Match Report Premier League UCL&UEL

ရော်နယ်လ်ဒိုရဲ့ ပထမဆုံး ယူရိုပါလိဂ်ဂိုးနဲ့အတူ ရှယ်ရစ်ဖ်ကို အနိုင်ရခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ မာတီနက်ဇ်၊ မာလာစီယာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ရော်နယ်လ်ဒို၊ ဆန်ချိုနဲ့ အန်တိုနီတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် မော်လ်ဒိုဗာကလပ် ရှယ်ရစ်ဖ်ကတော့ ဂိုးသမား ကိုဗာလ်၊ ခံစစ်မှာ ကီကီ၊ ရာဒယ်လ်ယစ်ချ်၊ ဇိုဝါရီနဲ့ ကေပိုဇိုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဒီယော့ပ်၊ ကီယာဘူး၊ ဘာဒိုလိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဝပ်တာရာ၊ အာတီယမ်ဝင်မ်နဲ့ ရာရှိဒ်တို့ကို အသုံးပြုခဲ့ပြီး ကိုယ့်နိုင်ငံသားမပြောနဲ့ အိမ်နီးချင်း ရိုမေးနီးယားကတောင် တစ်ယောက်မှ မပါတဲ့ နိုင်ငံစုံတပ်ဖွဲ့ကို ခေါ်ဆောင်လာခဲ့တာပါ။

ပွဲစစချင်းမှာ အိမ်ရှင်တို့ ဖိအားပေးနိုင်မလိုလို ရှိခဲ့ပေမယ့် အချိန်ကြာလာတာနဲ့ ကစားသမားအဆင့်အတန်းချင်း ကွာဟမှုက ယူနိုက်တက်တို့ကို ဘောလုံးပိုင်ဆိုင်မှုရော ပွဲထိန်းချုပ်မှုကိုပါ ရယူစေနိုင်ခဲ့ပြီး ရော်နယ်လ်ဒိုရဲ့ တိုးအားတွေမှာ ရှယ်ရစ်ဖ်ခံစစ်က တော်တော်လေး ရုန်းကန်လာခဲ့ရပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ယူနိုက်တက်တို့ရဲ့ ရေပက်မဝင်တဲ့ ကွင်းလယ်တွဲလုံးကနေ အဲရစ်ဆန်က ဧရိယာထဲ ရောက်လာခဲ့တဲ့ ဆန်ချိုဆီ ခင်းပေးရာမှာ ဆန်ချိုက သူ့ရှေ့က ရှယ်ရစ်ဖ်နောက်ခံလူကို ညာခြေနဲ့ တစ်ချက်ခေါက်ပြီးမှ ဘယ်ခြေနဲ့ ညာဘက်တိုင်ထောင့်ကို ချိုးကန်သွင်းခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့တာပါ။

အဲရစ်ဆန်ရဲ့ ကွင်းလယ်မှာ အချိတ်အဆက်တွေကို ဆီလိုက်ထည့်ပေးနေတဲ့ ပုံစံက ဖာနန်ဒက်စ်ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ခဲ့ပြီး ယူနိုက်တက်တို့ရဲ့ တွဲလုံးတွေနဲ့ ကစားကွက်အကူးအပြောင်းမှာ သိပ်ကို အကျိုးရှိစေခဲ့သလို ဒီနေ့မှာလည်း တိုက်စစ်သမားတွေအနေနဲ့ လွတ်လွတ်လပ်လပ် ပူစရာမလိုဘဲ ကစားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယ ဦးဆောင်ဂိုးရယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဧရိယာထဲ ပြေးဝင်လာခဲ့တဲ့ ဒါလော့ကို ဘောလုံးမထိဘဲ တားဆီးခံရတာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ရော်နယ်လ်ဒိုက ဂိုးအလယ်တည့်တည့်ကို ကန်သွင်းပြီး ပြိုင်ဘက် ယူကရိန်း လက်ရွေးစင်ဂိုးသမား ကိုဗယ်လ်ကို အနိုင်ယူသွားနိုင်ခဲ့ပြီး သူ့ရဲ့ ဒီရာသီအတွက် ပထမဆုံးဂိုးကို ရယူသွားခဲ့တာပါ။

ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ယူနိုက်တက်တို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ မက်တော်မီနေးအစား ကာစီမီရိုကို ထည့်သွင်းခဲ့သလို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို ဆက်လက်ထိန်းချုပ်နေခဲ့ပြီး ရှယ်ရစ်ဖ်တို့ကို ဂိုးပေါက်တစ်ကြိမ်မှ မတည့်အောင် လုပ်ထားနိုင်ခဲ့ချိန်မှာ တန်ဟတ်ရဲ့ ကစားကွက်ကလည်း ပြီးခဲ့တဲ့ ပွဲတွေကထက် ပိုကောင်းတဲ့ ပုံစံကို ပြသနေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ တိုက်စစ်ထက် ကွင်းလယ်မှာပဲ အချိန်ကုန်တာ များနေခဲ့ပြီး ဒါလော့အစား လုခ်ရှောကို ထည့်သွင်းခဲ့ချိန်မှာ ကစားကွက်က 3 Back ဆန်ဆန် ပြောင်းလဲကစားသွားခဲ့သလို မာလာစီယာက ကွင်းလယ်နဲ့ ညာခြမ်းကို တာဝန်ယူသွားခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာ ရော်နယ်လ်ဒိုရဲ့ Cut Back ကို အန်တိုနီ အနည်းငယ် နောက်ကျပြီး အသုံးမချနိုင်ခဲ့လို့ တတိယဂိုးနဲ့ လွဲခဲ့ရသေးတာပါ။

ကစားကွက်စမ်းတဲ့ ယူနိုက်တက်တို့ လက်ကျန်ပွဲချိန်တွေမှာ အနည်းငယ် ရုန်းကန်ခဲ့ရလို့ အိမ်ရှင်တွေက ဖိကစားလာခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ဆင်နိုင်ဖို့ ရော်နယ်လ်ဒိုကို ထုတ်ပြီး အီလန်ဂါကို ထည့်သွင်းသွားခဲ့သလို ဆန်ချိုကတော့ အထောင်တိုက်စစ်မှူးနေရာကို ယူပြီး ပြောင်းလဲ ကစားချိန်မှာ မာလာစီယာက ညာနောက်ခံနေရာကို ပြန်ဝင်ကစားလာခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ယူနိုက်တက်တို့ ဂိုးထပ်ရဖို့ထက် Clean Sheet နဲ့ နိုင်ပွဲကိုပဲ ထိန်းသိမ်းကစားသွားခဲ့ကြပြီး ပွဲချိန်အပြည့်မှာတော့ အဝေးကွင်းမှာ ရှယ်ရစ်ဖ်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို ဒီရာသီ ပထမဆုံး ဥရောပနိုင်ပွဲနဲ့ ရော်နယ်လ်ဒိုရဲ့ ပထမဆုံး ယူရိုပါလိဂ်ဂိုးတွေက မှတ်မှတ်ရရ ပြောစရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဗာ႐ြန္း၊ မာတီနက္ဇ္၊ မာလာစီယာနဲ႔ ဒါေလာ့တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳနဲ႔ အန္တိုနီတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေမာ္လ္ဒိုဗာကလပ္ ရွယ္ရစ္ဖ္ကေတာ့ ဂိုးသမား ကိုဗာလ္၊ ခံစစ္မွာ ကီကီ၊ ရာဒယ္လ္ယစ္ခ်္၊ ဇိုဝါရီနဲ႔ ေကပိုဇိုတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒီေယာ့ပ္၊ ကီယာဘူး၊ ဘာဒိုလိုတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဝပ္တာရာ၊ အာတီယမ္ဝင္မ္နဲ႔ ရာရွိဒ္တို႔ကို အသုံးျပဳခဲ့ၿပီး ကိုယ့္ႏိုင္ငံသားမေျပာနဲ႔ အိမ္နီးခ်င္း ႐ိုေမးနီးယားကေတာင္ တစ္ေယာက္မွ မပါတဲ့ ႏိုင္ငံစုံတပ္ဖြဲ႕ကို ေခၚေဆာင္လာခဲ့တာပါ။

ပြဲစစခ်င္းမွာ အိမ္ရွင္တို႔ ဖိအားေပးႏိုင္မလိုလို ရွိခဲ့ေပမယ့္ အခ်ိန္ၾကာလာတာနဲ႔ ကစားသမားအဆင့္အတန္းခ်င္း ကြာဟမႈက ယူႏိုက္တက္တို႔ကို ေဘာလုံးပိုင္ဆိုင္မႈေရာ ပြဲထိန္းခ်ဳပ္မႈကိုပါ ရယူေစႏိုင္ခဲ့ၿပီး ေရာ္နယ္လ္ဒိုရဲ႕ တိုးအားေတြမွာ ရွယ္ရစ္ဖ္ခံစစ္က ေတာ္ေတာ္ေလး ႐ုန္းကန္လာခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ယူႏိုက္တက္တို႔ရဲ႕ ေရပက္မဝင္တဲ့ ကြင္းလယ္တြဲလုံးကေန အဲရစ္ဆန္က ဧရိယာထဲ ေရာက္လာခဲ့တဲ့ ဆန္ခ်ိဳဆီ ခင္းေပးရာမွာ ဆန္ခ်ိဳက သူ႔ေရွ႕က ရွယ္ရစ္ဖ္ေနာက္ခံလူကို ညာေျခနဲ႔ တစ္ခ်က္ေခါက္ၿပီးမွ ဘယ္ေျခနဲ႔ ညာဘက္တိုင္ေထာင့္ကို ခ်ိဳးကန္သြင္းခဲ့လို႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

