Bundesliga Premier League Transfer News

ဥရောပကြယ်ပွင့်တစ်ဦးအတွက် ပေါင်သန်းရာဂဏန်းနဲ့ အပြိုင်ကြဲကြမယ့် လီဗာပူးလ်နဲ့ စီးတီး

ဖက်ဘရီဇီယို ရိုမာနိုဟာ လီဗာပူးလ်ပစ်မှတ် ဒေါ့မွန်ကြယ်ပွင့်တောင်ပံကစားသမား ဂျုဒ် ဘယ်လင်ဟမ်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ သတင်းထူးတစ်ခုကို အားလုံးသိအောင် မျှဝေပေးခဲ့ပါတယ်။

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်း အင်္ဂလန်တောင်ပံကစားသမားကို ခေါ်ယူဖို့က လုံးဝ မဖြစ်နိုင်ခဲ့ပေမယ့် လာမယ့်နွေရာသီမှာ ဒေါ့မွန်ကြယ်ပွင့်အတွက် ရူးသွပ်ချင်စရာကောင်းတဲ့ ပြိုင်ပွဲ ရှိလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ အီတလီအပြောင်းအရွှေ့အထူးကျွမ်းကျင်သူက ၎င်းရဲ့ Youtube ချန်နယ်မှာ စကားပြောဆိုရာမှာ ဘယ်လင်ဟမ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ ၂ သင်းစလုံးအတွက်တော့ ဒီနွေမှာ ဘယ်လင်ဟမ်ခေါ်ဖို့ဆိုတာက လုံးဝ မဖြစ်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆို မေလကုန်မှာ ဒေ့ါမွန်ဒါရိုက်တာက ဘယ်လင်ဟမ်အတွက် ချဉ်းကပ်လာတဲ့ လီဗာပူးလ်နဲ့ တခြားအသင်းတွေနဲ့ပတ်သက်ပြီး အရမ်းကို ရှင်းလင်းပြတ်သားနေခဲ့လို့ပါ။ လုံးဝ မဖြစ်နိုင်ဘူး။ ဘာညှိနှိုင်းဆွေးနွေးမှုတွေမှ ရှိခဲ့မှာမဟုတ်ပါဘူး။ ဈေးနှုန်းကြောင့် မဟုတ်ပါဘူး။ ပြောင်းရွှေ့ကြေးကြောင့်လည်း မဟုတ်ပါဘူး။ ဆုံးဖြတ်ချက် ချထားတာကြောင့်ပါ”

“ဒေါ့မွန်အသင်းက ဒီနွေရာသီမှာ ဘယ်လင်ဟမ်ကို လုံးဝမရောင်းဖို့ ဆုံးဖြတ်ထားခဲ့တယ်။ သူတို့တွေက သူတို့ရဲ့ ရပ်တည်မှုနဲ့ပတ်သက်ပြီး တကယ်ကို ရှင်းလင်းပြတ်သားနေခဲ့ပါတယ်။ သူတို့တွေက ဘယ်လင်ဟမ်ကို ၂၀၂၃ ခုနှစ် နွေရာသီမှာ ထိန်းသိမ်းထားဖို့အတွက် အိပ်မက်ကို ကြိုးပမ်းသွားမှာဖြစ်ပေမယ့် အဲဒါက လွယ်ကူမှာမဟုတ်ဘူးဆိုတာကိုလည်း သိနေပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်လင်ဟမ်အတွက် လာမယ့်နွေရာသီမှာ တကယ်ကို ရူးသွပ်ချင်စရာ ရူးလေက်စရာ ပြိုင်ပွဲကြီး ဖြစ်လာတော့မှာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

