Premier League

အာဆင်နယ်ကို ကျော်တက်ဖို့ စီစဉ်နေတဲ့ ပေါ့တားရဲ့အကြံအောင်မြင်နိုင်ပါ့မလား

ချဲလ်ဆီးအသင်းဟာ နည်းပြ သောမတ်စ် တူဟယ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဂရေဟမ် ပေါ့တားကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး လက်ရှိမှာတော့ ဂျာမန်လူမျိုးနည်းပြဟာ ၎င်းရဲ့ ရာသီမျှော်မှန်းချက်ကို အဆင့်မြှင့်တင်ချင်နေတာကြောင့် အာဆင်နယ်ကို အမီလိုက်ဖို့ ပစ်မှတ်ထားနေပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ အဖွင့်ပွဲစဉ် ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ယခုရာသီကို အလွန်အားကောင်းတဲ့ပုံစံနဲ့ စတင်နိုင်ခဲ့တာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ပေါ့တားက ကြီးမားတဲ့ ငွေကြေးသုံးစွဲမှု ပြုလုပ်ထားပေမယ့် ထင်သလောက် ရမှတ်ရရှိထားခြင်းမရှိတဲ့ ချဲလ်ဆီးကို တာဝန်ယူကိုင်တွယ်နေပြီဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရာသီအဖွင့် ၆ ပွဲမှာ ရှုံးပွဲ ၂ ပွဲနဲ့ သရေ ၁ ပွဲ ပိုင်ဆိုင်ခဲ့ပြီးနောက် အာဆင်နယ်ရဲ့နောက် ၅ မှတ်အကွာမှာ ရပ်တည်နေပြီး ဒီ ၂ သင်းဟာ နိုဝင်ဘာလ ၅ ရက်နေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားကြတော့မှာ ဖြစ်ပါတယ်။

ပေါ့တားဟာ ဘရိုက်တန်အသင်းကို ကိုင်တွယ်ခဲ့ချိန်တုန်းက အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့ရာမှာ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး စင်ယော်တွေဟာ ဂျာမန်လူမျိုးနည်းပြလက်အောက် အာဆင်နယ်နဲ့ ၆ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၃ ပွဲအနိုင်ရရှိခဲ့တာဖြစ်ပေမယ့်လည်း ပေါ့တားဟာ အာတီတာနဲ့ တွေ့ဆုံမှုမှာ တစ်ယောက် ၂ ပွဲစီအနိုင်ရရှိပြီး သရေကျထားတာဖြစ်ပါတယ်။

နောက်ဆုံးတွေ့ဆုံမှုမှာ ဂရေဟမ် ပေါ့တားရဲ့ ဘရိုက်တန်အသင်းဟာ မြောက်လန်ဒန်မှာ အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ပြင်းထန်တဲ့ ထိခိုက်မှု ဖြစ်စေခဲ့တာ ဖြစ်ပြီး အာတီတာရဲ့အသင်းသ အနိုင်ရခဲ့မယ်ဆိုရင် နောက်ဆုံးရပ်တည်မှုမှာ အဆင့် ၃ နေရာ ရရှိခဲ့မှာ ဖြစ်ပါတယ်။

“ရာသီဆက်သွားနေတာနဲ့အမျှ သူတို့တွေက အားကောင်းပြီးရင်း အားကောင်းလာခဲ့တယ်။ သူ့(အာတီတာ)ကို အားပေးထောက်ခံပြီး ခက်ခဲတဲ့ကာလကို ဖြတ်ကျော်လာနိုင်ခဲ့တာက အသင်းရှုထောင့်ဘက်ကနေ ကြည့်မယ်ဆိုရင် မြင်တွေ့ရတာက ကောင်းမွန်ပြီး သူတို့တွေက အထင်ကြီးဖွယ်စွမ်းဆောင်ရည်နဲ့ ရလဒ်အချို့ ပိုင်ဆိုင်ခဲ့ပါတယ်။ သူတို့တွေက ငယ်ရွယ်တဲ့အသင်းဖြစ်ပြီး သူတို့တွေ ကောင်းသည်ထက် ပိုကောင်းလာမယ်လို့ ကျွန်တော် ယုံကြည်ချက်ရှိပါတယ်။ သူတို့တွေ တကယ်ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်”လို့ အမ်းမရိတ်စ်မှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မတိုင်မီ ဂရေဟမ် ပေါ့တားက ပြောကြားခဲ့တာဖြစ်ပါတယ်။