အဲရစ္ဆန္ရဲ႕ ကြင္းလယ္မွာ အခ်ိတ္အဆက္ေတြကို ဆီလိုက္ထည့္ေပးေနတဲ့ ပုံစံက ဖာနန္ဒက္စ္ရဲ႕ ဝန္ထုပ္ဝန္ပိုးကို ေလွ်ာ့ခ်ေပးႏိုင္ခဲ့ၿပီး ယူႏိုက္တက္တို႔ရဲ႕ တြဲလုံးေတြနဲ႔ ကစားကြက္အကူးအေျပာင္းမွာ သိပ္ကို အက်ိဳးရွိေစခဲ့သလို ဒီေန႔မွာလည္း တိုက္စစ္သမားေတြအေနနဲ႔ လြတ္လြတ္လပ္လပ္ ပူစရာမလိုဘဲ ကစားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ဒုတိယ ဦးေဆာင္ဂိုးရယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဧရိယာထဲ ေျပးဝင္လာခဲ့တဲ့ ဒါေလာ့ကို ေဘာလုံးမထိဘဲ တားဆီးခံရတာေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကို ေရာ္နယ္လ္ဒိုက ဂိုးအလယ္တည့္တည့္ကို ကန္သြင္းၿပီး ၿပိဳင္ဘက္ ယူကရိန္း လက္ေ႐ြးစင္ဂိုးသမား ကိုဗယ္လ္ကို အႏိုင္ယူသြားႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ဒီရာသီအတြက္ ပထမဆုံးဂိုးကို ရယူသြားခဲ့တာပါ။

ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ယူႏိုက္တက္တို႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ မက္ေတာ္မီေနးအစား ကာစီမီ႐ိုကို ထည့္သြင္းခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ပြဲကို ဆက္လက္ထိန္းခ်ဳပ္ေနခဲ့ၿပီး ရွယ္ရစ္ဖ္တို႔ကို ဂိုးေပါက္တစ္ႀကိမ္မွ မတည့္ေအာင္ လုပ္ထားႏိုင္ခဲ့ခ်ိန္မွာ တန္ဟတ္ရဲ႕ ကစားကြက္ကလည္း ၿပီးခဲ့တဲ့ ပြဲေတြကထက္ ပိုေကာင္းတဲ့ ပုံစံကို ျပသေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ တိုက္စစ္ထက္ ကြင္းလယ္မွာပဲ အခ်ိန္ကုန္တာ မ်ားေနခဲ့ၿပီး ဒါေလာ့အစား လုခ္ေရွာကို ထည့္သြင္းခဲ့ခ်ိန္မွာ ကစားကြက္က 3 Back ဆန္ဆန္ ေျပာင္းလဲကစားသြားခဲ့သလို မာလာစီယာက ကြင္းလယ္နဲ႔ ညာျခမ္းကို တာဝန္ယူသြားခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာ ေရာ္နယ္လ္ဒိုရဲ႕ Cut Back ကို အန္တိုနီ အနည္းငယ္ ေနာက္က်ၿပီး အသုံးမခ်ႏိုင္ခဲ့လို႔ တတိယဂိုးနဲ႔ လြဲခဲ့ရေသးတာပါ။

ကစားကြက္စမ္းတဲ့ ယူႏိုက္တက္တို႔ လက္က်န္ပြဲခ်ိန္ေတြမွာ အနည္းငယ္ ႐ုန္းကန္ခဲ့ရလို႔ အိမ္ရွင္ေတြက ဖိကစားလာခဲ့ၿပီး ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ဆင္ႏိုင္ဖို႔ ေရာ္နယ္လ္ဒိုကို ထုတ္ၿပီး အီလန္ဂါကို ထည့္သြင္းသြားခဲ့သလို ဆန္ခ်ိဳကေတာ့ အေထာင္တိုက္စစ္မႉးေနရာကို ယူၿပီး ေျပာင္းလဲ ကစားခ်ိန္မွာ မာလာစီယာက ညာေနာက္ခံေနရာကို ျပန္ဝင္ကစားလာခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ယူႏိုက္တက္တို႔ ဂိုးထပ္ရဖို႔ထက္ Clean Sheet နဲ႔ ႏိုင္ပြဲကိုပဲ ထိန္းသိမ္းကစားသြားခဲ့ၾကၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ အေဝးကြင္းမွာ ရွယ္ရစ္ဖ္ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ဒီရာသီ ပထမဆုံး ဥေရာပႏိုင္ပြဲနဲ႔ ေရာ္နယ္လ္ဒိုရဲ႕ ပထမဆုံး ယူ႐ိုပါလိဂ္ဂိုးေတြက မွတ္မွတ္ရရ ေျပာစရာျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.