Premier League Transfer News

13 Sep အင်္ဂါနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်တို့ရဲ့ ရလဒ်တွေကို ဒဏ်ရာကြောင့် လေးပွဲဆက်တိုက် မပါဝင်နိုင်မှုနဲ့ ထိခိုက်စေခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးဟာ အသင်းနဲ့ ပြန်ပြီး လေ့ကျင့်ခန်း အပြည့်အဝ ဆင်းနိုင်နေပြီဖြစ်ပြီး ဂါနာသားအနေနဲ့ လာမယ့် တနင်္ဂနွေနေ့ ညနေမှာ ကစားမယ့် ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ပါဝင်လာဖို့ သေချာသလောက်ရှိနေ။

– အာဆင်နယ်တို့အနေနဲ့ အသင်းရဲ့ ဒီရာသီ ပန်းဝင်မှုကို ကောင်းမွန်စေဖို့အတွက် ဇန်နဝါရီမှာ သူတို့နဲ့ ရင်းနှီးပြီးသား အသင်းဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်နဲ့ အလုပ်လုပ်သွားဖို့ ရှိနေပြီး ဘာနေဗျူးမှာ အရန်ခုံထိုင်နေခဲ့တဲ့ အော်ဒီဂွါဒ်၊ စီဘာယော့စ်တို့ကို ခေါ်ယူတုန်းကလိုပဲ တောင်ပံသမား မာကို အဆန်စီယိုကို ၆ လအငှားနဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေ။

– ဂန်းနား နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ပြီးခဲ့တဲ့ ဇူးရစ်ချ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူငယ်တောင်ပံသမား မားကင်ညို့စ်ကို ဇန်နဝါရီမှာ အငှားချထားဖို့ စဉ်းစားနေဆဲဖြစ်တယ်လို့ သိရပြီး အသင်းမှာ ဆက်ရှိဖို့ကတော့ လာမယ့် ပထမ ရာသီဝက် ပွဲစဉ်တွေမှာ ခြေစွမ်းဆက်ပြမပြအပေါ် မူတည်နိုင်တယ်လို့ သိရ။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ကီဗင် ကမ်းဘဲလ်က ကစားပုံကောင်းပေမယ့် အမှားတွေ ကျူးလွန်နေတဲ့ နောက်ခံလူ ဂါဘရီယယ်လ်ကို သတိပေးလိုက်ပြီး လာမယ့်ပွဲတွေမှာ တည်ငြိမ်တဲ့ ကစားဟန်ကို မပြသနိုင်ရင် အာတီတာရဲ့ ဦးစားပေး ဗဟိုခံစစ်အတွဲဟာ ဆာလီဘာနဲ့ ဘန်ဝှိုက်တို့ ဖြစ်သွားနိုင်တယ်လို့ဆို။

– လက်ရှိ ကွင်းလယ်အဖျက်မှာ ပါတေး မရှိရင် ဆမ်ဘီ လိုကွန်ဂါအနေနဲ့ တန်းဝင်အောင် မကစားနိုင်သေးဘူးဆိုတာ သေချာနေလို့ မန်ယူနဲ့ ပွဲက သင်ခန်းစာကို ယူပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပါးလ်မီးရပ်စ်ရဲ့ လူငယ်ကွင်းလယ်လူ ဒါနီလိုကို ခေါ်ယူသွားဖို့ ဂန်းနားတို့အနေနဲ့ နောက်ထပ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားမယ်လို့ သတင်းတွေ ဖော်ပြ။

– အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ နွေရာသီမှာ ယူရို ၇၅ သန်း(ပေါင်သန်း ၆၀)နဲ့ ဂျင်းထည့်ဖို့ ကြိုးစားခဲ့တဲ့ အက်စ်ပန်ညိုအသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး ရာအူးလ် ဒီတိုမတ်စ်နဲ့ ပြဿနာဖြစ်ပွားပြီး အသင်းမှာလည်း ကစားခွင့် မပေးနိုင်တော့တဲ့ သဘောထား ကွဲလွဲမှုတွေကြောင့် နှစ်နှစ်အငှားနဲ့ ကစားခဲ့ဖူးတဲ့ ရာယို ဗယ်လေကာနိုဆီ ပေါင် ၇ သန်းနဲ့ ရောင်းချရဖို့ ဖြစ်နေ။

– ဂန်းနားတွေအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ လက်စတာစီးတီးအသင်းဘက်က ပေါင် ၃၂ သန်း ဈေးနှုန်းကို လျှော့ချပေးခြင်း မရှိခဲ့လို့ မခေါ်ယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်အတွက် စာချုပ် ၆ လသာ ကျန်ရှိတော့မယ့် ဇန်နဝါရီမှာ အကြိုသဘောတူစာချုပ် ချုပ်ဆိုပြီး ဖြစ်နိုင်ရင် ညှိနှိုင်းဈေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားမယ်လို့ Give Me Sport ဖော်ပြ။