လူငယ်အင်္ဂလန်တောင်ပံကစားသမားဟာ အသက် ၁၉ နှစ်အရွယ်မှာတင်ပဲ စီနီယာပွဲအရေအတွက် ၁၄၃ ပွဲအထိ အံ့အားသင့်ဖွယ် ကစားပေးထားပြီး ဒေါ့မွန်အသင်းခေါင်းဆောင် မတ်စ် ဟန်းမဲလ်စ်အပါအဝင် ထိပ်တန်းကစားသမားအများအပြားက အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်သူအဖြစ် ချီးကျူးခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ယခုနွေရာသီမှာ ဘယ်လင်ဟမ်ကို အရခေါ်ယူနိုင်ခဲ့ခြင်းမရှိပေမယ့်လည်း ယာဂန် ကလော့ပ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာတော့ အင်္ဂလန်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့အတွက် မီးကုန်ယမ်းကုန် ကြိုးပမ်းသွားချင်နေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ချန်ပီယံတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ အင်္ဂလန်ထိပ်တန်းကလပ်အသင်းအချို့ဆီက ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေကိုလည်း ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

“လီဗာပူးလ်တစ်သင်းတည်းမဟုတ်ဘဲ အင်္ဂလန်က ထိပ်တန်းကလပ်အသင်းတွေအားလုံးက ဘယ်လင်ဟမ်ကို လိုက်နေကြပါတယ်။ မန်စီးတီးကတော့ ကျိန်းသေပေမယ့် မန်ယူနိုက်တက်လည်း ဘယ်လင်ဟမ်ကို လိုက်နေတာက အချိန်တော်တော်လေး ကြာခဲ့ပါပြီ။ အဲဒီတော့ ဒီပြိုင်ပွဲထဲမှာ အသင်းတွေ အများကြီး ရှိနေပါလိမ့်မယ်”လို့ ရိုမာနိုက နိဂုံးချုပ် ပြောကြားသွားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဖက္ဘရီဇီယို ႐ိုမာႏိုဟာ လီဗာပူးလ္ပစ္မွတ္ ေဒါ့မြန္ၾကယ္ပြင့္ေတာင္ပံကစားသမား ဂ်ဳဒ္ ဘယ္လင္ဟမ္နဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ သတင္းထူးတစ္ခုကို အားလုံးသိေအာင္ မွ်ေဝေပးခဲ့ပါတယ္။

အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုက ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း အဂၤလန္ေတာင္ပံကစားသမားကို ေခၚယူဖို႔က လုံးဝ မျဖစ္ႏိုင္ခဲ့ေပမယ့္ လာမယ့္ေႏြရာသီမွာ ေဒါ့မြန္ၾကယ္ပြင့္အတြက္ ႐ူးသြပ္ခ်င္စရာေကာင္းတဲ့ ၿပိဳင္ပြဲ ရွိလာလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အီတလီအေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူက ၎ရဲ႕ Youtube ခ်န္နယ္မွာ စကားေျပာဆိုရာမွာ ဘယ္လင္ဟမ္ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး အခုလိုပဲ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးလ္တို႔ ၂ သင္းစလုံးအတြက္ေတာ့ ဒီေႏြမွာ ဘယ္လင္ဟမ္ေခၚဖို႔ဆိုတာက လုံးဝ မျဖစ္ႏိုင္ခဲ့ပါဘူး။ ဘာလို႔လဲဆို ေမလကုန္မွာ ေဒ့ါမြန္ဒါ႐ိုက္တာက ဘယ္လင္ဟမ္အတြက္ ခ်ဥ္းကပ္လာတဲ့ လီဗာပူးလ္နဲ႔ တျခားအသင္းေတြနဲ႔ပတ္သက္ၿပီး အရမ္းကို ရွင္းလင္းျပတ္သားေနခဲ့လို႔ပါ။ လုံးဝ မျဖစ္ႏိုင္ဘူး။ ဘာညႇိႏႈိင္းေဆြးေႏြးမႈေတြမွ ရွိခဲ့မွာမဟုတ္ပါဘူး။ ေဈးႏႈန္းေၾကာင့္ မဟုတ္ပါဘူး။ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္လည္း မဟုတ္ပါဘူး။ ဆုံးျဖတ္ခ်က္ ခ်ထားတာေၾကာင့္ပါ”

