Premier League

ရင်ဆိုင်ခဲ့ဖူးသမျှထဲက အကောင်းဆုံးပရီးမီးယားလိဂ်တိုက်စစ်မှူး ၄ ဦးကို သတ်မှတ်ခဲ့တဲ့ ဗီဒစ်

မန်ချက်စတာယူနိုက်တက်ခံစစ်ကျောက်ဆောင်ဟောင်းကြီး နီမန်ညာ ဗီဒစ်က ကစားသမားဘဝမှာ ရင်ဆိုင်ခဲ့ဖူးသမျှထဲက အကောင်းဆုံး ပရီးမီးယားလိဂ်တိုက်စစ်မှူး ၄ ဦးနာမည်ကို ဖွင့်ဟခဲ့ပေမယ့်လည်း အံ့အားသင့်စရာကောင်းစွာနဲ့ပဲ ဖာနန်ဒို တောရက်စ်က အဲဒီထဲမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကြား တွေ့ဆုံခဲ့တဲ့ အကြိမ်ပေါင်းများစွာမှာ ဗီဒစ်ကို အသာစီး ရရှိအောင် ကစားနိုင်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းက ရင်ဆိုင်ရအခက်ခဲဆုံးကစားသမားတွေအကြောင်း ဆွေးနွေးရာမှာ ထည့်သွင်းခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ နီမန်ညာ ဗီဒစ်က ဒီဒီယာ ဒရော့ဂ်ဘာ၊ ဆာဂျီယို အဂွေရို၊ လူးဝစ္စ ဆွာရက်ဇ်နဲ့ အရပ် ၆ ပေ ၇ လက်မရှိတဲ့ ပီတာ ခရောက်ချ်တို့ကိုသာ ရင်ဆိုင်ရ အခက်ခဲဆုံး ကစားသမားတွေအဖြစ် ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပထမဆုံးကြုံတွေ့ခဲ့တာက ပီတာ ခရောက်ချ်ပါ။ ကျွန်တော် အရင်တုန်းက အရပ် ၂ မီတာလောက်မြင့်တဲ့ ကစားသမားမျိုး မမြင်ခဲ့ဖူးဘူး။ သူက လီဗာပူးလ်အတွက်ကစားပေးခဲ့ပြီး ကျွန်တော်တို့ သူတို့နဲ့ အန်းဖီးမှာ ဖလားပွဲ ကစားခဲ့တယ်။ ကျွန်တော် တွေးမိခဲ့တာက ‘ဟာ ငါတော့ ဒီနေ့ ဒီကောင်ကြီးနဲ့ ဘယ်လိုလုပ်ရပါ့မလဲ’ပေါ့။ ပြီးတော့ ကျွန်တော် သူ့ဘေးနားမှာ ဘယ်လာမီကို တွေ့ခဲ့တယ်။ ဘောလုံးကိုင်ထားချိန်မှာ အရမ်းကောင်းတဲ့ ကစားသမားမဟုတ်ပေမယ့်လည်း အရမ်းလျင်တဲ့သူပါ။ သူက နေရာလွတ်ထဲကို ပြေးဝင်သွားပြီး ခရောက်ချ်က လေထဲကို ခုန်လိမ့်မယ်။ ကျွန်တော် ဒီလိုမျိုး ဘောလုံးကစားတာ တစ်ခါမှ မမြင်ဖူးပါဘူး”

“ကျွန်တော် ဘယ်တုန်းကမှ သူ ပြီးရင် ထက်မြက်၊ လျင်မြန်တဲ့ ကျောနံပါတ် ၉ ကစားသမားမျိုး မကြုံခဲ့ဖူးပါဘူး။ သူတို့တွေကို တစ်ဦးချင်း ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ကျွန်တော် သိခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ သူတို့ ၂ ယောက်ကျတော့ ကျွန်တော် မသိခဲ့ပါဘူး။ ကျွန်တော် ဝက်စ် ဘရောင်းနဲ့အတူ ကစားခဲ့ပြီး အဲဒီပွဲက ခက်ခဲပြီး ရှည်လျားတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ၁-၀ နဲ့ ရှုံးသွားတယ်လေ”

၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဗီဒစ်ကို ပါးရိုက်လို့ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ ဒရော့ဂ်ဘာနဲ့ပတ်သက်ပြီး နီမန်ညာ ဗီဒစ်က ချဲလ်ဆီးဂန္တဝင်တိုက်စစ်မှူးဟာ နောက်ခံကစားသမားတွေရဲ့ ဦးနှောက်ထဲကို ဝင်ကြည့်နေသလားမှတ်ရအောင် အရမ်းတော်တဲ့ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ ဗီဒစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ နောက်ဆုံးကစားခဲ့တဲ့ နှစ်တွေမှာ မန်စီးတီးဂန္တဝင် အဂွေရိုနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ၎င်းရဲ့ အဆိုးရွားဆုံးပွဲစဉ်ဖြစ်ခဲ့တဲ့အတွက် တာဝန်ရှိခဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က အစ်တီဟတ်မှာ ၄-၁ နဲ့ မန်ချက်စတာယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အဂွေရိုနဲ့ နီဂရီဒိုတို့က ဗီဒစ်နဲ့ ရီယို ဖာဒီနန်တို့ကို အိပ်မက်ဆိုး မက်စေခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒေးဗစ် မွိုက်စ်လက်ထက် ၄-၁ နဲ့ မန်စီးတီးရဲ့ အနိုင်ယူခံခဲ့ရတဲ့ပွဲစဉ်မှာ အဂွေရိုနဲ့ ရင်ဆိုင်ကစားခဲ့ရတယ်။ သူ့ပုံစံကြည့်ရတာ ကွင်းထဲက ဘောလုံးပွဲထဲမှာ စိတ်သိပ်မဝင်စားတဲ့ပုံစံမျိုးပါ။ သူ့ပုံစံက ၁၀ မီတာလောက် ပြေးလွှားပြီးတော့ ဒိုင်းခနဲ ကန်သွင်းတတ်တဲ့သူတစ်ယောက်ပုံစံမပေါ်ပါဘူး။ အဂွေရိုက နောက်ခံကစားသမားအဖြစ်နဲ့ မွေးဖွားလာခဲ့တာလို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ သူက ဘောလုံး ဘယ်ကိုရောက်လာပြီး ဘယ်နေရာကို တိုက်ရမလဲဆိုတာကို သိတယ်”

“အဲဒီပွဲက ယူနိုက်တက်အတွက် ကျွန်တော့်ရဲ့ အဆိုးရွားဆုံးပွဲပဲ။ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ၂ ပွဲကို ကျွန်တော် ရွေးချယ်ရမယ်ဆိုရင် တစ်ပွဲက ရောမမှာဖြစ်ပြီး ဝင်ဘလေမှာက ပိုလို့တောင် ခက်ခဲခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်ကြယ်ပွင့်ဟောင်း လူးဝစ္စ ဆွာရက်ဇ်ကလည်း ဗီဒစ်ဆီကနေ အလားတူ ချီးကျူးမှုမျိုး ရရှိခဲ့ပြီး ဥရုဂွေးတိုက်စစ်မှူးဟာ ဘယ်တုန်းကမှ ပွဲစဉ်အတွင်းမှာ ခွန်အားကုန်ဆုံးသွားတာမျိုးမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“သူလုပ်ခဲ့သမျှ အရာအားလုံးက ပေါက်ကွဲအားအပြည့်နဲ့ပါ။ သူလုပ်နေတာ ဘာလဲဆိုတာ သူ အတိအကျ သိမယ်လို့ ကျွန်ာတ် မထင်ပါဘူး။ ဒါပေမယ့် သူ အောင်မြင်ခဲ့တယ်။ သူက အရမ်းကို တိုက်ရိုက်ထိုးဖောက်နိုင်ပြီး ဂိုးသွင်းဖို့ ဆာလောင်နေတယ်။ သူက မိနစ် ၉၀ စလုံး ပြေးလွှားနေတယ်။ သူ့ကိုယ်ပေါ်မှာ မီးစွဲလောင်နေတဲ့အတိုင်းပဲ”လို့ ချီးကျူးခဲ့ပါတယ်။