– ပြင်သစ်ကလပ် နိစ်ဆီကို လစာငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ကျခံပြီး အငှားချခြင်းနဲ့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ တောင်ပံသမား နီကိုလာ ပေပေရဲ့ ပုံမှန်ကစားခွင့်ကြောင့် အာဆင်နယ်တို့ အကျိုးရှိဖို့ ဖြစ်လာနိုင်ပြီး လက်ရှိအနေအထားမှာ အသက် ၂၇ နှစ်အရွယ် အိုင်ဗရီကို့စ်သားအတွက် တန်ဖိုးသတ်မှတ်ချက် မြင့်တက်လာနိုင်သလို ဝယ်လက်တွေ ရှာဖွေရရှိနိုင်မယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်း။

– အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အသင်းကြီးတိုင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့ လူငယ်ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကို ဘရိုက်တန်အသင်း အနေနဲ့ စာချုပ်သစ် ပေးအပ်သွားဖို့ ရှိနေပြီး လက်ရှိ AMEX ကွင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀ သာ ရရှိနေမှုကိုလည်း ဆယ်ဆအထိ တိုးမြှင့်ပေးသွားနိုင်သလို အသင်းရဲ့ ပုံမှန်ပွဲထွက်ကစားသမားတွေနဲ့ တန်းတူ အခွင့်အရေးပေးသွားဖို့ စီစဉ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္တို႔ရဲ႕ ရလဒ္ေတြကို ဒဏ္ရာေၾကာင့္ ေလးပြဲဆက္တိုက္ မပါဝင္ႏိုင္မႈနဲ႔ ထိခိုက္ေစခဲ့တဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးဟာ အသင္းနဲ႔ ျပန္ၿပီး ေလ့က်င့္ခန္း အျပည့္အဝ ဆင္းႏိုင္ေနၿပီျဖစ္ၿပီး ဂါနာသားအေနနဲ႔ လာမယ့္ တနဂၤေႏြေန႔ ညေနမွာ ကစားမယ့္ ဘရန႔္ဖို႔ဒ္နဲ႔ ပြဲစဥ္မွာ ပါဝင္လာဖို႔ ေသခ်ာသေလာက္ရွိေန။

– အာဆင္နယ္တို႔အေနနဲ႔ အသင္းရဲ႕ ဒီရာသီ ပန္းဝင္မႈကို ေကာင္းမြန္ေစဖို႔အတြက္ ဇန္နဝါရီမွာ သူတို႔နဲ႔ ရင္းႏွီးၿပီးသား အသင္းျဖစ္တဲ့ ရီးရဲလ္ မက္ဒရစ္နဲ႔ အလုပ္လုပ္သြားဖို႔ ရွိေနၿပီး ဘာေနဗ်ဴးမွာ အရန္ခုံထိုင္ေနခဲ့တဲ့ ေအာ္ဒီဂြါဒ္၊ စီဘာေယာ့စ္တို႔ကို ေခၚယူတုန္းကလိုပဲ ေတာင္ပံသမား မာကို အဆန္စီယိုကို ၆ လအငွားနဲ႔ ေခၚယူသြားဖို႔ ပစ္မွတ္ထားေန။

– ဂန္းနား နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ၿပီးခဲ့တဲ့ ဇူးရစ္ခ်္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ေျခစြမ္းျပ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ လူငယ္ေတာင္ပံသမား မားကင္ညိဳ႕စ္ကို ဇန္နဝါရီမွာ အငွားခ်ထားဖို႔ စဥ္းစားေနဆဲျဖစ္တယ္လို႔ သိရၿပီး အသင္းမွာ ဆက္ရွိဖို႔ကေတာ့ လာမယ့္ ပထမ ရာသီဝက္ ပြဲစဥ္ေတြမွာ ေျခစြမ္းဆက္ျပမျပအေပၚ မူတည္ႏိုင္တယ္လို႔ သိရ။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္းတစ္ဦးျဖစ္တဲ့ ကီဗင္ ကမ္းဘဲလ္က ကစားပုံေကာင္းေပမယ့္ အမွားေတြ က်ဴးလြန္ေနတဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္ကို သတိေပးလိုက္ၿပီး လာမယ့္ပြဲေတြမွာ တည္ၿငိမ္တဲ့ ကစားဟန္ကို မျပသႏိုင္ရင္ အာတီတာရဲ႕ ဦးစားေပး ဗဟိုခံစစ္အတြဲဟာ ဆာလီဘာနဲ႔ ဘန္ဝႈိက္တို႔ ျဖစ္သြားႏိုင္တယ္လို႔ဆို။

