဆုံးသတ္ခဲ့တာျဖစ္လို႔ ဟားလန္းဟာ ဘယ္သန္ဆိုတဲ့သူေတြကို အမွားျပင္ေပးဖို႔ လိုေနၿပီျဖစ္ၿပီး စီးတီးတို႔အတြက္ ၁၀ ပြဲမွာ ၁၄ ဂိုးအထိ သြင္းယူေပးထားႏိုင္တာလည္းျဖစ္ပါတယ္။

ေဘာခ်င္း မွားတဲ့ ေကာလင္းစ္
ပရိသတ္ေတြကေတာ့ နာသန္ ေကာလင္းစ္တစ္ေယာက္ ဂ်ပန္သိုင္းကားေတြကို ၾကည့္တာ သိပ္မ်ားသြားလားလို႔ ေမးခြန္းထုတ္ေနၾကပါၿပီ။ ပြဲခ်ိန္ ၃၃ မိနစ္မွာ ေဘာလုံးရယူဖို႔ ႀကိဳးစားတဲ့ ဂရီးလစ္ရွ္ကို ေလထဲမွာ အိုင္ယာလန္သားက ေဘာလုံးနဲ႔အတူ ကန္ဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး တစ္ဖက္က ဗိုက္နဲ႔ ခႏၶာကိုယ္အလယ္ပိုင္းကို ဦးတည္ခဲ့သလို တစ္ဖက္ကေတာ့ ေပါင္ကို ဦးတည္သြားခဲ့တာပါ။ စတုတ္စီးတီးကေန ေပါင္ ၂၂ သန္းအထိ ေပးခဲ့ရတဲ့ ေကာလင္းစ္ရဲ႕ ႐ူးမိုက္တဲ့ ဖ်က္ထုတ္မႈက တစ္ဖက္ကစားသမားကို ဆိုးဆိုး႐ြား႐ြား ထိခိုက္သြားေစႏိုင္တဲ့ အေတြးအႀကံျဖစ္ေနလို႔ ေျခေထာက္တစ္ဖက္ရဲ႕ သက္ေရာက္မႈတစ္ခုအတြက္ အနီကတ္ တစ္ကတ္စီေတာင္ ထိသင့္ခဲ့တယ္လို႔ လူေျပာမ်ားေနၾကပါတယ္။

ဗိုလ္စြဲႏိုင္ဖို႔ အေကာင္းဆုံး အေနအထားက စီးတီး
ပရီးမီးယားလိဂ္မွာ ခ်န္ပီယံဆုကို ေနာက္ထပ္ မန္ခ်က္စတာတစ္ေခတ္အျဖစ္ ထိန္းသိမ္းကာကြယ္ႏိုင္ဖို႔ မန္စီးတီးတို႔ အေျခအေနေကာင္းေနၿပီး လက္ရွိ ၇ ပြဲမွာ ၅ ပြဲႏိုင္ ၂ ပြဲသေရနဲ႔ ၁၇ မွတ္ ရထားတဲ့ ပုံစံက တာထြက္ေကာင္းေနခဲ့သလို ဒီႏႈန္းအတိုင္း ဆက္သြားရင္ ရမွတ္ ၉၀ အထက္ကို ရရွိမွာျဖစ္သလို ဂိုးရေအာင္ ယူေပးႏိုင္တဲ့ ကစားသမားေတြနဲ႔က သူမ်ားအသင္းေတြထက္လည္း ဂိုးသြင္းမႈမွာ သာလြန္ဖို႔ ရွိေနခဲ့တာပါ။ ဂြါဒီယိုလာအတြက္ ပရီးမီးယားလိဂ္ဆိုတာ ပီအက္စ္ဂ်ီနဲ႔ လိဂန္လိုပဲ အၿမဲတမ္း မခြဲဘဲ တတြဲတြဲျမင္ရတဲ့ အရာလို႔ ဆိုရေတာ့မွာလား ေမးရပါလိမ့္မယ္။

တန္းဆင္းဇုန္ကို လွမ္းခ်ီေနတဲ့ ဝုလ္ဗ္စ္
ၿပီးခဲ့တဲ့ ရာသီက အေကာင္းဆုံး နည္းျပေတြထဲက တစ္ဦးျဖစ္ခဲ့တဲ့ ဘ႐ူႏို လာဂ်ီကေတာ့ ဒီရာသီမွာ သူ႔အသင္းကို 3 Back ကေန 4 Back ေျပာင္းကစားခဲ့သလို အိတ္ေပါက္နဲ႔ ဖားေကာက္ၿပီး ႏိုင္ပြဲေပ်ာက္ေအာင္ စြမ္းေဆာင္ေပးထားႏိုင္ခဲ့ပါတယ္။ ေရွ႕က ၇ ပြဲမွာ ၄ ဂိုးသာ သြင္းထားခ်ိန္မွာ ခံစစ္ကလည္း တစ္ပြဲတစ္ဂိုးေတာ့ ပုံမွန္ေပးေနၿပီး တိုက္စစ္မွာ ဘယ္သူ႔ကိုမွ အားကိုးလို႔ မရတဲ့ ျပႆနာက ေပၚတူဂီကလပ္ တစ္ျဖစ္လဲ အေနာက္အလယ္ပိုင္းသားေတြကို ဇယားေအာက္ကို တျဖည္းျဖည္း ဆင္းေစခဲ့တာပါ။

