Premier League

အပွဲပွဲနွှဲခဲ့သမျှ ကလေးနဲ့မှ ပက်လက်လန်သွားအောင် ခံလိုက်ရတဲ့ ချဲလ်ဆီးဂန္တဝင်ကြီး ဒရော့ဂ်ဘာ

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲမှာ အာဆင်နယ်ပရိသတ် ကလေးငယ်တစ်ဦးဟာ ချဲလ်ဆီးဂန္တဝင် ဒီဒီယာ ဒရော့ဂ်ဘာကို အရူးလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး အိုင်ဗရီကို့စ်တိုက်စစ်မှူးဟောင်းကြီးရဲ့ တုံ့ပြန်မှုက ပရိသတ်တွေအတွက် မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချင်စရာဖြစ်ခဲ့ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဂ်ဘာက ချဲလ်ဆီးရှပ် ဝတ်ဆင်ထားတဲ့ ပရိသတ်ကလေးငယ်တစ်ဦးရဲ့ ရှပ်ပေါ်မှာ အမှတ်တရ လက်မှတ်ရေးထိုးပေးနေခဲ့တာဖြစ်ပြီး အိုင်ဗရီကို့စ်ဂန္တဝင်တိုက်စစ်မှူး လက်မှတ်ထိုးပြီးသွားတဲ့အချိန်မှာ ပရိသတ်ကလေးငယ်ဟာ ချဲလ်ဆီးရှပ်ကို ချွတ်ခဲ့တာဖြစ်ပါတယ်။

ဒရော့ဂ်ဘာအတွက်တော့ ပရိသတ်ကလေးငယ်ရဲ့ အပြုအမူကြောင့် ထိတ်လန့်စရာဖြစ်ခဲ့ပြီး ဘာကြောင့်လဲဆိုရင် ချဲလ်ဆီးအသင်းရှပ်အောက်မှာ အာဆင်နယ်အသင်းရှပ်ကို ဝတ်ဆင်ထားတာကြောင့်ဖြစ်ပြီး ချဲလ်ဆီးဂန္တဝင်လည်း အရူးလုပ်ခံရမှန်းသိသွားတာကြောင့် ရှက်ကိုး ရှက်ကန်းနဲ့ ရယ်မောနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

“ဘုရားသခင်၊ ဘုရားသခင်၊ ဘုရားသခင်။ မင်း ဘယ်လိုတောင် ဒီလိုလုပ်နိုင်ရတာလဲကွာ”လို့ ဒရော့ဂ်ဘာက ရယ်မောနေတဲ့ ပရိသတ်ကလေးငယ်ကိုကြည့်ပြီး မယုံနိုင်ဟန်နဲ့ ရေရွတ်ခဲ့မိတဲ့အထိ အံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ဒရော့ဂ်ဘာနဲ့ အာဆင်နယ်ပရိသတ် ကလေးငယ်တို့ရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုခဲ့ပြီးနောက် အလျင်အမြန်ပဲ ၎င်းတို့ရဲ့ ထင်မြင်ချက်တွေကို မှတ်ချက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

“ဒရော့ဂ်ဘာ ဖြစ်သွားတဲ့ပုံကြီးက အရမ်းကို ရယ်ရတယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “ဒရော့ဂ်ဘာက သဘောထားကြီးကြီးနဲ့ လက်ခံလိုက်တယ်။ ချန်ပီယံကွ”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ဒရော့ဂ်ဘာဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းအတွက် ကစားခဲ့တဲ့ကာလတုန်းက အာဆင်နယ်အသင်းကို ကောင်းကောင်း အနိုင်ယူနိုင်ခဲ့တာဖြစ်ပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းကို သဘောကျကြောင်း ၂၀၀၉ ခုနှစ်တုန်းက FourFourTwo နဲ့ တွေ့ဆုံရာမှာ ထုတ်ဖော်ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

“ကျွန်တော် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရတာကို သဘောကျတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ပြင်သစ်က လူတွေ အားပေးတဲ့အသင်းဖြစ်နေလို့ပါ။ ဘာလို့လဲဆိုရင် အဲဒီမှာ ပြင်သစ်ကစားသမားတွေအားလုံး ကစားနေပြီး အဲဒီတော့ ကျွန်တော်လည်း သူတို့ကို အားပေးပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္ထဲမွာ အာဆင္နယ္ပရိသတ္ ကေလးငယ္တစ္ဦးဟာ ခ်ဲလ္ဆီးဂႏၲဝင္ ဒီဒီယာ ဒေရာ့ဂ္ဘာကို အ႐ူးလုပ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး အိုင္ဗရီကို႔စ္တိုက္စစ္မႉးေဟာင္းႀကီးရဲ႕ တုံ႔ျပန္မႈက ပရိသတ္ေတြအတြက္ မၿပဳံးဘဲ ဝါးလုံးကြဲ ရယ္ခ်င္စရာျဖစ္ခဲ့ပါတယ္။

