Premier League

လူမရှိပေမယ့်လည်း ရှိတဲ့ကစားသမားပါ စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ အသင်းကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ အာသာ မယ်လိုရဲ့ အငှားစာချုပ်ကို ဖျက်သိမ်းဖို့အတွက် စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်ဟာ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားကို အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ ကွင်းလယ်ပြဿနာကို သက်သာလျော့ပါးစေဖို့ ရည်ရွယ်ချက်နဲ့ ဂျူဗင်တပ်ကနေ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သီယေဂို အယ်လ်ကန်တာရာ၊ ဂျော်ဒန် ဟန်ဒါဆန်၊ နာဘီ ကီးတား၊ ကာတစ် ဂျုံးစ်နဲ့ ချိန်ဘာလိန်တို့အားလုံးဟာ ယခုရာသီမှာ ဒဏ်ရာ ရရှိနေခဲ့တာကြောင့် ကွင်းလယ်နေရာအတွက် ရွေးချယ်စရာမရှိ ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်က လီဗာပူးလ်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်အဆုံးမှာ ကွင်းလယ်ဗဟို ကစားသမားတစ်ဦး ခေါ်ယူဖို့ လိုအပ်တယ်လို့ ဝန်ခံခဲ့ပေမယ့်လည်း သင့်တော်တဲ့ ကစားသမားကိုသာ ခေါ်ယူသွားမှာဖြစ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာသာဟာ ဆေးမြီးတိုအဖြစ်နဲ့ ခေါ်ယူခြင်း ခံခဲ့ရတာသာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ လာမယ့်နွေရာသီမှာ ကာလရှည် အသင်းအတွက် ကစားပေးနိုင်မယ့် ကွင်းလယ်ကစားသမားကို ခေါ်ယူသွားလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ မာဆေးဆိုဒ်အသင်းဟာ မျှော်မှန်းထားတာထက် ပိုစောပြီး ဈေးကွက်ထဲကို ဝင်ရောက်နိုင်တဲ့ပုံပေါ်နေပြီး Tuttomercatoweb ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ ဇန်နဝါရီလမှာ ဘရာဇီးလ်ကွင်းလယ်ကစားသမားရဲ့နေရာမှာ အစားထိုးခေါ်ယူမှုပြုလုပ်နိုင်ခဲ့မယ်ဆိုရင် အငှားစာချုပ်ကို ဖျက်သိမ်းသွားဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။

ကလော့ပ်ဟာ အာသာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အထင်ကြီးခဲ့ခြင်းမရှိဘဲ ဂျူဗင်တပ်ကွင်းလယ်ကစားသမားဟာ လီဗာပူးလ်ကွင်းလယ်အတွက်တော့ သင့်တော်တဲ့သူတစ်ယောက်မဟုတ်ဘူးလို့ ယုံကြည်နေတာလို့ သိရပါတယ်။

နာပိုလီကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ဆုံး ၁၃ မိနစ် ပါဝင်ကစားခွင့် ရရှိခဲ့ပြီးနောက် အာသာ မယ်လိုဟာ အင်္ဂါနေ့က အိုင်းယက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပြီး ဂျူဗင်တပ်နည်းပြ အယ်လီဂရီကလည်း ဘရာဇီးလ်ကွင်းလယ်ကစားသမားရဲ့ အငှားစာချုပ် ဖျက်သိမ်းခဲ့ရင်လည်း လူစာရင်းထဲမှာ ပြန်လည်ထည့်သွင်းဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အာသာဟာ ၂၀၁၈ ခုနှစ်မှာ ဂရီမီယိုအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ပြီးကတည်းက အလားအလာရှိတဲ့အတိုင်း လုပ်ပြနိုင်ခြင်းမရှိခဲ့သူဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇွန်လမှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့ကစားခဲ့ချိန်မှာလည်း ၂ နှစ်အတွင်း ၄၂ ပွဲသာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ လြန္ခဲ့တဲ့ ၂ ပတ္ေလာက္ကမွ အသင္းကို တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ အာသာ မယ္လိုရဲ႕ အငွားစာခ်ဳပ္ကို ဖ်က္သိမ္းဖို႔အတြက္ စဥ္းစားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

