Premier League UCL&UEL

ပရိသတ်တွေက ကျွန်တော့်ကို ဒီလိုတုံ့ပြန်မယ်မထင်ထားဘူးလို့ ပြောလာတဲ့ မာတီနက်ဇ်

လီဆန်ဒရို မာတီနက်ဇ်က မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက ၎င်းကို နှလုံးသားထဲထိ ထည့်ထားပြီး အားပေးတဲ့ပုံစံကြောင့် အံ့အားသင့်မိခဲ့ပြီး ပရိသတ်တွေရဲ့ တုံ့ပြန်မှုကြောင့် အံ့သြမိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အိုင်းယက်စ်အသင်းကနေ ပြောင်းရွှေ့လာတဲ့ အာဂျင်တီးနားနောက်ခံကစားသမားဟာ မန်ချက်စတာယူနိုက်တက်နဲ့အတူ ဘဝသစ်ကို ခက်ခဲစွာ စတင်ခဲ့ရတာဖြစ်ပြီး ဘရိုက်တန်၊ ဘရန့်တ်ဖို့ဒ်တို့ကို ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရုန်းကန်ခဲ့ရပေမယ့် အဲဒီပွဲတွေအပြီးကတည်းက အရာအားလုံးက ရုတ်တရက်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

လီဆန်ဒရို မာတီနက်ဇ်ဟာ လီဗာပူးလ်၊ ဆောက်သမ်တန်၊ လက်စတာစီးတီး၊ အာဆင်နယ်တို့ကို အနိုင်ရခဲ့တဲ့ပွဲစဉ်တွေမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပြီး ကြာသပတေးနေ့ညမှာ ရှီရစ် တီရာစပေါ်နဲ့ပွဲမှာ နောက်ထပ် ပေးဂိုးမရှိပွဲစဉ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မော်လ်ဒိုဗာမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်း မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ၎င်းတို့ရဲ့ ဗဟိုခံစစ်ကစားသမားသစ်ကို အားပေးထောက်ခံတဲ့ သီချင်းတွေကို သီဆိုခဲ့ကြပြီး မာတီနက်ဇ်က ဒီလို သီဆိုသံတွေကြားရတာ အရမ်းဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် နည်းနည်းတော့ အံ့အားသင့်မိခဲ့တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော် အရမ်းဂုဏ်ယူမိသလို ခံစားရပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းကို ရောက်လာတော့ လူတွေက ‘အာဂျင်တီးနား၊ အာဂျင်တီးနား’လို့ ပြောကြတယ်။ အဲဒါက အံ့အားသင့်စရာပဲ”လို့ ပြောကြားခဲ့ပါတယ်။

ရှီရစ် တီရာစပေါ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ မာတီနက်ဇ်နဲ့ ရာဖေးလ် ဗာရွမ်းတို့ ဗဟိုခံစစ်မှာ ပွဲထွက်ကစားပြီး ရရှိခဲ့တဲ့ ၅ ပွဲမြောက် နိုင်ပွဲလည်း ဖြစ်ခဲ့တာဖြစ်ပြီး ဒီ ၅ ပွဲအတွင်းမှာ ၃ ပွဲ ပေးဂိုးမရှိခဲ့ဘဲ ၂ ဂိုးသာ ခွင့်ပြုပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ မော်လ်ဒိုဗာမှာ ဒါလော့၊ မာတီနက်ဇ်၊ ဗာရွမ်း၊ မာလာစီယာာတို့နဲ့ အားကောင်းတဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့တာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြက ပွဲအပြီးမှာ ဗာရွမ်းကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

“ခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ ရှိနေတဲ့ ရာဖေးလ် ဗာရွမ်းက အားလုံးကို မှန်ကန်တဲ့ အနေအထားမှာ ရှိနေအောင် လုပ်ပေးနေပါတယ်”လို့ ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဆန္ဒ႐ို မာတီနက္ဇ္က မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက ၎ကို ႏွလုံးသားထဲထိ ထည့္ထားၿပီး အားေပးတဲ့ပုံစံေၾကာင့္ အံ့အားသင့္မိခဲ့ၿပီး ပရိသတ္ေတြရဲ႕ တုံ႔ျပန္မႈေၾကာင့္ အံ့ၾသမိခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

