Premier League

ထိပ်ဆုံး ၄ နေရာအတွက် စူပါဆန်းဒေးက ထိပ်သီး ၂ သင်းကို ချန်လှပ်ခဲ့တဲ့ စပါးစ်ကြယ်ပွင့်ဟောင်း

တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူးဟောင်း ဂျာမိန်း ဒီဖိုးဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာအတွက် ဟောကိန်းထုတ်ခဲ့ပြီး အမှတ်ပေးဇယားကို စောစီးစွာ ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ပုံမှန်ခြေစွမ်းကောင်း ရရှိနေတဲ့ မန်ယူနိုက်တက်တို့ကို စာရင်းမသွင်းဘဲ ချန်လှပ်ခဲ့ပါတယ်။

၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ရာသီဟာ စတင် ပုံပေါ်လာနေပြီဖြစ်ပြီး အာဆင်နယ်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ၃-၁ နဲ့ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ် ၁၅ မှတ်နဲ့ ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် မန်ချက်စတာစီးတီးကလည်း လက်ရှိမှာတော့ ၁၈ မှတ်ရနိုင်ခြေရှိတဲ့အထဲက ၄ မှတ်လျော့ကျပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေသလို စပါးစ်ကလည်း ရှုံးပွဲမရှိမသေးဘဲ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဘရိုက်တန်ဟာ အထင်ကြီးဖွယ် ရာသီအစကို ပိုင်ဆိုင်ခဲ့ပြီး ၆ ပွဲကစားပြီးနောက် အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကလည်း ဆိုးရွားတဲ့ စတင်မှုအပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲဆက်နိုင်ပွဲနဲ့အတူ အဆင့် ၅ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကတော့ အဆင့် ၆၊ ၇ နေရာတွေမှာ အသီးသီး ရပ်တည်နေပြီး ဒီ ၂ သင်းစလုံး ဆုဖလားအတွက် စိန်ခေါ်ချင်တယ်ဆိုရင်တော့ တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်ကြမှာ ဖြစ်ပါတယ်။

ထိပ်ဆုံး ၄ နေရာအတွက် ထင်မြင်ချက်ကို မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဒီဖိုးက “ချန်ပီယံဘယ်သူဖြစ်သွားမလဲဆိုတာတော့ ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ ဒုတိယနေရာမှာ ပြီးဆုံးမယ့်အသင်းကိုလည်း ပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်အရ လူစာရင်းတွေကို ကြည့်လိုက်တဲ့အချိန်မှာ ဒီနှစ် ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းက မန်စီးတီး၊ လီဗာပူးလ်၊ တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရင်ဆိုင်ရသေးတဲ့ ၂ သင်းထဲက တစ်သင်းဖြစ်ပြီး ကွန်တီရဲ့ အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်ကို ကျော်ဖြတ်ပြီး အဆင့် ၄ နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ စပါးစ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ တော်တော်လေး အလုပ်များခဲ့ပြီး ရစ်ချာလီဆန်၊ ဘစ်ဆူးမား၊ ခရစ်ရှန် ရိုမဲရိုး၊ ဒက်စ်တနီ အူဒိုဂီ၊ ဂျက် စပန့်စ်၊ အိုင်ဗန် ပါရီဆစ်၊ ဖရေဆာ ဖော်စတာတို့ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

“စောတော့ စောပါသေးတယ်။ သူတို့တွေ တစ်ပွဲချင်းစီကို သေချာကစားဖို့ လိုပါတယ်။ ခင်ဗျား ပွဲစဉ်တိုင်းကို အနိုင်ရမယ်လို့ ယုံကြည်ထားရမှာဖြစ်ပြီး ပြီးရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ။ အကောင်းမြင်မှုတွေရှိနေတယ်ဆိုတာ ဟုတ်ပါတယ်။ ပရိသတ်တွေက ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ နည်းပြကြောင့် စိတ်လှုပ်ရှားနေခဲ့ကြပါတယ်”လို့ ဒီဖိုးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လာမယ့်အပတ်မှာ အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်မှာ အဲဗာတန်ကို လက်ခံယှဉ်ပြိုင်တဲ့အချိန်ကျရင် မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့မှုကနေ ပြန်လာပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးကတော့ တော့တင်ဟမ်ဟော့စပါးကို အိမ်ကွင်း အစ်တီဟတ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းက အနောက်လန်ဒန်ပြိုင်ဘက် ဖူလ်ဟမ်၊ လီဗာပူးလ်ကတော့ ဝုလ်ဗ်စ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါး တိုက္စစ္မႉးေဟာင္း ဂ်ာမိန္း ဒီဖိုးဟာ ပရီးမီးယားလိဂ္ ထိပ္ဆုံး ၄ ေနရာအတြက္ ေဟာကိန္းထုတ္ခဲ့ၿပီး အမွတ္ေပးဇယားကို ေစာစီးစြာ ဦးေဆာင္ေနတဲ့ အာဆင္နယ္နဲ႔ ပုံမွန္ေျခစြမ္းေကာင္း ရရွိေနတဲ့ မန္ယူႏိုက္တက္တို႔ကို စာရင္းမသြင္းဘဲ ခ်န္လွပ္ခဲ့ပါတယ္။

၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ္ရာသီဟာ စတင္ ပုံေပၚလာေနၿပီျဖစ္ၿပီး အာဆင္နယ္အသင္းဟာ အိုးထရက္ဖို႔ဒ္မွာ ၃-၁ နဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့ေပမယ့္လည္း အမွတ္ေပးဇယားထိပ္ဆုံးမွာ ရမွတ္ ၁၅ မွတ္နဲ႔ ဦးေဆာင္ထားႏိုင္ဆဲ ျဖစ္ပါတယ္။ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ရမယ့္ မန္ခ်က္စတာစီးတီးကလည္း လက္ရွိမွာေတာ့ ၁၈ မွတ္ရႏိုင္ေျခရွိတဲ့အထဲက ၄ မွတ္ေလ်ာ့က်ၿပီး အဆင့္ ၂ ေနရာမွာ ရပ္တည္ေနသလို စပါးစ္ကလည္း ရႈံးပြဲမရွိမေသးဘဲ တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဘ႐ိုက္တန္ဟာ အထင္ႀကီးဖြယ္ ရာသီအစကို ပိုင္ဆိုင္ခဲ့ၿပီး ၆ ပြဲကစားၿပီးေနာက္ အဆင့္ ၄ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ကလည္း ဆိုး႐ြားတဲ့ စတင္မႈအၿပီး ေနာက္ဆုံး ပရီးမီးယားလိဂ္ ၄ ပြဲဆက္ႏိုင္ပြဲနဲ႔အတူ အဆင့္ ၅ ေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ကေတာ့ အဆင့္ ၆၊ ၇ ေနရာေတြမွာ အသီးသီး ရပ္တည္ေနၿပီး ဒီ ၂ သင္းစလုံး ဆုဖလားအတြက္ စိန္ေခၚခ်င္တယ္ဆိုရင္ေတာ့ တိုးတက္ေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္ၾကမွာ ျဖစ္ပါတယ္။

ထိပ္ဆုံး ၄ ေနရာအတြက္ ထင္ျမင္ခ်က္ကို ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္း ဒီဖိုးက “ခ်န္ပီယံဘယ္သူျဖစ္သြားမလဲဆိုတာေတာ့ ကြၽန္ေတာ္ ေျပာမွာမဟုတ္ပါဘူး။ ဒုတိယေနရာမွာ ၿပီးဆုံးမယ့္အသင္းကိုလည္း ေျပာမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္အျမင္အရ လူစာရင္းေတြကို ၾကည့္လိုက္တဲ့အခ်ိန္မွာ ဒီႏွစ္ ပရီးမီးယားလိဂ္ ထိပ္ဆုံး ၄ သင္းက မန္စီးတီး၊ လီဗာပူးလ္၊ ေတာ့တင္ဟမ္နဲ႔ ခ်ဲလ္ဆီးတို႔ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရင္ဆိုင္ရေသးတဲ့ ၂ သင္းထဲက တစ္သင္းျဖစ္ၿပီး ကြန္တီရဲ႕ အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ေျမာက္လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္ကို ေက်ာ္ျဖတ္ၿပီး အဆင့္ ၄ ေနရာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။ စပါးစ္ဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေတာ္ေတာ္ေလး အလုပ္မ်ားခဲ့ၿပီး ရစ္ခ်ာလီဆန္၊ ဘစ္ဆူးမား၊ ခရစ္ရွန္ ႐ိုမဲ႐ိုး၊ ဒက္စ္တနီ အူဒိုဂီ၊ ဂ်က္ စပန႔္စ္၊ အိုင္ဗန္ ပါရီဆစ္၊ ဖေရဆာ ေဖာ္စတာတို႔ကို ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“ေစာေတာ့ ေစာပါေသးတယ္။ သူတို႔ေတြ တစ္ပြဲခ်င္းစီကို ေသခ်ာကစားဖို႔ လိုပါတယ္။ ခင္ဗ်ား ပြဲစဥ္တိုင္းကို အႏိုင္ရမယ္လို႔ ယုံၾကည္ထားရမွာျဖစ္ၿပီး ၿပီးရင္ ဘာျဖစ္မလဲဆိုတာ ကြၽန္ေတာ္တို႔ ၾကည့္ရမွာပါ။ အေကာင္းျမင္မႈေတြရွိေနတယ္ဆိုတာ ဟုတ္ပါတယ္။ ပရိသတ္ေတြက ကစားသမားသစ္ေခၚယူမႈေတြနဲ႔ နည္းျပေၾကာင့္ စိတ္လႈပ္ရွားေနခဲ့ၾကပါတယ္”လို႔ ဒီဖိုးက ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

လာမယ့္အပတ္မွာ အာဆင္နယ္အသင္းဟာ အမ္းမရိတ္စ္မွာ အဲဗာတန္ကို လက္ခံယွဥ္ၿပိဳင္တဲ့အခ်ိန္က်ရင္ မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့မႈကေန ျပန္လာၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ဦးေဆာင္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။ လက္ရွိ ခ်န္ပီယံ မန္ခ်က္စတာစီးတီးကေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးကို အိမ္ကြင္း အစ္တီဟတ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းက အေနာက္လန္ဒန္ၿပိဳင္ဘက္ ဖူလ္ဟမ္၊ လီဗာပူးလ္ကေတာ့ ဝုလ္ဗ္စ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.