Analysis Article Premier League

အာဆင်နယ်တို့အတွက် ဆာလီဘာရဲ့ ခြေရာကို ဘယ်သူက လိုက်နင်းဦးမှာလဲ

အာဆင်နယ်တို့အတွက် ပြီးခဲ့တဲ့ ရာသီတွေမှာ အသင်းမှာ နေရာမရတဲ့ အသက် ၂၁ နှစ်အောက် လူငယ်တွေကို အငှားချနေခဲ့ပြီး ဒီထဲမှာမှ ဝါးလုံးခေါင်းထဲ လသာဖို့ မပြောနဲ့ အသံတောင် မထွက်ရဲတဲ့ ဗြိတိန်သား အင်္ဂလန်၊ စကော့တလန်၊ မြောက်အိုင်ယာလန်သားတွေကိုတော့ အောက်တန်းကလပ်တွေမှာ အလုပ်မဖြစ်လို့ ဈေးနည်းနည်းနဲ့ပဲ ရောင်းထုတ်ခဲ့ရချိန်မှာ ကျန်တဲ့အထဲက တချို့တွေကတော့ ထွန်းတောက်လာခဲ့ကြပါတယ်။

ဒီထဲမှာတော့ ပြင်သစ်မြေကို သွားကစားခဲ့ကြတဲ့ မာဆေးလ်ရောက် မက်တီယို ဂန်ဒူဇီနဲ့ ဝီလီယမ် ဆာလီဘာတို့ကတော့ အကောင်းဆုံးပုံစံကို ရခဲ့ကြပြီး ဂန်းနားပရိသတ်တွေအနေနဲ့ ဟေးလားဝါးလားနဲ့ ပျက်စီးနေခဲ့တဲ့ ဂန်ဒူဇီကို မလွမ်းပေမယ့် လိဂန်ရဲ့ အကောင်းဆုံးလူငယ်ဆုရ ဆာလီဘာကိုတော့ လက်လွှတ်ရမှာ စိုးရိမ်ခဲ့ကြတာပါ။

ဒီလိုနဲ့ နွေရာသီမှာ ဆာလီဘာရဲ့ စိတ်ကို အမ်းမရိတ်မှာ ရှိနေအောင် စည်းရုံးနိုင်ခဲ့ပြီး အသင်းရဲ့ ခံစစ်မှာ ဦးစားပေး ကစားသမားအဖြစ် ဒေါင်ဒေါင်မြည် အသုံးပြုနိုင်ခဲ့သလို ဒီရာသီမှာ ဂါဘရီယယ်လ်နဲ့ ပြင်သစ်သားလေးတို့ရဲ့ အတွဲဟာ ဘာသာစကားအရပါ ဆက်သွယ်မှုကောင်းမွန်တာကြောင့် ခံစစ်က တိုးတက်လာခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိရာသီမှာတော့ အာဆင်နယ်တို့အနေနဲ့ ပြင်သစ်မြေဆီ ကစားသမားနှစ်ယောက်ကို ပို့ဆောင်ထားခဲ့ပြီး ဘယ်နောက်ခံလူ နူနို တာဗာရက်စ်နဲ့ တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်တို့ဖြစ်ကြသလို ပေါ်တူဂီသားက မာဆေးလ်မှာ ကစားခဲ့ချိန်မှာ အမေရိကန်မှာ မွေးပြီး အသက် ၂ နှစ်မှာ အင်္ဂလန်ကို ရောက်လာတဲ့ နိုင်ဂျီးရီးယားသားကတော့ စတေဒီ ရင်းမ်စ်မှာ ကစားခဲ့တာပါ။

