La Liga Match Report

အကြွေးဖိအားတွေ ကင်းနေပြီမို့ အဝေးကွင်းမှာ ကာဒစ်ဇ်ကို လေးဂိုးပြတ်ကျုံးတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ပီကေး၊ အရော်ဂျို၊ ဘယ်လာရင်နဲ့ အဲလက်စ် ဘာလ်ဒီတို့ ပွဲထွက်လာခဲ့ကြပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ဂါဗီနဲ့ ဒီယုံးတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဒီပိုင်း၊ ဖယ်ရန် တောရက်စ်နဲ့ ရာဖင်ညာတို့ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ကာဒစ်ဇ်တို့ကတော့ ဂိုးသမား လီဒက်စ်မာ၊ ခံစစ်မှာ ဟာနန်ဒက်ဇ်၊ အမ်ဘာယေး၊ အက်စ်ပီနို၊ ဇယ်လ်ဒူအာတို့နဲ့ ခင်းကျင်းလာခဲ့ကြပြီး ကွင်းလယ်မှာတော့ အဲလက်စ်၊ ဖီဒီ၊ အာလေဟို၊ ဆိုဘရီနိုနဲ့ အိုကမ်ပိုတို့ကို အထိုင်ချလာခဲ့သလို တိုက်စစ်မှာတော့ လူးကပ်စ် ပီရက်ဇ်တစ်ယောက်တည်းကို အထောင်ထားပြီး ပွဲထွက်လာခဲ့ကြတာပါ။

ပထမပိုင်း ၁၀ မိနစ်မှာ ရာဖင်ညာရဲ့ အကောင်းဆုံးအခွင့်အရေးတစ်ကြိမ်က တိုင်ထိခဲ့ပြီး ဒမ်ဘီလီ မပါချိန်မှာ သူ့ရဲ့ အဖြုန်းတာဝန်ကိုတော့ ထုံးစံမပျက်ကွက်ဖို့ တိုက်စစ်သမားအားလုံးက ခွဲဝေယူခဲ့ကြသလို ဘာစီလိုနာတို့ရဲ့ ပင်နယ်တီ ရသင့်တဲ့ အခွင့်အရေးတစ်ကြိမ်လည်း ပယ်ချခံခဲ့ရလို့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ ဘာစီလိုနာတို့ အဖွင့်ဂိုး စတင်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ရာဖင်ညာ ချပေးတာကို ဂါဗီက ဧရိယာထဲ ဆွဲဝင်ပြီး အနိမ့်ဘော ချိုးပေးတာကို ဂိုးသမား လီဒက်စ်မာ ပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဒီယုံးက အပိုင်ကန်သွင်းပြီး ဦးဆောင်နိုင်ခဲ့တာပါ။

ဒီဂိုးရအပြီးမှာတော့ ကာဒစ်ဇ်ဂိုးရှေ့မှာ ဖြုန်းတီးနေတဲ့ ဒီပိုင်းအစား လီဗန်ဒေါ့ဗ်စကီး၊ ဖယ်ရန် တောရက်စ်အစား ဒမ်ဘီလီနဲ့ ဂါဗီအစား ပက်ဒရီတို့ ဝင်လာခဲ့ကြပြီး ဘာစီလိုနာတို့ တိုက်စစ်ပိုမြှင့်လာခဲ့သလို အိမ်ရှင်တွေကလည်း သူတို့ရဲ့ အိမ်ကွင်းမှာ မျက်နှာမပျက်ရဖို့ တိုက်စစ်ဖွင့်ကစားလာခဲ့ကြပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဘာစီလိုနာတို့ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်လာရင် ထိုးပေးတာကို ရာဖင်ညာက ညာခြမ်းကနေ ချိုးပေးခဲ့ရာမှာ ဝင်ပိတ်ဖို့ ကြိုးစားတဲ့ ဒီယုံးနဲ့ ကာဒစ်ဇ်ခံစစ်၊ ဂိုးသမားတို့ ဝင်တိုက်ပြီး လဲကျနေတုန်း ထွက်လာတဲ့ ဘောလုံးကို လီဗန်ဒေါ့ဗ်စကီးက လျှောထိုးပိတ်သွင်းပြီး ရယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ ဘာစီလိုနာတို့ဘက်က အဝါထိထားတဲ့ ရာဖင်ညာနဲ့ လူငယ်နောက်ခံလူ ဘာလ်ဒီတို့အစား အန်ဆူ ဖာတီနဲ့ မားကို့စ် အလွန်ဆိုတို့ ဝင်ကစားခဲ့ကြပြီး အိမ်ရှင်ဘက်တော့ နာမည်ကြီးတိုက်စစ်မှူးဟောင်း နီဂရီဒိုအပါအဝင် သုံးဦး လူစားလဲပြီး အသင်းကို ပြင်ဆင်လာခဲ့ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပွဲကြည့်စင်ပေါ်က ပရိသတ်တစ်ဦး နှလုံးရောဂါ ထဖောက်လို့ တစ်နာရီလောက် ပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ ဘာစီလိုနာတို့အတွက် တတိယ အနိုင်ဂိုးကို ပြီးခဲ့တဲ့ ပွဲတွေက အလုပ်မဖြစ်လွန်းလို့ ဝေဖန်ခံနေခဲ့ရတဲ့ အန်ဆူ ဖာတီက သွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဒမ်ဘီလီ ပေးတဲ့ ဘောလုံးကို လူမကျွံအောင် ဆွဲပြေးသွားနိုင်ခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီးက ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ မကန်ဘဲ ဘယ်ဘက်ကို ချိုးပေးတာကို မက်ဆီရဲ့ နံပါတ် ၁၀ ကို ဆက်ခံသူက အဆုံးသတ်နိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဘာစီလိုနာတို့အတွက် ပွဲသိမ်း စတုတ္ထဂိုး ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ လီဗန်ဒေါ့ဗ်စကီး ပေးတာကို ဒမ်ဘီလီက တစ်ကိုယ်တော် ညာခြမ်းကနေ ဆွဲပြေးပြီး အတွင်းကို ပြန်ခေါက်ပြီးမှ ကာဒစ်ဇ်နောက်ခံလူတွေကြားက ကန်သွင်းရာမှာ ဂိုးသမား လီဒက်စ်မာ ကာကွယ်ပုံ ညံ့ခဲ့လို့ သူ့လက်နဲ့ထိပြီး ဘောလုံးက ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့နိုင်ပွဲကြောင့် အဖွင့်ပွဲ သရေကျခဲ့တာကလွဲရင် ဘာစီလိုနာတို့ နောက်ဆုံး ၄ ပွဲဆက် အနိုင်ရရှိထားခဲ့ပြီး ရမှတ် ၁၃ မှတ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ မကန်ခင်မှာ လာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို တက်ရောက်လာနိုင်ခဲ့သလို လာပေါ်တာရဲ့ ဖြေရှင်းမှုကြောင့် ကြွေးကင်းနေပြီဖြစ်တဲ့ ကာတာလန်သားတို့ နည်းပြ ဇာဗီနဲ့ ဒီရာသီမှာ ပိုကောင်းလာမယ့် ပုံစံကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ ပီေကး၊ အေရာ္ဂ်ိဳ၊ ဘယ္လာရင္နဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ ပြဲထြက္လာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ဂါဗီနဲ႔ ဒီယုံးတို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဒီပိုင္း၊ ဖယ္ရန္ ေတာရက္စ္နဲ႔ ရာဖင္ညာတို႔ကို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ ကာဒစ္ဇ္တို႔ကေတာ့ ဂိုးသမား လီဒက္စ္မာ၊ ခံစစ္မွာ ဟာနန္ဒက္ဇ္၊ အမ္ဘာေယး၊ အက္စ္ပီႏို၊ ဇယ္လ္ဒူအာတို႔နဲ႔ ခင္းက်င္းလာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ အဲလက္စ္၊ ဖီဒီ၊ အာေလဟို၊ ဆိုဘရီႏိုနဲ႔ အိုကမ္ပိုတို႔ကို အထိုင္ခ်လာခဲ့သလို တိုက္စစ္မွာေတာ့ လူးကပ္စ္ ပီရက္ဇ္တစ္ေယာက္တည္းကို အေထာင္ထားၿပီး ပြဲထြက္လာခဲ့ၾကတာပါ။

ပထမပိုင္း ၁၀ မိနစ္မွာ ရာဖင္ညာရဲ႕ အေကာင္းဆုံးအခြင့္အေရးတစ္ႀကိမ္က တိုင္ထိခဲ့ၿပီး ဒမ္ဘီလီ မပါခ်ိန္မွာ သူ႔ရဲ႕ အျဖဳန္းတာဝန္ကိုေတာ့ ထုံးစံမပ်က္ကြက္ဖို႔ တိုက္စစ္သမားအားလုံးက ခြဲေဝယူခဲ့ၾကသလို ဘာစီလိုနာတို႔ရဲ႕ ပင္နယ္တီ ရသင့္တဲ့ အခြင့္အေရးတစ္ႀကိမ္လည္း ပယ္ခ်ခံခဲ့ရလို႔ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္း ၅၅ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ အဖြင့္ဂိုး စတင္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ရာဖင္ညာ ခ်ေပးတာကို ဂါဗီက ဧရိယာထဲ ဆြဲဝင္ၿပီး အနိမ့္ေဘာ ခ်ိဳးေပးတာကို ဂိုးသမား လီဒက္စ္မာ ပုတ္ထုတ္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဒီယုံးက အပိုင္ကန္သြင္းၿပီး ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒီဂိုးရအၿပီးမွာေတာ့ ကာဒစ္ဇ္ဂိုးေရွ႕မွာ ျဖဳန္းတီးေနတဲ့ ဒီပိုင္းအစား လီဗန္ေဒါ့ဗ္စကီး၊ ဖယ္ရန္ ေတာရက္စ္အစား ဒမ္ဘီလီနဲ႔ ဂါဗီအစား ပက္ဒရီတို႔ ဝင္လာခဲ့ၾကၿပီး ဘာစီလိုနာတို႔ တိုက္စစ္ပိုျမႇင့္လာခဲ့သလို အိမ္ရွင္ေတြကလည္း သူတို႔ရဲ႕ အိမ္ကြင္းမွာ မ်က္ႏွာမပ်က္ရဖို႔ တိုက္စစ္ဖြင့္ကစားလာခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ ဒုတိယ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္လာရင္ ထိုးေပးတာကို ရာဖင္ညာက ညာျခမ္းကေန ခ်ိဳးေပးခဲ့ရာမွာ ဝင္ပိတ္ဖို႔ ႀကိဳးစားတဲ့ ဒီယုံးနဲ႔ ကာဒစ္ဇ္ခံစစ္၊ ဂိုးသမားတို႔ ဝင္တိုက္ၿပီး လဲက်ေနတုန္း ထြက္လာတဲ့ ေဘာလုံးကို လီဗန္ေဒါ့ဗ္စကီးက ေလွ်ာထိုးပိတ္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ဘက္က အဝါထိထားတဲ့ ရာဖင္ညာနဲ႔ လူငယ္ေနာက္ခံလူ ဘာလ္ဒီတို႔အစား အန္ဆူ ဖာတီနဲ႔ မားကို႔စ္ အလြန္ဆိုတို႔ ဝင္ကစားခဲ့ၾကၿပီး အိမ္ရွင္ဘက္ေတာ့ နာမည္ႀကီးတိုက္စစ္မႉးေဟာင္း နီဂရီဒိုအပါအဝင္ သုံးဦး လူစားလဲၿပီး အသင္းကို ျပင္ဆင္လာခဲ့ခ်ိန္မွာ တိုက္တိုက္ဆိုင္ဆိုင္ပဲ ပြဲၾကည့္စင္ေပၚက ပရိသတ္တစ္ဦး ႏွလုံးေရာဂါ ထေဖာက္လို႔ တစ္နာရီေလာက္ ပြဲကို ရပ္ဆိုင္းခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ဘာစီလိုနာတို႔အတြက္ တတိယ အႏိုင္ဂိုးကို ၿပီးခဲ့တဲ့ ပြဲေတြက အလုပ္မျဖစ္လြန္းလို႔ ေဝဖန္ခံေနခဲ့ရတဲ့ အန္ဆူ ဖာတီက သြင္းယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဒမ္ဘီလီ ေပးတဲ့ ေဘာလုံးကို လူမကြၽံေအာင္ ဆြဲေျပးသြားႏိုင္ခဲ့တဲ့ လီဗန္ေဒါ့ဗ္စကီးက ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္း အေတြ႕မွာ မကန္ဘဲ ဘယ္ဘက္ကို ခ်ိဳးေပးတာကို မက္ဆီရဲ႕ နံပါတ္ ၁၀ ကို ဆက္ခံသူက အဆုံးသတ္ႏိုင္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဘာစီလိုနာတို႔အတြက္ ပြဲသိမ္း စတုတၳဂိုး ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန လီဗန္ေဒါ့ဗ္စကီး ေပးတာကို ဒမ္ဘီလီက တစ္ကိုယ္ေတာ္ ညာျခမ္းကေန ဆြဲေျပးၿပီး အတြင္းကို ျပန္ေခါက္ၿပီးမွ ကာဒစ္ဇ္ေနာက္ခံလူေတြၾကားက ကန္သြင္းရာမွာ ဂိုးသမား လီဒက္စ္မာ ကာကြယ္ပုံ ညံ့ခဲ့လို႔ သူ႔လက္နဲ႔ထိၿပီး ေဘာလုံးက ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဒီေန႔ႏိုင္ပြဲေၾကာင့္ အဖြင့္ပြဲ သေရက်ခဲ့တာကလြဲရင္ ဘာစီလိုနာတို႔ ေနာက္ဆုံး ၄ ပြဲဆက္ အႏိုင္ရရွိထားခဲ့ၿပီး ရမွတ္ ၁၃ မွတ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ မကန္ခင္မွာ လာလီဂါ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးကို တက္ေရာက္လာႏိုင္ခဲ့သလို လာေပၚတာရဲ႕ ေျဖရွင္းမႈေၾကာင့္ ေႂကြးကင္းေနၿပီျဖစ္တဲ့ ကာတာလန္သားတို႔ နည္းျပ ဇာဗီနဲ႔ ဒီရာသီမွာ ပိုေကာင္းလာမယ့္ ပုံစံကို ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.