– လက္ရွိ ကြင္းလယ္အဖ်က္မွာ ပါေတး မရွိရင္ ဆမ္ဘီ လိုကြန္ဂါအေနနဲ႔ တန္းဝင္ေအာင္ မကစားႏိုင္ေသးဘူးဆိုတာ ေသခ်ာေနလို႔ မန္ယူနဲ႔ ပြဲက သင္ခန္းစာကို ယူၿပီး လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ပါးလ္မီးရပ္စ္ရဲ႕ လူငယ္ကြင္းလယ္လူ ဒါနီလိုကို ေခၚယူသြားဖို႔ ဂန္းနားတို႔အေနနဲ႔ ေနာက္ထပ္ ကမ္းလွမ္းမႈေတြ လုပ္ေဆာင္သြားမယ္လို႔ သတင္းေတြ ေဖာ္ျပ။

– အာဆင္နယ္အသင္းကို ၿပီးခဲ့တဲ့ ေႏြရာသီမွာ ယူ႐ို ၇၅ သန္း(ေပါင္သန္း ၆၀)နဲ႔ ဂ်င္းထည့္ဖို႔ ႀကိဳးစားခဲ့တဲ့ အက္စ္ပန္ညိဳအသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး ရာအူးလ္ ဒီတိုမတ္စ္နဲ႔ ျပႆနာျဖစ္ပြားၿပီး အသင္းမွာလည္း ကစားခြင့္ မေပးႏိုင္ေတာ့တဲ့ သေဘာထား ကြဲလြဲမႈေတြေၾကာင့္ ႏွစ္ႏွစ္အငွားနဲ႔ ကစားခဲ့ဖူးတဲ့ ရာယို ဗယ္ေလကာႏိုဆီ ေပါင္ ၇ သန္းနဲ႔ ေရာင္းခ်ရဖို႔ ျဖစ္ေန။

– ဂန္းနားေတြအေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီမွာ လက္စတာစီးတီးအသင္းဘက္က ေပါင္ ၃၂ သန္း ေဈးႏႈန္းကို ေလွ်ာ့ခ်ေပးျခင္း မရွိခဲ့လို႔ မေခၚယူႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္အတြက္ စာခ်ဳပ္ ၆ လသာ က်န္ရွိေတာ့မယ့္ ဇန္နဝါရီမွာ အႀကိဳသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ျဖစ္ႏိုင္ရင္ ညႇိႏႈိင္းေဈးနဲ႔ ေခၚယူႏိုင္ဖို႔ ႀကိဳးစားမယ္လို႔ Give Me Sport ေဖာ္ျပ။

– ျပင္သစ္ကလပ္ နိစ္ဆီကို လစာေငြရဲ႕ တစ္စိတ္တစ္ပိုင္းကို က်ခံၿပီး အငွားခ်ျခင္းနဲ႔ ရင္းႏွီးျမႇဳပ္ႏွံလိုက္တဲ့ ေတာင္ပံသမား နီကိုလာ ေပေပရဲ႕ ပုံမွန္ကစားခြင့္ေၾကာင့္ အာဆင္နယ္တို႔ အက်ိဳးရွိဖို႔ ျဖစ္လာႏိုင္ၿပီး လက္ရွိအေနအထားမွာ အသက္ ၂၇ ႏွစ္အ႐ြယ္ အိုင္ဗရီကို႔စ္သားအတြက္ တန္ဖိုးသတ္မွတ္ခ်က္ ျမင့္တက္လာႏိုင္သလို ဝယ္လက္ေတြ ရွာေဖြရရွိႏိုင္မယ္လို႔ ကြၽမ္းက်င္သူေတြ ခန႔္မွန္း။

– အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ အသင္းႀကီးတိုင္းရဲ႕ ပစ္မွတ္ျဖစ္ေနတဲ့ လူငယ္ကြင္းလယ္လူ မြိဳက္ဆက္စ္ ကိုင္စီဒိုကို ဘ႐ိုက္တန္အသင္း အေနနဲ႔ စာခ်ဳပ္သစ္ ေပးအပ္သြားဖို႔ ရွိေနၿပီး လက္ရွိ AMEX ကြင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀ သာ ရရွိေနမႈကိုလည္း ဆယ္ဆအထိ တိုးျမႇင့္ေပးသြားႏိုင္သလို အသင္းရဲ႕ ပုံမွန္ပြဲထြက္ကစားသမားေတြနဲ႔ တန္းတူ အခြင့္အေရးေပးသြားဖို႔ စီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.