မာဆေးလ်ကို ရောက်ပြီး ၈ ပွဲမှာ ၃ ဂိုးသွင်းထားနိုင်တဲ့ နူနို တာဗာရက်စ်ကတော့ ဂန်ဒူဇီရဲ့ မှိုင်းမိသွားတဲ့ပုံ ပေါ်နေပြီး အာဆင်နယ်ကို ကလန်ကဆန်လုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ထင်ရတာကြောင့် ရောင်းချသွားရမယ့် သဘောမှာ ရှိနေသလို သူ့ရဲ့ ဘယ်နောက်ခံနေရာမှာ ခံစစ် မကစားတတ်တာကလည်း အသင်းနဲ့ အဆင်မပြေလို့ အေးအေးဆေးဆေး အချိန်ယူရောင်းနိုင်မယ့် ၂၀၂၅ အထိ စာချုပ်သက်တမ်းကိုပဲ ကျေးဇူးတင်နေရတာ ဖြစ်ပါတယ်။

ဘာလိုဂွန်ကတော့ မာဆေးလ်ရဲ့ တစ်ဝက်တောင် မကောင်းတဲ့ ရင်းမ်စ်လို အသင်းငယ်လေးမှာ ၇ ပွဲကစား ၅ ဂိုးသွင်း ၂ ဂိုးဖန်တီးထားပြီး တစ်ပွဲပျှမ်းမျှ တစ်ကြိမ် ဂိုးရဖို့ ပါဝင်ပတ်သက်ထားတယ်လို့ ဆိုနိုင်သလို သူ့အသင်းရဲ့ ၇ ပွဲမှာ ၁၀ ဂိုးသာ သွင်းယူထားနိုင်တဲ့ ပမာဏမှာ ဘယ်လောက် စွမ်းဆောင်ထားနိုင်ခဲ့တာလဲဆိုတာလည်း မြင်သာခဲ့တာပါ။

စကားနည်းပြီး ကိုယ့်အလုပ်ကိုယ်လုပ်တတ်တဲ့ ဆာလီဘာရဲ့ မဆုတ်မနစ် ကြိုးစားမှုက စန်အီတျန်၊ နိစ်၊ မာဆေးလ်တို့ သုံးသင်းမှာ အောင်မြင်ခဲ့ပြီး အာဆင်နယ်မှာ ဦးစားပေး တစ်နေရာကို ဘန်ဝှိုက်လို ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ပေးခဲ့ရတဲ့သူကို ဖယ်ထုတ်ပြီး သိမ်းယူနိုင်ခဲ့သလိုမျိုး ဒီရာသီမှာရော သူ့လိုပဲ စွမ်းဆောင်နိုင်မယ့်သူလို့ ဘာလိုဂွန်ကို တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီကပါ တစ်ပေးခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ရှိသွားပြီဖြစ်တဲ့ ဘာလိုဂွန်အနေနဲ့ လက်ရှိခြေစွမ်းကို ဆက်ထိန်းပြီး အာဆင်နယ်ကို ပြန်လာရင်တော့ သူ့ရှေ့က တစ်နှစ် စီနီယာကျတဲ့ အက်ဒီ နကီးတီးယားကို ဖယ်ထုတ်နိုင်ဖို့က အနီးစပ်ဆုံး လုပ်ဆောင်ရမယ့် စိန်ခေါ်မှုလည်းဖြစ်ပြီး အင်္ဂလန်မြေမှာ လိဒ်စ်ယူနိုက်တက်နဲ့ ချန်ပီယံရှစ်ကို အငှားထွက်ကစားပြီး ၁၉ ပွဲမှာ ၅ ဂိုးသွင်းတာကလွဲရင် ဘာမှ မဟုတ်သေးတဲ့ သူ့ကို ဖယ်ထုတ်ဖို့က ထင်သလောက်ခက်မှာ မဟုတ်နိုင်တာပါ။

