Premier League

စီနီယာကစားသမားတွေကို အထူးလေ့ကျင့်ရေးအစီအစဉ် ဆင်းခိုင်းနေတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ အထူးလေ့ကျင့်ရေးအစီအစဉ်နဲ့အတူ ကစားသမားတွေရဲ့ အားနည်းတဲ့ ခြေထောက်ကို တိုးတက်လာအောင် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

အသက် ၅၂ နှစ်အရွယ် ဒတ်ချ်လူမျိုးနည်းပြက အဓိကအသင်းလူစာရင်းအလိုက် လေ့ကျင့်ရေးအစီအစဉ်တွေအပြီးမှာ အထူး လေ့ကျင့်ရေးအစီအစဉ်ကို လုပ်ဆောင်စေခဲ့တာဖြစ်တယ်လို့ Manchester Evening News ရဲ့ဖော်ပြချက်အရ သိရပါတယ်။ တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ကစားဟန်ကို မြေလှန်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပြီးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကနဲ့ ယှဉ်ရင် ဘောလုံးပေးပို့မှုနဲ့ ကစားဟန်က တော်တော်လေး သွက်လက်လာတာ သိသာထင်ရှားခဲ့တာဖြစ်ပါတယ်။

တန်ဟက်ရဲ့ အထူးလေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ စီနီယာကစားသမားတွေထဲမှာ လုခ် ရှောလည်း တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ယုံကြည်ရပြီး အင်္ဂလန်ဘယ်နောက်ခံလူဟာ တိုးတက်လာချင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီမှာ နီမန်ညာ မာတစ်ကို ရိုးမားအသင်းဆီ ထွက်ခွာခွင့်ပြုခဲ့ပြီးနောက် ဘယ်သန်ကစားသမား မရှိဖြစ်နေပြီး ရှိနှင့်ပြီးသား အင်အားကလည်း နောက်ထပ်တောင် လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။

တန်ဟက်ဟာ ၎င်းရဲ့ လူစာရင်းကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားမှုကို ထောက်ပြခဲ့ပြီး နွေရာသီကစားသမား ခေါ်ယူမှု ၃ ဦးဖြစ်တဲ့ တိုင်ရဲလ် မာလာစီယာ၊ လီဆန်ဒရို မာတီနက်ဇ်နဲ့ အန်တိုနီတို့အားလုံးဟာ ဘယ်သန်တွေ ဖြစ်ကြတာဖြစ်ပါတယ်။ အန်တိုနီအပြင် ကက်စမီရိုလည်း ပြီးခဲ့တဲ့လမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း လေ့ကျင့်ရေးမှာ အရှိန်အဟုန်မြင့် လေ့ကျင့်နေကြတဲ့အတွက် ချီးကျူးမှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။

တန်ဟက်က ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ နည်းပြ ဆိုးလ်ရှား လက်ထက်တုန်းက သက်တောင့်သက်သာ နေခွင့်ပြုခြင်းခံထားရတဲ့ ကစားသမားအများစုရဲ့ စိတ်ဓာတ်ကိုပါ ပြောင်းလဲထားနိုင်ခဲ့ပြီးဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြက ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ ပတ်သက်လာရင် ခွင့်မလွှတ်တတ်သူလို့ နာမည်ကြီးသူဖြစ်သလို ဆုံးဖြတ်ချက် ချမှတ်ရာမှာလည်း ဘယ်သူ့မျက်နှာမှ ထောက်ထားလေ့ မရှိသူ ဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ ကစားသမားတွေနဲ့ပတ်သက်လာရင် ပျော့ညံ့မှုကြောင့် ကစားသမားတွေကို ကတိပေးပြီး ကတိမတည်နိုင်ခဲ့တဲ့အတွက် ရလဒ်အနေနဲ့ အဝတ်လဲခန်းထဲမှာ ကစားသမားအချို့ဟာ စိတ်ပျက်ဒေါသထွက်မှုတွေကို ဖွင့်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ မာဆေးလ်အသင်းကို အငှားနဲ့ ထွက်ခွာခဲ့တဲ့ နောက်ခံလူ အဲရစ် ဘိုင်လီဟာဆိုရင် မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းဟာ အင်္ဂလန်ကစားသမားတွေကို မျက်နှာလိုက်သူလို့တောင် အံ့အားသင့်ဖွယ် စွပ်စွဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ အထူးေလ့က်င့္ေရးအစီအစဥ္နဲ႔အတူ ကစားသမားေတြရဲ႕ အားနည္းတဲ့ ေျခေထာက္ကို တိုးတက္လာေအာင္ လုပ္ေဆာင္ေပးေနတယ္လို႔ သိရပါတယ္။