ဗီဒီယိုဖိုင္ထဲမွာ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ဒေရာ့ဂ္ဘာက ခ်ဲလ္ဆီးရွပ္ ဝတ္ဆင္ထားတဲ့ ပရိသတ္ကေလးငယ္တစ္ဦးရဲ႕ ရွပ္ေပၚမွာ အမွတ္တရ လက္မွတ္ေရးထိုးေပးေနခဲ့တာျဖစ္ၿပီး အိုင္ဗရီကို႔စ္ဂႏၲဝင္တိုက္စစ္မႉး လက္မွတ္ထိုးၿပီးသြားတဲ့အခ်ိန္မွာ ပရိသတ္ကေလးငယ္ဟာ ခ်ဲလ္ဆီးရွပ္ကို ခြၽတ္ခဲ့တာျဖစ္ပါတယ္။

ဒေရာ့ဂ္ဘာအတြက္ေတာ့ ပရိသတ္ကေလးငယ္ရဲ႕ အျပဳအမူေၾကာင့္ ထိတ္လန႔္စရာျဖစ္ခဲ့ၿပီး ဘာေၾကာင့္လဲဆိုရင္ ခ်ဲလ္ဆီးအသင္းရွပ္ေအာက္မွာ အာဆင္နယ္အသင္းရွပ္ကို ဝတ္ဆင္ထားတာေၾကာင့္ျဖစ္ၿပီး ခ်ဲလ္ဆီးဂႏၲဝင္လည္း အ႐ူးလုပ္ခံရမွန္းသိသြားတာေၾကာင့္ ရွက္ကိုး ရွက္ကန္းနဲ႔ ရယ္ေမာေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

“ဘုရားသခင္၊ ဘုရားသခင္၊ ဘုရားသခင္။ မင္း ဘယ္လိုေတာင္ ဒီလိုလုပ္ႏိုင္ရတာလဲကြာ”လို႔ ဒေရာ့ဂ္ဘာက ရယ္ေမာေနတဲ့ ပရိသတ္ကေလးငယ္ကိုၾကည့္ၿပီး မယုံႏိုင္ဟန္နဲ႔ ေရ႐ြတ္ခဲ့မိတဲ့အထိ အံ့အားသင့္ခဲ့ရတာျဖစ္ပါတယ္။ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ဒေရာ့ဂ္ဘာနဲ႔ အာဆင္နယ္ပရိသတ္ ကေလးငယ္တို႔ရဲ႕ ဗီဒီယိုဖိုင္ကို ၾကည့္ရႈခဲ့ၿပီးေနာက္ အလ်င္အျမန္ပဲ ၎တို႔ရဲ႕ ထင္ျမင္ခ်က္ေတြကို မွတ္ခ်က္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။

“ဒေရာ့ဂ္ဘာ ျဖစ္သြားတဲ့ပုံႀကီးက အရမ္းကို ရယ္ရတယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “ဒေရာ့ဂ္ဘာက သေဘာထားႀကီးႀကီးနဲ႔ လက္ခံလိုက္တယ္။ ခ်န္ပီယံကြ”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒေရာ့ဂ္ဘာဟာ ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးအသင္းအတြက္ ကစားခဲ့တဲ့ကာလတုန္းက အာဆင္နယ္အသင္းကို ေကာင္းေကာင္း အႏိုင္ယူႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ေျမာက္လန္ဒန္ကလပ္အသင္းကို သေဘာက်ေၾကာင္း ၂၀၀၉ ခုႏွစ္တုန္းက FourFourTwo နဲ႔ ေတြ႕ဆုံရာမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားရတာကို သေဘာက်တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက ျပင္သစ္က လူေတြ အားေပးတဲ့အသင္းျဖစ္ေနလို႔ပါ။ ဘာလို႔လဲဆိုရင္ အဲဒီမွာ ျပင္သစ္ကစားသမားေတြအားလုံး ကစားေနၿပီး အဲဒီေတာ့ ကြၽန္ေတာ္လည္း သူတို႔ကို အားေပးပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.