လာကာဇက်နဲ့ အူဘာမီယန်းတို့ ဦးဆောင်ခဲ့တဲ့ တာဗာရက်စ်တို့လို ဟေးလားဝါးလားအုပ်စုက မဟုတ်ဘဲ အာဆင်နယ်မှာ ခပ်တည်တည်နဲ့ ကိုယ့်အလုပ်ကိုယ်လုပ်တဲ့ သူတွေထဲမှာ ပါဝင်တဲ့ ဘာလိုဂွန်ဟာ လက်ရှိအချိန်မှာ ခြေစွမ်းပြနိုင်ခဲ့သလို သူ့ရဲ့ နိုင်ဂျီးရီးယား၊ အမေရိကန်နဲ့ အင်္ဂလန် သုံးနိုင်ငံကို ရွေးချယ်ကိုယ်စားပြုနိုင်မှုကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ သိရပြီး အင်္ဂလန်ကို ရွေးချယ်ဖို့တော့ နည်းမယ်လို့လည်း သုံးသပ်ထားကြပါတယ်။

ဒါကြောင့် ဒီရာသီမှာ ပြင်သစ်မြေကို ခြေချပြီး ရှိန်နေတာ၊ ကြောက်နေတာမျိုး တစ်ခုမှ မရှိဘဲ ဝါးလုံးခေါင်း မဟုတ်တဲ့ နိုင်ငံရပ်ခြားမှာ လသာရဲသူတွေထဲက အကောင်းဆုံးတစ်ဦးဖြစ်လာနိုင်တဲ့ ဘာလိုဂွန်ကို အသင်းဂန္ထဝင် အွန်နရီရဲ့ ထောက်ခံမှုနဲ့အတူ ဂန်းနားတို့ လာမယ့် ရာသီတွေမှာ အားကိုးရမလားဆိုတာ စောင့်ကြည့်ရဖို့ သုံးသပ်ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္တို႔အတြက္ ၿပီးခဲ့တဲ့ ရာသီေတြမွာ အသင္းမွာ ေနရာမရတဲ့ အသက္ ၂၁ ႏွစ္ေအာက္ လူငယ္ေတြကို အငွားခ်ေနခဲ့ၿပီး ဒီထဲမွာမွ ဝါးလုံးေခါင္းထဲ လသာဖို႔ မေျပာနဲ႔ အသံေတာင္ မထြက္ရဲတဲ့ ၿဗိတိန္သား အဂၤလန္၊ စေကာ့တလန္၊ ေျမာက္အိုင္ယာလန္သားေတြကိုေတာ့ ေအာက္တန္းကလပ္ေတြမွာ အလုပ္မျဖစ္လို႔ ေဈးနည္းနည္းနဲ႔ပဲ ေရာင္းထုတ္ခဲ့ရခ်ိန္မွာ က်န္တဲ့အထဲက တခ်ိဳ႕ေတြကေတာ့ ထြန္းေတာက္လာခဲ့ၾကပါတယ္။

ဒီထဲမွာေတာ့ ျပင္သစ္ေျမကို သြားကစားခဲ့ၾကတဲ့ မာေဆးလ္ေရာက္ မက္တီယို ဂန္ဒူဇီနဲ႔ ဝီလီယမ္ ဆာလီဘာတို႔ကေတာ့ အေကာင္းဆုံးပုံစံကို ရခဲ့ၾကၿပီး ဂန္းနားပရိသတ္ေတြအေနနဲ႔ ေဟးလားဝါးလားနဲ႔ ပ်က္စီးေနခဲ့တဲ့ ဂန္ဒူဇီကို မလြမ္းေပမယ့္ လိဂန္ရဲ႕ အေကာင္းဆုံးလူငယ္ဆုရ ဆာလီဘာကိုေတာ့ လက္လႊတ္ရမွာ စိုးရိမ္ခဲ့ၾကတာပါ။