“ေဒါ့မြန္အသင္းက ဒီေႏြရာသီမွာ ဘယ္လင္ဟမ္ကို လုံးဝမေရာင္းဖို႔ ဆုံးျဖတ္ထားခဲ့တယ္။ သူတို႔ေတြက သူတို႔ရဲ႕ ရပ္တည္မႈနဲ႔ပတ္သက္ၿပီး တကယ္ကို ရွင္းလင္းျပတ္သားေနခဲ့ပါတယ္။ သူတို႔ေတြက ဘယ္လင္ဟမ္ကို ၂၀၂၃ ခုႏွစ္ ေႏြရာသီမွာ ထိန္းသိမ္းထားဖို႔အတြက္ အိပ္မက္ကို ႀကိဳးပမ္းသြားမွာျဖစ္ေပမယ့္ အဲဒါက လြယ္ကူမွာမဟုတ္ဘူးဆိုတာကိုလည္း သိေနပါတယ္။ ဘာလို႔လဲဆိုေတာ့ ဘယ္လင္ဟမ္အတြက္ လာမယ့္ေႏြရာသီမွာ တကယ္ကို ႐ူးသြပ္ခ်င္စရာ ႐ူးေလက္စရာ ၿပိဳင္ပြဲႀကီး ျဖစ္လာေတာ့မွာမို႔လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

လူငယ္အဂၤလန္ေတာင္ပံကစားသမားဟာ အသက္ ၁၉ ႏွစ္အ႐ြယ္မွာတင္ပဲ စီနီယာပြဲအေရအတြက္ ၁၄၃ ပြဲအထိ အံ့အားသင့္ဖြယ္ ကစားေပးထားၿပီး ေဒါ့မြန္အသင္းေခါင္းေဆာင္ မတ္စ္ ဟန္းမဲလ္စ္အပါအဝင္ ထိပ္တန္းကစားသမားအမ်ားအျပားက အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ရင့္က်က္တည္ၿငိမ္သူအျဖစ္ ခ်ီးက်ဴးျခင္း ခံခဲ့ရသူ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ယခုေႏြရာသီမွာ ဘယ္လင္ဟမ္ကို အရေခၚယူႏိုင္ခဲ့ျခင္းမရွိေပမယ့္လည္း ယာဂန္ ကေလာ့ပ္ဟာ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာေတာ့ အဂၤလန္ကြင္းလယ္ကစားသမားကို ေခၚယူဖို႔အတြက္ မီးကုန္ယမ္းကုန္ ႀကိဳးပမ္းသြားခ်င္ေနတာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ ခ်န္ပီယံေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကလည္း ဘယ္လင္ဟမ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္ကို အင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းေနတဲ့ အဂၤလန္ထိပ္တန္းကလပ္အသင္းအခ်ိဳ႕ဆီက ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈေတြကိုလည္း ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

“လီဗာပူးလ္တစ္သင္းတည္းမဟုတ္ဘဲ အဂၤလန္က ထိပ္တန္းကလပ္အသင္းေတြအားလုံးက ဘယ္လင္ဟမ္ကို လိုက္ေနၾကပါတယ္။ မန္စီးတီးကေတာ့ က်ိန္းေသေပမယ့္ မန္ယူႏိုက္တက္လည္း ဘယ္လင္ဟမ္ကို လိုက္ေနတာက အခ်ိန္ေတာ္ေတာ္ေလး ၾကာခဲ့ပါၿပီ။ အဲဒီေတာ့ ဒီၿပိဳင္ပြဲထဲမွာ အသင္းေတြ အမ်ားႀကီး ရွိေနပါလိမ့္မယ္”လို႔ ႐ိုမာႏိုက နိဂုံးခ်ဳပ္ ေျပာၾကားသြားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.