လီဗာပူးလ္ဟာ အသက္ ၂၆ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားကို အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔မွာ ကြင္းလယ္ျပႆနာကို သက္သာေလ်ာ့ပါးေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဂ်ဴဗင္တပ္ကေန အငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ သီေယဂို အယ္လ္ကန္တာရာ၊ ေဂ်ာ္ဒန္ ဟန္ဒါဆန္၊ နာဘီ ကီးတား၊ ကာတစ္ ဂ်ဳံးစ္နဲ႔ ခ်ိန္ဘာလိန္တို႔အားလုံးဟာ ယခုရာသီမွာ ဒဏ္ရာ ရရွိေနခဲ့တာေၾကာင့္ ကြင္းလယ္ေနရာအတြက္ ေ႐ြးခ်ယ္စရာမရွိ ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္က လီဗာပူးလ္အေနနဲ႔ အေျပာင္းအေ႐ႊ႕ေဈးကြက္အဆုံးမွာ ကြင္းလယ္ဗဟို ကစားသမားတစ္ဦး ေခၚယူဖို႔ လိုအပ္တယ္လို႔ ဝန္ခံခဲ့ေပမယ့္လည္း သင့္ေတာ္တဲ့ ကစားသမားကိုသာ ေခၚယူသြားမွာျဖစ္တယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အာသာဟာ ေဆးၿမီးတိုအျဖစ္နဲ႔ ေခၚယူျခင္း ခံခဲ့ရတာသာျဖစ္ၿပီး လီဗာပူးလ္အသင္းဟာ လာမယ့္ေႏြရာသီမွာ ကာလရွည္ အသင္းအတြက္ ကစားေပးႏိုင္မယ့္ ကြင္းလယ္ကစားသမားကို ေခၚယူသြားလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ မာေဆးဆိုဒ္အသင္းဟာ ေမွ်ာ္မွန္းထားတာထက္ ပိုေစာၿပီး ေဈးကြက္ထဲကို ဝင္ေရာက္ႏိုင္တဲ့ပုံေပၚေနၿပီး Tuttomercatoweb ရဲ႕ ေဖာ္ျပခ်က္အရ လီဗာပူးလ္ဟာ ဇန္နဝါရီလမွာ ဘရာဇီးလ္ကြင္းလယ္ကစားသမားရဲ႕ေနရာမွာ အစားထိုးေခၚယူမႈျပဳလုပ္ႏိုင္ခဲ့မယ္ဆိုရင္ အငွားစာခ်ဳပ္ကို ဖ်က္သိမ္းသြားဖို႔ စဥ္းစားေနၿပီလို႔ သိရပါတယ္။

ကေလာ့ပ္ဟာ အာသာရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး အထင္ႀကီးခဲ့ျခင္းမရွိဘဲ ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမားဟာ လီဗာပူးလ္ကြင္းလယ္အတြက္ေတာ့ သင့္ေတာ္တဲ့သူတစ္ေယာက္မဟုတ္ဘူးလို႔ ယုံၾကည္ေနတာလို႔ သိရပါတယ္။

နာပိုလီကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ေနာက္ဆုံး ၁၃ မိနစ္ ပါဝင္ကစားခြင့္ ရရွိခဲ့ၿပီးေနာက္ အာသာ မယ္လိုဟာ အဂၤါေန႔က အိုင္းယက္စ္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အရန္ခုံမွာသာ ထိုင္ေနခဲ့ရတာျဖစ္ၿပီး ဂ်ဴဗင္တပ္နည္းျပ အယ္လီဂရီကလည္း ဘရာဇီးလ္ကြင္းလယ္ကစားသမားရဲ႕ အငွားစာခ်ဳပ္ ဖ်က္သိမ္းခဲ့ရင္လည္း လူစာရင္းထဲမွာ ျပန္လည္ထည့္သြင္းဖို႔ စိတ္ဝင္စားျခင္းမရွိဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အာသာဟာ ၂၀၁၈ ခုႏွစ္မွာ ဂရီမီယိုအသင္းကေန ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက အလားအလာရွိတဲ့အတိုင္း လုပ္ျပႏိုင္ျခင္းမရွိခဲ့သူျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ဇြန္လမွာ ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕ကစားခဲ့ခ်ိန္မွာလည္း ၂ ႏွစ္အတြင္း ၄၂ ပြဲသာ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.