ဒီလိုနဲ႔ ေႏြရာသီမွာ ဆာလီဘာရဲ႕ စိတ္ကို အမ္းမရိတ္မွာ ရွိေနေအာင္ စည္း႐ုံးႏိုင္ခဲ့ၿပီး အသင္းရဲ႕ ခံစစ္မွာ ဦးစားေပး ကစားသမားအျဖစ္ ေဒါင္ေဒါင္ျမည္ အသုံးျပဳႏိုင္ခဲ့သလို ဒီရာသီမွာ ဂါဘရီယယ္လ္နဲ႔ ျပင္သစ္သားေလးတို႔ရဲ႕ အတြဲဟာ ဘာသာစကားအရပါ ဆက္သြယ္မႈေကာင္းမြန္တာေၾကာင့္ ခံစစ္က တိုးတက္လာခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိရာသီမွာေတာ့ အာဆင္နယ္တို႔အေနနဲ႔ ျပင္သစ္ေျမဆီ ကစားသမားႏွစ္ေယာက္ကို ပို႔ေဆာင္ထားခဲ့ၿပီး ဘယ္ေနာက္ခံလူ ႏူႏို တာဗာရက္စ္နဲ႔ တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္တို႔ျဖစ္ၾကသလို ေပၚတူဂီသားက မာေဆးလ္မွာ ကစားခဲ့ခ်ိန္မွာ အေမရိကန္မွာ ေမြးၿပီး အသက္ ၂ ႏွစ္မွာ အဂၤလန္ကို ေရာက္လာတဲ့ ႏိုင္ဂ်ီးရီးယားသားကေတာ့ စေတဒီ ရင္းမ္စ္မွာ ကစားခဲ့တာပါ။

မာေဆးလ္ကို ေရာက္ၿပီး ၈ ပြဲမွာ ၃ ဂိုးသြင္းထားႏိုင္တဲ့ ႏူႏို တာဗာရက္စ္ကေတာ့ ဂန္ဒူဇီရဲ႕ မႈိင္းမိသြားတဲ့ပုံ ေပၚေနၿပီး အာဆင္နယ္ကို ကလန္ကဆန္လုပ္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ ထင္ရတာေၾကာင့္ ေရာင္းခ်သြားရမယ့္ သေဘာမွာ ရွိေနသလို သူ႔ရဲ႕ ဘယ္ေနာက္ခံေနရာမွာ ခံစစ္ မကစားတတ္တာကလည္း အသင္းနဲ႔ အဆင္မေျပလို႔ ေအးေအးေဆးေဆး အခ်ိန္ယူေရာင္းႏိုင္မယ့္ ၂၀၂၅ အထိ စာခ်ဳပ္သက္တမ္းကိုပဲ ေက်းဇူးတင္ေနရတာ ျဖစ္ပါတယ္။

ဘာလိုဂြန္ကေတာ့ မာေဆးလ္ရဲ႕ တစ္ဝက္ေတာင္ မေကာင္းတဲ့ ရင္းမ္စ္လို အသင္းငယ္ေလးမွာ ၇ ပြဲကစား ၅ ဂိုးသြင္း ၂ ဂိုးဖန္တီးထားၿပီး တစ္ပြဲပွ်မ္းမွ် တစ္ႀကိမ္ ဂိုးရဖို႔ ပါဝင္ပတ္သက္ထားတယ္လို႔ ဆိုႏိုင္သလို သူ႔အသင္းရဲ႕ ၇ ပြဲမွာ ၁၀ ဂိုးသာ သြင္းယူထားႏိုင္တဲ့ ပမာဏမွာ ဘယ္ေလာက္ စြမ္းေဆာင္ထားႏိုင္ခဲ့တာလဲဆိုတာလည္း ျမင္သာခဲ့တာပါ။

