Premier League

ပွဲဦးထွက်သွင်းဂိုးရှင် အန်တိုနီနဲ့ပတ်သက်ပြီး သတိပေးလိုက်တဲ့ ရှမိုက်ကယ်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂိုးသမား ပီတာ ရှမိုက်ကယ်က အိုင်းယက်စ်တောင်ပံကြယ်ပွင့်ဟောင်းဟာ အိုးထရက်ဖို့ဒ်က ပွဲဦးထွက်မှာ အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း ရှေ့လျှောက်တော့ လွယ်ကူမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် တနင်္ဂနွေနေ့ညနေက ပါဝင်ကစားပေးခဲ့တဲ့ ပွဲဦးထွက်ပွဲစဉ် ၃၅ မိနစ်အတွင်းမှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ အာဆင်နယ်ပင်နယ်တီဧရိယာထဲမှာ နေရာလွတ်ရခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုကို ဘယ်ခြေနဲ့ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရှမိုက်ကယ်က အန်တိုနီရဲ့ ပွဲဦးထွက်ခြေစွမ်းကို အထင်ကြီးခဲ့ပေမယ့် ပတ်ဝန်းကျင်သစ်မှာ အသားကျအောင် ကြိုးပမ်းနေရတာကြောင့် အခက်အခဲတွေ ရင်ဆိုင်ရမယ်လို့ မျှော်မှန်းထားတဲ့အတွက် ပရိသတ်တွေကို ဘရာဇီးလ်တောင်ပံကစားသမားအပေါ် အရမ်းဖိအားမပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

“ကျွန်တော်တို့ သူ့အတွက် ပိုက်ဆံတွေ အများကြီး သုံးစွဲခဲ့ပြီး ခင်ဗျား နည်းပြကို နည်းနည်းလေး ယုံကြည်မှု ထားဖို့ လိုအပ်ပါတယ်။ သူ ဘာယူဆောင်လာလဲဆိုတာကို သိတယ်လို့ ယုံကြည်မှုပေးရပါမယ်။ အခြားလိဂ်ကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာရတာက အရမ်းကို ကြီးမားတဲ့ ကွဲပြားခြားနားမှုဆိုတာကို ကျွန်တော်တို့ အားလုံးသိပါတယ်။ အဲဒါထက်ကို မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးရတာက ကွဲပြားခြားပါတယ်။ ကောင်းကောင်း လုပ်နိုင်နေတဲ့အချိန်မှာ သူတို့တွေ ချီးကျူးခံရပြီး အန်တိုနီလည်း ပွဲတိုင်း ကောင်းကောင်း လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ သူ ကောင်းကောင်း ကစားနိုင်ခဲ့ပြီး ဒီနေ့ သတင်းခေါင်းစည်းတွေအားလုံးမှာ နေရာယူနိုင်ခဲ့တယ်”

“ဒါပေမယ့် ကျွန်တော်တို့ သူ့အပေါ်ကို အရမ်းဖိအားအများကြီး မပေးစေချင်ဘူး။ ဒီကောင်လေးကို အရင်ဆုံး အထိုင်ကျအောင် လုပ်ခွင့်ပေးပြီး ပရီးမီးယားလိဂ်နဲ့ အသားကျအောင် လုပ်ပါစေဦး။ ဘာလို့လဲဆိုတော့ သူ့အတွက် ရှေ့လျှောက် လွယ်ကူလာမှာမဟုတ်လို့ပါ။ ဒီလိဂ်ကိုလာတဲ့ ဘယ်သူမဆိုအတွက် လွယ်လွယ်ကူကူမဖြစ်နိုင်ဘဲ အထူးသဖြင့် ယူနိုက်တက်ကစားပေးတဲ့အခါမှာပေါ့။ ကျွန်တော်တို့ အရင်ကတည်းက အဲဒါကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့တယ်။ သူ တကယ်ကောင်းကောင်း ကစားနေတာကို ခံစားပြီး သူ့ဂိုးကို အောင်ပွဲခံတဲ့နေရာ(အာဆင်နယ်ပရိသတ်တွေရှေ့)ကိုကြည့်ပြီး ရယ်မောလိုက်ကြပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရာသီအစကို စိတ်ပူစရာပုံစံနဲ့ စတင်ခဲ့ရတာဖြစ်ပြီး အိမ်ကွင်းမှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဘရန့်တ်ဖို့ဒ် အိမ်ကွင်းမှာ ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ရဲ့ အသင်းဟာ အဓိကပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်နဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ပြန်လည်အသက်ဝင်လာခဲ့ပြီးကတည်းက ဆောက်သမ်တန်၊ လက်စတာစီးတီးနဲ့ အာဆင်နယ်တို့ကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာကို တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂိုးသမားက “ပထမဆုံး ၂ ပွဲအပြီးမှာ လုပ်ခဲ့တဲ့ပုံစံက လုံးဝကို ကွဲပြားခြားနားတဲ့ပုံစံပေါက်ခဲ့ပါတယ်။ အဆင့်က တိုးမြင့်လာတယ်ဆိုတာကို သံသယဖြစ်စရာမရှိဘဲ သူတို့တွေက အများကြီး ပိုကောင်းအောင် ကစားနေပါတယ်”

“ကျွန်တော့်ကို စိတ်ကျေနပ်အောင် အလုပ်နိုင်ဆုံးက ဘာလဲလို့ ထင်လဲလို့ မေးလာရင် စိတ်ပိုင်းဆိုင်ရာပါပဲ။ ခင်ဗျား ပြေးလွှားပြီး ဘောလုံးအပေါ်မှာ ဖိအားတွေ လိုက်ပေးနေတာကို မြင်မှာပါ။ အဲဒါက ကျွန်တော်တို့ အချိန်အအတော်ကြာ မမြင်တွေ့ခဲ့ရတဲ့ အသင်းပါပဲ။ တန်ဟက်က သူ့ရဲ့ သတင်းစကားကို ကစားသမားတွေ ကြားထဲရောက်အောင် ပို့နေပြီး သူတို့တွေက တုံ့ပြန်နေသလိုပါပဲ”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ဂိုးသမား ပီတာ ရွမိုက္ကယ္က အိုင္းယက္စ္ေတာင္ပံၾကယ္ပြင့္ေဟာင္းဟာ အိုးထရက္ဖို႔ဒ္က ပြဲဦးထြက္မွာ အေကာင္းဆုံးပုံစံနဲ႔ စတင္ႏိုင္ခဲ့ေပမယ့္လည္း ေရွ႕ေလွ်ာက္ေတာ့ လြယ္ကူမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အန္တိုနီဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ တနဂၤေႏြေန႔ညေနက ပါဝင္ကစားေပးခဲ့တဲ့ ပြဲဦးထြက္ပြဲစဥ္ ၃၅ မိနစ္အတြင္းမွာပဲ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အာဆင္နယ္ပင္နယ္တီဧရိယာထဲမွာ ေနရာလြတ္ရခဲ့ၿပီးေနာက္ ရက္ရွ္ဖို႔ဒ္ရဲ႕ ေပးပို႔မႈကို ဘယ္ေျခနဲ႔ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရွမိုက္ကယ္က အန္တိုနီရဲ႕ ပြဲဦးထြက္ေျခစြမ္းကို အထင္ႀကီးခဲ့ေပမယ့္ ပတ္ဝန္းက်င္သစ္မွာ အသားက်ေအာင္ ႀကိဳးပမ္းေနရတာေၾကာင့္ အခက္အခဲေတြ ရင္ဆိုင္ရမယ္လို႔ ေမွ်ာ္မွန္းထားတဲ့အတြက္ ပရိသတ္ေတြကို ဘရာဇီးလ္ေတာင္ပံကစားသမားအေပၚ အရမ္းဖိအားမေပးဖို႔ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ သူ႔အတြက္ ပိုက္ဆံေတြ အမ်ားႀကီး သုံးစြဲခဲ့ၿပီး ခင္ဗ်ား နည္းျပကို နည္းနည္းေလး ယုံၾကည္မႈ ထားဖို႔ လိုအပ္ပါတယ္။ သူ ဘာယူေဆာင္လာလဲဆိုတာကို သိတယ္လို႔ ယုံၾကည္မႈေပးရပါမယ္။ အျခားလိဂ္ကေန ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕လာရတာက အရမ္းကို ႀကီးမားတဲ့ ကြဲျပားျခားနားမႈဆိုတာကို ကြၽန္ေတာ္တို႔ အားလုံးသိပါတယ္။ အဲဒါထက္ကို မန္ခ်က္စတာယူႏိုက္တက္အတြက္ ကစားေပးရတာက ကြဲျပားျခားပါတယ္။ ေကာင္းေကာင္း လုပ္ႏိုင္ေနတဲ့အခ်ိန္မွာ သူတို႔ေတြ ခ်ီးက်ဴးခံရၿပီး အန္တိုနီလည္း ပြဲတိုင္း ေကာင္းေကာင္း လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ သူ ေကာင္းေကာင္း ကစားႏိုင္ခဲ့ၿပီး ဒီေန႔ သတင္းေခါင္းစည္းေတြအားလုံးမွာ ေနရာယူႏိုင္ခဲ့တယ္”