ဆားဘီးယားဂန္တဝင် နောက်ခံကစားသမားဟောင်း နီမန်ညာ ဗီဒစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၃၀၀ ပါဝင်ကစားပေးခဲ့ရာမှာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး ဗဟိုခံစစ်ကစားသမားအဖြစ် လီဗာပူးလ်ကြယ်ပွင့် ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ခံစစ္ေက်ာက္ေဆာင္ေဟာင္းႀကီး နီမန္ညာ ဗီဒစ္က ကစားသမားဘဝမွာ ရင္ဆိုင္ခဲ့ဖူးသမွ်ထဲက အေကာင္းဆုံး ပရီးမီးယားလိဂ္တိုက္စစ္မႉး ၄ ဦးနာမည္ကို ဖြင့္ဟခဲ့ေပမယ့္လည္း အံ့အားသင့္စရာေကာင္းစြာနဲ႔ပဲ ဖာနန္ဒို ေတာရက္စ္က အဲဒီထဲမွာ မပါဝင္ခဲ့တာျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းဟာ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ၾကား ေတြ႕ဆုံခဲ့တဲ့ အႀကိမ္ေပါင္းမ်ားစြာမွာ ဗီဒစ္ကို အသာစီး ရရွိေအာင္ ကစားႏိုင္ခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္းက ရင္ဆိုင္ရအခက္ခဲဆုံးကစားသမားေတြအေၾကာင္း ေဆြးေႏြးရာမွာ ထည့္သြင္းခဲ့ျခင္းမရွိတာျဖစ္ပါတယ္။ နီမန္ညာ ဗီဒစ္က ဒီဒီယာ ဒေရာ့ဂ္ဘာ၊ ဆာဂ်ီယို အေဂြ႐ို၊ လူးဝစၥ ဆြာရက္ဇ္နဲ႔ အရပ္ ၆ ေပ ၇ လက္မရွိတဲ့ ပီတာ ခေရာက္ခ်္တို႔ကိုသာ ရင္ဆိုင္ရ အခက္ခဲဆုံး ကစားသမားေတြအျဖစ္ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ပထမဆုံးႀကဳံေတြ႕ခဲ့တာက ပီတာ ခေရာက္ခ်္ပါ။ ကြၽန္ေတာ္ အရင္တုန္းက အရပ္ ၂ မီတာေလာက္ျမင့္တဲ့ ကစားသမားမ်ိဳး မျမင္ခဲ့ဖူးဘူး။ သူက လီဗာပူးလ္အတြက္ကစားေပးခဲ့ၿပီး ကြၽန္ေတာ္တို႔ သူတို႔နဲ႔ အန္းဖီးမွာ ဖလားပြဲ ကစားခဲ့တယ္။ ကြၽန္ေတာ္ ေတြးမိခဲ့တာက ‘ဟာ ငါေတာ့ ဒီေန႔ ဒီေကာင္ႀကီးနဲ႔ ဘယ္လိုလုပ္ရပါ့မလဲ’ေပါ့။ ၿပီးေတာ့ ကြၽန္ေတာ္ သူ႔ေဘးနားမွာ ဘယ္လာမီကို ေတြ႕ခဲ့တယ္။ ေဘာလုံးကိုင္ထားခ်ိန္မွာ အရမ္းေကာင္းတဲ့ ကစားသမားမဟုတ္ေပမယ့္လည္း အရမ္းလ်င္တဲ့သူပါ။ သူက ေနရာလြတ္ထဲကို ေျပးဝင္သြားၿပီး ခေရာက္ခ်္က ေလထဲကို ခုန္လိမ့္မယ္။ ကြၽန္ေတာ္ ဒီလိုမ်ိဳး ေဘာလုံးကစားတာ တစ္ခါမွ မျမင္ဖူးပါဘူး”

“ကြၽန္ေတာ္ ဘယ္တုန္းကမွ သူ ၿပီးရင္ ထက္ျမက္၊ လ်င္ျမန္တဲ့ ေက်ာနံပါတ္ ၉ ကစားသမားမ်ိဳး မႀကဳံခဲ့ဖူးပါဘူး။ သူတို႔ေတြကို တစ္ဦးခ်င္း ဘယ္လို ရင္ဆိုင္ေျဖရွင္းရမလဲဆိုတာ ကြၽန္ေတာ္ သိခဲ့ေပမယ့္ တစ္ခ်ိန္တည္းမွာပဲ သူတို႔ ၂ ေယာက္က်ေတာ့ ကြၽန္ေတာ္ မသိခဲ့ပါဘူး။ ကြၽန္ေတာ္ ဝက္စ္ ဘေရာင္းနဲ႔အတူ ကစားခဲ့ၿပီး အဲဒီပြဲက ခက္ခဲၿပီး ရွည္လ်ားတဲ့ပြဲျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ၁-၀ နဲ႔ ရႈံးသြားတယ္ေလ”

၂၀၀၈ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဗီဒစ္ကို ပါး႐ိုက္လို႔ အနီကတ္ျပထုတ္ပယ္ခံခဲ့ရတဲ့ ဒေရာ့ဂ္ဘာနဲ႔ပတ္သက္ၿပီး နီမန္ညာ ဗီဒစ္က ခ်ဲလ္ဆီးဂႏၲဝင္တိုက္စစ္မႉးဟာ ေနာက္ခံကစားသမားေတြရဲ႕ ဦးေႏွာက္ထဲကို ဝင္ၾကည့္ေနသလားမွတ္ရေအာင္ အရမ္းေတာ္တဲ့ကစားသမားလို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ဗီဒစ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ေနာက္ဆုံးကစားခဲ့တဲ့ ႏွစ္ေတြမွာ မန္စီးတီးဂႏၲဝင္ အေဂြ႐ိုနဲ႔လည္း ရင္ဆိုင္ခဲ့ရၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ၎ရဲ႕ အဆိုး႐ြားဆုံးပြဲစဥ္ျဖစ္ခဲ့တဲ့အတြက္ တာဝန္ရွိခဲ့သူျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