စံခ်ိန္ခ်ိဳးဦးမွာလား ဒီဘ႐ိုင္းနား
အသက္ ၃၁ ႏွစ္ အ႐ြယ္ ရွိလာခဲ့ၿပီျဖစ္တဲ့ ဒီဘ႐ိုင္းနားအတြက္ ဂိုးသြင္းၾကမ္းတဲ့ ဟားလန္းနဲ႔ ေပါင္းစည္းတဲ့ ရာသီမွာ သူ႔အတြက္ ရႏိုင္ေလာက္တဲ့ စံခ်ိန္ျဖစ္တဲ့ ပရီးမီးယားလိဂ္ရဲ႕ ဖန္တီးမႈ စံခ်ိန္သစ္ကို ႀကိဳးစားႏိုင္ဖို႔ ရွိေနပါတယ္။ ၂၀၁၉-၂၀ ရာသီမွာ အႀကိမ္ ၂၀ ဖန္တီးေပးခဲ့ၿပီး သီယာရီ အြန္နရီရဲ႕ စံခ်ိန္ကို လိုက္မီခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားဟာ ဒီေန႔ပြဲအၿပီးမွာေတာ့ ၇ ပြဲမွာ ၆ ႀကိမ္ ဖန္တီးထားႏိုင္ခဲ့ၿပီး ဒီႏႈန္းထားအတိုင္းဆိုရင္ စံခ်ိန္သစ္တင္ႏိုင္ဖို႔ ရွိေနခဲ့တာပါ။ ဂရီးလစ္ရွ္ရဲ႕ အဖြင့္ဂိုးနဲ႔ ဖိုဒန္ရဲ႕ အပိတ္ဂိုးကို ဖန္တီးေပးခဲ့တဲ့ ဒီဘ႐ိုင္းနားရဲ႕ မွတ္တမ္းက ေတာ္ေတာ္ေကာင္းေနၿပီး ပရီးမီးယားလိဂ္ ၂၁၇ ပြဲမွာ ၅၈ ဂိုးသြင္း၊ ၉၂ ႀကိမ္ ဖန္တီးတဲ့ ဂိုးေပါင္း ၁၅၀ မွာ ပါဝင္ပတ္သက္မႈက ၿပိဳင္ဘက္ေတြကို ဆြံ႕အေစပါတယ္။

မိုလီႏူးက ေပၚတူဂီပြဲ
ဒီေန႔ပြဲမွာေတာ့ ပရီးမီးယားလိဂ္မွာ ေပၚတူဂီသားေတြ မ်ားျပားလြန္းတဲ့ပြဲမ်ိဳးျဖစ္ခဲ့ပါတယ္။ အာဆင္နယ္နဲ႔ အာဆင္ဝင္းဂါးလုပ္လို႔ အဂၤလိပ္ေတြ မပါတဲ့ ႏိုင္ငံစုံတပ္ဖြဲ႕ျဖစ္တာက မဆန္းေပမယ့္ ဝုလ္ဗ္စ္နဲ႔ မန္စီးတီးႏွစ္သင္းေပါင္းမွာ ေပၚတူဂီသားေတြခ်ည္း ၁၀ ေယာက္အထိ ပြဲထြက္ခဲ့တာက ထူးဆန္းၿပီး အိမ္ရွင္မွာ ၇ ေယာက္၊ ဧည့္သည္မွာ ၃ ေယာက္ ပါဝင္ခဲ့တာပါ။ ဝုလ္ဗ္စ္တို႔ရဲ႕ အရန္ခုံက ႏွစ္ေယာက္ကို ထည့္ေရတြက္ရင္ေတာ့ ၁၂ ေယာက္အထိ ရွိသြားႏိုင္တဲ့ ေပၚတူဂီအုပ္စုဟာ ပရီးမီးယားလိဂ္မွာေတာ့ အဂၤလိပ္ မဟုတ္တဲ့ ႏိုင္ငံတစ္ႏိုင္ငံတည္းက ကစားသမားေတြ အမ်ားဆုံးပါဝင္ခဲ့တဲ့ပြဲအျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.