အိုင္းယက္စ္အသင္းကေန ေျပာင္းေ႐ႊ႕လာတဲ့ အာဂ်င္တီးနားေနာက္ခံကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔အတူ ဘဝသစ္ကို ခက္ခဲစြာ စတင္ခဲ့ရတာျဖစ္ၿပီး ဘ႐ိုက္တန္၊ ဘရန႔္တ္ဖို႔ဒ္တို႔ကို ၂ ပြဲဆက္ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ႐ုန္းကန္ခဲ့ရေပမယ့္ အဲဒီပြဲေတြအၿပီးကတည္းက အရာအားလုံးက ႐ုတ္တရက္ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။

လီဆန္ဒ႐ို မာတီနက္ဇ္ဟာ လီဗာပူးလ္၊ ေဆာက္သမ္တန္၊ လက္စတာစီးတီး၊ အာဆင္နယ္တို႔ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္ေတြမွာ အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္ခဲ့တာျဖစ္ၿပီး ၾကာသပေတးေန႔ညမွာ ရွီရစ္ တီရာစေပၚနဲ႔ပြဲမွာ ေနာက္ထပ္ ေပးဂိုးမရွိပြဲစဥ္ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေမာ္လ္ဒိုဗာမွာ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္အတြင္း မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ၎တို႔ရဲ႕ ဗဟိုခံစစ္ကစားသမားသစ္ကို အားေပးေထာက္ခံတဲ့ သီခ်င္းေတြကို သီဆိုခဲ့ၾကၿပီး မာတီနက္ဇ္က ဒီလို သီဆိုသံေတြၾကားရတာ အရမ္းဂုဏ္ယူမိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ နည္းနည္းေတာ့ အံ့အားသင့္မိခဲ့တယ္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ္ အရမ္းဂုဏ္ယူမိသလို ခံစားရပါတယ္။ ကမာၻေပၚက အေကာင္းဆုံးအသင္းကို ေရာက္လာေတာ့ လူေတြက ‘အာဂ်င္တီးနား၊ အာဂ်င္တီးနား’လို႔ ေျပာၾကတယ္။ အဲဒါက အံ့အားသင့္စရာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

ရွီရစ္ တီရာစေပၚကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ဟာ မာတီနက္ဇ္နဲ႔ ရာေဖးလ္ ဗာ႐ြမ္းတို႔ ဗဟိုခံစစ္မွာ ပြဲထြက္ကစားၿပီး ရရွိခဲ့တဲ့ ၅ ပြဲေျမာက္ ႏိုင္ပြဲလည္း ျဖစ္ခဲ့တာျဖစ္ၿပီး ဒီ ၅ ပြဲအတြင္းမွာ ၃ ပြဲ ေပးဂိုးမရွိခဲ့ဘဲ ၂ ဂိုးသာ ခြင့္ျပဳေပးခဲ့ရတာလည္း ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ ေမာ္လ္ဒိုဗာမွာ ဒါေလာ့၊ မာတီနက္ဇ္၊ ဗာ႐ြမ္း၊ မာလာစီယာာတို႔နဲ႔ အားေကာင္းတဲ့ ပြဲထြက္လူစာရင္းကို အသုံးျပဳခဲ့တာျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပက ပြဲအၿပီးမွာ ဗာ႐ြမ္းကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့တာ ျဖစ္ပါတယ္။

“ေခါင္းေဆာင္တစ္ေယာက္အျဖစ္နဲ႔ ရွိေနတဲ့ ရာေဖးလ္ ဗာ႐ြမ္းက အားလုံးကို မွန္ကန္တဲ့ အေနအထားမွာ ရွိေနေအာင္ လုပ္ေပးေနပါတယ္”လို႔ ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.