၂၀၁၃ ခုႏွစ္က အစ္တီဟတ္မွာ ၄-၁ နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ရႈံးနိမ့္ခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲစဥ္မွာ အေဂြ႐ိုနဲ႔ နီဂရီဒိုတို႔က ဗီဒစ္နဲ႔ ရီယို ဖာဒီနန္တို႔ကို အိပ္မက္ဆိုး မက္ေစခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ေဒးဗစ္ မြိဳက္စ္လက္ထက္ ၄-၁ နဲ႔ မန္စီးတီးရဲ႕ အႏိုင္ယူခံခဲ့ရတဲ့ပြဲစဥ္မွာ အေဂြ႐ိုနဲ႔ ရင္ဆိုင္ကစားခဲ့ရတယ္။ သူ႔ပုံစံၾကည့္ရတာ ကြင္းထဲက ေဘာလုံးပြဲထဲမွာ စိတ္သိပ္မဝင္စားတဲ့ပုံစံမ်ိဳးပါ။ သူ႔ပုံစံက ၁၀ မီတာေလာက္ ေျပးလႊားၿပီးေတာ့ ဒိုင္းခနဲ ကန္သြင္းတတ္တဲ့သူတစ္ေယာက္ပုံစံမေပၚပါဘူး။ အေဂြ႐ိုက ေနာက္ခံကစားသမားအျဖစ္နဲ႔ ေမြးဖြားလာခဲ့တာလို႔ ကြၽန္ေတာ္ ယုံၾကည္ခဲ့တယ္။ သူက ေဘာလုံး ဘယ္ကိုေရာက္လာၿပီး ဘယ္ေနရာကို တိုက္ရမလဲဆိုတာကို သိတယ္”

“အဲဒီပြဲက ယူႏိုက္တက္အတြက္ ကြၽန္ေတာ့္ရဲ႕ အဆိုး႐ြားဆုံးပြဲပဲ။ ဆိုးဆိုး႐ြား႐ြား ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ ၂ ပြဲကို ကြၽန္ေတာ္ ေ႐ြးခ်ယ္ရမယ္ဆိုရင္ တစ္ပြဲက ေရာမမွာျဖစ္ၿပီး ဝင္ဘေလမွာက ပိုလို႔ေတာင္ ခက္ခဲခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ လီဗာပူးလ္ၾကယ္ပြင့္ေဟာင္း လူးဝစၥ ဆြာရက္ဇ္ကလည္း ဗီဒစ္ဆီကေန အလားတူ ခ်ီးက်ဴးမႈမ်ိဳး ရရွိခဲ့ၿပီး ဥ႐ုေဂြးတိုက္စစ္မႉးဟာ ဘယ္တုန္းကမွ ပြဲစဥ္အတြင္းမွာ ခြန္အားကုန္ဆုံးသြားတာမ်ိဳးမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“သူလုပ္ခဲ့သမွ် အရာအားလုံးက ေပါက္ကြဲအားအျပည့္နဲ႔ပါ။ သူလုပ္ေနတာ ဘာလဲဆိုတာ သူ အတိအက် သိမယ္လို႔ ကြၽန္ာတ္ မထင္ပါဘူး။ ဒါေပမယ့္ သူ ေအာင္ျမင္ခဲ့တယ္။ သူက အရမ္းကို တိုက္႐ိုက္ထိုးေဖာက္ႏိုင္ၿပီး ဂိုးသြင္းဖို႔ ဆာေလာင္ေနတယ္။ သူက မိနစ္ ၉၀ စလုံး ေျပးလႊားေနတယ္။ သူ႔ကိုယ္ေပၚမွာ မီးစြဲေလာင္ေနတဲ့အတိုင္းပဲ”လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဆားဘီးယားဂႏၲဝင္ ေနာက္ခံကစားသမားေဟာင္း နီမန္ညာ ဗီဒစ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပြဲေပါင္း ၃၀၀ ပါဝင္ကစားေပးခဲ့ရာမွာ ပရီးမီးယားလိဂ္ဖလား ၅ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ ရရွိခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆုံး ဗဟိုခံစစ္ကစားသမားအျဖစ္ လီဗာပူးလ္ၾကယ္ပြင့္ ဗန္ဒိုက္ကို ေက်ာ္ျဖတ္ၿပီး ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.