Premier League

ဝိန်း ရူနီနဲ့ ဟာလန်းကြားက အဓိက ကွာခြားချက်ကို ပြောလိုက်တဲ့ မန်ယူနိုက်တက်ဂန္တဝင်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမားဟောင်း ရီယို ဖာဒီနန်က ဝိန်း ရူနီနဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းတို့ကြားက အဓိက ကွာခြားချက်က ဘာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ မန်ချက်စတာစီးတီးအသင်းအတွက် စိတ်လှုပ်ရှားဖွယ် စွမ်းဆောင်ရည်ပြသနေခဲ့သူဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့ညက ဒေါ့မွန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၆ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နော်ဝေ ဂိုးသွင်းစက်ဟာ သွင်းဂိုးတွေ ပုံမှန် သွင်းယူပေးနေချိန်မှာ ပွဲစဉ်အတွင်းမှာတော့ ဘောလုံးထိတွေ့မှု များများစားစား ပြုလုပ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး အဲဒါက ဘောလုံးဝေဖန်သူတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဝိန်း ရူနီနဲ့ ကစားခဲ့ရတယ်။ သူ ဘောလုံးနည်းနည်းပဲ ထိပြီး တစ်ဂိုး ဒါမှမဟုတ် ၂ ဂိုးသွင်းယူနိုင်ခဲ့ရင်တောင် သူ ပျော်ရွှင်မှာမဟုတ်ပါဘူး။ ဒီကောင်လေးကျတော့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ‘ငါ့ကို ဘောလုံးထိတွေ့မှု နည်းနည်းနဲ့ ဂိုးများများပဲပေး။ အဲဒါဆို သေပျော်ပြီ’ဆိုတဲ့သူမျိုးပါ”

“သူက အဲဒီလိုမျိုး သူပါ။ ဘောလုံးနဲ့ အသက်ရှူနေပြီး သွင်းဂိုးတွေ သွင်းယူဖို့နဲ့ နိုင်ပွဲတွေ ရရှိနေဖို့ပါပဲ။ ဝိန်း ရူနီနဲ့ပတ်သက်ပြီး ကျွန်တော်နှစ်သက်တာက ပွဲစဉ်အတွင်းမှာ ဘောလုံးထိတွေ့မှု ၁၁ ကြိမ်သာရှိခဲ့ရင် သူက ဘောလုံးကို အသည်းအသန် လိုက်ရှာနေပြီး ဘောလုံးထိတွေ့မှုတွေ ပိုရအောင် အသင်းရဲ့ ပုံစံကိုပါ အကျိုးသက်ရောက်မှု ရှိစေတယ်”

“ဟာလန်းကျတော့ အေးဆေးပဲ။ သူ တွေးနေတာက ‘ငါ ဂိုးတွေ လိုချင်တယ်။ ငါ ပွဲစဉ်အတွင်းမှာ ဘောလုံးထိတွေ့မှု ၃ ကြိမ်ရနိုင်တယ်။ အဲဒီထဲက တစ်ကြိမ်က ပင်နယ်တီဧရိယာထဲမှာဖြစ်ပြီး ဂိုးသွင်းနိုင်ရင် ငါ ပျော်ရွှင်ရလိမ့်မယ်’လို့ ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ လက်ရှိမှာ သိသာတာတစ်ခုကတော့ ဝိန်း ရူနီရဲ့ ချန်ပီယံလိဂ်သွင်းဂိုးကို လိုက်မီဖို့ ၄ ဂိုးသာ လိုအပ်တော့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင် တိုက်စစ်မှူးဟာ ဥရောပပြိုင်ပွဲမှာ ၈၅ ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး ၃၀ ရရှိခဲ့ချိန်မှာ နော်ဝေတိုက်စစ်မှူးက ၂၁ ပွဲသာ ကစားရသေးချိန်မှာ ၂၆ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမားေဟာင္း ရီယို ဖာဒီနန္က ဝိန္း ႐ူနီနဲ႔ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းတို႔ၾကားက အဓိက ကြာျခားခ်က္က ဘာလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

