Ligue1

မက်ဆီပါတဲ့အသင်းတိုင်းက ဥရောပချန်ပီယံလောင်းပဲလို့ ထောက်ခံလိုက်တဲ့ မန်စီးတီးဂန္တဝင်

မန်ချက်စတာစီးတီးဂန္တဝင်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုဟာ လီယွန်နယ် မက်ဆီ ဦးဆောင်တဲ့ ပီအက်စ်ဂျီအသင်းဟာ ၂၀၂၂-၂၀၂၃ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ရေပန်းအစားဆုံးအသင်းဖြစ်တယ်လို့ ထောက်ခံ ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဂျူဗင်တပ်၊ ဘင်ဖီကာ၊ မက္ကာဘီ ဟိုင်ဖာတို့နဲ့ ယခုရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အတူတူ ကျရောက်နေတာဖြစ်ပြီး ယမန်နေ့ညက ဂျူဗင်တပ်နဲ့ ကစားခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်မှာ ပီအက်စ်ဂျီက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အဂွေရိုက လီယွန်နယ် မက်ဆီပါဝင်တဲ့ ဘယ်လိုအသင်းမျိုးမဆို ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိဖို့အတွက် ရေပန်းအစားဆုံး အသင်းထဲမှာ ကျိန်းသေပေါက် ပါဝင်နေမှာဖြစ်တယ်လို့ ယုံကြည်နေပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်ဟောင်းဟာ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လီယွန်နယ် မက်ဆီဟာ ခီလီယန် အမ်ဘာပေ၊ နေမာတို့လို ကစားသမားတွေနဲ့အတူ ကစားနေတာကြောင့် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဆုဖလားအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့လည်း ခံစားနေရတာဖြစ်ပါတယ်။

“လီယိုပါတဲ့အသင်းက အမြဲတမ်း ချန်ပီယံအလောင်းအလျာဖြစ်နေပါလိမ့်မယ်။ သူ့ပုံစံကြည့်ရတာ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပုံပေါ်ပြီး အရာအားလုံးကို အောင်မြင်နိုင်ဖို့အတွက် စိတ်ဆန္ဒနဲ့အတူ လီယိုက အောင်ပွဲရ စိတ်ဓာတ်မျိုး ရှိတဲ့သူပါ။ သူ့ရဲ့ ယှဉ်ပြိုင်လိုစိတ်ကို ကျွန်တော်တို့ သိပါတယ်။ အဲဒီထက်တောင်ပိုတာက သူက အမ်ဘာပေနဲ့ နေမာတို့လို အရမ်းကောင်းတဲ့ကစားသမားတွေနဲ့အတူ ကစားနေတာပါ”

“ပီအက်စ်ဂျီက ဥရောပမှာ အတွေ့အကြုံတွေလည်း အများကြီး ရရှိထားခဲ့ပြီးသား အသင်းတစ်သင်းဖြစ်ပါတယ်”လို့ အဂွေရိုက ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီတုန်းက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ လက်ရှိ ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ ဂျူဗင်တပ်နဲ့ကစားခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်မှာ ဘောလုံးပေးပို့မှု ၇၁ ကြိမ် ပြုလုပ်ခဲ့ရာမှာ ၆၆ ကြိမ်အောင်မြင်ခဲ့တာကြောင့် တိကျမှု ၉၃ ရာခိုင်နှုန်း ရှိခဲ့သလို အခွင့်အရေး ဖန်တီးမှုလည်း ၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးဂႏၲဝင္တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုဟာ လီယြန္နယ္ မက္ဆီ ဦးေဆာင္တဲ့ ပီအက္စ္ဂ်ီအသင္းဟာ ၂၀၂၂-၂၀၂၃ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအတြက္ ေရပန္းအစားဆုံးအသင္းျဖစ္တယ္လို႔ ေထာက္ခံ ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဂ်ဴဗင္တပ္၊ ဘင္ဖီကာ၊ မကၠာဘီ ဟိုင္ဖာတို႔နဲ႔ ယခုရာသီ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ အတူတူ က်ေရာက္ေနတာျဖစ္ၿပီး ယမန္ေန႔ညက ဂ်ဴဗင္တပ္နဲ႔ ကစားခဲ့တဲ့ အုပ္စုအဆင့္ပြဲစဥ္မွာ ပီအက္စ္ဂ်ီက ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

အေဂြ႐ိုက လီယြန္နယ္ မက္ဆီပါဝင္တဲ့ ဘယ္လိုအသင္းမ်ိဳးမဆို ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရရွိဖို႔အတြက္ ေရပန္းအစားဆုံး အသင္းထဲမွာ က်ိန္းေသေပါက္ ပါဝင္ေနမွာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းေဖာ္ေဟာင္းဟာ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိေနၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ လီယြန္နယ္ မက္ဆီဟာ ခီလီယန္ အမ္ဘာေပ၊ ေနမာတို႔လို ကစားသမားေတြနဲ႔အတူ ကစားေနတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ဆုဖလားအတြက္ စိန္ေခၚႏိုင္လိမ့္မယ္လို႔လည္း ခံစားေနရတာျဖစ္ပါတယ္။

“လီယိုပါတဲ့အသင္းက အၿမဲတမ္း ခ်န္ပီယံအေလာင္းအလ်ာျဖစ္ေနပါလိမ့္မယ္။ သူ႔ပုံစံၾကည့္ရတာ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိေနပုံေပၚၿပီး အရာအားလုံးကို ေအာင္ျမင္ႏိုင္ဖို႔အတြက္ စိတ္ဆႏၵနဲ႔အတူ လီယိုက ေအာင္ပြဲရ စိတ္ဓာတ္မ်ိဳး ရွိတဲ့သူပါ။ သူ႔ရဲ႕ ယွဥ္ၿပိဳင္လိုစိတ္ကို ကြၽန္ေတာ္တို႔ သိပါတယ္။ အဲဒီထက္ေတာင္ပိုတာက သူက အမ္ဘာေပနဲ႔ ေနမာတို႔လို အရမ္းေကာင္းတဲ့ကစားသမားေတြနဲ႔အတူ ကစားေနတာပါ”

“ပီအက္စ္ဂ်ီက ဥေရာပမွာ အေတြ႕အႀကဳံေတြလည္း အမ်ားႀကီး ရရွိထားခဲ့ၿပီးသား အသင္းတစ္သင္းျဖစ္ပါတယ္”လို႔ အေဂြ႐ိုက ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ၿပီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီတုန္းက ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ လက္ရွိ ဥေရာပခ်န္ပီယံ ရီးရဲလ္မက္ဒရစ္အသင္းကို ရႈံးနိမ့္ၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ၿပီး လီယြန္နယ္ မက္ဆီဟာ ဂ်ဴဗင္တပ္နဲ႔ကစားခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္မွာ ေဘာလုံးေပးပို႔မႈ ၇၁ ႀကိမ္ ျပဳလုပ္ခဲ့ရာမွာ ၆၆ ႀကိမ္ေအာင္ျမင္ခဲ့တာေၾကာင့္ တိက်မႈ ၉၃ ရာခိုင္ႏႈန္း ရွိခဲ့သလို အခြင့္အေရး ဖန္တီးမႈလည္း ၃ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.