အသက္ ၅၂ ႏွစ္အ႐ြယ္ ဒတ္ခ်္လူမ်ိဳးနည္းျပက အဓိကအသင္းလူစာရင္းအလိုက္ ေလ့က်င့္ေရးအစီအစဥ္ေတြအၿပီးမွာ အထူး ေလ့က်င့္ေရးအစီအစဥ္ကို လုပ္ေဆာင္ေစခဲ့တာျဖစ္တယ္လို႔ Manchester Evening News ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ တန္ဟက္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကစားဟန္ကို ေျမလွန္ေျပာင္းလဲဖို႔ ႀကိဳးပမ္းခဲ့ၿပီးျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီကနဲ႔ ယွဥ္ရင္ ေဘာလုံးေပးပို႔မႈနဲ႔ ကစားဟန္က ေတာ္ေတာ္ေလး သြက္လက္လာတာ သိသာထင္ရွားခဲ့တာျဖစ္ပါတယ္။

တန္ဟက္ရဲ႕ အထူးေလ့က်င့္ေရး အစီအစဥ္မွာ ပါဝင္ခဲ့တဲ့ စီနီယာကစားသမားေတြထဲမွာ လုခ္ ေရွာလည္း တစ္ဦးအပါအဝင္ျဖစ္တယ္လို႔ ယုံၾကည္ရၿပီး အဂၤလန္ဘယ္ေနာက္ခံလူဟာ တိုးတက္လာခ်င္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုေႏြရာသီမွာ နီမန္ညာ မာတစ္ကို ႐ိုးမားအသင္းဆီ ထြက္ခြာခြင့္ျပဳခဲ့ၿပီးေနာက္ ဘယ္သန္ကစားသမား မရွိျဖစ္ေနၿပီး ရွိႏွင့္ၿပီးသား အင္အားကလည္း ေနာက္ထပ္ေတာင္ ေလ်ာ့က်သြားခဲ့တာ ျဖစ္ပါတယ္။

တန္ဟက္ဟာ ၎ရဲ႕ လူစာရင္းကို အေသးစိတ္ ခြဲျခမ္းစိတ္ျဖာထားမႈကို ေထာက္ျပခဲ့ၿပီး ေႏြရာသီကစားသမား ေခၚယူမႈ ၃ ဦးျဖစ္တဲ့ တိုင္ရဲလ္ မာလာစီယာ၊ လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ အန္တိုနီတို႔အားလုံးဟာ ဘယ္သန္ေတြ ျဖစ္ၾကတာျဖစ္ပါတယ္။ အန္တိုနီအျပင္ ကက္စမီ႐ိုလည္း ၿပီးခဲ့တဲ့လမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေရာက္ရွိလာၿပီးေနာက္ပိုင္း ေလ့က်င့္ေရးမွာ အရွိန္အဟုန္ျမင့္ ေလ့က်င့္ေနၾကတဲ့အတြက္ ခ်ီးက်ဴးမႈေတြ ခံခဲ့ရတာ ျဖစ္ပါတယ္။

တန္ဟက္က ကာရင္တန္ ေလ့က်င့္ေရးကြင္းမွာ နည္းျပ ဆိုးလ္ရွား လက္ထက္တုန္းက သက္ေတာင့္သက္သာ ေနခြင့္ျပဳျခင္းခံထားရတဲ့ ကစားသမားအမ်ားစုရဲ႕ စိတ္ဓာတ္ကိုပါ ေျပာင္းလဲထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပက ပေရာ္ဖက္ရွင္နယ္ဆန္မႈနဲ႔ ပတ္သက္လာရင္ ခြင့္မလႊတ္တတ္သူလို႔ နာမည္ႀကီးသူျဖစ္သလို ဆုံးျဖတ္ခ်က္ ခ်မွတ္ရာမွာလည္း ဘယ္သူ႔မ်က္ႏွာမွ ေထာက္ထားေလ့ မရွိသူ ျဖစ္ပါတယ္။

ဆိုးလ္ရွားရဲ႕ ကစားသမားေတြနဲ႔ပတ္သက္လာရင္ ေပ်ာ့ညံ့မႈေၾကာင့္ ကစားသမားေတြကို ကတိေပးၿပီး ကတိမတည္ႏိုင္ခဲ့တဲ့အတြက္ ရလဒ္အေနနဲ႔ အဝတ္လဲခန္းထဲမွာ ကစားသမားအခ်ိဳ႕ဟာ စိတ္ပ်က္ေဒါသထြက္မႈေတြကို ဖြင့္ထုတ္ခဲ့ၾကတာျဖစ္ပါတယ္။ မာေဆးလ္အသင္းကို အငွားနဲ႔ ထြက္ခြာခဲ့တဲ့ ေနာက္ခံလူ အဲရစ္ ဘိုင္လီဟာဆိုရင္ မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္းဟာ အဂၤလန္ကစားသမားေတြကို မ်က္ႏွာလိုက္သူလို႔ေတာင္ အံ့အားသင့္ဖြယ္ စြပ္စြဲ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.