Other Leagues Premier League

မန်ယူက နောင်တော်ကြီးတွေရဲ့ ခြေရာနင်းခဲ့ပေမယ့် လိဂ်ချင်းမတူလို့ အနီကတ်ပြထုတ်ခံခဲ့ရတဲ့ ရိုဟို

မားကို့စ် ရိုဟိုဟာ တနင်္ဂနွေနေ့က အစဉ်အလာကြီးတဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ဘိုကာ ဂျူနီယာနဲ့ ရေးဗား ပလိတ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စူပါကလက်စီကိုပွဲစဉ်ရဲ့ နောက်ဆုံးစက္ကန့်အတွင်း အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်းဟာ ရေးဗား ပလိတ် ကျောနံပါတ် ၁၁ ကစားသမား ဒယ်လာ ခရုဇ်ရဲ့ မျက်နှာကို ခုန်ပြီး ကန်ခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင် ဒါရီယို ဟာရဲရားက ချက်ချင်း အနီကတ် တန်းထုတ်ပြသခဲ့ချိန်မှာ အာဂျင်တီးနားနောက်ခံလူက စောဒကအနည်းငယ်တက်ခဲ့သေးတာဖြစ်ပါတယ်။

ရိုဟိုရဲ့ ဖျက်ထုတ်မှုဟာ မယုံနိုင်စရာကောင်းလောက်တဲ့ အဆင်အခြင်မဲ့ပြီး အန္တရာယ်ကြီးမားလွန်းတဲ့ ဖျက်ထုတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းရဲ့ ဖျက်ထုတ်မှုဟာ ဘိုကာ ဂျူနီယာအသင်း အနိုင် ၃ မှတ်အပြည့် ရယူနိုင်ဖို့အတွက် စွန့်စားမှုလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါရီယို ဘင်နီဒက်တိုက ဘိုကာ ဂျူနီယာအသင်းအတွက် ၆၅ မိနစ်မှာ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲပြီးခါနီး စက္ကန့် ၃၀ အလိုမှာ ဘောလုံးက ပင်နယ်တီဧရိယာအပြင်ဘက်မှာ ခုန်ပေါက်နေချိန်မှာ ရိုဟိုအတွက် ပြိုင်ဘက်ရော ဘောလုံးကိုပါ ဖျက်ထုတ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့တာဖြစ်ပါတယ်။

ဒယ်လာ ခရုဇ်ဟာ ဘိုကာ ဂျူနီယာ နောက်ခံကစားသမားရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ဦးခေါင်းနဲ့ မြက်ခင်းပေါ် ပြုတ်ကျပြီး ခြေထောက်နေ လေထဲမှာ ထောင်လျက်သား ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

မားကို့စ် ရိုဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ စုစုပေါင်း ၁၂၂ ပွဲအတွင်း ထူးထူးခြားခြား အနီကတ် တစ်ကြိမ်သာ ပြသခြင်းခံခဲ့ရဖူးတာဖြစ်ပေမယ့်လည်း မန်ယူနိုက်တက်ပရိသတ်တွေဟာ အာဂျင်တိုင်း နောက်ခံလူရဲ့ စိတ်ဆန္ဒပြင်းပြမှုနဲ့ ခန့်မှန်းမရနိုင်မှုတို့ကြောင့် အမြဲတမ်း သဘောကျခဲ့ကြတာ ဖြစ်ပါတယ်။

“မားကို့စ်ကတော့ ဘယ်တော့မှ မပြောင်းလဲဘူး”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း “ရိုဟိုက ရိုဟိုပဲ ဖြစ်နေမှာပဲ ကိုယ့်လူ။ သူနဲ့ ဘိုင်လီနဲ့က ကြမ်းကို ကြမ်းကြတာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မားကို႔စ္ ႐ိုဟိုဟာ တနဂၤေႏြေန႔က အစဥ္အလာႀကီးတဲ့ ၿပိဳင္ဘက္ေတြျဖစ္တဲ့ ဘိုကာ ဂ်ဴနီယာနဲ႔ ေရးဗား ပလိတ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ စူပါကလက္စီကိုပြဲစဥ္ရဲ႕ ေနာက္ဆုံးစကၠန႔္အတြင္း အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမားေဟာင္းဟာ ေရးဗား ပလိတ္ ေက်ာနံပါတ္ ၁၁ ကစားသမား ဒယ္လာ ခ႐ုဇ္ရဲ႕ မ်က္ႏွာကို ခုန္ၿပီး ကန္ခဲ့တာျဖစ္ၿပီး ကြင္းလယ္ဒိုင္ ဒါရီယို ဟာရဲရားက ခ်က္ခ်င္း အနီကတ္ တန္းထုတ္ျပသခဲ့ခ်ိန္မွာ အာဂ်င္တီးနားေနာက္ခံလူက ေစာဒကအနည္းငယ္တက္ခဲ့ေသးတာျဖစ္ပါတယ္။

႐ိုဟိုရဲ႕ ဖ်က္ထုတ္မႈဟာ မယုံႏိုင္စရာေကာင္းေလာက္တဲ့ အဆင္အျခင္မဲ့ၿပီး အႏၲရာယ္ႀကီးမားလြန္းတဲ့ ဖ်က္ထုတ္မႈ ျဖစ္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္းရဲ႕ ဖ်က္ထုတ္မႈဟာ ဘိုကာ ဂ်ဴနီယာအသင္း အႏိုင္ ၃ မွတ္အျပည့္ ရယူႏိုင္ဖို႔အတြက္ စြန႔္စားမႈလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါရီယို ဘင္နီဒက္တိုက ဘိုကာ ဂ်ဴနီယာအသင္းအတြက္ ၆၅ မိနစ္မွာ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ပြဲၿပီးခါနီး စကၠန႔္ ၃၀ အလိုမွာ ေဘာလုံးက ပင္နယ္တီဧရိယာအျပင္ဘက္မွာ ခုန္ေပါက္ေနခ်ိန္မွာ ႐ိုဟိုအတြက္ ၿပိဳင္ဘက္ေရာ ေဘာလုံးကိုပါ ဖ်က္ထုတ္ဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိေတာ့တာျဖစ္ပါတယ္။

ဒယ္လာ ခ႐ုဇ္ဟာ ဘိုကာ ဂ်ဴနီယာ ေနာက္ခံကစားသမားရဲ႕ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေၾကာင့္ ဦးေခါင္းနဲ႔ ျမက္ခင္းေပၚ ျပဳတ္က်ၿပီး ေျခေထာက္ေန ေလထဲမွာ ေထာင္လ်က္သား ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။

မားကို႔စ္ ႐ိုဟိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကစားခဲ့တဲ့ စုစုေပါင္း ၁၂၂ ပြဲအတြင္း ထူးထူးျခားျခား အနီကတ္ တစ္ႀကိမ္သာ ျပသျခင္းခံခဲ့ရဖူးတာျဖစ္ေပမယ့္လည္း မန္ယူႏိုက္တက္ပရိသတ္ေတြဟာ အာဂ်င္တိုင္း ေနာက္ခံလူရဲ႕ စိတ္ဆႏၵျပင္းျပမႈနဲ႔ ခန႔္မွန္းမရႏိုင္မႈတို႔ေၾကာင့္ အၿမဲတမ္း သေဘာက်ခဲ့ၾကတာ ျဖစ္ပါတယ္။

“မားကို႔စ္ကေတာ့ ဘယ္ေတာ့မွ မေျပာင္းလဲဘူး”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “႐ိုဟိုက ႐ိုဟိုပဲ ျဖစ္ေနမွာပဲ ကိုယ့္လူ။ သူနဲ႔ ဘိုင္လီနဲ႔က ၾကမ္းကို ၾကမ္းၾကတာ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.