စကားနည္းၿပီး ကိုယ့္အလုပ္ကိုယ္လုပ္တတ္တဲ့ ဆာလီဘာရဲ႕ မဆုတ္မနစ္ ႀကိဳးစားမႈက စန္အီတ်န္၊ နိစ္၊ မာေဆးလ္တို႔ သုံးသင္းမွာ ေအာင္ျမင္ခဲ့ၿပီး အာဆင္နယ္မွာ ဦးစားေပး တစ္ေနရာကို ဘန္ဝႈိက္လို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ ေပးခဲ့ရတဲ့သူကို ဖယ္ထုတ္ၿပီး သိမ္းယူႏိုင္ခဲ့သလိုမ်ိဳး ဒီရာသီမွာေရာ သူ႔လိုပဲ စြမ္းေဆာင္ႏိုင္မယ့္သူလို႔ ဘာလိုဂြန္ကို တိုက္စစ္မႉးေဟာင္း သီယာရီ အြန္နရီကပါ တစ္ေပးခဲ့တာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ရွိသြားၿပီျဖစ္တဲ့ ဘာလိုဂြန္အေနနဲ႔ လက္ရွိေျခစြမ္းကို ဆက္ထိန္းၿပီး အာဆင္နယ္ကို ျပန္လာရင္ေတာ့ သူ႔ေရွ႕က တစ္ႏွစ္ စီနီယာက်တဲ့ အက္ဒီ နကီးတီးယားကို ဖယ္ထုတ္ႏိုင္ဖို႔က အနီးစပ္ဆုံး လုပ္ေဆာင္ရမယ့္ စိန္ေခၚမႈလည္းျဖစ္ၿပီး အဂၤလန္ေျမမွာ လိဒ္စ္ယူႏိုက္တက္နဲ႔ ခ်န္ပီယံရွစ္ကို အငွားထြက္ကစားၿပီး ၁၉ ပြဲမွာ ၅ ဂိုးသြင္းတာကလြဲရင္ ဘာမွ မဟုတ္ေသးတဲ့ သူ႔ကို ဖယ္ထုတ္ဖို႔က ထင္သေလာက္ခက္မွာ မဟုတ္ႏိုင္တာပါ။

လာကာဇက္နဲ႔ အူဘာမီယန္းတို႔ ဦးေဆာင္ခဲ့တဲ့ တာဗာရက္စ္တို႔လို ေဟးလားဝါးလားအုပ္စုက မဟုတ္ဘဲ အာဆင္နယ္မွာ ခပ္တည္တည္နဲ႔ ကိုယ့္အလုပ္ကိုယ္လုပ္တဲ့ သူေတြထဲမွာ ပါဝင္တဲ့ ဘာလိုဂြန္ဟာ လက္ရွိအခ်ိန္မွာ ေျခစြမ္းျပႏိုင္ခဲ့သလို သူ႔ရဲ႕ ႏိုင္ဂ်ီးရီးယား၊ အေမရိကန္နဲ႔ အဂၤလန္ သုံးႏိုင္ငံကို ေ႐ြးခ်ယ္ကိုယ္စားျပဳႏိုင္မႈကိုေတာ့ မဆုံးျဖတ္ရေသးဘူးလို႔ သိရၿပီး အဂၤလန္ကို ေ႐ြးခ်ယ္ဖို႔ေတာ့ နည္းမယ္လို႔လည္း သုံးသပ္ထားၾကပါတယ္။

ဒါေၾကာင့္ ဒီရာသီမွာ ျပင္သစ္ေျမကို ေျခခ်ၿပီး ရွိန္ေနတာ၊ ေၾကာက္ေနတာမ်ိဳး တစ္ခုမွ မရွိဘဲ ဝါးလုံးေခါင္း မဟုတ္တဲ့ ႏိုင္ငံရပ္ျခားမွာ လသာရဲသူေတြထဲက အေကာင္းဆုံးတစ္ဦးျဖစ္လာႏိုင္တဲ့ ဘာလိုဂြန္ကို အသင္းဂႏၴဝင္ အြန္နရီရဲ႕ ေထာက္ခံမႈနဲ႔အတူ ဂန္းနားတို႔ လာမယ့္ ရာသီေတြမွာ အားကိုးရမလားဆိုတာ ေစာင့္ၾကည့္ရဖို႔ သုံးသပ္ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.