“ဒါေပမယ့္ ကြၽန္ေတာ္တို႔ သူ႔အေပၚကို အရမ္းဖိအားအမ်ားႀကီး မေပးေစခ်င္ဘူး။ ဒီေကာင္ေလးကို အရင္ဆုံး အထိုင္က်ေအာင္ လုပ္ခြင့္ေပးၿပီး ပရီးမီးယားလိဂ္နဲ႔ အသားက်ေအာင္ လုပ္ပါေစဦး။ ဘာလို႔လဲဆိုေတာ့ သူ႔အတြက္ ေရွ႕ေလွ်ာက္ လြယ္ကူလာမွာမဟုတ္လို႔ပါ။ ဒီလိဂ္ကိုလာတဲ့ ဘယ္သူမဆိုအတြက္ လြယ္လြယ္ကူကူမျဖစ္ႏိုင္ဘဲ အထူးသျဖင့္ ယူႏိုက္တက္ကစားေပးတဲ့အခါမွာေပါ့။ ကြၽန္ေတာ္တို႔ အရင္ကတည္းက အဲဒါကို အႀကိမ္ေပါင္းမ်ားစြာ ျမင္ေတြ႕ခဲ့တယ္။ သူ တကယ္ေကာင္းေကာင္း ကစားေနတာကို ခံစားၿပီး သူ႔ဂိုးကို ေအာင္ပြဲခံတဲ့ေနရာ(အာဆင္နယ္ပရိသတ္ေတြေရွ႕)ကိုၾကည့္ၿပီး ရယ္ေမာလိုက္ၾကပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ရာသီအစကို စိတ္ပူစရာပုံစံနဲ႔ စတင္ခဲ့ရတာျဖစ္ၿပီး အိမ္ကြင္းမွာ ဘ႐ိုက္တန္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဘရန႔္တ္ဖို႔ဒ္ အိမ္ကြင္းမွာ ၄-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း တန္ဟက္ရဲ႕ အသင္းဟာ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ လီဗာပူးလ္နဲ႔ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ ျပန္လည္အသက္ဝင္လာခဲ့ၿပီးကတည္းက ေဆာက္သမ္တန္၊ လက္စတာစီးတီးနဲ႔ အာဆင္နယ္တို႔ကို အႏိုင္ယူၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ ၅ ေနရာကို တက္လွမ္းလာႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ဂိုးသမားက “ပထမဆုံး ၂ ပြဲအၿပီးမွာ လုပ္ခဲ့တဲ့ပုံစံက လုံးဝကို ကြဲျပားျခားနားတဲ့ပုံစံေပါက္ခဲ့ပါတယ္။ အဆင့္က တိုးျမင့္လာတယ္ဆိုတာကို သံသယျဖစ္စရာမရွိဘဲ သူတို႔ေတြက အမ်ားႀကီး ပိုေကာင္းေအာင္ ကစားေနပါတယ္”

“ကြၽန္ေတာ့္ကို စိတ္ေက်နပ္ေအာင္ အလုပ္ႏိုင္ဆုံးက ဘာလဲလို႔ ထင္လဲလို႔ ေမးလာရင္ စိတ္ပိုင္းဆိုင္ရာပါပဲ။ ခင္ဗ်ား ေျပးလႊားၿပီး ေဘာလုံးအေပၚမွာ ဖိအားေတြ လိုက္ေပးေနတာကို ျမင္မွာပါ။ အဲဒါက ကြၽန္ေတာ္တို႔ အခ်ိန္အအေတာ္ၾကာ မျမင္ေတြ႕ခဲ့ရတဲ့ အသင္းပါပဲ။ တန္ဟက္က သူ႔ရဲ႕ သတင္းစကားကို ကစားသမားေတြ ၾကားထဲေရာက္ေအာင္ ပို႔ေနၿပီး သူတို႔ေတြက တုံ႔ျပန္ေနသလိုပါပဲ”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.