ပေါ့တားက လက်ရှိမှာ ၎င်းရဲ့ လန်ဒန်ပြိုင်ဘက်ဖြစ်လာပြီဖြစ်တဲ့ အာဆင်နယ်အသင်းကို ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကို သိရှိနေပြီး ဂန်းနားအသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်းကလည်း အသင်းထဲမှာ ရှိနေတာဖြစ်ပါတယ်။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဂရေဟမ် ပေါ့တား ရောက်မလာခင်တုန်းက ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲစလုံးမှာ အာဆင်နယ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ဂျာမန်လူမျိုးနည်းပြ ရောက်ရှိလာပြီးနောက် ၅ ပွဲမှာတော့ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ့တားက အူဘာမီယန်းကို ဂိုးမသွင်းနိုင်အောင် ကာကွယ်နိုင်မယ့် နည်းဗျူဟာကို ရှင်းရှင်းလင်းလင်း သိရှိထားပြီး လက်ရှိမှာတော့ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးတွေဆီကနေ သွင်းဂိုးတွေ ပိုမို ရရှိအောင် အသည်းအသန်လုပ်ဆောင်နေတာကြောင့် ဂျာမန်နည်းပြအနေနဲ့ ဂါဘွန်ုတိုက်စစ်မှူးရဲ့ သွင်းဂိုးတွေကို များပြားလာအောင် လုပ်ဆောင်ရမယ့်နည်းလမ်းကို ရှာဖွေသွားနိုင်မလားဆိုတာကို စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ နည္းျပ ေသာမတ္စ္ တူဟယ္ကို ရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ ဂေရဟမ္ ေပါ့တားကို နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့ၿပီး လက္ရွိမွာေတာ့ ဂ်ာမန္လူမ်ိဳးနည္းျပဟာ ၎ရဲ႕ ရာသီေမွ်ာ္မွန္းခ်က္ကို အဆင့္ျမႇင့္တင္ခ်င္ေနတာေၾကာင့္ အာဆင္နယ္ကို အမီလိုက္ဖို႔ ပစ္မွတ္ထားေနၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာ အဖြင့္ပြဲစဥ္ ၆ ပြဲမွာ ၅ ပြဲအထိ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ယခုရာသီကို အလြန္အားေကာင္းတဲ့ပုံစံနဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ၿပီး တစ္ဆက္တည္းမွာပဲ ေပါ့တားက ႀကီးမားတဲ့ ေငြေၾကးသုံးစြဲမႈ ျပဳလုပ္ထားေပမယ့္ ထင္သေလာက္ ရမွတ္ရရွိထားျခင္းမရွိတဲ့ ခ်ဲလ္ဆီးကို တာဝန္ယူကိုင္တြယ္ေနၿပီျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ရာသီအဖြင့္ ၆ ပြဲမွာ ရႈံးပြဲ ၂ ပြဲနဲ႔ သေရ ၁ ပြဲ ပိုင္ဆိုင္ခဲ့ၿပီးေနာက္ အာဆင္နယ္ရဲ႕ေနာက္ ၅ မွတ္အကြာမွာ ရပ္တည္ေနၿပီး ဒီ ၂ သင္းဟာ ႏိုဝင္ဘာလ ၅ ရက္ေန႔မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားၾကေတာ့မွာ ျဖစ္ပါတယ္။

ေပါ့တားဟာ ဘ႐ိုက္တန္အသင္းကို ကိုင္တြယ္ခဲ့ခ်ိန္တုန္းက အာဆင္နယ္နဲ႔ ရင္ဆိုင္ခဲ့ရာမွာ အလြန္ေကာင္းမြန္တဲ့ မွတ္တမ္းကို ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး စင္ေယာ္ေတြဟာ ဂ်ာမန္လူမ်ိဳးနည္းျပလက္ေအာက္ အာဆင္နယ္နဲ႔ ၆ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ၃ ပြဲအႏိုင္ရရွိခဲ့တာျဖစ္ေပမယ့္လည္း ေပါ့တားဟာ အာတီတာနဲ႔ ေတြ႕ဆုံမႈမွာ တစ္ေယာက္ ၂ ပြဲစီအႏိုင္ရရွိၿပီး သေရက်ထားတာျဖစ္ပါတယ္။