ဟာလန္းဟာ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ မန္ခ်က္စတာစီးတီးအသင္းအတြက္ စိတ္လႈပ္ရွားဖြယ္ စြမ္းေဆာင္ရည္ျပသေနခဲ့သူျဖစ္ၿပီး စက္တင္ဘာ ၁၄ ရက္ေန႔ညက ေဒါ့မြန္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၆ ပြဲဆက္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝ ဂိုးသြင္းစက္ဟာ သြင္းဂိုးေတြ ပုံမွန္ သြင္းယူေပးေနခ်ိန္မွာ ပြဲစဥ္အတြင္းမွာေတာ့ ေဘာလုံးထိေတြ႕မႈ မ်ားမ်ားစားစား ျပဳလုပ္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး အဲဒါက ေဘာလုံးေဝဖန္သူေတြရဲ႕ အာ႐ုံစိုက္ျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ဝိန္း ႐ူနီနဲ႔ ကစားခဲ့ရတယ္။ သူ ေဘာလုံးနည္းနည္းပဲ ထိၿပီး တစ္ဂိုး ဒါမွမဟုတ္ ၂ ဂိုးသြင္းယူႏိုင္ခဲ့ရင္ေတာင္ သူ ေပ်ာ္႐ႊင္မွာမဟုတ္ပါဘူး။ ဒီေကာင္ေလးက်ေတာ့ လုံးဝကို ဆန႔္က်င္ဘက္ပဲ။ ‘ငါ့ကို ေဘာလုံးထိေတြ႕မႈ နည္းနည္းနဲ႔ ဂိုးမ်ားမ်ားပဲေပး။ အဲဒါဆို ေသေပ်ာ္ၿပီ’ဆိုတဲ့သူမ်ိဳးပါ”

“သူက အဲဒီလိုမ်ိဳး သူပါ။ ေဘာလုံးနဲ႔ အသက္ရႉေနၿပီး သြင္းဂိုးေတြ သြင္းယူဖို႔နဲ႔ ႏိုင္ပြဲေတြ ရရွိေနဖို႔ပါပဲ။ ဝိန္း ႐ူနီနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ႏွစ္သက္တာက ပြဲစဥ္အတြင္းမွာ ေဘာလုံးထိေတြ႕မႈ ၁၁ ႀကိမ္သာရွိခဲ့ရင္ သူက ေဘာလုံးကို အသည္းအသန္ လိုက္ရွာေနၿပီး ေဘာလုံးထိေတြ႕မႈေတြ ပိုရေအာင္ အသင္းရဲ႕ ပုံစံကိုပါ အက်ိဳးသက္ေရာက္မႈ ရွိေစတယ္”

“ဟာလန္းက်ေတာ့ ေအးေဆးပဲ။ သူ ေတြးေနတာက ‘ငါ ဂိုးေတြ လိုခ်င္တယ္။ ငါ ပြဲစဥ္အတြင္းမွာ ေဘာလုံးထိေတြ႕မႈ ၃ ႀကိမ္ရႏိုင္တယ္။ အဲဒီထဲက တစ္ႀကိမ္က ပင္နယ္တီဧရိယာထဲမွာျဖစ္ၿပီး ဂိုးသြင္းႏိုင္ရင္ ငါ ေပ်ာ္႐ႊင္ရလိမ့္မယ္’လို႔ ျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာလန္းဟာ လက္ရွိမွာ သိသာတာတစ္ခုကေတာ့ ဝိန္း ႐ူနီရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုးကို လိုက္မီဖို႔ ၄ ဂိုးသာ လိုအပ္ေတာ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ တိုက္စစ္မႉးဟာ ဥေရာပၿပိဳင္ပြဲမွာ ၈၅ ပြဲ ကစားခဲ့ရာမွာ သြင္းဂိုး ၃၀ ရရွိခဲ့ခ်ိန္မွာ ေနာ္ေဝတိုက္စစ္မႉးက ၂၁ ပြဲသာ ကစားရေသးခ်ိန္မွာ ၂၆ ဂိုးအထိ သြင္းယူထားၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.