Premier League

လီဗာပူးလ်က ဒီရာသီမှာ စီးတီးနဲ့ ပုခုံးချင်းယှဉ်မရတော့ဘူးလို့ ပြောလိုက်တဲ့ အာဆင်နယ်ဂန္တဝင်

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို မျှော်မှန်းလို့ မရနိုင်တော့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံး ၄ နေရာထဲမှာတော့ ရာသီပြီးဆုံးနိုင်ဆဲဖြစ်တယ်လို့ အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ထောက်ခံ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ယခုရာသီကို မတူညီတဲ့ပုံစံနဲ့ စတင်ခဲ့တာဖြစ်ပြီး ရမှတ် ၁၈ မှတ် ရရှိနိုင်ခြေရှိတဲ့အထဲက ၉ မှတ်သာ ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၆ မှတ်အကွာ အဆင့် ၇ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ဥရောပမှာလည်း အစမကောင်းခဲ့ဘဲ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက နေပယ်မြို့မှာ နာပိုလီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု A အဖွင့်ပွဲစဉ်မှာ ၄-၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပေါလ် မာဆန်က လီဗာပူးလ်အသင်းကို ယခုရာသီအစတုန်းက ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး အဖွင့်ပွဲစဉ် ၆ ပွဲအပြီးမှာလည်း ၎င်းရဲ့ ရပ်တည်ချက်ကို မပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဂန္တဝင်က လီဗာပူးလ်အသင်းအနေနဲ့ လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် လက်ရှိ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။

“အခုမှ အစောကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာထဲမှာ မန်ချက်စတာစီးတီး၊ လီဗာပူးလ်၊ စပါးစ်နဲ့ အာဆင်နယ်တို့ပဲ ရှိနေကြမယ်လို့ ကျွန်တော် ထင်တယ်။ ခုပြောတဲ့အတိုင်း အစဉ်လိုက်သာ မဟုတ်ရင် မဟုတ်မှာပါ။ ချဲလ်ဆီးကတော့ ပြောစရာ တစ်ခု ဒါမှမဟုတ် ၂ ရှိတာ သိသာပေမယ့်လည်း ကျွန်တော်တို့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဂရေဟမ် ပေါ့တား ဘယ်လို စွမ်းဆောင်ပြမလဲဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်”

“မန်ချက်စတာယူနိုက်တက်အနေနဲ့ကတော့ သူတို့တွေ ထိပ်ဆုံး ၄ နေရာဝင်နိုင်မယ်လို့ ကျွန်တော် မထင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေက လူစာရင်းနဲ့ပတ်သက်ပြီး လုပ်စရာ အလုပ်တွေ အများကြီး ရှိနေသေးလို့ပါ။ သူတို့တွေ လီဗာပူးလ်၊ အာဆင်နယ်တို့ကို အနိုင်ရခဲ့တဲ့ပွဲတွေ အပါအဝင် လိဂ်ပွဲ ၄ ပွဲဆက် အနိုင်ရခဲ့တယ်။ ဒါပေမယ့် ကျွန်တော် သူတို့ကို ထိပ်ဆုံး ၄ နေရာဝင်နိုင်မယ်လို့ မယုံသေးပါဘူး”

“အာဆင်နယ်က ကောင်းမွန်ပြီး သူတို့တွေက ထိပ်ဆုံး ၄ နေရာဝင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ လီဗာပူးလ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရဖို့ လာမယ့်အပတ်တွေမှာ ခုဖြစ်နေတာတွေကို ပြောင်းလဲပစ်နိုင်မယ်လို့ ကျွန်တော် ထောက်ခံနေဆဲပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ဆုဖလားကို ေမွ်ာ္မွန္းလို႔ မရႏိုင္ေတာ့ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ထိပ္ဆုံး ၄ ေနရာထဲမွာေတာ့ ရာသီၿပီးဆုံးႏိုင္ဆဲျဖစ္တယ္လို႔ အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က ေထာက္ခံ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ဟာ ယခုရာသီကို မတူညီတဲ့ပုံစံနဲ႔ စတင္ခဲ့တာျဖစ္ၿပီး ရမွတ္ ၁၈ မွတ္ ရရွိႏိုင္ေျခရွိတဲ့အထဲက ၉ မွတ္သာ ရယူႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ၆ မွတ္အကြာ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ဥေရာပမွာလည္း အစမေကာင္းခဲ့ဘဲ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ညက ေနပယ္ၿမိဳ႕မွာ နာပိုလီနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စု A အဖြင့္ပြဲစဥ္မွာ ၄-၁ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ေပါလ္ မာဆန္က လီဗာပူးလ္အသင္းကို ယခုရာသီအစတုန္းက ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးႏိုင္လိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ၿပီး အဖြင့္ပြဲစဥ္ ၆ ပြဲအၿပီးမွာလည္း ၎ရဲ႕ ရပ္တည္ခ်က္ကို မေျပာင္းလဲခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဂႏၲဝင္က လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိေအာင္ လက္ရွိ အေျခအေနေတြကို ေျပာင္းလဲပစ္ႏိုင္လိမ့္မယ္လို႔ ထင္ျမင္ေနတာ ျဖစ္ပါတယ္။

“အခုမွ အေစာႀကီး ရွိပါေသးတယ္။ ဒါေပမယ့္ ဒီရာသီ ပရီးမီးယားလိဂ္ ထိပ္ဆုံး ၄ ေနရာထဲမွာ မန္ခ်က္စတာစီးတီး၊ လီဗာပူးလ္၊ စပါးစ္နဲ႔ အာဆင္နယ္တို႔ပဲ ရွိေနၾကမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ခုေျပာတဲ့အတိုင္း အစဥ္လိုက္သာ မဟုတ္ရင္ မဟုတ္မွာပါ။ ခ်ဲလ္ဆီးကေတာ့ ေျပာစရာ တစ္ခု ဒါမွမဟုတ္ ၂ ရွိတာ သိသာေပမယ့္လည္း ကြၽန္ေတာ္တို႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဂေရဟမ္ ေပါ့တား ဘယ္လို စြမ္းေဆာင္ျပမလဲဆိုတာကို ေစာင့္ၾကည့္ရပါလိမ့္မယ္”

“မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ကေတာ့ သူတို႔ေတြ ထိပ္ဆုံး ၄ ေနရာဝင္ႏိုင္မယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက လူစာရင္းနဲ႔ပတ္သက္ၿပီး လုပ္စရာ အလုပ္ေတြ အမ်ားႀကီး ရွိေနေသးလို႔ပါ။ သူတို႔ေတြ လီဗာပူးလ္၊ အာဆင္နယ္တို႔ကို အႏိုင္ရခဲ့တဲ့ပြဲေတြ အပါအဝင္ လိဂ္ပြဲ ၄ ပြဲဆက္ အႏိုင္ရခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ သူတို႔ကို ထိပ္ဆုံး ၄ ေနရာဝင္ႏိုင္မယ္လို႔ မယုံေသးပါဘူး”

“အာဆင္နယ္က ေကာင္းမြန္ၿပီး သူတို႔ေတြက ထိပ္ဆုံး ၄ ေနရာဝင္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္တယ္။ လီဗာပူးလ္ကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာရဖို႔ လာမယ့္အပတ္ေတြမွာ ခုျဖစ္ေနတာေတြကို ေျပာင္းလဲပစ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ေထာက္ခံေနဆဲပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.