Premier League UCL&UEL

ရှီရစ်နဲ့ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ လေးစားဖွယ် အပြုအမူကြောင့် ချီးကျူးခံခဲ့ရတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့ညက ယူရိုပါလိဂ်ပွဲစဉ်အဖြစ်နဲ့ ရှီရစ် တီရာစပေါ်ကို ရင်ဆိုင်ဖို့ မော်လ်ဒိုဗာကို မန်ချက်စတာယူနိုက်တက်အသင်းက ထွက်ခွာခဲ့ချိန်မှာ ဆွဲဆောင်မှုရှိတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့ပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံထားရသူဖြစ်ပြီး မော်လ်ဒိုဗာ ခရီးစဉ်အတွင်း ၎င်းရဲ့ လွှမ်းမိုးမှုဟာ တုပြိုင်လို့ မရနိုင်ဘူးဆိုတာကို ပြသခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ရှီရစ် တီရာစပေါ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယခုရာသီအတွက် ပထဆုံးသွင်းဂိုးနဲ့ ကစားသမားဘဝတလျှောက် ယူရိုပါလိဂ်ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဆန်ချို့ ပထမပိုင်းအစောပိုင်း အဖွင့်ဂိုးသွင်းယူပြီးနောက် ၃၉ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲမတိုင်ခင်မှာ ချစ်မြတ်နိုးစရာကောင်းတဲ့ အခိုက်အတန့်တစ်ခုရှိခဲ့ပြီး ရော်နယ်လ်ဒိုရှပ်ဝတ်ဆင်ထားတဲ့ ပရိသတ်ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ စံပြပုဂ္ဂိုလ်နဲ့ တွေ့ဆုံနိုင်ဖို့အတွက် လုံခြုံရေးတွေကို ကျော်ဖြတ်ပြီး ပြေးလွှားလာခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကလေးငယ်ကို ပွေ့ဖက် ကြိုဆိုပေးခဲ့ပြီးနောက် အခြား မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေနဲ့ မိတ်ဆက်ပေးဖို့အတွက် အသင်းဘတ်စ်ကားပေါ်ကို ခေါ်ဆောင်သွားပေးခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဆီကနေ ဒီလိုမျိုး ရိုးရှင်းတဲ့ အပြုအမူလေးတစ်ခုက ပရိသတ်ကလေးငယ်ရဲ့ တစ်ဘဝလုံးမှာ အမှတ်တရဖြစ်နေတော့မှာ ဖြစ်ပါတယ်။

နောက်ထပ် နာရီအနည်းငယ်အကြာမှာ ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ‘SIUUU’ အောင်ပွဲခံဟန်နဲ့ ကွင်းထဲမှာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပြီး ပရိသတ်ကလေးငယ်နဲ့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးတို့ရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

ရှီရစ် တီရာစပေါ် ပရိသတ်တွေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းတို့ရဲ့ အသင်းဘက်ကို ဂိုးသွင်းယူခဲ့တာဖြစ်ပေမယ့်လည်း ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးနဲ့အတူ ‘SIUUU’ အောင်ပွဲခံမှုကို အတူတူ ပြုလုပ်ခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်အသင်းဖော် မက်တော်မီနေးလည်း အဲဒီထဲမှာ အပါအဝင် ဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၾကာသပေတးေန႔ညက ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္နဲ႔ ရွီရစ္ တီရာစေပၚကို ရင္ဆိုင္ဖို႔ ေမာ္လ္ဒိုဗာကို မန္ခ်က္စတာယူႏိုက္တက္အသင္းက ထြက္ခြာခဲ့ခ်ိန္မွာ ဆြဲေဆာင္မႈရွိတဲ့ ၾကယ္ပြင့္တစ္ပြင့္ျဖစ္ခဲ့ပါတယ္။

ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ ေဘာလုံးသမိုင္းမွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ယူဆျခင္းခံထားရသူျဖစ္ၿပီး ေမာ္လ္ဒိုဗာ ခရီးစဥ္အတြင္း ၎ရဲ႕ လႊမ္းမိုးမႈဟာ တုၿပိဳင္လို႔ မရႏိုင္ဘူးဆိုတာကို ျပသခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ရွီရစ္ တီရာစေပၚကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ယခုရာသီအတြက္ ပထဆုံးသြင္းဂိုးနဲ႔ ကစားသမားဘဝတေလွ်ာက္ ယူ႐ိုပါလိဂ္ပထမဆုံးသြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဆန္ခ်ိဳ႕ ပထမပိုင္းအေစာပိုင္း အဖြင့္ဂိုးသြင္းယူၿပီးေနာက္ ၃၉ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကေန ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ပြဲမတိုင္ခင္မွာ ခ်စ္ျမတ္ႏိုးစရာေကာင္းတဲ့ အခိုက္အတန႔္တစ္ခုရွိခဲ့ၿပီး ေရာ္နယ္လ္ဒိုရွပ္ဝတ္ဆင္ထားတဲ့ ပရိသတ္ကေလးငယ္တစ္ဦးဟာ သူ႔ရဲ႕ စံျပပုဂၢိဳလ္နဲ႔ ေတြ႕ဆုံႏိုင္ဖို႔အတြက္ လုံၿခဳံေရးေတြကို ေက်ာ္ျဖတ္ၿပီး ေျပးလႊားလာခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ကေလးငယ္ကို ေပြ႕ဖက္ ႀကိဳဆိုေပးခဲ့ၿပီးေနာက္ အျခား မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေတြနဲ႔ မိတ္ဆက္ေပးဖို႔အတြက္ အသင္းဘတ္စ္ကားေပၚကို ေခၚေဆာင္သြားေပးခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဆီကေန ဒီလိုမ်ိဳး ႐ိုးရွင္းတဲ့ အျပဳအမူေလးတစ္ခုက ပရိသတ္ကေလးငယ္ရဲ႕ တစ္ဘဝလုံးမွာ အမွတ္တရျဖစ္ေနေတာ့မွာ ျဖစ္ပါတယ္။

ေနာက္ထပ္ နာရီအနည္းငယ္အၾကာမွာ ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ အထိမ္းအမွတ္ျဖစ္တဲ့ ‘SIUUU’ ေအာင္ပြဲခံဟန္နဲ႔ ကြင္းထဲမွာ ပရိသတ္ေတြနဲ႔အတူ ေအာင္ပြဲခံႏိုင္ခဲ့တာျဖစ္ၿပီး ပရိသတ္ကေလးငယ္နဲ႔ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးတို႔ရဲ႕ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈေတြကို ခံခဲ့ရတာျဖစ္ပါတယ္။

ရွီရစ္ တီရာစေပၚ ပရိသတ္ေတြဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၎တို႔ရဲ႕ အသင္းဘက္ကို ဂိုးသြင္းယူခဲ့တာျဖစ္ေပမယ့္လည္း ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးနဲ႔အတူ ‘SIUUU’ ေအာင္ပြဲခံမႈကို အတူတူ ျပဳလုပ္ခဲ့ၾကၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ မက္ေတာ္မီေနးလည္း အဲဒီထဲမွာ အပါအဝင္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.