ေနာက္ဆုံးေတြ႕ဆုံမႈမွာ ဂေရဟမ္ ေပါ့တားရဲ႕ ဘ႐ိုက္တန္အသင္းဟာ ေျမာက္လန္ဒန္မွာ အႏိုင္ရရွိခဲ့တာေၾကာင့္ အာဆင္နယ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ ျပင္းထန္တဲ့ ထိခိုက္မႈ ျဖစ္ေစခဲ့တာ ျဖစ္ၿပီး အာတီတာရဲ႕အသင္းသ အႏိုင္ရခဲ့မယ္ဆိုရင္ ေနာက္ဆုံးရပ္တည္မႈမွာ အဆင့္ ၃ ေနရာ ရရွိခဲ့မွာ ျဖစ္ပါတယ္။

“ရာသီဆက္သြားေနတာနဲ႔အမွ် သူတို႔ေတြက အားေကာင္းၿပီးရင္း အားေကာင္းလာခဲ့တယ္။ သူ႔(အာတီတာ)ကို အားေပးေထာက္ခံၿပီး ခက္ခဲတဲ့ကာလကို ျဖတ္ေက်ာ္လာႏိုင္ခဲ့တာက အသင္းရႈေထာင့္ဘက္ကေန ၾကည့္မယ္ဆိုရင္ ျမင္ေတြ႕ရတာက ေကာင္းမြန္ၿပီး သူတို႔ေတြက အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္နဲ႔ ရလဒ္အခ်ိဳ႕ ပိုင္ဆိုင္ခဲ့ပါတယ္။ သူတို႔ေတြက ငယ္႐ြယ္တဲ့အသင္းျဖစ္ၿပီး သူတို႔ေတြ ေကာင္းသည္ထက္ ပိုေကာင္းလာမယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ခ်က္ရွိပါတယ္။ သူတို႔ေတြ တကယ္ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ပါတယ္”လို႔ အမ္းမရိတ္စ္မွာ ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မတိုင္မီ ဂေရဟမ္ ေပါ့တားက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေပါ့တားက လက္ရွိမွာ ၎ရဲ႕ လန္ဒန္ၿပိဳင္ဘက္ျဖစ္လာၿပီျဖစ္တဲ့ အာဆင္နယ္အသင္းကို ရင္ဆိုင္ရမယ့္ စိန္ေခၚမႈကို သိရွိေနၿပီး ဂန္းနားအသင္းေခါင္းေဆာင္ေဟာင္း အူဘာမီယန္းကလည္း အသင္းထဲမွာ ရွိေနတာျဖစ္ပါတယ္။

ဂါဘြန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ဂေရဟမ္ ေပါ့တား ေရာက္မလာခင္တုန္းက ဘ႐ိုက္တန္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ ၃ ပြဲစလုံးမွာ အာဆင္နယ္အသင္းအတြက္ ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ဂ်ာမန္လူမ်ိဳးနည္းျပ ေရာက္ရွိလာၿပီးေနာက္ ၅ ပြဲမွာေတာ့ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ မျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပါ့တားက အူဘာမီယန္းကို ဂိုးမသြင္းႏိုင္ေအာင္ ကာကြယ္ႏိုင္မယ့္ နည္းဗ်ဴဟာကို ရွင္းရွင္းလင္းလင္း သိရွိထားၿပီး လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းဟာ တိုက္စစ္မႉးေတြဆီကေန သြင္းဂိုးေတြ ပိုမို ရရွိေအာင္ အသည္းအသန္လုပ္ေဆာင္ေနတာေၾကာင့္ ဂ်ာမန္နည္းျပအေနနဲ႔ ဂါဘြႏ္ုတိုက္စစ္မႉးရဲ႕ သြင္းဂိုးေတြကို မ်ားျပားလာေအာင္ လုပ္ေဆာင္ရမယ့္နည္းလမ္းကို ရွာေဖြသြားႏိုင္မလားဆိုတာကို ေစာင့္ၾကည့္သြားရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.